ကျွန်တော် နှင့် အရှေ့မြင် အနောက်မြင်တောင်
ကျွန်တော် နောက်ဆုံးနှစ် ရှမ်းပြည်တောင်ပိုင်း မှာ ရွာငံမြို့နယ်မှ မြိုင်တိုက်နယ်မှာ Field ဆင်းရပါသည်။ ဒေါက်တာဖေမောင်သန်း ဆရာ ဦးခိုင် ရှင်း တို့ ရဲ့ ဦးဆောင်မှု အောက် မှာပါ။ ကျွန်တော့် ဘဝမှာ ထူးထူးခြားခြား အတွေ့အကြုံတစ်ချို့့ ရခဲ့ပါတယ်။ တစ် မနက် Camp အရှေ့ မှာ အားလုံး Field ဆင်းဖို့ ပြင်ဆင်နေကြတုန်းမှာ ဆရာဖေမောင်သန်း က ဟိုးအဝေး မှုန်ပြပြ မှာ မြင်နေရတဲ့ တောင် ပြာတန်း ကို ညွန်ပြရင်း --
“မင်းတို့ အရှေ့မြင် အနောက်မြင် တောင် ကို တက်ချင်ကြလား”
“တက်ချင်ပါတယ် ဆရာ”
“ဟိုးအဝေးမှာ မြင်နေရတဲ့ အမြင့်ဆုံးတောင်ထိပ် ဟာ အရှေ့မြင် အနောက်မြင်တောင်ပဲ”
“ငါတို့ တစ်ရက်ရက် မှာ သွားကြရအောင်”
“ကျွန်တော်တို့ အားလုံး တောင်တက်ဖို့ စိတ်သိပ်ထက်သန်နေကြတယ်။ ဒီလိုနဲ့ အရှေ့မြင် အနောက်မြင် တောင်ကို တက်မယ့် နေ့ ရောက်လာ ပါတယ်။ ကျွန်တော် စဉ်းစားကြည့်လိုက်တာ 28 နှစ်ကြာခဲ့ပြီ စိတ်ထဲမှာ တော်တော်ပြန်စဉ်စား နေရတယ်၊ တစ်ချို့့ှု့ အကြောင်း တွေကို ပြန်သတိ မရတော့ပါ။
ဆရာကန်တော့ပွဲ တစ်ရက် မှာ ကို ကံဦး နဲ့ပြန်ပြောကြရင်း မေ့နေတဲ့ အစိတ်အပိုင်း တစ်ချို့ကို ပြန်သတိရခဲ့ပါတယ်။သူငယ်ချင်း တွေကိုလည်း ဘယ်သူ တွေပါခဲ့ သလဲ ဆိုတာ စဉ်းစားလို့ မရတော့ပါ။သတိရတာ က ကျွန်တော် ၊ ကံဦး ၊ တိတ်အောင်၊ စထွက်တုန်း က အတုူတူ လျှောက်ခဲ့ ကြတာ ၊ နောက်တော့ အားလုံး တစ်ကွဲ တစ်ပြားဆီ ဖြစ်ကုန်တယ်။
အဲဒီနေ့ ညက ဆရာဖေမောင်သန်း ကျောင်းသား အားလုံးကို စကားပြောခဲ့တယ်။
“မနက်ဖြန်သွားမယ့် အစီစဉ် ဟာ Field ဆင်းတဲ့ သာသာရပ် နဲ့ မသက်ဆိုင်ဘူး”
“လိုက်ချင်တဲ့ သူ လိုက်လို့ရတယ်။”
“မလိုက်ချင်တဲ့ သူ မလိုက်လို့ရတယ်”
ကျန်းမာရေးမကောင်း တဲ့ သူ နေခဲ့ပါ။ လမ်းတစ်ဝက် မှာ နေမကောင်းရင် ကျန်တဲ့သူတွေ အတွက်လည်း အနှောင့်ယှက်ဖြစ်မယ်။ ဖိနပ် ပေါက် နေတဲ့ သူတွေ ၊ ခြေထောက်နာနေတဲ့ သူတွေ နေခဲ့ ကြပါ။တောင်ထိပ် ရောက်ဖို့ က 6 နာရီကြာလမ်းလျှောက်ရမယ် တောင်တက် ရမယ်။လမ်း ကြမ်းတယ်။ ကိုယ်လမ်း ကိုယ်ထွင်သွားရမယ်။ 6 နာရီ အတွင်း မှာ ဆရာ တောင်ထိပ်ရောက်ချင်တယ်။ နားချိန် မရှိဘူး ။ မြန်မြန် နဲ့ မှန်မှန် လျှောက်နိုင်ရမယ်။ကျောင်းက ဘာသာ နဲ့ မဆိုင်လို့ ရေဗူးထမင်းဗူး ကလွဲရင် ဘာမှ အပိုမယူခဲ့ပါနဲ့။ ခန္ဓာကိုယ်ကို ၀ိိတ်မပိစေနဲ့။
