Posts

Showing posts from November, 2023

 ငယ်စဉ်ကမီးပုံးပျံ

Image
  ငယ်စဉ်ကကျနော်တို့နေထိုင်ခဲ့သောအိမ်နားမှာရပ်ကွက်ဓမ္မါရုံရှိပါသည်။ဓမ္မါရုံရှေ့ရှိကွက်လပ်သည်တော်တော်ကျယ်ဝန်းပါသည်။ထိုကြောင့်ငယ်စဉ်ကကစားဘို့ကိစ္စထွေထွေထူးထူးနေရာရှာနေစရာမလိုပါ…. ကျောင်းမှပြန်ရောက်သည်နှင့်လွယ်အိတ်ထားပြီးကစားကွင်းထဲသွားရုံသာ….. ဆော့ချင်တာဆော့….ကြိုက်သလောက်ဆော့….. ကျနော်တို့သူငယ်ချင်းများသည်မိုးကုန်အပြီးသီတင်းကျွတ်ကိုနှစ်စဉ်နှစ်တိုင်းမျှော်လေ့ရှိပါသည်။ ကျနော်တို့ရပ်ကွက်တွင်အများနှင့်မတူသောအစဉ်အလာတစ်ခုရှိခဲ့ပါသည်။ နှစ်စဉ်နှစ်တိုင်းသီတင်းကျွတ်လပြည့်နေ့မှတန်ဆောင်းမုန်းလပြည့်နေ့ထိညစဉ်ညတိုင်း၊ပုံမှန်မီးပုံးပျံတစ်လုံးကောင်းကင်သို့ဓမ္မါရုံရှေ့ဝင်းအတွင်းမှလွှတ်တင်လေ့ရှိပါသည်။ မီးပုံးပျံလွတ်တင်ရန်ပြင်ဆင်ခြင်းများကိုဓမ္မါရုံအတွင်းမှာလုပ်လေ့ရှိသည်၊ စနေ၊တနင်္ဂနွေ ရက်များတွင်မီးပုံးပျံနှစ်လုံးလွှတ်တင်လေ့ရှိပါသည်။အခြားရပ်ကွက်မျိုးတွင်လည်းညစဉ်တော့မဟုတ်ခဲ့ပါ။ အဖိတ်နေ့မျိုး၊လပြည့်နေ့မျိုးတွင်သာလွှတ်တင်တတ်ကြပါသည်။ ကျနော်တို့ရပ်ကွက်ကတစ်ညအနဲဆုံးတစ်လုံးပုံမှန်လွှတ်တင်ပေးလေ့ရှိပါသည်။ ထိုခေတ်ကမီးပုံးပျံကိုဆီစိမ်စက္ကူများကိုကော်သုတ်ပြီးဆက်စပ်ကပ်ယူရပါသည်။ယခုခေတ်မီးပုံးပျံလိုသေးသေးလေးမဟုတ်ပါ…… အ...
Image
  ဘဝခါးခါးရွှေမိ(၁) (ကျော်ကြီးနှင့်ဘူမိဗေဒ...နောက်ဆက်တွဲ) မတ်လတပေါင်းနွေနဲ့တပေါင်းနေပူပြင်းလှတယ်၊ ဒီကြားထဲသွပ်မိုးပျဉ်ကာတဲကုပ်ကုပ်၊နေအပူကိုစုပ်ယူထားသလိုဘဲ “သံချောင်း...မောင်လေး...ထင်းကုန်တော့မယ်...ဦးကြီးတွေကိုထင်းလာပို့ခိုင်း...” မီးဖိုကိုယပ်တောင်တဖြတ်ဖြတ်ခတ်နေသောရွှေမိ၊အပူဒဏ်ကြောင့်နဖူးမှချွေးတစ်စက်စက်ကျနေတယ်၊ လေတိုက်လိုက်သဖြင့်ကဇော်နံ့ချဉ်စုတ်စုတ်လေထဲပြန့်လွင့်နေတယ်၊ ကဇော်နံ့ကိုရှုမိပြီး...ရွှေမိ...ခေါင်းတငြိမ့်ငြိမ့်...နံပါတ်ငါးအတန်း...ချက်လို့ရပြီ... ကဇော်ဖေါက်ထားသောစိမ်ရည်အိုးတွေဆယ်လုံးတစ်တန်းစီထားတယ်၊ စိမ်ရည်တွေကိုစဉ့်အိုးကြီးတွေနဲ့ထည့်ထားတယ်၊ အားလုံးအလုံးရာကျော်ရှိတယ်၊သူ့စီနီယာအတိုင်းစီထားတယ် သူ့စီနီယာအတိုင်းအရက်ချက်ရမယ် ယောက်ျားရှပ်လက်ရှည်နွမ်းနွမ်း..ကြီးကြီးကိုဝတ်ဆင်ထားသောမိန်းခလေး၊ နေဒဏ်မိုးဒဏ်ကြောင့်အသားညိုညစ်ညစ်ဖြစ်နေပေမဲ့၊ နေမထိတဲ့နေရာတွေမှာဖြူဝင်းနေတယ်၊ ကရင်တိုင်းရင်းသူအလှ၊သူဝတ်ထားတဲ့အဝတ်အစား၊အခြေအနေကြောင့်မပေါ်လွင်သလိုဖြစ်နေတယ်၊ မီးဖို ၆ ဖိုထိုးထားတဲ့ထင်းမီးအပူ၊တပေါင်းနွေအပူ၊ပူပြင်းလှတယ် ဖိုထဲမှာမိန်းခလေး ၄ ယောက်ရှ...