လိမ္မော်ရောင်နေ့ရက်များ၏.....နောက်
Photo credit to original uploader
ကျောင်းနေခဲ့တဲ့ဘဝမှာဘယ်အချိန်အပျော်ဆုံးလဲလို့မေးခဲ့ရင်ကျနော့်ရင်ထဲမှာအဖြေကရှိပြီးသားပါ၊
ကျနော့်ဇာတိကျိုင်းတုံ၊လူမျိုးကရှမ်း၊အိမ်မှာစကားပြောရင်ရှမ်းစကားပြောကြတာ၊
အဖိုးကမြေးတွေအတွက်လှိုင်မြို့နယ်မှာခြံတစ်ကွက်ဝယ်ထားပေးတယ်။
ညီအစ်ကိုဝမ်းကွဲတွေစုနေပြီးရန်ကုန်မှာကျောင်းတက်ခိုင်းခဲ့တာ၊အမျိုးထဲကတစ်ယောက်ကထမင်းချက်ပေးတယ်၊၊
ကျနော်ကဒီအုပ်စုမှာအငယ်ဆုံး၊ အစ်ကိုတွေကအလိုလိုက်လေ့ရှိတယ်။
ငယ်ငယ်တုန်းကဂစ်တာအရူးအမူးတီးချင်ခဲ့တာ၊သင်လဲသင်ခဲ့တယ်၊၊သင်တမ်းမျိုးစုံလဲတက်ခဲ့တယ်။
အလုံကဦးကရင်ဆီမှာလဲတက်ခဲ့တယ်။(အဆိုတော်လေးလေးဝါးအဖေလို့ထင်တာဘဲ)
ကျောင်းစာမှာမထူးချွန်တဲ့ကျနော်၊ဂစ်တာမှာတော့လေ့လာရင်းနဲ့သက်တူရွယ်တူတွေမှာဆရာကြီးဖြစ်လာပါတယ်။
ကျောင်းစာထက်ဂီတနှုတ်တွေကိုပိုပြီးမှတ်မိလာပါတယ်၊၊ဂစ်တာပြီးတော့ကီးဘုတ်လဲတီးတတ်လာပါတယ်။
ဒီလိုနဲ့စာမေးပွဲတဖုံးဖုံးကျရင်းခြံထဲမှာတစ်ယောက်ထဲကျန်ခဲ့ပါတော့တယ်။
အစ်ကိုတွေကဆယ်တန်းအောင်၊တက္ကသိုလ်ရောက်တော့အဆောင်တွေဆီပြောင်းကုန်ကြပါတယ်။
ကျနော့်တစ်ယောက်ထဲခြံထဲမှာပိုတောင်ကြိုက်သေးတယ်။
စိတ်ရှိလက်ရှိဂစ်တာတီးလို့ရတယ်၊ဘယ်သူ့ကိုမှအားနာစရာမလိုတော့ပါ။
ကျနော်ဆယ်တန်းအောင်တော့တက္ကသိုလ်တိုက်ရိုက်တက်ခွင့်မရတော့ပါ။
ဒေသကောလိပ်ဆိုတာကြီးပေါ်နေပြီ၊၊
လှိုင်မြို့နယ်ကဆယ်တန်းအောင်တော့အာစီတူးလို့ခေါ်ကြတဲ့တက္ကသိုလ်လှိုင်နယ်မြေမှာကျောင်းတက်ရပါတယ်၊
ရန်ကုန်မှာဒေသတစ်၊ဒေသနှစ်၊ဒေသသုံးဆိုတဲ့ဒေသကောလိပ်တွေရှိကြတယ်။
ကျောင်းစတက်ကတည်းကမောင်မယ်သစ်လွင်ကြိုဆိုပွဲမှာကျနော်လက်စွမ်းပြခဲ့တာ၊
လှိုင်အထက်တန်းကျောင်းကသူငယ်ချင်းတွေရဲ့အကူအညီတွေလဲပါသလိုကျနော့်ဂစ်တာအစွမ်းအစတွေလဲပါတယ်။
ဂီတမှူးကိုစိုင်းဆိုတဲ့နာမည်ဘယ်သူပေးလိုက်မှန်းမသိပါဘူး၊အာစီတူးမှာနာမည်ကြီးနေရော
ဖိုးဆိုချင်တွေကျနော့်ရှေ့အလိုလိုရောက်လာကြပါတယ်။ကျနော်ကဂီတမှူးလေ၊
ဖရက်ရှက်ဝဲကမ်းအတွက်သီချင်းတိုက်ကြမယ်။နေရာကကျနော့်အဖိုးခြံ၊ကျနော့်နေရာ
ဝါသနာရှင်တွေအားလုံးကိုကူညီပေးမယ်၊သီချင်းတိုက်ကြမယ်၊
ဆိုကြတီးကြတာထမင်းမေ့ဟင်းမေ့၊စားစရာရှိတာယူစားကြ၊
ကျနော့်မှာရှိတာတွေသဘောရှိ၊ကျနော်ကဂစ်တာကိုင်နေရရင်အားလုံးမေ့၊
လာလိုက်ကြတဲ့ဝါသနာရှင်တွေထဲမှာအဆိုပိုင်တဲ့အတွဲတစ်တွဲကိုသတိထားမိတယ်။
သမီးရည်းစားလို့ပြောတာဘဲ၊ကျနော်ဒါတွေစိတ်မဝင်စား
ကောင်လေးကစိုင်းထီးဆိုင်အသံနဲ့ဆင်သလို၊ဆိုတာလဲထီးဆိုင်သီချင်းဆိုလို့သူ့ကို
ဘိုထီးလို့သူငယ်ချင်းတွေနာမည်ပေးလိုက်တယ်။လူနဲ့နာမည်နဲ့၊လိုက်ပါတယ်၊၊
သူ့ကောင်မလေးလဲအသံကောင်းသလိုအဆိုပိုင်တယ်။
သူတို့အတွဲလှိုင်နယ်မြေမှာနေကြလို့သီချင်းတိုက်ရင်နောက်ဆုံးမှပြန်လေ့ရှိတယ်။
ကောင်မလေးကဂီတမှူးကျနော့်ကိုအခြားလူတွေထက်သဘောကောင်းနေသလိုဘဲ၊
အထာပေးသလိုမျိုးပေါ့၊ရှမ်းတိုင်းရင်းသားဖြစ်တဲ့ကျနော်အမွှေးထူတယ်။
မုတ်ဆိပ်မွှေး၊ပါးသိုင်းမွှေးထူလပြစ်နဲ့ကျနော့်ကိုမိန်းခလေးတွေကြောက်ကြတယ်။
ကျနော့်လိုကောင်ကိုဒီကောင်မလေးသူ့ရည်းစားထက်ကိုပိုစိတ်ဝင်စားနေလို့ကိုယ့်ကိုကိုယ်
တောင်ဘဝင်မြင့်မိပါရဲ့၊သူ့ကောင်လေးကိုလဲအားနာမိပါရဲ့၊
သူ့ကောင်လေးလဲကောင်မလေးကိုမကြည်သလိုမျိုးဖြစ်လာရော၊
ဒါပေမဲ့ကျနော်အချစ်အကြောင်းတွေထက်ဂီတနှုတ်ကိုပိုစိတ်ဝင်စားတယ်။
ကျနော့်အတွက်အချစ်ရေးသည်ဦးစားပေးမဟုတ်။
အတီးသမားတွေကအဆင်ပြေအောင်အမြဲကျင့်နေကြတယ်
အဆိုသမားအနေနဲ့သီချင်းစာသားမမေ့ကြဖို့လိုတယ်၊
စင်ပေါ်တက်ဘူးတဲ့လူတွေရှိသလိုမတက်ဘူးတဲ့လူတွေလဲရှိတယ်။
အားလုံးစိတ်အေးအေးထားကြဖို့အားပေးရပါတယ်။
သီချင်းအမြဲတိုက်ထားလို့အေးဆေးဘဲလို့ယုံကြည်ပါတယ်။
ဒီလိုနဲ့ပွဲနေ့ကိုရောက်လာပါတယ်။
လူတိုင်းနှစ်ပုဒ်သုံးပုဒ်လောက်တိုက်ထားတယ်။အချိန်ရရင်ရသလိုဆိုလို့ရအောင်ပါ။
အဲဒီမှာထူးထူးခြားခြားတွေဖြစ်လာရော
ဘိုထီးဆိုရမဲ့အလှည့်ရောက်တော့၊မတိုက်ထားတဲ့သီချင်း
“ခွင့်မတောင်းပေမဲ့ရပါတယ်”စိုင်းထီးဆိုင်သီချင်းကိုနှုတ်အပြည့်အစုံနဲ့ပေးတယ်။
ကျနော်ဆိုချင်လို့ပါတဲ့၊သူဆိုချင်တော့လဲတီးပေးရတာပေါ့
ဘော့စ်တီးနေတဲ့သူငယ်ချင်းကကျနော့်ကိုကြည့်ပြီးမျက်လုံးတစ်ဖက်မှိတ်ပြတယ်။
“ခွင့်မတောင်းပေမဲ့ရပါတယ်၊ခွင့်မတောင်းပေမဲ့ရပါတယ်၊သွားပါကွယ်”
ဘိုထီးဖီးလ်အပြည့်နဲ့ဆိုသွားတာသနားစရာ
ဘိုထီးပြီးတော့သူ့ကောင်မလေး”မေ”စင်ပေါ်တက်လာတယ်၊
အမှန်ဆိုသူ့အလှည့်မရောက်သေး၊သူဆိုပါရစေတဲ့
ဟောလိုဂစ်တာကိုင်ပြီးတက်လာတဲ့မေ၊ကျနော်တို့အားလုံးကိုဆင်းခိုင်းပါတယ်
အတီးမလို၊သူ့ကိုယ်တိုင်တီးပြီးဆိုမလို့ပါ
“ဘာကြောင့်လဲ၊ဘာအတွက်လဲမေကချစ်နေမိတာ၊
အပိုတွေကိုမဆိုတတ်ဘူးသာမန်လူတစ်ယောက်မို့လေ၊
တစ်ကယ်ပါကိုရယ်မေကတော့ချစ်တာတစ်ခုထဲသိတယ်”
ဘယ်သူ့ကိုရည်ရွယ်ပြီးဆိုတာလဲကျနော်မသိပါ၊
သူငယ်ချင်းအားလုံးရဲ့မျက်လုံးတွေကကျနော့်ဆီမှာ
ဆိုကြတီးကြနဲ့ပွဲပြီးတော့ခင်စရာသူငယ်ချင်းတွေများလာပါတယ်။
ဝါသနာတူတွေစုသလိုမျိုးအားရက်တွေကြရင်ကျနော့်ခြံမှာစုကြ၊တီးကြ၊ဆိုကြ
ဒီလိုနဲ့ကျနော်အိမ်လဲသူငယ်ချင်းတွေရဲ့စုရပ်ဖြစ်လာပါတယ်။
စကားတွေထိုင်ပြောကြ၊ပျင်းလာရင်ကျနော်ဂစ်တာတီးပြီးဝိုင်းဆိုကြပြီ
ကျနော်တို့ဒေသကောလိပ်ပထမနှစ်မှာသင်္ချာ နဲ့ ဇီဝနှစ်မျိုးဘဲခွဲထားတာ၊
ဒုတိယနှစ်မှာအသက်မွေးဝမ်းကျောင်းဘာသာရပ်တွေအများကြီး၊
ပထမနှစ်တစ်နှစ်လုံးသူငယ်ချင်းတွေစုပြီး၊တီးဝိုင်းဘဲလုပ်နေခဲ့တာ
ဘယ်မေဂျာဘဲလာလာ၊ကျနော်တို့အလကားလိုက်တီးပေးတယ်။
သူငယ်ချင်းအမျိုးမင်္ဂလာဆောင်တွေမှာလဲလိုက်တီးတယ်။
ပစ္စည်းငှားတာတွေကိုယ့်အစီအစဉ်နဲ့ကိုယ်လုပ်ကြ၊တီးတာကျနော်တို့တာဝန်
ကျနော်တို့အဖွဲ့တီးတော့အလိုလိုနေရင်းမောင်မယ်သစ်လွင်ကြိုဆိုပွဲတုန်းက
ဆိုတဲ့သူငယ်ချင်းတွေရောက်လာကြပါတယ်။ဘိုထီးကောင်မလေး”မေ”ထိပ်ဆုံးကပါတယ်။
ဘိုထီးလဲပထမပိုင်းတုန်းကလိုက်ဆိုပါတယ်၊နောက်တော့မလာတော့ဘူး။
ခေါ်တော့အကြောင်းပြချက်တွေနဲ့မလာဖြစ်ကြောင်းပြောတယ်။
