ငွေသောင်ယံကမခွါရက်နိုင်သူ
ငွေသောင်ယံမှမခွါရက်နိုင်သူ လှိုင်တက္ကသိုလ်အားကစားရုံမှာတက္ကသိုလ်ပေါင်းစုံဘောလီဘောပြိုင်ပွဲကျင်းပနေတယ်။ ဒီနေ့ဖိုင်နယ်နေ့ ရန်ကုန်တက္ကသိုလ်နဲ့စက်မှုတက္ကသိုလ်ပြိုင်နေတယ်။ ကျောင်းပိတ်ရက်ဖြစ်နေလို့ပရိတ်သတ်အားနဲသလိုမျိုးခံစားနေရတယ်။ ကျောင်းဖွင့်ချိန်ဆို RIT ပရိတ်သတ်ဘယ်လောက်တောင်အားပေးလိုက်ကြမလဲ ကျမနာမည်ကနွေးနွေး၊စက်မှုတက္ကသိုလ်ပထမနှစ်တက်နေတဲ့ကျောင်းသူ ကျမကချောင်းသာမရောက်ခင်မှာရှောပြာသို့ဆိုင်းဘုတ်မြင်ဘူးကြမယ်၊ ကျမကရှောပြာသူ၊မိဘတွေအရင်ကသစ်လုပ်ငန်းလုပ်ခဲ့တယ်။ စီးပွါးရေးအဆင်ပြေကြပါတယ်၊ကျမတို့အိမ်ကချောင်းသာမှာလဲရှိတယ်။ ရှောပြာနဲ့ချောင်းသာက ၄၅မိနစ်လောက်ဆိုင်ကယ်စီးရင်ရောက်ပြီ စာမေးပွဲဖြေပြီးကျောင်းပိတ်ရက်၊သူငယ်ချင်းတွေကိုချောင်းသာအလည်ခေါ်ခဲ့တယ်။ သူငယ်ချင်းတွေပြန်ကြတော့အိမ်မှာနေရစ်ခဲ့မယ်ဆိုတော့မရဘူး အတင်းရန်ကုန်ပြန်လိုက်ခဲ့ဆိုလို့ပြန်ပါလာတယ်။ အားလုံးအဆောင်မှာပြန်ဝင်နေကြတယ်၊သူငယ်ချင်းတွေမခွဲနိုင်မခွါရက်။ ဒီနေ့တက္ကသိုလ်ပေါင်းစုံဘောလီဘောနောက်ဆုံးဖိုင်နယ် RIT အသင်းမှာ မော်မော်တို့ဦးလေး...ဦးကျော်ကျော် ကစားနေတယ် သူကအသင်းခေါင်းဆောင်၊သူ့ရိုက်ချက်ကပြင်းသလားလို့မမေးနဲ့ ...