Posts

Showing posts from January, 2023

ကျောက်ပန်းအိုးတံတား

ဒီနေ့ မနက် Camp ရှေ့မှာMap ကိုကြည့်နေသော ဆရာဦးမေတ္တာဆီမှ ဘာစကားထွက်လာမလဲ လို့ ကျွန်တော်တို့ အားလုံးစိတ်ဝင်စားစွာ နားစွင့်နေကြပါသည်။ ဒီနေ့ ရထားလမ်းကြောင်းအတိုင်း အပေါ်တက်မယ် ဟေး……….ဟေး……….. ကျွန်တော်တို့ အားလုံးဝမ်းသာအားရစွာဖြင့် အော်ဟစ်လိုက်ကြပါသည်။ရထားလမ်းကြောင်းအတို်င်းဆင်းလျှင် တောင်ထိပ်မတက်ရပါ။လူ သက်သာပါသည်။ကံကောင်းလျှင် ကျောင်းပိတ် အိမ်ပြန်ကြမယ့် တက္ကသိုလ်ကျောင်းသူတွေနဲ့ မိတ်ဆက်ခွင့် ကြုံနေဦးမည်။ နောက်ပြီး ရထားလမ်းတစ်လျှောက် အဆင်သင့် သောနေရာ မှာ လက်ဖက်ရည်ဆိုင် ထိုင်မယ်လို့ စိတ်ကူးထားသည်။ဒီနေ့အချိန် ရ သ လောက်ရထား လမ်းအတိုင်းအပေါ်တက်ကြမည်။ အပြန်သာစည် ဆင်းမဲ့ရထား လမ်းကြုံလိုက်မည် Camp နားမှာ ရထားရပ်ခိုင်း မည်။ ဘယ်လောက်သက်သာသလဲ……. ကျွန်တော်တို့ Geology ကျောင်းသားများ Field ဆင်းတာနဲ့ ကြုံတို်င်း ရထား ဂတ်ဗိုလ်များက လမ်းကြုံတင်လေ့ရှိပါသည်။ဆင်းချင်တဲ့နေရာ က်ို ပြောထားလိုက်ပါက အိပ်ပြီးလိုက်သွားရုံပင် ။ ရောက်ပြီဆိုရင် ရထားရပ်ပေးလိမ့်မည်။ ကျေးဇူးတင်လိုက်တာ ဂတ်ဗိုလ်တို့ရယ်… ဘုန်းကြီးပါစေ အသက်ရှည်ပါစေ…….. ဆရာသွား ရင်းနဲ့ ရှင်းပြနေပါသည်။ ပေါ်ထွက်ပိုင်း များကို လည်း လေ့လာနေကြပါသည်။ အားလုံးစိတ်ဝင...

ဟောင်ကောင်

  ငယ်ငယ်ကဟောင်ကောင်လို့ဆိုလိုက်တာနဲ့ဒေးဗစ်ချန်းလက်တစ်ဖက်ပြတ်သိုင်းကား၊တရုတ်သိုင်း ကားတွေထဲကဘရုစ်လီ၊ဂျက်ကီချန်းတို့ကိုပြေးမြင်မိပါသည်။ စီးပွားရေးလောကထဲရောက်လာတော့ဟောင်ကောင်နှင့်နီးစပ်လာပါတယ်။သူတို့တွေဆီကပစ္စည်းတွေ ဝယ်နေရလို့ဖြစ်ပါတယ်။တရုတ်ပြည်ဟာနေရာကျယ်ဝန်းသလောက်စက်ရုံအလုပ်ရုံတွေအလွန်ပေါများလှပါတယ်။ အခုဆိုရင်တရုတ်ပြည်ကြီးဟာအရမ်းတိုးတက်နေပါပြီ။ကျနော့်အဖိုးလက်ထက်ကငတ်ပြတ်နေတဲ့တရုတ်ပြည် မဟုတ်တော့ပါဘူး။အဖိုးဟာငတ်ပြတ်ပြီးဗမာပြည်ကိုရောက်လာခဲ့တယ်….။ အခုကျနော်တို့လက်ထက်မှာတရုတ်ပြည်နှင့်ပြန်ဆက်သွယ်ပြီးစီးပွားရေးတွေလုပ်နေရပြီ။ကျနော့်သားလက်ထက် မှာရောဘာတွေဆက်ဖြစ်မလဲ။ကျနော်မမှန်းတတ်တော့ပါ။ဒီပုံအတိုင်းဆက်သွားနေလို့ကမလွယ်ပါ။ တရုတ်ပြည်မှစက်ရုံတွေများသလောက်ထုတ်ကုန်မျိုးစုံတွေကိုလည်းတကမ္ဘာလုံးအနှံ့တင်ပို့နေသည်။ ဒါကြောင့်မို့တရုတ်ပြည်ထုတ်ကုန်မျိုးစုံကိုပြည်နယ်အလိုက်မြို့ကြီးတွေမှာကုန်စည်ပြပွဲတွေလုပ်လေ့ရှိသည်။တစ်မြို့ နှင့်တစ်မြို့နေ့ရက်မထပ်အောင်လအလိုက်ခွဲပြီးပြပွဲတွေလုပ်ကြသည်။တရုတ်ပြည်ကုန်စည်ပြပွဲများထဲတွင် ကွမ်ကျိုးကုန်စည်ပြပွဲကိုကျနော်အကြိုက်ဆုံးဖြစ်ပါသည်။ပြသသောပစ္စည်းများအစုံလင်ဆုံးဖြစ်သည်။ တရုတ်ပြည...