ကြည့်ရတာသူ့ကောင်မလေးနဲ့ပြဿနာရှိနေပုံရတယ်။
သူတို့အကြောင်းနဲ့သူတို့၊ကျနော်ကဂီတာတီးနေရရင်ဘာမှသတိမရ
သီချင်းတွေတိုက်ရင်”မေ”ကနောက်ဆုံးမှပြန်တယ်၊
“မေ”တို့အိမ်နဲ့ကျနော်နဲ့သိပ်မဝေးဘူး၊
အဖေါ်တွေမရှိတော့ကျနော်ကသူ့အိမ်ကိုပြန်လိုက်ပို့ရတယ်။
သူငယ်ချင်းတွေကပြောကြတယ်၊မင်းကိုကြိုက်နေပြီတဲ့
ကျနော်ဒီလောက်ထိအူတာ၊ဂီတာကလွဲရင်ဘာမှစိတ်မဝင်စား
ဒီလိုနဲ့ဘဲပထမနှစ်ပြီးသွားပါတယ်၊ဂုဏ်ထူးတွေအများကြီးနဲ့အောင်လိုက်ကြတာ
ဒုတိယနှစ်ရောက်တော့အသက်မွေးဝမ်းကျောင်းဘာသာရပ်တွေအများကြီးထဲက
ကိုယ်ဝါသနာပါတာကိုရွေးပြီးတက်လို့ရတယ်။
ကျနော်ကဝါသနာပါတာမပါတာဘာမှမသိ၊သူငယ်ချင်းတွေရွှေးတဲ့ရေထွက်လုပ်ငန်းကိုလျှောက်လိုက်တယ်။
“မေ”ကကျနော့်ကိုမေးတယ်၊နင်ဘယ်လိုင်းရွှေးတာလဲမေးလို့ရေထွက်လုပ်ငန်းလို့ပြောလိုက်တယ်။
“မေ”လဲရေထွက်လုပ်ငန်းကိုလျှောက်လိုက်တယ်၊
ရေထွက်လုပ်ငန်းဘာသာမှာ”မေ”နဲ့ကျနော်တစ်အုပ်စုထဲကျတယ်။ကျနော်ကံကောင်းသွားတယ်။
ကျနော်အတန်းပြေးတဲ့နေ့တွေမှာကျနော့်အတွက်”မေ”ကစာကူးပေးပါတယ်။
သူငယ်ချင်းပေါင်းစုံဘာသာရပ်မျိုးစုံကွဲထွက်သွားတော့၊ဒုတိယနှစ်မှာကျနော်တို့တီးဝိုင်းပိုတီးဖြစ်တယ်။
သူငယ်ချင်းတွေရဲ့ဘာသာရပ်သစ်လွင်ကြိုဆိုပွဲ၊နှုတ်ဆက်ပွဲတွေဆက်နေရောဘဲ
ကျနော်တို့သူငယ်ချင်းတွေမအားရဘူး၊သီချင်းတွေအမြဲတိုက်နေရတယ်။
ထုံးစံအတိုင်းနောက်ကျရင်”မေ”ကိုပြန်လိုက်ပို့ရတာကျနော့်တာဝန်
“မေ”တို့မိသားစုစီးပွါးရေးကောင်းပုံရတယ်၊ခြံအကျယ်ကြီးမှာကားမျိုးစုံရှိတယ်။
သူနဲ့တွဲခဲ့တဲ့ဘိုထီးကနဲနဲနိမ့်တယ်၊”မေ”တို့ဖက်ကသိပ်သဘောမကျဘူးလို့သူငယ်ချင်းတွေပြောကြတယ်။
တစ်ရက်ကျနော့်ကို”မေ”ကပြောတယ်၊သူနဲ့ဘိုထီးသဘောထားမတိုက်ဆိုင်လို့လမ်းခွဲလိုက်ကြပြီလို့ပြောတယ်၊
သူပြောနေရင်းကျနော့်မျက်နှာကိုသူစိုက်ကြည့်နေခဲ့တယ်၊အဲဒီအချိန်ကျနော်ဘာခံစားချက်မှမရှိခဲ့၊
သူပြောလို့နားထောင်လိုက်တာဘဲရှိတယ်၊
ကျနော့်ဒုတိယဝါသနာကမုန့်လုပ်တာ၊
အဖိုးလက်ထက်ကစပြီးမိသားစုစီးပွါးရေးမုန့်လုပ်ငန်းလုပ်ခဲ့တာ၊အခုအဖေကအဖိုးနေရာဆက်ခံပြီးဆက်လုပ်နေတယ်၊၊
မိသားစုအလုပ်ဝိုင်းကူလုပ်ရင်းကျနော်လဲလုပ်တတ်လာပါတယ်။
ဂစ်တာတီးလို့ပျင်းလာရင်ကျနော်စိတ်ကူးပေါက်ရာမုန့်လုပ်ပြီ၊
မုန့်တွေကတစ်ယောက်ထဲစားကုန်တာမှမဟုတ်တာ၊သူငယ်ချင်းတွေကိုကျွေးရင်း၊
သူတို့ရဲ့စားရတဲ့အရသာကိုမေးရင်း၊အကြံဥဏ်နားထောင်တယ်။
ဒီလိုနဲ့ဘဲသီချင်းတိုက်လိုက်ကြ၊ဆိုလိုက်ကြ၊မုန့်လုပ်စားကြ၊
ကျနော်မုန့်လုပ်ရင်”မေ”ကအမြဲကူပေးတယ်။သူလဲမုန့်လုပ်တတ်တယ်။
ကျနော့်ဆီကမုန့်လုပ်နည်းတွေမေးလေ့ရှိတယ်။ကျနော်သင်ပေးပါတယ်။
တခါတလေအိမ်မှာကျနော်တို့နှစ်ယောက်ထဲသူငယ်ချင်းတွေစားဖို့မုန့်လုပ်လေ့ရှိတယ်။
သူငယ်ချင်းတွေကပြောတယ်။မုန့်လုပ်နည်းတွေပညာကုန်မသင်ပေးနဲ့၊
“မေ”တို့အဖွဲ့ကထောတယ်၊မုန့်ဆိုင်ထလုပ်ရင်မင်းတို့ထမင်းငတ်သွားမယ်တဲ့
ကျနော့်စိတ်ထဲမှာပင်လယ်ရေတစ်ယောက်ထဲသောက်မကုန်၊
ဒီနှစ်ထဲမှာရေလုပ်ငန်းကသာဓုကန်ကိုပျော်ပွဲစားထွက်ကြတယ်။
စားကြသောက်ကြ၊ဂိမ်းတွေဆော့ကြ၊မဲလိပ်နှိုက်ပြီးခိုင်းတဲ့အတိုင်းလုပ်ကြ၊
“မေ”အလှဲ့ကျတော့ကျနော့်ကိုဂစ်တာတီးခိုင်းပြီးသူသီချင်းဆိုတယ်
အရင်တုန်းကဆိုခဲ့တဲ့သီချင်း
“တစ်ကယ်ပါကိုရယ်မေကတော့ချစ်တာတစ်ခုထဲသိတယ်”
ဇာတ်လမ်းကတော့စလာပြီ၊သူ့ရင်ထဲကခံစားချက်တွေကိုရေးရေးမြင်လာသလိုဘဲ
ထူးခြားလာပြီလို့ပြောရမယ်၊သီချင်းတွေတိုက်ပြီး”မေ”ကိုအိမ်ပြန်လိုက်ပို့ရတာစိတ်ထဲမှာကျေနပ်လာတယ်။
အရင်ကလိုက်ပို့တာစိတ်မပါဘူး၊လမ်းလျှောက်ရင်းစကားပြောရတာအားမရလို့လမ်းဘေးအုတ်ခုံမှာထိုင်ပြီး
စကားပြောကြတယ်။မုန့်ဆိုင်တွေမှာအတူထိုင်စားတတ်လာပြီ။
ဒီလိုနဲ့ဘဲဒုတိယနှစ်ကိုပျော်ပျော်ကြီးဖြတ်သန်းကြတယ်။
စာမေးပွဲပြီးအိမ်ပြန်တော့”မေ”လေယာဉ်ကွင်းလိုက်ပို့တယ်။
ကျနော့်ကိုနာမည်ပြောင်ပေးသွားတယ်”မောင်ရေခဲ”
ဒုတိယနှစ်အောင်စာရင်းတွေထွက်ပြီ၊အမှတ်စာရင်းတွေလဲရပြီ၊၊
ကျနော့်အမှတ်သိပ်မကောင်းပါ၊စာမှမဖတ်တာ၊ကိုယ့်အကြောင်းကိုယ်သိတယ်။
“မေ”ကအမှတ်ကောင်းတယ်။လိုင်းကောင်းကောင်းရနိုင်တယ်။
ကျနော့်အတွက်ရန်ကုန်တက္ကသိုလ်ရိုးရိုးဘွဲ့ထက်ပိုစရာမရှိ။
ဓါတုဗေဒကိုအမြင့်ဆုံးထားပြီးလျှောက်ခဲ့တယ်။
“မေ” ကျနော်ကိုမေးသေးတယ်။ဘာလျှောက်လဲ
ကျနော်လျှောက်ခဲ့တဲ့ဘာသာဓါတုဗေဒ၊လို့ပြောလိုက်တယ်။
ဒီတစ်ခါတော့ကျနော်နဲ့”မေ”နဲ့ဝေးကြပြီလို့တွေးရင်းရင်ထဲမှာစိတ်မကောင်းသလိုမျိုးခံစားလာပါတယ်။
ဒါအချစ်လားလို့စဉ်းစားကြည့်မိပါတယ်။ဝေးလဲမတတ်နိုင်ပါဘူးလို့စိတ်ဖြေလိုက်ပါတယ်။
ဂစ်တာကောက်ကိုင်၊လက်ကွက်စမ်းရင်းသီချင်းတစ်ပုဒ်တီးဖြစ်သွားပါတယ်။
“အပိုတွေကိုမဆိုတတ်ဘူး၊သာမန်လူတစ်ယောက်မို့လေ၊
တစ်ကယ်ပါမေရယ်ကိုကတော့ချစ်တာတစ်ခုထဲသိတယ်”
ဓါတုဗေဒတက်ခွင့်ရကြောင်း၊အကြောင်းကြားစာ၊စာတိုက်ကရောက်လာပါတယ်။
အမြင့်ဆုံးမှန်းထားတဲ့ဘာသာတက်ခွင့်ရလို့ကျေနပ်မိပါတယ်။
စိတ်ထဲမှာကျေနပ်လို့မပြီးခင်အတွေးတခုဝင်လာပြန်တယ်။
“မေ”ကျနော့်ဆီမရောက်တာနှစ်ရက်သုံးရက်ရှိနေပြီ
သူဘာလိုင်းရလဲမသိဘူး၊သိချင်စိတ်ပြင်းပြလာပါတယ်။
သွားမေးလို့လဲမရဲဘူး။ဝေးရတော့မှာပါလို့ဘဲစိတ်မှာဒုံးဒုံးချထားလိုက်တယ်။
ဒီနေ့ဘယ်သူမှလဲမရောက်လာကြပါ၊ဂစ်တာတီးချင်စိတ်လဲကုန်ခမ်းနေတယ်။
ရင်ထဲမှာဘာကိုအလိုမကျဖြစ်နေလဲဆိုတာကိုယ့်ကိုကိုယ်ပြန်မေးခွန်းထုတ်နေမိပါတယ်။
အဖြေတစ်ခုတော့ပေါ်လာပါတယ်။ရင်ထဲမှာအချစ်ဆိုတဲ့မြှားဆူးနေပြီ။
စိတ်ကူးထဲမှာပေါ်လာတဲ့မုန့်၊လုပ်ကြည့်ဖို့ဂျုံနယ်နေမိပါတယ်။
“ဟေ့ကောင်...ရေခဲ..ဘာမုန့်လုပ်မလို့လဲ”
ကျနော်မျှော်နေတဲ့”မေ”ရောက်လာပါပြီ၊၊သူ့ကိုဘာလိုင်းရလဲလို့မေးတောင်မမေးချင်တော့ပါဘူး။
“ရေခဲ....နင်ဘာလိုင်းရလဲ”
“ဓါတုကလျာ”
“ဟား..ဟား..ဟေ့ကောင်..မင်းဘာဖြစ်နေလဲ”ကျနော့်ပါးစပ်ကထွက်သွားတဲ့ဓါတုကလျာကိုကြားပြီး
“မေ”ခွက်ထိုးခွက်လှန်ရီပါတော့တယ်။
“ဓါတုဗေဒ”
“ငါလဲဒီနေ့ဘဲအကြောင်းကြားစာရတယ်၊နင်မသိချင်ဘူးလား”