Dr ဖေမောင်သန်း စကားက အရမ်းမိုက်သည် ကျွန်တော် အရမ်းလေးစားသွားပါသည်။ ကျွန်တော်တို့အဖွဲ့ က အားလုံး အခြေနေ ကောင်းပါ သည်။ တစ်ချို့ နေမကောင်းသူများ ၊ ခြေထောက်နာနေသူများကို ဆရာကိုယ်တိုင် နေခဲ့ခို်င်းသည်။
အရှေ့မြင် နောက်မြင် တောင်လို့ ဘာကြောင့်ခေါ်ပါသလဲ?
ဒီနယ်မြေ မှာ ဒီတောင်ထိပ်က အမြင့် ဆုံး နေရာဆိုတော့ရာသီဥတု သာယာတဲ့ နေ့တွေမှာ အရှေ့ဖက်ကိုကြည့်ရင် တောင်ကြီး ကို လှမ်းမြင် ရပြီး အနောက်ဖက်ကို ကြည့် ရင် မိတ္ထီလာကို လှမ်းမြင် နေရတယ်လို့ နယ်မြေခံတွေက ပြောကြတယ်။ကျွန်တော် မနက်ဖြန်တက်မယ့် တောင် ထိပ် မှာ ရပ်ရင်း အရှေ့ဖက်တောင်ကြီးမြို့ကို ကြည့်လိုက် အနောက်ဖက်လှည့်ပြီး မိတ္ထီလာကို ကြည့်လိုက် အမျိုးမျိုး စိတ်ကုူးယဉ် မိပါသည်။
မနက် 4 နာရီ မထိုးခင် မှာ အားလုံး အဆင်သင့်ဖြစ်နေကြပါပြီ 4 နာရီ တိတိ မှာ စပြီး Camp မှ ထွက်သည်။ ရွာထဲက လမ်းပြ 2 ယောက် 3ယောက် လောက်လိုက်ခဲ့ကြသည်။ မီးတုတ် တစ်ချို့ ဓာတ်မီး တစ်ချို့ နဲ့ လမ်းရှာ ပြီး သွားနေကြတယ်။ အစမှာ တော့ ကံဦးရယ် တိတ်အောင် ရယ် ကျွန်တော်နဲ့ စကားတစ်ပြောပြော ဆရာဖေမောင်သန်း လမ်းပြနဲ့ အတူ ရှေ့မှာ ဦးဆောင်သွားနေသည်။ခြေလှန်းမှန်မှန် နဲ့ မြန်မြန် လုံးဝ မကျသွားပါ။
ဆရာ့ကို အမှီ လိုက်ခဲ့ဘို့ တစ်ဆင့်စကား မှ တစ်ဆင့် ဆရာပြောနေသည်။ ကျွန်တော်တို့ အမှီလိုက်ရပါတော့သည်။ Field ဆင်းတုန်းကလို မျိုး လျှောက်လို့မရတော့ပါ။ နေတောင်မထွက်သေးပါ။ ရာသီဥတု ဒီလောက်အေးနေတာ တောင် ကျွန်တော်တို့ ကိုယ်မှာ ချွေးတွေ ရွဲနစ်နေပါသည်။ ဆရာကိုလည်း အမှီလိုက်ရန် အပြေးတစ်ပိုင်း နဲ့ လျှောက်နေကြပါသည်။ရေလည်း ငတ်သည်။ တောင်အလယ်မှာ ဘဲရှိသေးတယ်။ ရေကုန် မှာ စိုးလို့ မသောက်ရဲ။
တစ်ချို့နေရာမှာ မတ်စောက်လွန်း၍ ကုတ် ဖဲဲ့ ပြီး တက်ခဲ့ရတယ်။ဆရာ့ကို ကြည့်ရသည်မှာ ခြေလှမ်းမပျက် မှန်မှန် နဲ့ မြန်မြန် လျှောက်နေသည်။ ကျွန်တော်ကတော့ တစ်ခါတရံ ဆရာ့ အနားရောက်လိုက် တစ်ခါတရံ အနောက်ဆုံးရောက်လိုက်နဲ့ လုံးလယ်ချာ လည် ဆိုတာ ဒါဘဲဖြစ်မည်။
ခြေထောက်တွေလည်း ညောင်းလိုက်တာ..... မောလိုက်တာ...