 မြင်းတိုက် Camp အမှတ်တရများ ၂

Image
  ရှမ်းပြည်နယ်တောင်ပိုင်းမြင်းတိုက် Camp မှာကွင်းဆင်းတော့တောင်ပေါ်သားတွေဟာရိုးသားပြီးအလွန် ခင်စရာကောင်းပါလားဆိုတာသိခဲ့ရပါသည်။ ဘူမိဗေဒကျောင်းသားတွေရောက်လာပြီဆိုတာနဲ့အနီးအနားရွာတွေကလူကြီးတွေလူငယ်တွေ ကျနော်တို့ ကျောင်းသားတွေကိုလာပြီးမိတ်ဖွဲ့ကြပါသည်။ သူတို့ရွာဖက်ရောက်ရင်လည်းဝင်ခဲ့ဘို့ဖိတ်ကြပါသည်။ ထိုပြင့်သူတို့ရွာတွေမှာအလှူရှိရှိဘုရားပွဲရှိရှိ် သူတို့ကိုယ်တိုင်လာဖိတ်လေ့ရှိပါသည်။ ဒီနေ့မနက်မြင်းတိုက်ဘူတာအသုပ်ဆိုင်မှာထိုင်နေကြတုန်း…… မနက်ဖြန်ဆွဲရေးရှိတယ်ကွ…… ဘာဆွဲရေးလဲ…… မနက်ဖြန် မနက် ၇ နာရီတောင်ဘက်ရွာဘုန်းကြီးကျောင်းမှာအလှူရှိတယ်….ဆရာဖေသွားခွင့်ပြုထားတယ်  ဒါဆိုရင်ငါတို့မှာသွားစားရမယ့်ဝတ္တရားရှိလာပြီ……. မျောက်ခေါင်းကကျနော်တို့အားလုံးကိုသတင်းလာပေးနေသည်။ ကျနော်တို့ဘေးမှာအကိုအရွယ်လူရွယ် တစ်ယောက်ထိုင်နေသည်။ကျနော်တို့ပြောစကားကိုလဲနားစွင့်နေပုံရသည်။ နောက်နေ့ မနက်တောင်ဘက်ရွာဘုန်းကြီးကျောင်းကိုရောက်တော့ မနေ့ မနက်ကျနော်တို့ဘေးမှာထိုင်နေ သော လူရွယ်အရင်ဦးစွာရောက်နှင့်နေပြီ……..အစားအသောက်သုံးဆောင်ပြီးနေပြီ…… နောက်ငါးရက်လောက်ဘူတာမှာထိုင်ကြတုန်းဘိုးတော်ကျနော်တို့ကို သတင်းလာပေးနေပြန်ပါသည်။ နောက်ဖက်ရ...

ကျနော်တိုက်စစ်မှူး

Image
  Photo credit to original uploader ကျနော်တိုက်စစ်မှူး မြက်ခင်းစိမ်းစိမ်းပေါ်မှာကျနော်ဘောလုံးကိုတို့ကာတို့ကာနဲ့ဆွဲပြေးနေပြီ၊တဖက်အသင်းဂိုးဆီသို့ ဒါပေမဲ့နောက်တန်းကောင်ပြေးဝင်လာနေပြီ၊ခပ်ကြမ်းကြမ်းဖျက်ထုတ်တော့မယ် ရှောင်ရမယ်၊ဘော်ဒီတချက်အယောင်ပြပြီးဘော်လုံးကိုတဖက်ဆွဲသွားတော့ဒီကောင်ဖင်ထိုင်ပြီးကျန်ခဲ့ပြီ ကျနော်တို့ဘူမိဗေဒအသင်းအချင်းချင်းလူခွဲပြီးကစားနေကြတာ တက္ကသိုလ်လေ့ကျင့်ရေးကွင်းမှာ ထောင့်ကန်ဘောကန်တင်လိုက်တဲ့ဘောလုံးလေထဲဝှေ့လာနေပြီ အချိန်ကိုက်ပြေးဝင်ပြီးခေါင်းနဲ့တိုက်ချလိုက်တယ်”ဂိုး” ပွဲကြည့်စင်ပေါ်မှာကြည့်နေတဲ့ကောင်မလေးတွေလက်ခုပ်တီး၊အားပေးသံတွေကြားရတဲ့အခိုက် ရင်ထဲမှာအရမ်းပျော်သွားတယ်၊ “တော်ပြီ၊ဒီနေ့အဖို့တော်ပြီ”နည်းပြဝီစီသံနဲ့အတူအော်ပြောသံကြားလိုက်တယ်။ မေဂျာပေါင်းစုံဘောလုံးပွဲအတွက်လေ့ကျင့်နေကြတာ၊ကျနော်တို့မေဂျာမှာမိန်းခလေးမရှိ၊ဘယ်မေဂျာကလဲမသိ “ခေါင်းတိုက်ချက်အရမ်းမိုက်တယ်”ကောင်မလေးတစ်ယောက်ကျနော်ကိုအော်ပြောတယ်၊ ကျနော်လဲသူ့ကိုလက်မြောက်ပြလိုက်ပါတယ်၊ကိုယ့်ကိုအားပေးနေသောပရိတ်သတ်ကိုပြန်လေးစားရမယ် ဒီကောင်မလေးကိုကျနော်မသိ၊မျက်လုံးနဲ့ဘဲကြည့်ဖြစ်တယ်၊ ဟေ့ကောင်တွေဒီမှာစုမယ် နည်းပြနားမှာကျနော်တို့ဝ...