“နင်နဲ့ငါနဲ့နောက်နှစ်တွေမှာမဆုံနိုင်တော့ဘူး၊နင်ကအမှတ်ကောင်းတယ်”
“ရော့..ဒီမှာဖတ်ကြည့်”အကြောင်းကြားစာကိုကျနော့်မျက်စိရှေ့မှာလာပြတယ်။
“ဓါတုဗေဒ”မျက်စိပွတ်ပြီးပြန်ကြည့်မိတယ်။ဟုတ်တယ်”ဓါတုဗေဒ”
နင့်အမှတ်ကောင်းရဲ့သားနဲ့ဘာလို့ဒီဘာသာကိုလျှောက်တာလဲ
“နင်နဲ့အတူတူရှိချင်လို့ပေါ့”
အဖြေကရှင်းသွားပါပြီ၊ဒီနေ့ကစပြီးသူနဲ့ကျနော်၊သမီးရည်းစားဖြစ်သွားကြပါပြီ။
တတိယနှစ်၊မိန်းထဲမှာတက်ရတယ်။ကျောင်းသား/သူတွေအများကြီးနဲ့ရန်ကုန်တက္ကသိုလ်ကြီးစည်ကားနေတယ်။
အာစီတူးမှာလောက်ပျော်စရာမကောင်းပါ။ကျနော်တို့အထက်စီနီယာတွေအများကြီးရှိနေပြီးသား၊
မိန်းထဲမှာကျနော်တို့နေရာသိပ်မရပါ။
တတိယနှစ်သီးသန့်လုပ်တဲ့ပွဲတွေလောက်သာကျနော်တို့တီးခွင့်ရတာ၊
မေဂျာပွဲတွေမှာစီနီယာတွေကကြီးကြပ်တော့၊တီးဝိုင်းဆိုရင်နာမည်ကြီးတွေကိုဘဲခေါ်ကြတယ်။
ပလေးဘွိုင်း၊ အေ့ဆက်၊လွမ်းမိုးတီးဝိုင်း၊အီးမရှင်း ပရိုတီးဝိုင်းတွေခေတ်စားနေတယ်။
မေဂျာတွေကလဲနာမည်ကြီးတွေကိုဘဲအပြိုင်အဆိုင်ခေါ်ချင်ကြတယ်။
အဆိုသမားတွေအတွက်အဆင်ပြေတယ်။နာမည်ကြီးတီးဝိုင်းတွေနဲ့တွဲဆိုခွင့်ရလို့ပါ။
“မေ”နဲ့ကျနော်လဲတက်ဆိုပါတယ်။ဂီတမှူးလုပ်ခဲ့တဲ့ကျနော့်အတွက်အားမရပါ။
ဒါပေမဲ့ဂီတနဲ့လုပ်စားဖို့တော့မရည်ရွယ်ပါ၊၊ကျနော့်သွေးထဲမှာကုန်သည်သွေးကပါနေတယ်။
ကျောင်းပြီးတဲ့တစ်နေ့ကျနော်စီးပွါးရေးဘဲလုပ်မယ်။အိမ်ပြန်ရောက်တဲ့အချိန်တိုင်းမှာမိသားစုအလုပ်
မုန့်ဆိုင်မှာဝိုင်းကူရင်းအချိန်ကုန်ခဲ့တယ်။ကျနော်တို့မြို့လေးမှာကျနော်တို့မုန့်ဆိုင်ကအောင်မြင်နေပြီ။
အဖေနဲ့အစ်ကိုတွေလုပ်နေကြတယ်။ကျနော်တို့မြို့ကကျဉ်းတော့ဈေးကွက်ထပ်ချဲ့ဖို့မဖြစ်နိုင်ပါ။
ကျနော်အတွေးထဲမှာကျနော်ရန်ကုန်မှာမုန့်လုပ်ငန်းလုပ်မယ်။နည်းပညာအသစ်နဲ့ဈေးကွက်အသစ်ရှာမယ်။
ကျနော့်စိတ်ကမှန်တယ်၊လုပ်သင့်တယ်လို့ထင်တာတွေလုပ်လေ့ရှိတယ်။
အဖေါ်တွေရှိမှလုပ်တတ်တဲ့လူတွေထဲမှာကျနော်မပါ။
ကျနော့်အတွေးတွေ”မေ”ကိုမပြောဖြစ်သေးပါ။ဒီအချိန်သူနဲ့ကျနော်သမီးရည်းစားအဆင့်သာရှိသေးတယ်။
သူနဲ့ကျနော်ယူဖြစ်၊မဖြစ်ကြိုမသိနိုင်ပါ။ဖူးစာကံပါရင်တော့ယူဖြစ်ကြမှာပါ။
မိန်းထဲကျောင်းတက်နေတဲ့အချိန်တွေမှာလဲကျနော့်အိမ်ကသူငယ်ချင်းတွေဆုံနေကျနေရာပါဘဲ။
တီးကြမယ်၊ဆိုကြမယ်၊မုန့်လုပ်စားကြမယ်။
ကျနော့်ဘေးမှာ”မေ”ရှိနေတော့စာသင်နှစ်တလျှောက်လုံးအဆင်ပြေပါတယ်။
“မေ”နဲ့တွဲခဲ့တဲ့ဘိုထီးကပျဉ်းမနား၊ရေဇင်းစိုက်ပျိုးရေးမှာတက်နေတယ်။
သူ့မိဘတွေလှိုင်မှာမရှိတော့ပါ။မင်္ဂလာဒုံဖက်ပြောင်းသွားတယ်လို့သူငယ်ချင်းတွေပြောကြတယ်။
……………………………………………………………………………..
ကျနော်ဖိုင်နယ်နှစ်မှာအဖိုးဆုံးတော့နာရေးအတွက်အိမ်ပြန်ရပါတယ်။
အမျိုးတွေအားလုံးဆုံကြပါတယ်။တနယ်တကျေးရောက်နေတဲ့အမျိုးတွေလဲလာကြတယ်။
တကယ်တော့အဖိုးဇာတိကကျနော်တို့ရှမ်းပြည်ကမဟုတ်ပါဘူး၊၊တာချီလိတ်တစ်ဖက်ကမ်းမဲဆိုင်မြို့နားကရွာလေးတစ်ရွာကပါ။
ပြောရရင်သူ့အော်ရီဂျင်ကထိုင်းနိုင်ငံသားပါ။ဟိုခေတ်အခါကနယ်မြေအတားအဆီးတွေ၊နိုင်ငံသားမှတ်ပုံတင်တွေကမရှိသေးတော့
အဖိုးနဲ့ညီနှစ်ယောက်စီးပွါးရှာရင်းကျိုင်းတုံကိုရောက်လာတယ်။သူတို့လုပ်တတ်တဲ့မုန့်မျိုးစုံလုပ်ရင်းစီးပွါးဖြစ်လာတယ်။
အဖိုးကရှမ်းတိုင်းရင်းသူစစ်စစ်အဖွားနဲ့အိမ်ထောင်ကျပြီးအဖေတို့ညီအစ်ကိုတွေကိုမွေးလာတယ်။
ဒီနေရာမှာလူမျိုးတွေအကြောင်းပြောပြချင်ပါတယ်။ကျနော်တို့မြန်မာရှမ်းတွေကိုထိုင်းလူမျိုးတွေကထိုင်းရိုင်လို့ခေါ်တယ်။
သူတို့ရဲ့အမျိုးတွေလို့ဘဲသတ်မှတ်ထားကြတယ်။ ရှမ်းကြီးတွေလို့ဘဲပြောရမယ်။
ဓလေ့ထုံးတမ်းဘာသာစကားတော်တော်တူကြပါတယ်။
ဒါကြောင့်လဲအဖိုးတို့ညီအစ်ကိုကျိုင်းတုံမှာအလုပ်လုပ်လို့ရတာပါ။
မြို့ထဲမှာမုန့်ဆိုင်ကြီးဖွင့်ထားတယ်။မြို့စွန်မှာအဖိုးတို့နေကြတယ်။အိမ်မှာမုန့်လုပ်ပြီးစက်ဘီးလေးနဲ့ဆိုင်ကိုပို့တယ်။
စီးပွါးရေးတော်တော်ကောင်းခဲ့ကြတယ်။
အဲဒီအချိန်မှာဦးနေဝင်းတော်လှန်ရေးအစိုးရတက်လာတယ်။နောက်တော့ပြည်သူပိုင်တွေသိမ်းတယ်။
အဖိုးတို့မြို့ထဲကဆိုင်လဲပါသွားတယ်။ဆိုင်ထဲမှာမုန့်ရောင်းရငွေတွေအားလုံးထားတယ်။
ပြည်သူပိုင်သိမ်းပြီးနောက်ရက်အိမ်မှာဈေးသုံးငွေတွေတောင်မရှိတော့ဘူး။
အဖိုးတို့ညီအစ်ကိုတွေစိတ်ဆိုးလိုက်ကြတာ။
သူဌေးဘဝကဆင်းရဲသားဘဝကိုချက်ချင်းပြောင်းပြစ်လိုက်တယ်။
အာဏာရှင်တွေကြောင့်အဖိုးတို့ဘဝသုညပြန်ဖြစ်သွားပါတယ်။
ဆင်းရဲသားဘဝနဲ့နေရင်း၊ရှိတာလေးတွေနဲ့စားသောက်ရင်းညီအစ်ကိုတွေအတွက်အဖိုးဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်။
သူတို့အားလုံးသူတို့ရွာကိုပြန်တော့မယ်။
ပြည်သူတွေကိုမကြည့်တဲ့အစိုးရအောက်မှာမနေသင့်တော့ဘူး၊နောက်ထပ်လဲဒုက္ခပေးနိုင်တယ်
အဖိုးရဲ့ဆုံးဖြတ်ချက်ကိုညီအစ်ကိုတွေသဘောတူတယ်။
ဒါပေမဲ့အဖိုးရဲ့ဆုံးဖြတ်ချက်ဟာအဖိုးကိုဘဲဒုက္ခရောက်စေခဲ့ပါတယ်။
အဖွားကအဖိုးတို့သွားချင်သွားကြ၊သူမလိုက်နိုင်ဘူးတဲ့၊သူနေခဲ့မယ်
အဲဒီမှာအဖိုးအကြီးအကျယ်စိတ်သောကရောက်ပြီ။
အဖွားကိုချစ်တဲ့စိတ်ကိုမလွန်ဆန်နိုင်တော့တဲ့အဖိုး၊နောက်ဆုံးသူလဲမြန်မာပြည်ထဲမှာကျန်ရစ်ခဲ့ပါတယ်။
အဖိုး၊အဖွား၊သားအကြီးဆုံးအဖေနဲ့ညီမတွေနေခဲ့ကြပြီး၊အဖိုးညီတွေနဲ့အတူအဖေ့ညီတွေပါရွာပြန်သွားကြပါတော့တယ်။
အဖိုးနာရေးမှာအမျိုးအားလုံးစုံစုံညီညီလာကန်တော့ကြပါတယ်။
ဘဝရှေ့ရေးတွေတိုင်ပင်ဆွေးနွေးကြတယ်။အဖေ့ဦးလေးတွေ၊အဖေ့ညီတွေထိုင်းနိုင်ငံသားဖြစ်ပြီး
အားလုံးစီးပွါးရေးအဆင်ပြေနေကြပြီ၊အဖေ့ဖက်ကဘာတွေလိုအပ်လဲသူတို့ကူညီဖို့အဆင်သင့်ဖြစ်နေကြပြီ။
ကျနော့်အမျိုးတွေနဲ့ကျနော်မစိမ်းခဲ့ပါ။ကျောင်းပိတ်အိမ်ပြန်တိုင်းအမျိုးတွေဆီလျှောက်လည်လေ့ရှိတယ်။
အမျိုးတွေအများကြီးရှိတဲ့တိုင်းပြည်၊ဘာသာစကားတူနေတဲ့အတွက်ထိုင်းနိုင်ငံဆိုတာကျနော့်ဒုတိယအိမ်လို့ပြောရမယ်။
ဖိုင်နယ်စာမေးပွဲနီးလာပြီ၊ပိုအရေးကြီးတာကကျနော်တို့ဘဝရှေ့ရေးတွေကိုစဉ်းစားရတော့မယ်။
ဒီမှာဘဲစီးပွါးရေးလုပ်မလား၊အမျိုးတွေဆီသွားမလား ?
“မေ”နဲ့ယူဖြစ်မလား၊သူ့သဘောထားဘယ်လိုလဲ ?
