ရှမ်းလေး၊နန်းလေးနှင့်တက္ကသိုလ်ပေါင်းစုံဘောလုံးပွဲ
# ရှမ်းလေး၊နန်းလေးနဲ့တက္ကသိုလ်ပေါင်းစုံဘောလုံးပွဲ( ၁ ) ရွှေညောင်၊ရန်ကုန်ရထားတစ်တွဲလုံးကျနော်တို့အမျိုးတွေချည်းဘဲ.. ပြောရရင်ရထားတစ်စီးလုံး ကျနော်တို့ရှမ်းပြည်ကလူတွေချည်းဘဲ ကျနော်တို့တိုင်းနှင့်ပြည်နယ်ဘောလုံးပွဲအားပေးဖို့ဆင်းလာကြတာ ကျနော်တို့ရှမ်းပြည်နယ်ဘောလုံးအသင်းကိုအားပေးကြမယ်.. ကျနော်တို့ရှမ်းပြည်နယ်ဘောလုံးအသင်း၊ဒီနှစ်နိုင်ခဲ့ရင်ပြည်ထောင်စုဒိုင်းအပိုင်ရတော့မယ်.. ပြီးခဲ့တဲ့နှစ်တွေမှာနှစ်ကြိမ်ဒိုင်းရထားပြီးပြီ..ဒီနှစ်နိုင်ရင်..သုံးကြိမ်... ပြည်ထောင်စုဒိုင်းပိုင်တော့မယ်... ကျနော်..ရှမ်းလေးချာတိတ်ဘဲရှိသေးတယ်... အမေ၊အဒေါ်...အမျိုးတွေ...ကျနော်တို့မောင်နှမတွေဆင်းခဲ့ကြတယ်.. ကျနော့်ဆီမှာမောင်နှမ..နှစ်ယောက်ဘဲရှိတယ်... ကျနော်ရှမ်းလေးနဲ့ကျနော့်အမ..မမကြီးရှိတယ်.. အိမ်မှာအဖိုး၊အဖွားနဲ့အိမ်စောင့်တွေဘဲကျန်တယ် ပြောရအုန်းမယ်..ကျနော့်အဖေ...ရှမ်းပြည်နယ်လက်ရွှေးစင်မှာပါတယ်.. ကျနော်..အားမရတာက..အဖေ..ပွဲထွက် ဆယ့်တစ်ယောက်ထဲမပါဘူး ပြောရရင်..အရန်..ဘဲပေါ့ အဖေလဲကျိုးစားတာဘဲ...အဖေ့ထက်တော်တဲ့ကစားသမားတွေရှိနေတော့.. ကျနော့်အဖေ..အရန်ခုံမှာထိုင်နေရတာပေါ့... ...