# ဆ ြာ မုတ်ဆိပ် ၁၉၈၈.စစ်တပ်အာဏာသိမ်းပြီးစ၊ည၁၀နာရီမှမနက်၄နာရီမထွက်ရအမိန့်ထုတ်ထားသောအချိန်၊ ဒီအတောအတွင်းဘယ်သူမှခရီးမသွားချင်ကြပါ၊ မသွားမဖြစ်အခြေအနေကြောင့်၊ကျနော်နဲ့ကျနော့်တပည့်၊ပါပလစ်ကာကားနဲ့၊ မော်လမြိုင်မှရန်ကုန်ကိုထွက်လာပါတယ်။ သံလွင်တံတားမရှိသေးပါ၊မုတ္တမကိုဇက်နဲ့ကူးရတယ်၊ ကားကူးဇက်သည်ရေတက်ရေကျကိုကြည့်ပြီးကူးသည်။ အဲဒီနေ့က၃နာရီကျော်မှဇက်ကူးဖြစ်သည်။ ဒီလိုနဲ့ကားမောင်းလာလိုက်တာ၊ရှစ်နာရီကျော်လောက်မှာဘုရားကြီးရောက်လာပါတယ်။ ဆီအခြေအနေကိုကြည့်ပြီးနှစ်ဂါလံထည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဘုရားကြီးအထွက်လမ်းဘေးဆိုင်ကဆီထည့်လိုက်တယ်။ ညမှောင်မှောင်မှာဆီသန့်မသန့်စစ်ချိန်မရတော့ပါဘူး။ ကျနော်ကောင်းကောင်းဒုက္ခ ရောက်ပါပြီ၊ မောင်းလာလို့ဘာမှမကြာသေးခင်ကားစက်မမှန်တော့ဘဲစက်ရပ်သွားပါပြီ။ ဘုရားကြီးသားတွေဒုက္ခပေးလိုက်ပြီ၊ စိတ်ထဲမှာတော်တော်ကျိန်ဆဲနေမိတယ်။ ကာဘရိုက်တာဖြုတ်၊ဆီတွေပြန်မှုတ်ထုတ်၊ဆီစစ်ဖြုတ်ဆေး၊ ဓါတ်မီးရောင်လုပ်ရတာအဆင်မပြေပါ၊ စက်ပြန်နိုးကြည့်၊နိူးလို့ရတယ်၊ဂီယာထည့်ရင်စက်ပြန်သေ။ ရှစ်နာရီကျော်လောက်က ခရီးသွား ကားတွေရပ်ပြီးဘာဖြစ်လဲမေးပါတယ်။ ကျနော့...