“မေ”နဲ့တိုင်ပင်ကြည့်တော့၊ကျနော်တို့နှစ်ယောက်လက်တွဲပြီးဒီမှာဘဲစီးပွါးရေးလုပ်ကြဖို့ဆုံးဖြတ်လိုက်ကြတယ်။
ကျနော်ကျောင်းပြီးတော့ ခြောက်လလောက်ချင်းမိုင်သွားပြီးမုန့်နဲ့ပတ်သက်တဲ့သင်တမ်းတွေတက်တယ်။
အသုံးပြုမည့်ပစ္စည်းတွေ၊နည်းပညာတွေသွားသင်ခဲ့ပါတယ်။
ကျနော့်မိသားစုအကြောင်းပြောရင်စီးပွါးရေးအဆင်ပြေပါတယ်။
ကျနော်ရန်ကုန်မှာလုပ်မယ်ဆိုတော့ဝိုင်းကူကြပါတယ်။လိုတဲ့စက်ပစ္စည်းတွေဝယ်ပေးတယ်။
မုန့်ဖိုကိုလှိုင်ကခြံထဲမှာဘဲလုပ်တယ်။လောလောဆယ်ဆယ်ဈေးကွက်အခြေအနေမသိသေးပါ။
လုပ်နိုင်တဲ့မုန့်အမျိုးနဲနဲနဲ့ဘဲစမယ်။ဆိုင်အတွက်ကျနော့်နေရာနဲ့မဝေးတဲ့အင်းစိန်လမ်းပေါ်မှာငှားလိုက်တယ်။
ဆိုင်ထိုင်ဖို့လူလိုနေတယ်။’’မေ’’သူထိုင်ပေးမယ်။
သူနဲ့ကျနော်မယူရသေးဘူး။ဝိုင်းလုပ်ပေးတယ်။အရမ်းချစ်ဖို့ကောင်းတယ်။
ဒီလိုနဲ့ဘဲကျနော်တို့နှစ်ဖက်မိဘတွေသဘောတူခွင့်ပြုချက်နဲ့မင်္ဂလာ ဆောင်လိုက်ကြပါတယ်။
သူငယ်ချင်းတွေကငါတို့ကြိုမြင်ပြီးသားပါတဲ့။
ပျော်စရာနေ့နဲ့အတူလောကဓံကိုရင်ဆိုင်ဖို့ကျနော်တို့နှစ်ယောက်လက်တွဲလိုက်ပါပြီ။
ကျနော်မုန့်စလုပ်တဲ့အချိန်ပဲရစ်မုန့်တိုက်၊ကိုးကန့်မုန့်တိုက်ကပူတင်းကိတ်တွေအရမ်းနာမည်ကြီးနေတဲ့အချိန်။
မုန့်ဆိုတာမျိုးကသက်တမ်းတစ်ခုအတွင်းမှာကုန်အောင်ရောင်းရတယ်။
ရောင်းမကုန်ရင်ရှုံးတယ်လို့ပြောရမယ်။မုန့်တွေကိုများများနဲ့မြန်မြန်ရောင်းကုန်ချင်ရင်ဈေးကွက်ကို
များများရထားမှဖြစ်မယ်။သက်တမ်းတိုတဲ့မုန့်လုပ်ချင်ရင်ဈေးကွက်အရေးကြီးလာပြီ။
မုန့်လုပ်ငန်းကအမြတ်ကောင်းပါတယ်။အမြတ်ကောင်းသလိုစွန့်စားမှုကကြီးတယ်။
နောက်ဆုံးတော့ဈေးကွက်ကအဓိကဖြစ်လာပြီ။
ဒီလိုနဲ့လှုပ်ရှားရုန်းကန်ရင်းနဲ့ကျနော်တို့လုပ်ငန်းလဲကြီးထွားလာပါတယ်။
ကျနော်တို့ဆိုင်ကလှိုင်မှာတစ်ဆိုင်၊လှည်းတန်းမှာတစ်ဆိုင်နဲ့နယ်တွေကိုပို့နေပါပြီ။
လုပ်ရင်းကိုင်ရင်း၊လှုပ်ရှားရင်းနဲ့အသက်တွေလဲတဖြေးဖြေးကြီးလာပါပြီ။
ကျောင်းပြီးလို့အနှစ်သုံးဆယ်လောက်ရှိတဲ့အချိန်ကျနော့်ဓနအင်အားလဲကြီးလာပါပြီ။
လှိုင်ခြံထဲကမုန့်ဖိုလေးကစတဲ့မုန့်ဆိုင်၊အခုလှိုင်သာယာစက်မှုဇုံမှာဝန်ထမ်းနှစ်ရာလောက်နဲ့လှုပ်ရှားနေတယ်။
ကျောင်းသားဘဝနေခဲ့တဲ့ခြံနားကခြံကျယ်ကြီးမှာပြောင်းရွှေ့နေနေပြီ။
နယ်မြို့အစုံကိုကားဂိတ်တွေကတဆင့်မုန့်မျိုးစုံပို့ပေးနေရတယ်။
ကျနော့်တို့မှာသမီးတစ်ယောက်၊သားတစ်ယောက်ရနေပြီ၊
သမီးက၂၅နှစ်သားက ၁၉နှစ် နှစ်ယောက်လုံးစလုံးနိုင်ငံ SIM တက္ကသိုလ်မှာကျောင်းတက်နေတယ်။
သမီးကဘွဲ့ရပြီးနေပြီ၊အခုမာစတာတန်းဆက်တက်နေတယ်။တကယ်တော့သူကျောင်းဆက်မတက်ချင်တော့ပါ၊
ဒါပေမဲ့မောင်လေးကိုစိတ်မချလို့ဆက်ပြီးနေနေတာပါ။အဖိုးကျနော်တို့ကိုကျောင်းထားပေးသလိုမျိုးကျနော်လဲ
သူတို့အတွက်ကျောင်းနားကကွန်ဒိုတစ်ခန်းဝယ်ထားပေးတယ်။
ကလေးတွေငယ်ငယ်တုံးကကျနော်တို့လဲရုန်းကန်နေရတဲ့အချိန်၊သူတို့တွေကိုဂရုမစိုက်နိုင်ခဲ့ဘူး။
သမီးကဘဲသူ့မောင်လေးကိုထိမ်းခဲ့တာ၊အခုလဲသူ့ကောင်လေးနဲ့ယူမယ်ဆိုရင်ကျနော်မြေးချီလို့ရတော့မယ်။
မောင်လေးကိုစိတ်မချတဲ့စိတ်နဲ့ကျောင်းဆက်တက်နေတယ်။
သားငယ်ကလူကောင်သာကြီးတာဂိမ်းဘဲဆော့နေတယ်။
သမီးကကျနော့်မုန့်လုပ်ငန်းကိုစိတ်ဝင်စားတယ်။သူဘဲဦးဆောင်ပြီးစာရင်းဇယားတွေကိုခေတ်မှီနည်းစနစ်နဲ့
ပြောင်းလဲပေးခဲ့တယ်။ငွေစာရင်းတွေကိုလဲစာရင်းစစ်အဖွဲ့နဲ့ထိမ်းသိမ်းထားခဲ့တယ်။
ကျနော်ကအလုပ်လုပ်နေရရင်၊စက်ပစ္စည်းတွေကြားထဲလုပ်နေရရင်ပျော်နေတာ။
ကျနော့်မှာငွေဘယ်လောက်ရှိနေပြီဆိုတာကျနော်မသိ၊သမီးဘဲသိတယ်။
‘’မေ’’နဲ့တွဲခဲ့ဘူးတဲ့ဘိုထီးစိုက်ပျိုးရေးတက္ကသိုလ်မှာဆရာလုပ်နေတယ်။
နောက်တော့အလုပ်ထွက်ပြီးစိုက်ပျိုးရေးကုမ္ပဏီထောင်ထားတယ်။
နေပြည်တော်တခေတ်မှာထောနေတယ်လို့လဲကြားမိပါတယ်။
ကျနော်ကအရင်းဆုံးသူငယ်ချင်းတွေကလွဲပြီးအဆက်ပြတ်နေတယ်။
ကိုယ့်အာရုံသည်ကိုယ့်အလုပ်သာဖြစ်သည်။
သမီးပြန်လာတဲ့အချိန်တွေမှာကျနော့်နဲ့စက်ရုံလိုက်လာလေ့ရှိတယ်။
ကျောင်းနေခဲ့တဲ့ဘဝကိုပြန်စဉ်းစားကြည့်ရင်အာစီတူးမှာနေခဲ့ရတဲ့အချိန်ဟာ
အပျော်ဆုံးအချိန်ပါဘဲ။ကျောင်းသားဘဝကိုတစ်ခေါက်ပြန်ရောက်ချင်မိတယ်။
အချိန်တွေကခဏလေးလိုဘဲ။
ကျနော်တို့ဘဝအစတုန်းကတော်တော်ပင်ပမ်းခဲ့ပါတယ်။
လှိုင်ခြံတုန်းကကျနော်မနက်လေးနာရီထပြီးပြင်ဆင်နေပြီ။ကျနော်မှာအကူတစ်ယောက်ဘဲရှိသေးတယ်။
မနက် ရ နာရီဆိုင်ရင်”မေ”အင်းစိန်လမ်းကဆိုင်သွားပြီ။သူ့မှာလဲအကူတစ်ယောက်ဘဲရှိတယ်။
မုန့်လုပ်ပြီးတာတွေကျနော့်အကူကစက်ဘီးနဲ့ဆိုင်ကိုပို့တယ်။
အဲဒီလိုနဲ့ဘဲဈေးကွက်အရစက်မှုဇုံကိုရွှေ့ရမည့်အခြေအနေရောက်လာပါတယ်။
အဆင်ပြေတာကကျနော့်အဖွားရွာကအမျိုးတွေရန်ကုန်မှာလာကျောင်းတက်ရင်းကျနော့်ကိုဝိုင်းကူပေးကြတယ်။
တချို့လဲကျနော့်ဆီမှာကျန်ရစ်ခဲ့တယ်၊၊သင်ပေးစရာတွေကိုသင်ပေးရင်း၊ကျွမ်းကျင်ဝန်ထမ်းတွေရွှေးရင်းနဲ့၊
ဆိုင်မှာ၊စက်ရုံမှာအားလုံးဝန်ထမ်းအင်အားနှစ်ရာကျော်လာပါတယ်။
လောကမှာအခြွေအရံဆိုတာကပေးနိုင်၊ကျွေးနိုင်မှများတာပါ။
သူတို့လဲအကျိုးရှိမှကျနော့်မှာမြဲနေမှာ၊သူတို့အဆင်ပြေအောင်ကျနော်လဲပေးနိုင်ရမယ်။
အားလုံးဟာအပြန်အလှန်ချိတ်ဆက်နေကြပါတယ်။
လှိုင်ခြံထဲမှာလုပ်တုန်းကဆိုရင်နေရာအပိုလဲသိပ်မရှိပါ၊မိသားစုလဲနေတယ်။
အလုပ်နဲနဲများလာတော့နေရတာကြပ်လာတယ်။
လှိုင်ခြံထဲမှာသမီးကိုမွေးခဲ့တယ်။သားကိုနောက်ခြောက်နှစ်ကြာမှာမွေးတယ်။
လှိုင်ခြံအသစ်မှာမွေးတယ်။အဲဒီအချိန်ကျနော်တို့စက်မှုဇုံရောက်နေပြီ။
လှိုင်ခြံထဲမှာကျဉ်းကျဉ်းကျပ်ကျပ်လုပ်ခဲ့သမျှစက်မှုဇုံမှာစိတ်ကြိုက်လုပ်လို့ရပြီ။
စက်ရုံကိုအစီစဉ်တကျပုံစံထုတ်ပြီးဆောက်ခဲ့တယ်။
အလုပ်လဲလုပ်ရတာစနစ်ကျလာတယ်။စာရင်းဇယားတွေလုပ်တဲ့ရုံးခန်းပါတွဲထားတယ်။
ရုံးခန်းအပေါ်ထပ်ကိုမိသားစုရော၊အမျိုးတွေပါညအိပ်လို့ရအောင်ကြီးကြီးဆောက်ထားတယ်။
ဝါသနာပါတာတွေလဲလုပ်လို့ရလာတယ်။
နယူးရီးယားညတွေမှာဝန်ထမ်းအားလုံးစုပြီးထမင်းချက်စားကြတယ်။
အဲဒီညမှာကာရာအိုကေစက်လဲဆင်ထားပေးတယ်။
ကျနော်ကိုယ်တိုင်ကီးဘုတ်တီးပြီးသီချင်းတွေဆိုကြတယ်။
ကျနော်တီးရင်ကျနော်တို့မိသားစုအားလုံးသီချင်းဆိုလေ့ရှိတယ်။
ဒီနေ့ညသည်ဝန်ထမ်းအားလုံးကိုလွတ်လပ်ရေးပေးထားတယ်။ညလယ်စာစားဖို့လဲစီစဉ်ထားပေးတယ်။
ကျနော်တို့မိသားစုအားလုံးစက်ရုံမှာဘဲအိပ်ကြမယ်။နှစ်ဆန်းတစ်ရက်နေ့အားလုံးနားရက်သတ်မှတ်ထားပေးတယ်။
နိုင်ငံတော်ကမသတ်မှတ်ခင်ကတည်းကကျနော်တို့ပိတ်ရက်သတ်မှတ်ထားပြီးသားပါ။
နှစ်ဆန်းနှစ်ရက်နေ့ကစပြီးအမြန်ကားကြီး ၄စီးနဲ့လျှောက်လည်ကြတော့မယ်။
ကျနော်တို့မိသားစုအပါအဝင်ဝန်ထမ်းအားလုံးနဲ့ခရီးထွက်ပြီ။စက်ရုံနဲ့အိမ်မှာလုံခြုံရေးဘဲကျန်တော့တယ်။
နှစ်စဉ်နှစ်တိုင်းခရီးထွက်တယ်။ကျိုက်ထီးရိုး၊ချောင်းသာ၊ငွေဆောင်၊ပုဂံ၊မေမြို့၊မန္တလေး၊မော်လမြိုင်၊ဘားအံ၊တောင်ကြီး၊အင်းလေး၊ရွှေစက်တော်နေရာမထပ်အောင်သွားလေ့ရှိတယ်။
လမ်းခရီးမှာမပျင်းရအောင်ကားတိုင်းမှာကာရာအိုကေစက်တွေဆင်ထားပေးတယ်။
တစ်နှစ်လုံးလုပ်ခဲ့တဲ့ဝန်ထမ်းတွေစိတ်အပန်းပြေစေဖို့အတွက်စီစဉ်ပေးထားတာပါ။
…………………………………………………………………..
