ကျောင်းတော်ကရန်စ
Photo credit to original uploader ပဲခူးတိုင်းရွာလေးတစ်ရွာမှာ ကျနော့်ကိုမွေးခဲ့ပါတယ်….အိမ်က ကျနော်ကို ညိုကြီးလို့ခေါ်ကြပါတယ်…. ကျနော့်ကိုမွေးပြီး သုံးလအကြာမှာ အဖေ့ညီမ ဝမ်းကွဲ အရီးလေးလဲ ခလေးမွေးပါတယ်…. ညိုကြီးရဲ့ညီ ဖြစ်တာကြောင့် သူ့နာမည်ဟာ ညိုလေးလို့ အလိုလိုနေရင်းနာမည် တွင် သွားပါတယ်…. ကျနော်တို့ရွာဟာအိမ်ခြေတစ်ရာလောက်ဘဲရှိတဲ့ ရွာတစ်ရွာပါ… အဘိုးညီအကိုတွေက ဆင်းသက်လာခဲ့တာကြောင့် တစ်ရွာလုံးဆွေမျိုးတွေ ချည်းဘဲလို့ ပြောလို့ရပါတယ်….. ကျနော်ငယ်စဉ်က ကျနော့်တို့ရွာမှာ မူလတန်းကျောင်းလေးဘဲရှိပါတယ်….ရှိတဲ့မူလတန်းကျောင်းမှာဘဲစာသင်ကြပါတယ်… အဘ အလယ်တန်းကျောင်း ဖြစ်ဘို့ကြိုးစားနေတယ် …. ညိုလေးတို့အမေ အရီးကလည်း အလယ်တန်းဖြစ်မြောက်ဘို့ ကူညီကြပါတယ်….. စာသင်ခန်းတွေဆောက်ပေးတယ်။ဆရာ ဆရာမတွေနေရေးထိုင်ရေးအတွက်ကူညီပေးတယ်…. စာမတတ်တဲ့ အဘ နဲ့ အရီးလေးတို့ဟာ ခလေးတွေကို စာတတ်စေချင်ကြပါတယ်…. ဒါကြောင့်မူလ တန်းမှ အလယ်တန်းဖြစ်မြောက်အောင် ကြိုးစားနေကြတာ….. ကျနော်တို့နှစ်ယောက် ဟာတစ်ဦးတည်းသားများ ဖြစ်သောကြောင့်မိဘတွေဟာ ပညာရေးနဲ့ ပတ်သက်ပြီး မိဘနဲ့ ခွဲပြီး အခြားနေရာမှာ မသွားစေချင်တာကပိုပြီး အဓိကကျပါတယ်…. ဒီလိုနဲ့ ဘဲကျနော်တို့အလယ်တ...