ရေငတ်လိုက်တာ....
အဲဒီနေ့က ကျွန်တော် တို့ ထမင်းကို ဘယ်မှာ စားဖြစ်ခဲ့သလဲံဆို တာကို ကံဦးရော ကျွန်တော် ရော စဉ်းစားမရတော့ပါ။နံနက်10 လောက်မှာ ကျွန်တော်တို့ ထိပ်ရောက်ခဲ့ကြပါသည်။
ဆရာ ဖေမောင်သန်း နှင့် ကျောင်းသားများ တောင်တက်လမ်းမှာ ခေတ္တနားခိုက်
ဆရာ မှန်းထားသော စံချိန်အတိုင်း ရောက်ခဲ့ပါသည်။ တောင်ထိပ် ရောက်တော့ ညက စိတ်ကူး ယဉ်ခဲ့တာ ပြန်စဉ်းစားမိပြီး ကျွန်တော် တော် တော် ရီချင်ပါသည်။ ဘေးပတ်ဝန်းကျင် မှာ မြူတွေမှိုင်းနေတယ်။ အရှေ့ အနောက် တောင် မြောက် ဆိုတာ Compass ကို ကြည့် မှ သိရတာ တောင်ကြီးကို မတွေ့ရပါ။
မိတ္ထီလာ ကိုလည်း မမြင်ခဲ့ရပါ။
ပတ်ဝန်းကျင် တစ်ခုလုံး မြူတွေဆိုင်းနေပါသည်။
နေ့စွဲ တက္ကသိုလ် နာမည် တွေက်ုိ မမှတ်မိတော့ပါ။
Hiking လာတက်သော ကျောင်းသားတစ်ယောက် ဆုံးသွားကြောင်း ကဗ္ဗည်းစာရေးထားတာကို တော့ ကျွန်တော်တို့ အားလုံး စိတ်မကောင်း စွာ ဖတ်ခဲ့့ရပါသည်။တောင်ထိပ် ရောက်ပြီး သိပ်မကြာပါ။ စိတ်ထင် နာရီဝက်လောက် သာဆရာနေခွင့် ပေးပါသည်။ ပြန်ဆင်းကြဖို့ ဆော်သြနေပြီ တောင်ထိပ် မှာ မြေကြီး ပေါ် ကျောခင်းပြီး အမောဖြေခဲ့ပါသည်။
ခြေထောက် ကြွက်သားတွေ နာလှပြီ...စိတ်ထဲ မှာ လ္ဘက်ရည် သောက်ချင် စိတ်ဖြစ်လာပါတယ်...စောစောပြန်ရောက်ရင် ငါတို့လ္ဘက််ရည်ဆိုင်် အရင်သွား ရအောင် ကံဦး နဲ့ အဖော်စပ်ထားလိုက်ပါသည်။
အပြန်ခရီး မှာတော့ အတက်ခရီး လောက်တော့ ကျွန်တော်တို့ မတက် ကြွကြ တော့ပါ။ ဆရာဖေမောင်သန်း ကတော့ မှန်မှန် နဲ့ မြန်မြန် ဘဲနောက် ကျရင် မှောင်လိမ့်မယ် လို့ ဆရာ သတိပေးနေပါသည်။6 နာရီ ခရီးကို ဘာလို့ မှောင်ရမှာ လည်း ညနေ 5 နာ ရီ ဆို Camp ပြန်ရောက် မှာ ပေါ့လို့၊ ကံဦး နဲ့ ကျွန်တော် ပြောနေကြသေးတယ်။