လက်ရှိအခြေအနေမှာအားလုံးအထိုင်ကျနေပြီ၊အရင်ကလောက်လူမပင်ပမ်းပေမဲ့၊
စိတ်ကပိုပြီးပင်ပမ်းလာပါတယ်။
ဒီလိုပါဘဲစီးပွါးရေးလုပ်တယ်ဆိုတာထိုက်တန်တဲ့ပေးဆပ်မှုတော့ရှိရပါမယ်။
ပုံမှန်ဆိုရင်ရက်ခြားဆိုသလိုဆိုင်တွေကို”မေ”လိုက်ကြည့်လေ့ရှိတယ်။
သမီးရှိနေရင်သမီးနဲ့သွားတယ်။သမီးမရှိရင်သူဖါသာသူကားမောင်းပြီးသွားတယ်။
ကျနော်ကခုနှစ်နာရီဆိုရင်လှိုင်သာယာစက်ရုံကိုသွားပြီ။
စက်ရုံမှာဝန်ထမ်းတွေမနက်လေးနာရီထဲကလုပ်နေကြပြီ။
လုပ်ရမည့်အစီအစဉ်တွေကကြိုပြီးဆွဲထားပြီးသား၊
ကျနော့်လက်ရှိအနေအထားကိုခေတ်စကားနဲ့ပြောရရင်”ဘာလိုသေးလို့လဲ”
ဟုတ်တယ်၊ကျနော်မသေခင်မှာသမီးနဲ့သားအတွက်အစီအစဉ်တွေချထားပြီးပြီ။
ကျနော်နဲ့”မေ”နဲ့ကျန်တဲ့ဘဝကိုပျော်ပျော်ကြီးဖြတ်သန်းဖို့ဘဲကျန်တယ်။
ဒီအတွေးက”လိမ္မော်ရောင်နေ့ရက်တွေမရောက်ခင် ၂နှစ်လောက်ကအတွေးတွေပါ။
လောကကြီးမှာကြိုမမြင်နိုင်တဲ့အဖြစ်တွေအများကြီးရှိပါသေးတယ်။
တစ်ညအိမ်ရောက်တော့’’မေ’’သူငယ်ချင်းတွေအများကြီးအိမ်မှာရောက်နေတယ်။
စားတဲ့သူစား၊သီချင်းဆိုတဲ့သူကဆို၊အာစီတူးဆရာကန်တော့ပွဲလုပ်မလို့လူစုနေတယ်။
သူတို့တွေပြောမှသူငယ်ချင်းတွေကိုပြန်သတိရမိတယ်။
တမလွန်ခရီးကိုသွားနှင့်သူတွေသွားကုန်ကြပြီ။
လူ့ဘဝတိုတိုလေးပါလား။
ကိုယ့်အကြောင်းကိုလဲကိုယ်ပြန်စဉ်းစားကြည့်မိတယ်။
ဂစ်တာတီးပြီးတီးဝိုင်းခေါင်းဆောင်လုပ်ခဲ့တုန်းကလဲကျနော့်ဘဝကိုကျနော်ကျေနပ်မိတယ်။
လူတွေဆိုတာကတီးဝိုင်းမှာတီးလုံးချည်းသက်သက်တီးနေလို့ကဆယ်မိနစ်မကြာဘူး
လူတွေထပြန်ကုန်မယ်။တီးဝိုင်းဆိုတာအဆိုနဲ့တွဲနေမှလူတွေကြိုက်ကြတာ။
အဆိုရှင်ဆိုတာကလဲတီးလုံးမပါဘဲနဲ့လဲအဆင်မပြေပြန်ဘူး။
အဆိုရှင်အတွက်ကျနော်တို့တီးနေရရင်ကျေနပ်တယ်။
အဆိုရှင်တွေဆိုပြီးသွားလို့ပရိတ်သတ်တွေရဲ့လက်ခုပ်သံတွေကြားလိုက်ရင်ပြောမပြတတ်အောင်ရင်ထဲမှာကျေနပ်မိတယ်။
သူတပါးအတွက်ပါရမီဖြည့်ပေးတယ်လို့ဘဲသဘောထားတယ်။
မုန့်ဆရာဘဝမှာလဲကျနော်တို့လုပ်ပေးလိုက်တဲ့မုန့်လူကြိုက်များလာရင်အရမ်းပျော်တာ။
ငွေတွေရလို့ပြောချင်ပြောကြမယ်။လူတွေအားပေးလို့ရလာတဲ့ပီတိဘယ်အရာနဲ့မှမလဲနိုင်ပါ။
ရှင်သန်နေတဲ့ဘဝကြီးမှာလူတွေအတွက်ပါရမီဖြည့်ပေးတဲ့လူမျိုးဘဲဖြစ်ချင်ခဲ့တယ်။
ဒီရက်ပိုင်း”မေ”အလုပ်ရှုပ်နေပြီ။သူငယ်ချင်းတွေလိပ်စာ၊ဖုံးနံပါတ်တွေစုနေတယ်။
ကွဲကွာနေတဲ့သူငယ်ချင်းတွေပြန်စုနေတယ်။
ကျနော့်အိမ်လဲစုရပ်ဖြစ်နေပြီ။
ဟိုအရင်ကျနော်ဂစ်တာတီးတုန်းကနေခဲ့လှိုင်ခြံလေးကိုပြန်သတိရမိတယ်။
မေနဲ့ကျနော်တို့ဇာတ်လမ်းစခဲ့တဲ့နေရာ၊
ဒုတိယနှစ်ရေထွက်လုပ်ငန်းက‘’မေ’’သူငယ်ချင်းအားလုံးကျနော့်အတန်းဖေါ်တွေပါဘဲ။
မတွေ့တာကြာတော့ချက်ချင်းလူတွေကိုမမှတ်မိပါဘူး၊
တစ်ယောက်ချင်းမိတ်ဆက်ပေးမှဘဲငယ်ရုပ်တွေပြန်ပေါ်လာတယ်။
တော်တော်ပြောင်းလဲသွားကြပြီ။အနှစ်သုံးဆယ်နီးပါးအတွင်းလောကဓံရဲ့ရိုက်ချက်တွေလို့ဘဲပြောချင်ပါတယ်။
ကျနော်ဆိုရင်မုတ်ဆိပ်၊ပါးသိုင်းမွှေးတွေကျိုးတို့ကျဲတဲဖြူနေပြီ။
ဒါပေမဲ့အထူးခြားဆုံးက’’မေ’’ ဘာမှသိပ်မပြောင်းလဲ၊ဧချမ်းတည်ငြိမ်နေတဲ့အလှကိုပိုင်ဆိုင်နေဆဲပါ။
ရက်တွေကြာလာတာနဲ့အမျှ”မေ”တို့အဖွဲ့အုပ်စုတော်တော်တောင့်လာပါပြီ။
နောက်ပြီးတော့လဲတစ်ယောက်အကြောင်းတစ်ယောက်အတွင်းကျကျသိလာပါပြီ။
ကံမကောင်းလို့မုဆိုးမဖြစ်သွားရတဲ့သူတွေ၊
တစ်လင်မကောင်းလို့နောက်လင်ပြောင်းရင်းနှစ်ခုလပ်ဖြစ်သွားတဲ့သူတွေ၊
လူသားနဲ့ငွေကြေးရောထွေးပြီးငွေနောက်လိုက်နေတဲ့သူတွေ၊
ကလေးတွေကိုအမေရိကားပို့ပြီးရန်ကုန်မှာဆေးခန်းလိုက်ပို့ပေးမဲ့သူမရှိတဲ့မိဘတွေ၊
လင်ကြီးနဲ့လင်ငယ်ကြားမှာဗျာများနေတဲ့သူတွေ၊
ယောကျာ်းတွေမှာလဲနှစ်ယောက်တစ်ဘဝနဲ့ဇယားရှုပ်နေသူတွေ၊
အသပြာမရှာနိုင်လို့မယားပြစ်သွားတဲ့သူတွေ
နောက်ဆုံးလောကကြီးကိုစိတ်ကုန်လို့ဘုန်းကြီး၊သီလရှင်ဝတ်သွားကြတဲ့သူငယ်ချင်းတွေ၊
သံဝေဂ၊ရစရာတွေအများကြီး၊သူငယ်ချင်းအများစုကအေးချမ်းတဲ့ဘဝမှာပျော်ရွှင်နေကြပါတယ်။
လောကကြီးကဖြစ်ချင်သလိုဖြစ်လို့ရတာမှမဟုတ်တာ။
ရောင့်ရဲနိုင်ရင်ဘဝကြီးအေးချမ်းမယ်။လောဘအပူမီးနောက်လိုက်နေရင်ပူလောင်မယ်။
‘’မေ’’တို့အုပ်စုကဆရာကန်တော့ပွဲဖြစ်မြောက်ရေးကော်မီတီရဲ့အစိပ်အပိုင်းလေးတစ်ခုသာဖြစ်ပါတယ်။
ဦးဆောင်နေသူတွေတော့မဟုတ်ပါ။
ကိုယ့်ငယ်သူငယ်ချင်းတွေ၊ပထမနှစ်၊ဒုတိယနှစ်တုန်းကအတူတူကျောင်းတက်ခဲ့တဲ့သူငယ်ချင်းတွေ
ကိုလိုက်စည်းရုံးနေတဲ့သဘောပါ။
အချို့သူငယ်ချင်းတွေကချို့တဲ့တော့သူငယ်ချင်းတွေကြားထဲမဝင်ချင်တော့ဘူး။
ဖျောင်းဖျရတယ်။အားပေးစကားတွေပြောပေးရတယ်။
အုပ်စုလိုက်သူငယ်ချင်းတွေကိုမြင်ရတာကျောင်းသားဘဝကိုပြန်သတိရစေပါတယ်။
စိတ်တွေပြန်နုပျိုလာပါတယ်။
သူတို့အုပ်စုထဲမှာကြည့်လိုက်ရင်”မေ”ကအတောက်ပဆုံး၊
ဘာလို့ဆိုတော့”မေ့”နားမှာပန်ထားတဲ့စိန်နားကပ်ကအကြီးဆုံးဖြစ်နေလို့ပါ။
စိန်နားကပ်ရောင်နဲ့ပါးပြောင်တာတော့မဟုတ်ပါ။နဂိုရှိလို့နဂိုင်းထွက်တယ်လို့ပြောချင်ပါတယ်။
အိမ်မှာဝင်လိုက်ထွက်လိုက်၊စားလိုက်သောက်လိုက်တော်တော်အလုပ်ရှုပ်နေကြတယ်။
အခုမနက်ပိုင်းအလုပ်တစ်ခုထပ်တိုးလာပါပြီ၊ကန်တော်ကြီးမှာထိုက်ကျိသွားကစားကြတယ်။
မဆိုးပါဘူး၊ကျနော်တို့အရွယ်ကျန်းမာရေးလုပ်ရမဲ့အရွယ်ရောက်လာပြီ။
ကျနော်အိပ်ရာမနိုးခင်သွားကြပြီ။
သူတို့အိမ်ပြန်ရောက်ချိန်ကျနော်စက်ရုံရောက်နေပြီ။
ဒီရက်ထဲသူတို့သူငယ်ချင်းတွေနဲ့အိမ်မှာဆုံဖြစ်ပါတယ်။
ကိုစိုင်းကျနော့်ကိုမှတ်မိလား
အေးဗျာ၊တောင်းပန်ပါတယ်၊ကျနော်မမှတ်မိဘူး
ကိုစိုင်းတို့ခေါ်တဲ့”ဘိုထီး”လေ
သူပြောမှဘိုထီးငယ်ရုပ်ပြန်မြင်လာတယ်။
ကြည့်ရတာဘိုထီးအဆင်ပြေနေပုံရတယ်။
တသွေးတမွေးနဲ့တောက်တောက်ပပ၊
ငယ်တုန်းကလိုစုတ်ချွန်းချွန်းမဟုတ်တော့ပါ။
အယ်ဗီလက်ကိုင်အိပ်ကိုလက်ကမချ။
စီးတော်ယာဉ်၊လန်ကရူဇာနဲ့၊ကျနော်စီးနေတဲ့ကားထက်မော်ဒယ်မြင့်တယ်။
သူငယ်ချင်းတွေအဆင်ပြေတာမြင်ရင်မုဒိတာပွားရမည်။
ဘယ်လိုနည်းနဲ့ချမ်းသာလာပါစေ၊ဝမ်းသာဂုဏ်ယူရမယ်။
ဆရာကန်တော့ပွဲလုပ်ဖို့ကျနော်လဲတတ်နိုင်သလောက်ကူညီပါမယ်
ရွှေရောင်လက်ပတ်နာရီ၊စိန်လက်စွပ်၊ဟန်းချိန်း၊ရွှေကြိုးတုတ်တုတ်လည်ပင်းမှာဆွဲပြီး
လက်ကလေးတရမ်းရမ်းနဲ့ပြောနေတဲ့ပုံကရတနာစိန်ကျောက်ဇယ်တောက်တမ်းကစားမယ်
