# စရိုက်မတူတဲ့လူ အာစီတူးမှာကျောင်းစတက်တုန်းကကျောင်းဖွင့်ချိန်မှာဘဲဝါသနာတူတွေစုဖွဲ့မိကြပါတယ်.. ကျနော်က..ကမာရွတ်ဆင်ရေတွင်းမှာနေတယ်..ရှမ်းလေးကလှိုင်မှာနေတယ်.. ရှမ်းလေးအိမ်မှာကျနော်တို့တီးဝိုင်းလုပ်ကြတယ်... ဖရက်ရှာဝဲလ်ကမ်း..မလုပ်ခင်..ရှမ်းလေးအိမ်မှာသီချင်းတိုက်ကြတယ်... ဝါသနာရှင်တွေအများကြီးလာကြတယ်..ဂစ်တာတီးတဲ့ဝါသနာရှင်တွေလဲအများကြီး... ကျနော်လဲ..ရစ်သမ်တီးတယ်..ဝိုင်းကူတဲ့သဘောပါ... လာကြတဲ့ဝါသနာရှင်တွေထဲကကောင်မလေးတစ်ယောက်ထူးခြားနေတယ်.. မြန်မာဆန်ဆန်အင်္ကျီဝတ်ထားတယ်..သူ့နာမည်က ’ မခင်နှင်းဆီ ’ သူ့ကြည့်ရတာမြန်မာသီချင်း..ဆိုလိုတာကမြန်မာ့အသံကမိုနိုသီချင်းဆိုမယ်ထင်တာဘဲ.. “ဟြောင့်...မင်းနဲ့ငါနဲ့..အရင်သီချင်းတိုက်ရအောင်..” ကျနော့်ကိုဘယ်သူခေါ်တာလဲလို့မော့ကြည့်မိတာ.. ’ မခင်နှင်းဆီ ’ စိတ်ထဲမှာတမျိုးကြီးဘဲ..ဆိုလိုတာက..သူ့ဒီဇိုင်းနဲ့သူ့ပြောသံနဲ့မလိုက်ဖက်တာ.. “မင်းဘာသီချင်းဆိုမလို့လဲ..” ...”ငါပြောမယ်..မင်းတီးပေးပါ..” .....