အမေနှင့်နာဂစ်အလှူ
ကျနော်တို့ညီအစ်ကိုရယ် ၁၉၈ရ ကျောင်းပြီးခဲ့သော ဘူမိဗေဒသူငယ်ချင်းများရယ် ဂျပန်ပြန်သူငယ်ချင်းအချို့ရယ် စုပေါင်းပြီး ကွမ်းခြံကုန်း မြို့နယ် တော်ကူးရွာမှာ ဧရာဝတီတိုင်း လေဘေးအကူအညီ သွားရောက်ကူညီခဲ့ကြပါသည်။ တော်ကူးအလှူကအပြန်မှာတော့ အမေ အရမ်းကျေနပ်ပြီး သာဓုခေါ်ခဲ့ပါသည်။ ကျနော်တို့တောမြို့မှာ နှစ်စဉ်နှစ်တိုင်းလိုလို မီးရေးဖြစ်တတ်ပါသည်။ အိမ်ခြေအနည်းအများပေါ် မူတည်ပြီး ဘုန်းကြီးကျောင်းများ မူလတန််းကျောင်းများတွင် မီးဘေးဒုက္ခသည်စခန်းထားရှိလေ့ရှိပါသည်။ မီးဘေးသင့်သူများကိုလည်း ပြည်သူများက တတ်နိုင်သ၍ ကူညီလေ့ရှိကြပါသည်။ အမေလဲ ကူညီလေ့ရှိပါသည်။ အမေ အမြဲကူညီသည်ကိုသိသော ရပ်ကွက်လူကြီးများ မီးရေးဖြစ်ပြီဆိုလျှင် အိမ်သို့အမြဲလာလေ့ရှိသည်။ ထမင်းထုပ်များ စားစရာများ၊ ကျနော်တို့မောင်နှမများ၏ အဝတ်အစားများကို အမြဲပေးလေ့ရှိသည်။ နာဂစ်မဖြစ်မီ တစ်လခန့်ကမှစ၍ ကျနော့်ဂိုဒေါင်ကို ခြံဝင်းအုတ်တံတိုင်းခတ်နေခဲ့ပါသည်။ ပန်းရံကြီးများ၊ လူကြမ်းများ စုစုပေါင်း အယောက် နှစ်ဆယ်ခန့် ပုံမှန်အလုပ်ဆင်းလေ့ရှိကြပါသည်။ ပန်းရံအဖွဲ့အများစုသည် ဆွေမျိုးနီးစပ်ဖြစ်ကြပြီး နေထိုင်သော ရပ်ကွက်မှာလည်း တစ်ရပ်ကွက်သားများဖြစ်ကြသည်။ သူတို့တွေ မြောက်ဒဂု...