ကြော်ငြာထဲကလိုပါဘဲ။
ကျနော့်မှာဟိုတယ်နှစ်လုံးရှိတယ်၊ရန်ကုန်မှာတစ်လုံးနဲ့နေပြည်တော်မှာတစ်လုံး
လိုအပ်ရင်ကျနော့်ဟိုတယ်စည်းဝေးခမ်းမတွေကိုသုံးလို့ရတယ်။
လုပ်မယ်ဆိုရင်အစားအသောက်တွေပါကျနော်တာဝန်ယူပါရစေ
“မေ့”သူငယ်ချင်းတွေပါးစပ်ဟပြီးတအံ့တဩနားထောင်နေကြတယ်။
နောက်ရက်တွေမှာကျနော့်အိမ်စုရပ်မှတဖြေးဖြေးဘိုထီးဟိုတယ်ဆီရောက်သွားကြပါတယ်။
မနက်တွေမှာထုံးစံအတိုင်းကန်တော်ကြီးသွားပြီးထိုက်ကျိသွားကစားကြပါတယ်။
ရက်တွေနဲနဲကြာလာတော့သူငယ်ချင်းတစ်ယောက်၊ဘိုထီးရဲ့အတွင်းရေးတွေကျနော်ကိုပြောပြပါတယ်။
ဘိုထီးစိုက်ပျိုးရေးတက္ကသိုလ်မှာဒေါက်တာဘွဲ့ရထားတယ်။
ငါတို့အာစီတူးကမအေးချမ်းနဲ့အိမ်ထောင်ကျပြီးသားတစ်ယောက်ရတယ်။
မအေးချမ်းလဲစိုက်ပျိုးရေးတက္ကသိုလ်တက်ပြီးဆရာမပြန်လုပ်နေတယ်၊
ဘိုထီးကအလုပ်ထွက်ပြီးပျဉ်းမနားမှာပျိုးဥယျာဉ်လုပ်ရင်းနေပြည်တော်တစ်ခေတ်မှာထောသွားတယ်။
ပန်းခြံတွေ၊စိုက်ပျိုးရေးလုပ်ငန်းတွေ၊လူကြီးတွေနဲ့ပေါင်းပြီးဂွင်တွေရပြီးထောနေတာ
နေပြည်တော်တခွင်ပန်းဥယျာဉ်နဲ့ပတ်သက်ရင်ဘိုထီးလက်ရာတွေချည်းဘဲ
လူကြီးတွေကအစဘိုထီးကိုဘဲအားကိုးနေတော့ဘိုထီးဂွင်ကောင်းကောင်းမိသွားတယ်။
တကယ်တော့ဘိုထီးကတက္ကသိုလ်မှာစာသင်နေရင်းမာစတာတန်းကကျောင်းသားတစ်ယောက်နဲ့လိင်တူချစ်နေတာ
မအေးချမ်းသိပြီးပါမောက္ခကိုတိုင်လိုက်လို့နာမည်ပျက်ပြီးထွက်လိုက်တာ
အခုတော့လဲသူတို့လင်မယားကွာလိုက်ကြပြီ။
မအေးချမ်းတို့သားအမိနိုင်ငံခြားထွက်ဖို့လုပ်နေတယ်။
ဘိုထီးဆီမှာဟိုတယ်နှစ်လုံးရှိတယ်၊ရန်ကုန်မှာတစ်လုံး၊နေပြည်တော်မှာတစ်လုံး
အလယ်အလတ်အဆင့်ဟိုတယ်တွေပါ၊
သူ့ဟိုတယ်မှာကာရာအိုကေ၊အနှိပ်ခန်းတွေနဲ့ကောင်မလေးတွေပါရှိတယ်။
ဒါလေးတွေကသူ့အဘတွေအပမ်းဖြေလို့ရအောင်စီစဉ်ပေးထားတဲ့သဘော၊
ငွေတွေအရမ်းရနေတော့သူ့ရဲ့အငုပ်ဗီဇပေါ်လာပြီ။
ဘယ်သူ့ကိုမှလဲဂရုမစိုက်တော့ဘူး၊သူလုပ်ချင်တာတွေလုပ်တယ်။
ဒီကောင်ကအခြောက်၊နှစ်ဖက်ချွန်လဲမဟုတ်ဘူး၊စမူဆာသုံးဖက်ချွန်
ကြိုက်တဲ့ကောင်လေးတွေကို _င်ခံ တယ်။ငွေလဲပေးတယ်။
မော်ဒယ်ကောင်မလေးတွေကိုလဲဆော်တယ်၊၊ရုပ်ရှင်လိုင်းကမင်းသမီးအကြီးတွေရော၊တက်စတွေရော
ပိုက်ဆံပေးလို့ရတာအကုန်လုပ်တယ်။ပျဉ်းမနားကကောင်မလေးတစ်ယောက်နဲ့တိတ်တိတ်ပုန်းယူထားတယ်။
ကိုစိုင်းမင်းမိန်းမကိုလဲသတိပေးအုန်း
ငယ်ငယ်တုန်းငါတို့ကျောင်းမှာသူတို့သမီးရည်းစားဖြစ်ခဲ့တယ်
ကျနော်နားထောင်ရင်းအံ့ဩခဲ့ရတယ်။
ကြားခဲ့သမျှ”မေ့”ကိုပြန်ပြောပြတာ”မေ”ကမယုံ၊
လူတွေကသူများချမ်းသာလာတာကိုမနာလိုပြီးသိက္ခါလိုက်ချနေတာတဲ့
ငါတော့ဘာသံမှမကြားချင်ဘူး၊ဒီကောင်ကအခုတခုလပ်
မအေးချမ်းနဲ့ကွာလိုက်ပြီ
ဒီဇာတ်လမ်းတွေဒီမှာဘဲဖြတ်၊ဒီထက်ပိုလာရင်မင်းဒီအိမ်ပေါ်ကဆင်းဖို့ပြင်ထားတော့၊
မပြောချင်တဲ့စကားတွေပြောလိုက်ရတယ်
ကျနော်ဆရာကန်တော့ပွဲကိုမြန်မြန်ပြီးချင်နေပြီ၊
မြန်မြန်ပြီးမှဘဲဘိုထီးနဲ့ဝေးမှာ၊
“မေ့”သူငယ်ချင်းတွေထဲမှာဘိုထီးလိုစရိုက်ရှိတဲ့သူတွေရှိနေတယ်။
ကျနော်မကြိုက်တာ”မေ”ကိုလဲပြောထားတယ်။
ကျနော့်ရင်ထဲမှာ”မေ”တစ်ယောက်ထဲရှိတယ်။ဒီမိသားစုကိုချစ်တယ်။
အခုခေတ်ဇယားဆိုတာတွေကျနော့်မှာမရှိ။
ကျနော့်ဘဝမှာကျနော့်အချစ်ဦးက”မေ”၊
ဒါပေမဲ့”မေ့”အချစ်ဦးကကျနော်မဟုတ်ခဲ့ပါ၊”ဘိုထီး”
ထင်ထားသလိုပါဘဲသူငယ်ချင်းတွေကလာပြောကြတယ်။
မင်းမိန်းမကိုသတိထားပါအုန်း
ဟိုအခြောက်နဲ့နေရာတကာတွေ့တွေ့နေတယ်
သူ့ဟိုတယ်မှာလဲနှစ်ယောက်ထဲနော်
ကျနော်”မေ့”ကိုသတိပေးတော့၊ဘာမှမဆိုင်ဘူးရိုးရိုးသားသားဘဲလို့ပြောတယ်
သူများတွေအမြင်မှားအောင်မနေဖို့တော့သတိပေးလိုက်ပါတယ်။
ဘိုထီးမိန်းမ၊(မအေးချမ်း) လှိုင်အထက်တန်းကျောင်းတက်တုန်းကခုံချင်းယှဉ်ရက်ထိုင်ခဲ့ဘူးတယ်။
အထက်တန်းကျောင်းသားဘဝမှာဆရာနဲ့အနီးဆုံးရှေ့တန်းမှာထိုင်တဲ့ကျောင်းသား/သူတွေဟာ
စာတော်တာများတယ်။သူဌေးသားသမီးတွေလဲထိုင်တယ်။
ဝန်ထမ်းသားသမီးတွေကအလယ်လောက်မှာထိုင်ကြတယ်။
ကျနော့်လိုစာမရတဲ့သူ၊ကျောင်းပြေးလေ့ရှိတဲ့သူတွေကနောက်ဆုံးမှာထိုင်တယ်။
မအေးချမ်းတို့ကအများနဲ့ယှဉ်ရင်နိမ့်ပါးတော့အနောက်မှာဘဲထိုင်ရတယ်။
ကျနော်ဂစ်တာသင်တမ်းတက်လို့ကျောင်းပျက်ခဲ့တဲ့ရက်တွေမှာကျနော့်ကိုမအေးချမ်းစာကူးပေးလေ့ရှိတယ်။
သူမကိုဆပ်ရမဲ့အကြွေးကျနော့်မှာတင်နေတယ်။တစ်နေ့နေ့ကျနော်၊မအေးချမ်းနဲ့တွေ့ဖို့စဉ်းစားထားတယ်။
(မအေးချမ်း)
ကိုစိုင်းနဲ့လှိုင်အထက်တန်းကျောင်းမှာထဲကခင်ခဲ့ကြတယ်။သူအတန်းမတက်တဲ့နေ့တွေမှာကျမသူ့အတွက်စာကူးပေးနေကျ၊
အဖွားကအခက်အခဲဖြစ်နေတဲ့သူတွေကိုတတ်နိုင်သလောက်ကူညီပေးဖို့အမြဲပြောခဲ့တယ်။
ကျမအာစီတူးဒုတိယနှစ်မှာစိုက်ပျိုးရေးတက်ခဲ့တယ်၊ဘိုထီးနဲ့အတူတူ။
စိုက်ပျိုးရေးကိုစိတ်ဝင်စားလို့စိုက်ပျိုးရေးတက္ကသိုလ်ဘဲလျှောက်ဖြစ်တယ်။တက်ခွင့်လဲရခဲ့ပါတယ်။
ဘိုထီးနဲ့အတန်းတူတူ၊အာစီတူးကျောင်းထွက်တွေဆိုတော့ပိုရင်းနှီးလာတယ်။
ဒီလိုနဲ့ဘဲကျောင်းပြီးတော့ယူဖြစ်သွားကြတယ်ဆိုပါတော့။
ကျမနဲ့ဘိုထီးကျောင်းပြီးတော့ရေဇင်းမှာအတူတူဆရာဝင်လုပ်ကြပါတယ်။
ဘိုထီးကမာစတာတန်းဆက်တက်ရင်းနဲ့ဆရာလဲလုပ်တယ်။
ပျဉ်းမနားမှာပျိုးဥယျာဉ်အရောင်းဆိုင်လေးလဲလုပ်ပါတယ်။မာစတာတန်းပြီးတော့ဒေါက်တာဘွဲ့အတွက်ဆက်တက်ပါတယ်။
ဒေါက်တာဘွဲ့ရပြီးနောက်မှာရာထူးတွေလဲတိုးလာသလို၊ပျိုးဥယျာဉ်ဆိုင်လဲအလုပ်ဖြစ်လာပါတယ်။
နေပြည်တော်တခေတ်မှာတော့အရမ်းအလုပ်ကောင်းခဲ့တယ်။ငွေတွေလဲအရမ်းဝင်တယ်။
နေပြည်တော်ကပန်းခြံတွေ၊လူကြီးအိမ်တွေမှာအလှစိုက်တဲ့အပင်တွေအားလုံးကျမတို့နဲ့မကင်းပါဘူး။
ဒီလိုစီးပွါးဖြစ်မယ်လို့ကျမဘဝမှာမတွေးဝန့်ခဲ့ပါဘူး၊ကျမနဲ့ဘိုထီးဘဝအတူတူပါဘဲ၊
နိမ့်ပါးတဲ့ဘဝကလာကြတဲ့သူတွေပါ။
ကျမတို့မှာသားတစ်ယောက်ရလာပါပြီ။
သားကကံကောင်းခြင်းကိုယူလာတာလား၊ခေတ်နဲ့တိုက်ဆိုင်တာလားမပြောတတ်ပါ၊
စီးပွါးအရမ်းတက်ခဲ့တယ်။လုံးဝမမျှော်လင့်ခဲ့ဘူး။
ဟုတ်တယ်လုံးဝမထင်ထားတဲ့အဖြစ်နဲ့လဲကြုံခဲ့တယ်။
စာသင်ခန်းထောင့်တစ်တနေရာမှာဘိုထီးနဲ့သူ့မာစတာတန်းကျောင်းသားတစ်ယောက်နဲ့လိင်ဆက်ဆံနေတဲ့ဓါတ်ပုံ၊
ကျောင်းမှာပြန့်နေပါတယ်။ပိုတိုရှော့လုပ်ထားတယ်လို့ပြောကြပေမဲ့ကျမဘိုထီးကိုအတင်းအကြပ်မေးတော့သူဝန်ခံတယ်။
