အဖိုးအလှူ

 


#အဖိုးအလှူ

 

ကျနော်ငယ်စဉ်ဘဝမှာ ကျနော်အဖိုးဟာနှစ်စဉ်နှစ်တိုင်းအဖွားဆုံးသောနေ့မှာ

အလှူလုပ်လေ့ရှိပါတယ်.အဖိုးအလှူဟာထူးခြားပါတယ်.

မှတ်မိစအရွယ်ကတည်းကအဖိုးအလှူမှာလူကြီးတွေမပါ..

ရပ်ကွက်ထဲကခလေးတွေအကုန်လုံးကိုခေါ်ပြီး ထမင်းကျွေးလေ့ရှိပါတယ်

ခြံဝင်းထဲမှာပြောင်အောင်ရှင်းထားသောမြေတလင်းပေါ်မှာ

 ငှက်ပျောဖက်စိမ်းစိမ်းကိုပြောင်အောင်ဆေးကြောပြီးခင်းထားတယ်.

ခလေးအားလုံးအတန်းလိုက်နေရာယူပြီးပြီဆိုရင်ငှက်ပျောဖက်ပေါ်မှာ

 ထမင်းနဲ့ ဟင်းထည့်ပေးပါတယ်ငယ်ငယ်တုန်းကဇွန်း၊ခရင်းမှမရှိတာ

လက်နဲ့တီးကြတယ်..

ခလေးတွေအားရပါးရစားနေကြတာကို အဖိုးလိုက်ကြည့်ပြီး ခေါင်းတငြိမ့်ငြိမ့်နဲ့

သဘောကျနေပါတယ်..ခလေးတွေ စားသောက်အပြီးပြန်ကြရင်

 ခြံပေါက်ဝမှာ အဖိုးထိုင်ပြီးတစ်ယောက်ငွေတမတ် မုန့်ဖိုးထပ်ပေးလိုက်သေးတယ်.

ကျနော့်ရွယ်တူတွေက ဒီထက်ကောင်းတဲ့ အလှူမပေါ်သေးဘူးလို့ ချီးကျူးကြတယ်..

ငယ်ငယ်တုန်းက ရွယ်တူသူငယ်ချင်းတွေအကုန်လုံးဟာ ကျနော်ဦးလေးအရွယ်လူကြီး

တွေကိုကြည့်မရဘူး..ရပ်ကွက်အလှူတွေ၊ဘုန်းကြီးကျောင်းကထိန်တွေမှာဆိုရင်

 သူတို့တွေဘဲအရင်ဝင်စားကြတာ ……ကျနော်တို့ခလေးတွေကို ရှိတယ်

လို့တောင်မထင်ကြဘူး..သူတို့စားသောက်ပြီးမှ ကျနော့်တို့ခလေးတွေကို ကျွေးတာ

အဲဒါကို ကျနော်တို့အားလုံးမကျေနပ်ကြတာ..

မှန်တာပြောရရင် ကျနော်တို့ခလေးတွေလောက် ဖြူစင်ပြီး အပြစ်ကင်းတာ

ဘယ်သူမှမရှိဘူး.ကျနော်တို့အားလုံးဟာ လိမ်ညာပြီးမပြောတတ်ဘူး..

အရက်လဲမသောက်ဘူး.လောင်းကစားတွေလည်းမလုပ်ဘူး.

တစ်ခါတလေ ငါးပြားကြေး ဂေါ်လီပစ်တာ ကလွဲလို့ပေါ့……

လူကြီးတွေက ထန်းရည်တွေလဲသောက်တယ်၊ဖဲလဲရိုက်ကြတယ်၊

ဆေးလိပ်လဲသောက်တယ် မဟုတ်တာ အကုန်လုပ်ကြတာ..

ဒါပေမယ့် အလှူမှာတော့ တိုက်ပုံကြီးတကားကားနဲ့ သူတော်ကောင်း

ယောင်ဆောင်နေကြတာ..တိုက်ပုံဝတ်တိုင်းလဲ သူတော်ကောင်းဖြစ်မလာပါဘူး……

ကျနော်တို့အားလုံးအဖိုးအလှူကိုထောက်ခံကြတာ..

ကျနော်တို့ကြည့်မရတဲ့ လူကြီးတွေမပါလို့.

ဒီလူကြီးတွေပါလာရင် ကျနော်တို့ခလေးတွေအရိုးဘဲကိုက်ရမှာ..

ဟိုအရင်ကလူကြီးတွေကိုလဲဖိတ်ပြီးကျွေးမွေးလေ့ရှိတယ်လို့ အမေကပြောပါတယ်.

ကျနော့်အဖိုးက တောအခေါ်ဝက်ထောင်မှူးပေါ့.

ပြောရရင်ဝက်သတ်ပြီး မိသားစုကိုကျွေးမွေးနေတာပါ……

အဖိုးအလှူလာစားကြတဲ့လူကြီးတွေက အဖိုးကွယ်ရာ ဒီလိုအတင်းချကြပါတယ်

အကုသိုလ် အတုံးလိုက်  အတစ်လိုက်နဲ့ဒီလူကြီး ဒီအလှူလုပ်ရုံနဲ့ ငရဲက

လွတ်မယ်များအောက်မေ့နေလားတဲ့.

အဖိုးအလှူမှာလာစားကြတဲ့ လူတွေ အဖိုးအတင်းကို အရက်ဆိုင်မှာပြောလိုပြော၊

ထန်းရည်တောမှာပြောတဲ့သူပြော၊ မယားငယ်အိမ်မှာပြောတဲ့သူပြော၊

နှစ်ပြားမတန်အောင် အမျိုးမျိုးပြောကြတာ..

ဒီစကားအားလုံးကို အဖိုးပြန်ကြားပါတယ်၊ရွာကသေးသေးလေးဘဲ..

ငရဲကျမှာ ကိုလဲမကြောက်ဘူးငါလုပ်တတ်တဲ့စီးပွားရေးနဲ့

ငါ့မိသားစုကို ရှာကျွေးတာ ၊ခိုးတာလဲမဟုတ်ဘူး ၊

လုတာလဲမဟုတ်ဘူး၊ သူများအိမ်ကိုလဲငါမကျူးကျော်ဘူး..

တစ်နှစ်ပြီးတစ်နှစ် လာစားပြီးရင် သူ့ကို အကောင်းမပြောကြတဲ့လူကြီးတွေကို

အဖိုးစိတ်ကုန်သွားပုံရတယ်.နောင်နှစ်တွေမှာ အဖိုးအလှူမှာ လူကြီးတွေမပါတော့ပါ..

ငယ်ငယ်တုန်းက လူကြီးတွေအပေါ်မှာထားတဲ့ အဖိုးရဲ့သဘောထားကို

 ကျနော်သိပ်နားမလည်ခဲ့ပါ……

ဒီနေ့၊ဒီအချိန် ၊ဒီအရွယ်မှာတော့ ကျနော်နားလည်ခဲ့ပါပြီ ။

ကျနော့်ပတ်ဝန်းကျင်မှာ ၊ကျနော့်ဘေးမှာ မျက်နှာဖုံးစွပ်ထားတဲ့ လူတွေဝိုင်းနေကြပြီ……

အင်တာနက်မှပန်းချီကားကိုယူသုံးထားပါသည်။

#ကိုဂျစ်

#အဖိုးအလှူ

 


Comments

Popular posts from this blog

 မြင်းတိုက် Camp အမှတ်တရများ