Posts

Showing posts from November, 2024
Image
                         # စရိုက်မတူတဲ့လူ   အာစီတူးမှာကျောင်းစတက်တုန်းကကျောင်းဖွင့်ချိန်မှာဘဲဝါသနာတူတွေစုဖွဲ့မိကြပါတယ်.. ကျနော်က..ကမာရွတ်ဆင်ရေတွင်းမှာနေတယ်..ရှမ်းလေးကလှိုင်မှာနေတယ်.. ရှမ်းလေးအိမ်မှာကျနော်တို့တီးဝိုင်းလုပ်ကြတယ်... ဖရက်ရှာဝဲလ်ကမ်း..မလုပ်ခင်..ရှမ်းလေးအိမ်မှာသီချင်းတိုက်ကြတယ်... ဝါသနာရှင်တွေအများကြီးလာကြတယ်..ဂစ်တာတီးတဲ့ဝါသနာရှင်တွေလဲအများကြီး... ကျနော်လဲ..ရစ်သမ်တီးတယ်..ဝိုင်းကူတဲ့သဘောပါ... လာကြတဲ့ဝါသနာရှင်တွေထဲကကောင်မလေးတစ်ယောက်ထူးခြားနေတယ်.. မြန်မာဆန်ဆန်အင်္ကျီဝတ်ထားတယ်..သူ့နာမည်က ’ မခင်နှင်းဆီ ’ သူ့ကြည့်ရတာမြန်မာသီချင်း..ဆိုလိုတာကမြန်မာ့အသံကမိုနိုသီချင်းဆိုမယ်ထင်တာဘဲ.. “ဟြောင့်...မင်းနဲ့ငါနဲ့..အရင်သီချင်းတိုက်ရအောင်..” ကျနော့်ကိုဘယ်သူခေါ်တာလဲလို့မော့ကြည့်မိတာ.. ’ မခင်နှင်းဆီ ’ စိတ်ထဲမှာတမျိုးကြီးဘဲ..ဆိုလိုတာက..သူ့ဒီဇိုင်းနဲ့သူ့ပြောသံနဲ့မလိုက်ဖက်တာ.. “မင်းဘာသီချင်းဆိုမလို့လဲ..” ...”ငါပြောမယ်..မင်းတီးပေးပါ..” .....
Image
    ဘဝဇာတ်ဆရာ အပိုင်း(၂) ဘဝဇာတ်ဆရာဗလကြီး ညအိပ်တော့တော်တော်နဲ့အိပ်မပျော်၊ဘေးကသူငယ်ချင်းတွေအားလုံးအိပ်မောကျနေကြပြီ၊ ကျနော့်ကိုသူငယ်ချင်းတွေအားလုံးဝိုင်းကူကြတယ်၊ပင်ပမ်းတယ်လို့တစ်ချက်မှမငြီးဘူး၊ ငယ်ငယ်တုန်းကအကြောင်းပြန်တွေးရင်ကျနော့်အပေါ်သူငယ်ချင်းတွေမကောင်းကြပါ၊ လေးတန်းနှစ်စည်တော်ယိမ်းကျနော်ကပြကတည်းကပါဘဲ၊ကျနော့်ကိုဝိုင်းလှောင်ကြတာ ပွဲမင်းသား၊မျောက်ဖိုးစိန်၊အခြောက်အမျိုးမျိုးကင်ပွန်းတပ်ပြီးခေါ်လိုက်ကြတာ၊ လူကောင်သေးသေးနဲ့နိုင်ချင်တိုင်းကျနော့်ကိုနိုင်ခဲ့ကြတာ၊ ဒါကြောင့်မို့လဲဗလကြီးလာအောင်လေ့ကျင့်ခန်းတွေလုပ်ခဲ့တယ်၊၊ရန်တွေလဲမဖြစ်ချင်ပါဘူး၊ အမေ့ဆီကအနုပညာသွေးကလူကိုနူးညံ့စေပါတယ်။လူကောင်ကြီးလာတော့နဲနဲရှိန်သွားကြပေမဲ့လဲ ဗရုတ်အုပ်စုတွေကဆယ်တန်းထိဟားတိုက်ပြီးလှောင်နေဆဲပါဘဲ၊ စတိတ်ကျောင်းသားဘဝမှာလှောင်စရာကျောင်းသားတစ်ယောက်ဖြစ်ခဲ့ရတယ်။ ဒါကြောင့်ဆယ်တန်းအောင်ပြီးတော့အနားကသူငယ်ချင်းတွေကိုကျနော့်ဝါသနာအကြောင်းမပြောတော့ဘူး၊ တတိယနှစ်မောင်ဂျစ်တို့ဗျော့ကြီးတို့အုပ်စုနဲ့ပေါင်းမိတော့၊သူတို့စိတ်ဓါတ်တွေသိလာလို့ကျနော့်အကြောင်းတွေ ပြောပြလိုက်တယ်။သူတို့ကျနော်ကိုမဟာ...