ကျမခေါင်းကိုမိုးကြိုးပစ်ထည့်လိုက်သလိုခံစားလိုက်ရပါတယ်။
ကျမယူထားတဲ့ယောကျာ်းအခြောက်ဖြစ်နေတာမသိလိုက်ဘူး၊၊လုံးဝမထင်ခဲ့တာ။
ဘယ်တုန်းကဘယ်သူတွေရိုက်ထားလဲမသိဘူး၊အခြားကောင်လေးတွေနဲ့ဓါတ်ပုံတွေလဲပြန့်လာပြန်ပါတယ်။
ကျမယုံလိုက်ပါပြီ၊ကျမယောကျာ်းဟာနှစ်ဖက်ချွန်၊အခြောက်
ဘိုထီးသာမယားငယ်ဆယ်ယောက်ထပ်ယူရင်လဲကျမခွင့်လွတ်တယ်။
ယောကျာ်းကောင်းမောင်းမတစ်ထောင်ဆိုတဲ့စကားရှိခဲ့တယ်။
ဒါပေမဲ့ဘိုထီးဘဝကပြောင်းပြန်၊ပိုက်ဆံပေးပြီး _င်ခံတဲ့ဘဝ
လူ့ဓမ္မတာကိုဆန့်ကျင်နေတဲ့လူသားတစ်ယောက်၊
သတိထားကြည့်မိတာသူကြိုက်နေတဲ့ကောင်လေးနဲ့ဆိတ်ကွယ်ရာရောက်ရင်စိတ်ဖေါက်ပြီ၊
မိန်းမစိတ်ဝင်လာတာ၊ကောင်မလေးတွေနဲ့ဆိုရင်ကျားစိတ်ဝင်ပြန်ရော
သူ့စိတ်ကမိန်းမစိတ်ဝင်လိုက်၊ယောကျာ်းစိတ်ဝင်လိုက်၊
လူတစ်ယောက်နဲ့စိတ်နှစ်မျိုးရှိတဲ့လူသား။
သူနဲ့ဆက်ပေါင်းဖို့မဖြစ်နိုင်တော့ပါ။ကျမလူကဲ့ရဲ့တဲ့ရောဂါဖြစ်မှာအရမ်းကြောက်တယ်။
ဘိုထီးလုပ်ပုံတစ်ချိန်ရောက်ရင်သူ့ကို A ကိုက်ဖို့ရှိတယ်။
ချက်ချင်းကွာရှင်းတာတော့မလုပ်သေးပေမဲ့သူ့အကပ်မခံတော့ပါ။
သူလဲဝယ်ထားတဲ့ဟိုတယ်မှာနေနေတယ်။အလုပ်လဲထွက်လိုက်ပြီ။
စီးပွါးရေးကတက်နေဆဲ၊ကျမငွေတွေလဲမမက်တော့ပါဘူး
မြန်မာပြည်နဲ့ဝေးရာကိုထွက်ချင်နေတယ်။ကြိုးစားနေပါတယ်။
သိပ်မကြာခင်ကျမထွက်တော့မယ်၊သူစိမ်းတွေကြားမှာဘဲနေတော့မယ်။
ဒီမှာဆက်နေရင်ကျမရူးရတော့မယ်၊လူတွေရဲ့အကြည့်ကိုမခံနိုင်တော့ဘူး
ကျမသားလေးကြီးလာရင်ပတ်ဝန်းကျင်ရဲ့ပြောစကားတွေကြောင့်ကျမသား
စိတ်ဒဏ်ရာမရစေချင်ဘူး။
ဟိုတယ်မှာနေနေတဲ့ဘိုထီး၊မြင်းကိုဂျိုတပ်ပေးလိုက်သလိုဘဲ
ဟိုတယ်အဓိကအလုပ်ကလုပ်ခွင့်ပေးခဲ့တဲ့လူကြီးတွေအပန်းပြေဖို့၊
ကာရာအိုကေ၊အနှိပ်ခန်း၊ကောင်မလေးတွေရှိတယ်။
အဲဒီမှာဘိုထီးစိတ်ကြိုက်သောင်းကျန်းနေတယ်လို့ဝန်ထမ်းတွေပြန်ပြောပြတယ်။
သူနဲ့ကျမကွာရှင်းလိုက်ပြီ၊ပိုင်ဆိုင်မှုတွေလဲခွဲလိုက်ကြပြီ
သူနဲ့ကျမဘဝခြားသွားပြီ၊
အမေပေးခဲ့တဲ့နာမည်”မအေးချမ်း”ကျမဘဝအေးအေးချမ်းချမ်းမနေခဲ့ရပါဘူး၊
မိဘတွေကိုအပြစ်မတင်ပါဘူး၊ငယ်ငယ်ထဲဆင်းဆင်းရဲရဲနေခဲ့ရတယ်။
အေးချမ်းတဲ့ဘဝကဆရာမလုပ်ခဲ့တဲ့ဘဝ၊ဘိုထီးအငုပ်ဗီဇမပေါ်ခင်အချိန်လေး၊
ဆယ်စုနှစ်တစ်ခုလောက်ဘဲပိုင်ဆိုင်ခဲ့ရပါတယ်။
အခုဆိုရင်တစ်ခုလပ်ဘဝနဲ့လူတွေရဲ့အကြည့်တွေကြားထဲရင်ဆိုင်ရအုန်းမယ်။
အခြောက်မိန်းမဆိုတဲ့စကားလုံးကနှိပ်စက်အုန်းမယ်။
ကျမလူရွှေးမှားခဲ့လို့အပြောခံရတာခံနိုင်သေးတယ်။
အခြောက်ရဲ့သားဆိုတဲ့စကားလုံးနဲ့သားကိုပြောလိုက်ကြမဲ့အသံကိုနားမခံနိုင်ဘူး
အာစီတူးဆရာကန်တော့ပွဲနီးလာတော့သတင်းတွေကြားရတာစိတ်မကောင်းဘူး
ကိုစိုင်းအမျိုးသမီး”မေ”ဘိုထီးရဲ့ရီးစားဦး၊သူတို့နှစ်ယောက်ဘာလိုလိုအသံတွေကြားနေတယ်။
ကိုစိုင်းကိုသတိပေးရအုန်းမယ်။
ဘိုထီးဟာအရမ်းကမြင်းတာ၊ခေါ်လာတဲ့မော်ဒယ်မလေးကိုဓမ္မတာနဲ့ဆန့်ကျင်ပြီးလိင်ဆက်ဆံခဲ့လို့
တရားတွေဖြစ်ပြီးငွေတွေလဲအများကြီးကုန်ခဲ့တယ်။
စင်ဒီ
ကျမအမည်စင်ဒီ
ကျမမိဘများက ဦးစိုင်းလုံနဲ့ဒေါ်မေချောကလျာ
မိဘလုပ်ငန်းက”ရှမ်းလေးမုန့်ဆိုင်”ဆိုတဲ့နာမည်နဲ့တစ်နိုင်ငံလုံးကိုမုန့်မျိုးစုံဖြန့်နေတယ်။
ကျမအောက်မှာအသက်ခြောက်နှစ်ကွာတဲ့မောင်လေးသားငယ်ရှိတယ်။
သူ့ကိုကျမဘဲထိမ်းသိမ်းစောင့်ရှောက်ခဲ့တယ်။
ငယ်ငယ်တုန်းကမိဘတွေရုန်းကန်နေရတော့မောင်လေးကိုလဲသိပ်မကြည့်ဖြစ်ခဲ့ဘူး
ဆိုတော့ကျမဘဲမောင်လေးကိုထိမ်းခဲ့တယ်။
ကျမမိဘထက်မောင်လေးကိုပိုချစ်တယ်။
အခုလဲကျမတို့မောင်နှမနှစ်ယောက်စင်္ကာပူမှာကျောင်းတူတူတက်နေတယ်။
အိမ်မှာအဖေနဲ့အမေနှစ်ယောက်ထဲ၊
မနက်စောစောဆိုရင်အဖေစက်ရုံသွားပြီ၊ည ရ နာရီလောက်မှအိမ်ပြန်ရောက်တယ်။
အမေကမြို့ထဲကမုန့်ဆိုင်တွေကိုလိုက်ကြည့်မယ်။
အဖေတို့ဆိုင်နာမည်ပေးဖြစ်ခဲ့ပုံလေးကိုပြောပြချင်ပါတယ်၊
အင်းစိန်လမ်းပေါ်မှာမုန့်ဆိုင်စဖွင့်တုန်းကအဖေနဲ့အမေမယူကြသေးပါ။
အမေလာကူရောင်းပေးနေတာ၊
မုန့်ဆိုင်ကဘာနာမည်မှမရှိ၊၊ရပ်ကွက်ထဲမှာအဖေ့ကိုရှမ်းလေးလို့ဘဲခေါ်ကြတာ
ရပ်ကွက်ထဲကမုန့်ဆိုင်ဆိုတော့”ရှမ်းလေးမုန့်ဆိုင်”လို့ခေါ်ရင်းနဲ့နာမည်တွင်သွားပါတယ်။
ကျမအဖေ့အလုပ်ကိုဝါသနာပါတယ်။ဆိုင်ထိုင်ဈေးရောင်းတာမလုပ်ချင်ပါ။
ဒါကြောင့်ကျောင်းပိတ်အိမ်ပြန်ရင်အဖေ့စက်ရုံကိုအတူတူသွားလေ့ရှိတယ်။
အလုပ်လုပ်ပြီးအလေအလွင့်မဖြစ်အောင်ငွေစာရင်းထိမ်းသိမ်းဖို့လဲလိုတယ်။
အလုပ်လုပ်တာလဲတစ်ပိုင်း၊ငွေစာရင်းထိမ်းသိမ်းတာလဲတစ်ပိုင်း၊အားလုံးအရေးကြီးပါတယ်။
အဖေကသူ့စက်ရုံအလုပ်၊ထုတ်လုပ်တဲ့အပိုင်းထဲမှာစိတ်နှစ်ထားတယ်။
ဒါကြောင့်ငွေစာရင်းနဲ့ပတ်သက်တာတွေကျမကိုင်တွယ်ပြီးနည်းစနစ်သစ်တွေနဲ့ထိမ်းသိမ်းထားပေးတယ်။
အမေ့သူငယ်ချင်းအချို့ကိုကျမ၊မကြိုက်ဘူး။ အမေငယ်ငယ်ကရပ်ကွက်တူတူကျောင်းတက်ခဲ့တဲ့သူငယ်ချင်းတွေ၊
တစ်လင်ကွာတွေ၊နှစ်လင်ကွာတွေ၊ဘယ်လိုစရိုက်တွေလဲကျမနားမလည်ပါ။
အခုသူတို့အဖွဲ့တွေဆရာကန်တော့ပွဲအကြောင်းပြပြီးအိမ်မှာဝင်ထွက်စားသောက်နေတယ်လို့ကြားနေရတယ်။
နောက်ပြီးမနက်စောစောထပြီးကန်တော်ကြီးမှာထိုက်ကျိသွားကစားနေတယ်။
အမေ့သူငယ်ချင်းတွေကအမြဲငွေလိုနေတယ်။ခေါင်းစဉ်မျိုးစုံနဲ့အမေ့မှာငွေချေးတယ်။
တစ်ခါမျှပြန်မဆပ်။သူတို့အဆင်မပြေသေးလို့ပါဆိုပြီးအမေလျှောပြစ်လိုက်တာများနေပြီ။
ဘာအလုပ်မှမယ်မယ်ရရမတွေ့ဘူး။ဒါပေမဲ့ယောကျာ်းတစ်ယောက်ပြီးတစ်ယောက်ပြောင်းနေတယ်။
ဒီလိုစရိုက်တွေအမေ့ဆီကူးလာမှာကျမအမြဲစိုးရိမ်နေတယ်။
ဒါလဲမဖြစ်နိုင်ပါဘူး၊၊အဖေအမေ့ကိုအရမ်းချစ်တာကျမတို့အသိဆုံး။
အဖေ့လုပ်ငန်းကအမြင့်ဆုံးထဲမပါပေမဲ့၊အလယ်အလတ်ထက်အများကြီး၊ကြီးတယ်။
အမေ့အတွက်ငွေရေးကြေးရေးဘာမှပူစရာမလို။
အခုလဲဒီဆရာကန်တော့ပွဲဆိုတဲ့ခေါင်းစဉ်နဲ့ကျမတို့အိမ်စုရပ်ကဘိုထီးဆိုတဲ့အခြောက်နှစ်ဖက်ချွန်၊တစ်ခုလပ်၊
အမေ့ရီးစားဟောင်းဟိုတယ်ကိုရွှေ့လိုက်တယ်လို့ကြားတယ်။
ကျမစိတ်ထဲမှာမပျော်တော့ဘူး၊နေ့လည်ဖုံးဆက်တိုင်းဘေးကသီချင်းသံတွေနဲ့ဘိုထီးဟိုတယ်မှာ
"အမေဆိုင်တွေကိုလိုက်မကြည့်တော့ဘူးလား"
“အမေတို့ဆရာကန်တော့ပွဲဘယ်လောက်အရေးကြီးနေလို့လဲ”
“အမေအလုပ်တွေပြစ်ပြီးဘာတွေအရေးကြီးနေလို့လဲ”
“ဒီဆရာကန်တော့ပွဲကအမေမပါရင်မဖြစ်တော့ဘူးလား”
ကျမစိတ်တိုတိုနဲ့ဖုန်းထဲမှာအမေ့ကိုအော်မိပါတယ်.