တောင်ခြေ မှာ လား ၊ ရွာနားရောက် မှလား မသိလမ်း ပျောက်ပြီး အဖွဲ့တွေကွဲကုန်ကြတယ်။ လူ့ပြန်စုရင်း နဲ့ လမ်းပြန်ရှာရင်း နဲ့ Camp ပြန်ရောက်ချိန် မှောင်နေပြီ ဒီနေ့ည ကျွန်တော်တို့ လ္ဘက်ရည် ဆိုင်လည်း မသွားနိုင်တော့ပါ။ ထမင်းလည်းမစားနိုင်တော့ပါ။ ဖိနပ်ချွတ်ပြီးတာနဲ့ ဒီတိုင်းဘဲ အိပ်ယာဝင် လိုက် ပါတော့တယ်။
နံနက် ရနာရီထိုးမှတစ်ရေးနိုးပါသည်။ ဒီနေ့နားမည်ဟုသိလိုက်ရတော့ကျွန်တော်တို့အားလုံးပြန်ဆက်အိပ်ကြပါသည်။ 10း30 လောက်မှ အိပ်ယာထကြတယ်။ ခြေထောက်ကြွက်သား တွေလည်း နာနေတုန်းဘဲ ၊ ကိုယ်တွေလည်း နာလိုက်တာ။
ဒါပေမယ့် အားလုံး ပြုံးနိုင် ရယ်နိုင် ။ ပြောနုုိင် ၊ ဆိုနိုင်ပြီ ၊ Camp တစ်ခုလုံးလည်း ဆူဆူူညံညံ စကားသံတွေနဲ့ မနေ့က အကြောင်းပြန် ပြောလိုက်ကြတာ မြိန်ရေ ရှက်ရေ ။ ကျွန်တော်တို့ အဖွဲ့ မနေ့ညက မသွားဖြစ်ခဲ့သော လ္ဘက်ရည် ဆိုင်ဆီသို့ တစ်ညီ တစ်ညွတ် တည်း ချီ တက် သွားကြပါတော့သည်။
မှတ်ချက်။ ။ လူတိုင်းမလုပ်နိုင်သောအလုပ်တစ်ခုကိုကိုယ်လုပ်နိုင်ခြင်းသည်ဘဝအစိပ်အပိုင်းတစ်ခု၏အောင်မြင်ခြင်းဟုမှတ်ယူထားပါသည်။
အရှေ့မြင်အနောက်မြင်တောင်ထိပ်ပေါ်ရောက်ခဲ့ခြင်းသည်လည်းကျွန်တော်တို့ကြိုးစားအားထုတ်မှု၏အောင်မြင်မှုအစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။ လူတိုင်းမရောက်နိုင်ခဲ့သောကြောင့်ဖြစ်ပါသည်။ဒါပေမဲ့ကျွန်တော်တို့အရည်အချင်းနှင့်ရောက်ခဲ့ခြင်းတော့မဟုတ်ခဲ့ပါ။ဆရာများလက်တွဲခေါ်ခဲ့ သောကြောင့်သာ ရောက်ခဲ့ရတာပါ။
တစ်ကယ်တော့ကြိုးစားတိုင်းလဲအောင်မြင်မှုကိုမရနိုင်ပါ။ နည်းလမ်းကျသောလမ်းညွန်မှုကလည်းအရေးကြီးပါသည်။
Comments
Post a Comment