အကုသိုလ်
အကုသိုလ် ရန်ကုန်တက္ကသိုလ်ဘူမိဗေဒနောက်ဆုံးနှစ်တုန်းကရွာငံမြို့နယ်၊မြိုင်ကျေးရွာမှာကျနော်တို့ကွင်းဆင်းခဲ့ရပါတယ် … ဒီဧရိယာဟာမြန်မာနိုင်ငံ၏ထင်ရှားသောအရှေ့မြင်၊အနောက်မြင်တောင်ကိုမြင်တွေ့နေရသောနေရာဖြစ်ပါတယ် ….. မြိုင်ရွာရဲ့အနောက်ဘက်ကလျှိုကြီးထဲမှာဇော်ဂျီမြစ်ဖျားခံသောနေရာရှိပါတယ် …. ။ နောက်ပြီးဗိုလ်မှူးဗထူးကျောက်တိုင်လဲရှိနေပါတယ်။ ကျနော်တို့ကျောင်းသားများဟာ ဆရာဦးခိုင်ရှင်းဦးဆောင်မှုအောက်မှာ ကွင်းဆင်းပညာကို သင်ယူလေ့လာနေကြပါတယ် …. ။ ဒီနေ့မှာ အရှေ့မြင်အနောက်မြင်တောင်ကြောနေရာကိုလေ့လာဘို့ထွက်လာကြပါတယ် ….. စိမ်းစိုနေတဲ့သစ်ပင်ကြီးတွေနဲ့ရှမ်းတောင်တန်းဟာအရမ်းလိုက်ဖက်ပါတယ်၊ ကွင်းဆင်းနေစဉ်အတွင်းသေနတ်သံနှစ်ချက်ကြားလိုက်ရပါတယ် ….. ကွင်းဆင်းနေရင်း မကြာခဏကြားလေ့ရှိတဲ့ သေနတ်သံဟာ ကျနော်တို့အတွက်မထူးဆန်းတော့ပါဘူး ….. အမဲလိုက်မုဆိုးတွေရဲ့သေနတ်သံတွေဘဲဖြစ်မှာပါငါးရက်စျေးနေ့တွေမှာရောင်းချရန်အတွက်၄င်း၊ အုပ်စုလိုက်ဟင်းစားအတွက်၄င်း၊အမဲလိုက်လေ့ရှိကြပါတယ်။ သူ့အသက်သတ်ခြင်းကိုဘုရားကတားမြစ်ထားပေမယ့်လည်း ဝမ်းရေးအတွက်ရှာဖွေနေရသော မုဆိုးတွေအတွက် ဒီအကုသိုလ်အလုပ်ကို မလုပ်ချင်ပေမယ့်လ...