နတ်ဒိုးလေးနဲ့ Field ဆင်းကြမယ်
Photo credit to original uploader #နတ်ဒိုးလေးနဲ့ Field ဆင်းကြမယ် နံနက် ၇ နာရီ Campကထွက်လာချိန်မြူတွေမကွဲသေးပါ။ အအေးဒဏ်ကြောင့်ကျနော်တို့အားလုံးလက်နှစ်ဘက်ကိုပိုက်ရင်းလမ်းလျှောက် ခဲ့ကြပါသည်။ စကားပြောလိုက်တော့ပါးစပ်ထဲမှအခိုးတွေထွက်လာပါသည်။ ဒါကိုကျနော်တို့အားလုံးသဘောကျနေကြပါသည်။ နိုင်ငံခြားရုပ်ရှင်ကားထဲကလိုမျိုး…. ကျွဲတပ်ဆုံရွာသည်သာစည်မြို့နယ်မန္တလေးတိိုင်းအတွင်းမှာတည်ရှိပါသည်၊ရှမ်းပြည်နယ်နှင့်မန္တလေးတိုင်းနယ်နိမိတ်လောက်မှာရှိပါသည်။ ထို့ကြောင့်အညာအငွေ့အသက်များကိုလည်းမြင်နေရပါသည်။အညာထန်းပင်၊ကုက္ကိုပင်များကိုလည်းတွေ့နေရပါသည်။ ရာသီဥတုသည်ညဘက်မှာအေးသလောက်နေ့ခင်းဘက်မှာအတော်ပူပါသည်။ နံနက်ခင်းမှာမြူတွေကျနေသည်မှာသဘာဝပန်းချီကားတစ်ချပ်လိုပင်…… နံနက်ခင်းအေးသလောက် နေထွက်လာသည်နှင့်ရာသီဥတုသည်တဖြေးဖြေးချင်းပူလာပါသည်။ ကျွဲတပ်ဆုံဘုန်းကြီးကျောင်းဝင်းထဲရှိဆောက်လုပ်ရေးတန်းလျှားမှာကျနော်တို့ဘူမိဗေဒကျောင်းသားများစခန်းချနေပါသည် ၊ကျနော်တို့ကိုကြီးကြပ်မည့်ဆရာများအဖြစ်ကဆရာဦးမေတ္တာ၊ဆရာဦးခင်မောင်လတ်၊ဆရာဦးခင်မောင်ဝင်းတို့ဖြစ်ပါသည်။ ကျနော်တို့စားရေးသောက်ရေးအတွက်ဦးလှသန်းနှင့်ကိုကြီးကစ္စနားတို့ကတာဝန်ယူချက်ပြုတ်ပေးပ...