Posts

Showing posts from October, 2023

ကျော်ကြီးနဲ့ဘူမိဗေဒ

  ကျော်ကြီးနဲ့ဘူမိဗေဒ   ကုက္ကိုရိပ်(ရန်ကုန်တက္ကသိုလ်၊လှိုင်နယ်မြေ)   ကျော်ကြီး...ကျော်ကြီး...ဖိုးခွားလေး... ဒီကောင်လေးဘယ်သွားနေလဲ ကျော်ကြီး အမေ...ကျနော်ဒီမှာ..အမေ...မြို့ပို့တဲ့ပဲစာရင်းလုပ်ဆိုလို့ကျနော်လုပ်နေတယ် တရွာလုံးဆယ်တန်းအောင်တဲ့ကလေးတွေတက္ကသိုလ်တက်ခွင့်အကြောင်းကြားစာတွေရောက်နေကြပြီ ကျော်ကြီးနင့်အတွက်စာလဲမပါဘူး အမေ..ကျနော်တောင်ငူလိပ်စာပေးထားတာအမေ , ကျနော်ဖုံးဆက်ကြည့်မယ်၊တောင်ငူအိမ်ကိုဖုံးဆက်လိုက်တယ်.. အမေ...ကျနော်ဘူမိဗေဒတက်ရမယ် ဘာမေဂျာလဲ၊ငါလဲတခါမှမကြားဘူးဘူး အမေလမ်းခင်းတဲ့ကျောက်တွေအမေသိတယ်ဟုတ် အဲ့ကျောက်တွေလေ့လာတဲ့ဘာသာအမေရဲ့ ဒါဆိုနင်ဟိုလမ်းခင်းတဲ့ကျောက်တွေထုရတော့မှာပေါ့ လမ်းလုပ်သားတွေကစာမတတ်ဘူး၊နင်ကဘွဲ့ရပြီးလမ်းဘေးမှာကျောက်ထုနေရင် အမလေး.....ရွာကလူတွေမြင်ရင်ငါတော့သောက်ရှက်ကွဲပါပြီ မိုက်လိုက်တာဖိုးခွါးလေးရယ်၊ဘာလို့ဒီဘာသာယူရတာလဲ သွားပြန်အပ်လိုက်တခြားဘာသာပြောင်းယူတော့ အမလေးနင်ဆယ်တန်းအောင်တုန်းကရေနှစ်ဗူးခါးချိတ်ပြီးတရွာလုံးပတ်ပြီးကြွားလိုက်ရတာ နင်ကျောက်ထုနေတာမြင်ရင်၊ငါ့မျက်နှာဘယ်မှာသွားဝှက်ထားရမလဲ နင်ရထားတဲ့ဘာ...