Posts

Showing posts from April, 2026
Image
                         အကာကအချစ်၊အနှစ်ကမေတ္တာ အပိုင်း( ၁ )   ကျနော်ကုန်တိုက်နောက်ဖက်ရောက်ချိန်၊ကျနော့်အရှေ့မှာ လူနှစ်ဆယ်လောက်တန်းစီနေပြီ.. ဒီမှာရာသီဥတုအရမ်းအေးတယ်..အနှုတ်၄ လို့ပြောသံကြားတယ်... ကျနော်အဆောင်နဲ့ကုန်တိုက်ရောက်ဖို့တနာရီကျော်လမ်းလျှောက်ခဲ့ရတယ်... ည ၁၀နာရီလောက်မှာတွန်းလှည်းတွေနဲ့စားစရာတွေတွန်းထုတ်လာပြီး၊ ကုန်တိုက်ဝန်ထမ်းတွေအဆင်သင့်ရှိနေသောစင်ပေါ်တင်နေတယ်... သူတို့ထုတ်လာသည့်စားစရာများ၊အသီးအရွက်များထုတ်ပြီးချိန်မှာတစ်ဦးပြီးတစ်ဦး ရွေးယူကြပြီ..၊စီနီယာအတိုင်းတန်းစီပြီးယူကြမယ်... အသက်ကြီးသူကိုဦးစားပေး...တစ်..နောက်စီနီယာအတိုင်းယူကြ... ဒီနေ့ထုတ်လာတဲ့စားစရာသိပ်မများ...အရှေ့လူတွေယူလိုက်ကြတာ.. ကျနော့်အလှဲ့ရောက်ချိန်..အဆင်သင့်စားရသောစားစရာမကျန်တော့ပါ.. ချက်စားရသောအသီးအရွက်များသာကျန်တော့တယ်... ကျနော့်မှာချက်ပြုတ်စားဖို့ခွက်ယောက်မရှိသလို၊နေရာလဲမရှိ၊ ၆ ပေပတ်လည်မှာနေနေတယ်... ဒီည..ရေသောက်ပြီးဗိုက်မှောက်အိပ်ရတော့မယ်.... ကိုယ့်ထက်ကြီးသူတွေစားစရာ..ရသ...