Posts

Showing posts from April, 2023

ချစ်သူ..ဝိုင်းဝိုင်းလည်

    ချစ်သူ...ဝိုင်းဝိုင်းလည် အပိုင်း ( ၁ )   (အဆိုတော် သန်းသန်းဆင့် သီဆိုထားသော “ ချစ်သူ..ဝိုင်းဝိုင်းလည်” သီချင်းကို အသံဖိုင်ထည့်ပေးထားပါသည်၊ ဤသီချင်းသည်ယခုဇာတ်လမ်း၏အဓိကနေရာမှ ပါဝင်ထားပါသည်။၎င်းအသံဖိုင်ကို youtube မှဒေါင်းထားပါသည်။ အသံဖိုင်ဖွင့်မရပါက ဆာဗာအခက်အခဲကြောင့်ဖြစ်ပြီးနားလည်ခွင့်လွတ်ပေးကြပါ၊ မူရင်းအနုပညာရှင်များအားလုံးကို CRD ပေးပါသည်) တခုသောဘူမိဗေဒဆရာကန်တော့ပွဲနေ့၊တက္ကသိုလ်ဓမ္မာရုံကြီးထဲမှာ သူငယ်ချင်းတွေနဲ့ပြန်ဆုံခဲ့ကြတယ်။ဆရာတွေကန်တော့ပွဲအခန်းအနားပြီးတော့ အားလုံးမပြန်သေးပါ၊မတွေ့မြင်တာကြာနေပြီဖြစ်တဲ့သူငယ်ချင်းတွေစုပြီး စကားဝိုင်းတွေဖွဲ့ကြမယ်။လ္ဘက်ရည်သောက်ရင်းရှေးဟောင်းနှောင်းဖြစ်တွေ၊ ၊မိသားစုအရေးတွေ၊စီးပွါးရေးတွေ၊နိုင်ငံရေးတွေ၊ပြောဆိုနေကြတယ်။ ပဲခူးမှာဗေဒင်ဓါတ်ခန်းဖွင့်ပြီးစီးပွါးရေးအဆင်ပြေနေတဲ့သူငယ်ချင်းငှက်ပျော်သီး သူငယ်ချင်းတွေကိုဗေဒင်တွက်ပေးနေတယ်။ ကြည့်ချင်တဲ့သူတွေလာကြ၊အလကားကြည့်ပေးမယ်၊ ဘာရယ်လို့မဟုတ်အပျော်သဘော၊တစ်ယောက်ပြီးတစ်ယောက်ဗေဒင်ကြည့်ကြတယ်။ ကျနော်အလှဲ့ရောက်တော့တွက်ချက်ပြီး သူငယ်ချင်း...လူပျိုကြီး.....