“အေးပါ၊အေးပါ,,ငါပြန်တော့မှာပါ”
ကျမအဖေ့ကိုသနားတယ်၊အဖေတစ်ယောက်စက်ရုံထဲမှာဘဲအမြဲနေ၊နေတော့အမေ့ဘေးမှာမရှိဘူး။
ပြန်စဉ်းစားကြည့်ရင်အမေကလေးမှမဟုတ်တာ၊ကျမအသက်၂၆နှစ်ရှိနေပြီ။
သူ့မှာစဉ်းစားတွေးခေါ်တတ်ရမည်၊၊ပတ်ဝန်းကျင်အပြောမခံအောင်နေတတ်ရမယ်။
အမေ့ဘေးကအန်တီတွေကိုကျမကြည့်မရဘူး။
အဖေကတောသား၊တိုင်းရင်းသားဆိုတော့ရိုးသားတယ်။အရာရာကိုသူ့လိုဘဲထင်ထားတယ်။
အမေကရန်ကုန်မှာမွေးတော့အဖေ့ထက်လည်တယ်၊၊ဒါကြောင့်လဲအဖေ့ကိုရွှေးခဲ့တာ၊
အဲဒီအချိန်ကဘိုထီးအဆင့်ကခွက်အဆင့်ဘဲ။
အမေ့ဘေးကအန်တီတွေကအမေ့ထက်အဆတစ်ရာ၊တစ်ထောင်လောက်ပိုလည်တယ်။
သူတို့အကြောင်းအမေသိချင်လဲသိမယ်၊မသိချင်ယောင်ဆောင်နေတာလဲဖြစ်မယ်။
အဲဒီအန်တီတွေကမြှောက်ပင့်ပြီးငွေချူစားလေ့ရှိတယ်။
ဒီဝန်းကျင်နားတဝိုက်မှာနေခဲ့တဲ့ကျမသူတို့တွေရဲ့စိတ်ဓါတ်တွေ၊
ကျမတို့မိသားစုအပေါ်ထားတဲ့သဘောထားတွေကြားပြီးပြီ။
အရင်တုန်းကအဆင့်တူခဲ့တဲ့အမေ့သူငယ်ချင်းတွေ၊ကျမတို့မိသားစုအဆင်ပြေနေတာကိုမနာလိုကြဘူး။
ဒီကြားထဲအဆင်ပြေနိုးနဲ့လင်တွေရွှေးလိုက်တာလဲအဆင်မပြေတော့ပိုဆိုးလာတယ်။
လင်တွေတစ်ယောက်ပြီးတစ်ယောက်ပြောင်းလဲအဆင်မပြေတော့၊
အဆင်ပြေနေတဲ့သူတွေမြင်ရင်ပိုပြီးမနာလိုဖြစ်လာတယ်။
ဒီရပ်ကွက်ထဲမှာကြီးပြင်းခဲ့တဲ့ကျမအတွက်သတင်းပေးတွေအများကြီးရှိတယ်။
ဒါပေမဲ့သူတို့တွေအမူအရာ၊ရုပ်ရှင်မင်းသမီးရှုံးလောက်တယ်။
အူတိုနေတဲ့အမူအရာလုံးဝမမြင်ရ၊မသိစေရလောက်အောင်သရုပ်ဆောင်တော်ကြတယ်။
လူတွေကကြီးပွားနေတာ၊အိမ်ထောင်စုခိုင်မြဲနေတာထက်
မွဲသွားတာ၊အိမ်ထောင်ပျက်သွားတာတွေကိုပိုပြီးမြင်ချင်တွေ့ချင်ကြတယ်။
ဗုဒ္ဓဘာသာကိုးကွယ်ပြီးမုဒိတာမပွားနိုင်တဲ့လူတွေပိုများနေတယ်။
ဒီတစ်ခေါက်ရန်ကုန်ပြန်လာတာရုတ္တရက်ကြီး၊
မမ..ဘာဖြစ်လို့အိမ်ပြန်တာလဲ၊ကျောင်းလဲမပိတ်သေးဘူး
အေးပါ၊အဖေ့ကိုသတိရလို့ပါ၊သားငယ်အဖေ့ကိုမလွမ်းဘူးလား
အဖေ့ကိုသတိရတယ်
သားငယ်ကျောင်းပြီးရင်အဖေ့ကိုဝိုင်းကူနော်
မပျော်တဲ့စိတ်နဲ့အမေ့အခြေအနေကြည့်ဖို့ပြန်ခဲ့တာ၊
သားငယ်ကိုမပြောပါဘူး၊သူမသိတာဘဲကောင်းတယ်
အိမ်ပြန်ရောက်တဲ့ရက်တွေမှာအဖေနဲ့ကျမတို့မောင်နှမစက်ရုံသွားကြတယ်။
အမေကမနက်ကန်တော်ကြီးမှာထိုက်ကျိသွားကစားနေတယ်။
သူ့သူငယ်ချင်းအန်တီဖြူ၊အန်တီညိုတို့နဲ့လို့ပြောတာဘဲ
တစ်ရက်အမေမရှိတဲ့အချိန်အမေ့အခန်းထဲဝင်ကြည့်ပါတယ်။
ဘာရယ်မဟုတ်ဘူး၊ခါတိုင်းလဲဝင်နေကျဘဲလေ၊ဘီရိုတွေဖွင့်ကြည့်တယ်
အမေဘာအဝတ်အစားတွေထပ်ဝယ်ထားလဲသိချင်တယ်
အင်္ကျီတွေလှန်ကြည့်ရင်းအောက်ဆုံးကအင်္ကျီအောက်မှာဧရာဝတီဘဏ်စာအုပ်တစ်အုပ်တွေ့တယ်။
အမေ့နာမည်နဲ့လုပ်ထားတယ်။ဘဏ်ကဒ်တစ်ခုဘဏ်စာအုပ်ကြားထဲမှာ၊
ငွေစာရင်းကိုကြည့်လိုက်တာဖွင့်ထားတာလပိုင်းဘဲရှိသေးတယ်၊
သိန်းတစ်ထောင်၊ဘာမှမသုံးရသေး
ရက်စွဲကိုမှတ်ပြီး၊ကျမတို့ငွေစာရင်းအားလုံးကိုပြန်စစ်တယ်။
ငွေအထွက်မရှိ၊အရင်လကယူထားတာများလား
ပြန်စစ်တယ်၊မတွေ့ဘူး။
ကျမတို့မိသားစု၊စက်ရုံ၊အရောင်းဆိုင်အားလုံးငွေဝင်ငွေထွက်အားလုံးငွေစာရင်းဌာနကဘဲအဝင်အထွက်လုပ်လို့ရအောင်
ကျမစီမံထားတာ၊ဘယ်လိုမှဟာကွက်မရှိအောင်ပညာရှင်အကူအညီနဲ့လုပ်ထားတာ၊
ပြောရရင်ကျမအသုံးစရိတ်လိုရင်ငွေစာရင်းအဖွဲ့ကတဆင့်ထုတ်ရတယ်။
အမေ့အသုံးစရိတ်တွေထုတ်ထားတာတွေရှိလား
လူကိုယ်တိုင်ငွေစာရင်းအဖွဲ့ကိုမေးရပြီ၊အရင်လ၊ဟို့အရင်လ၊အခုလ
ဘာမှပိုထုတ်တာမရှိ၊သိန်းတစ်ထောင်ဆိုရင်ငွေမပေးခင်ကျမခွင့်ပြုချက်၊အဖေ့ခွင့်ပြုချက်တောင်းရမည်။
ဘယ်သူ့ဆီကငွေလဲ၊ အမေ့ကိုမေးရတော့မယ်။
မနက် ၅ နာရီလောက်ခြံထဲကခွေးသိမ်းတဲ့အသံကြားတယ်။
အိမ်ရှေ့မှာကားရပ်တဲ့အသံ၊ခြံတံခါးဖွင့်သံတွေနဲ့မရှေးမနှေင်းမှာဘဲကားထွက်သွားတဲ့အသံတွေ။
ဘယ်သူငယ်ချင်းကားနဲ့အမေလိုက်သွားလဲမသိဘူး
၆ နာရီလောက်ဆင်းလာပြီးကားဂိုဒေါင်ကိုကြည့်တာအမေ့ဟာရီယာလပ်ဆက်ရှိနေတယ်။
အဖေ့လန်ကိုမောင်းပြီးကန်တော်ကြီးအမေတို့ကစားတဲ့နေရာကိုထွက်လာခဲ့တယ်။
ထိုက်ကျိတေးသွားနဲ့အတူညီညီညာညာကစားနေကြပြီ။
မညီမညာနဲ့ကစားနေတာအမေတို့အဖွဲ့၊ဟိုတစ်ဖက်မှာအန်တီညိုနဲ့အန်တီဖြူတို့အတွဲတွေ
ဒီဖက်နားမှာအမေနဲ့လူတစ်ယောက်ကစားတာနဲနဲ၊စကားပြောလိုက်၊ရီမောလိုက်၊ပုခုံးထိလိုက်၊
ကျမအဝေးကကြည့်နေတယ်၊ကျမမှန်းမသိအောင်အားကစားဝတ်စုံ၊ကက်ဦးထုပ်နဲ့ပုံဖျက်ထားတယ်။
နောက်တော့ကျမကက်ဦးထုပ်ချွတ်ပြီး၊သူတို့နောက် ၁၅ပေလောက်မှာလက်ပိုက်ပြီးရပ်ကြည့်နေတယ်။
မသိဘူး၊ရီရီမောမောနဲ့ပျော်ရွှင်နေတဲ့အသံတွေကျမကြားနေရတယ်။
မျက်လုံးစိမ်းနဲ့သူတို့ကိုစိုက်ကြည့်နေတာဘယ်လောက်ကြာလဲမသိတော့ပါ။
ပထမဆုံးကျမကိုတွေ့တာအန်တီဖြူ၊နောက်အန်တီညို၊နောက်သူတို့အဖွဲ့တွေ၊အမေမသိသေးပါ
လက်ဟန်ခြေဟန်နဲ့အသိပေးနေတာကိုအမေမသိ။
နောက်သတိထားမိချိန်အနောက်လှည့်ကြည့်တော့ကျမကိုမြင်လိုက်တဲ့အချိန်သူတို့လူချင်းခွါလိုက်ကြတယ်။
ဘိုထီးနဲ့အမေကန်တော်ကြီးမှာထိုက်ကျိလာကစားနေကြတယ်။(ကောင်းကြသေးရဲ့လား)
အနောက်ဖက်ထိုင်ခုံတွေမှာသွားထိုင်နေလိုက်တယ်၊၊
မကြာခင်ထိုက်ကျိကစားတာပြီးသွာပြီ၊
အမေကျမဆီကိုလျှောက်လာပြီး
ပြန်ကြရအောင်
အမေကသမီးတို့အဖေ့စက်ရုံလိုက်သွားမယ်ထင်လို့မခေါ်ဖြစ်လိုက်တာ
အားနာပါးနာပြောတဲ့အသံ၊
သူတို့နဲ့လာကစားတာအဖေ့ကိုအမေပြောပြဘူးလား
ငါပြောပါတယ်၊ဖြူဖြူတို့နဲ့ကစားတယ်
ဘိုထီးနဲ့တူတူကစားတာရောပြောလား
ဘိုထီးကတခါတလေမှလာတာပါ။
ကျမအနောက်မှာထိုင်ပြီးဘေးလူတွေမေးကြည့်တာ
ဒီစုံတွဲပျက်ရက်မရှိဘူးတဲ့၊ ဟုတ်လား
ဝတ်စုံအားလုံးဆင်တူဝတ်ထားလို့လူမှားပြီးပြောတာဖြစ်မယ်၊
ကားပေါ်မှာစကားတစ်ခွန်းမှမပြောဖြစ်တော့ပါ၊ပြောစရာစကား၊ပြောချင်စိတ်လဲမရှိတော့ပါ။
အိမ်ပြန်ရောက်တာနဲ့ဘဏ်စာအုပ်နဲ့ဘဏ်ကဒ်ကိုစားပွဲပေါ်တင်ပြီး
ဒါဘယ်ကငွေတွေလဲ
အမေအံ့ဩတဲ့မျက်နှာနဲ့’’နင်ငါ့အခန်းထဲဘာကိစ္စနဲ့ဝင်မွှေနေရတာလဲ’’
ကျမအဖေအမေအခန်းဝင်လို့မရဘူးလား
အမေ့မှာဘာလျှို့ဝှက်စရာရှိလို့ပြာနေရတာလဲ
အခန်းထဲမှာအတွင်းပစ္စည်းတွေထား၊ထားတယ်
အခန်းမပိတ်ခဲ့ရင်အကူတွေကဝင်ပြီးတွေ့သွားရင်ပြောမရဘူးလေ
ကျမတို့အိမ်ကအကူတွေဆိုတာအမျိုးမကင်းတဲ့သူတွေဘဲ
အမေ့စိန်တွေမီးခံသေတ္တာထဲထည့်ထားတာ၊ဘယ်သူခိုးမှခိုးမရဘူး
သူခိုးသေးသေးတွေခိုးလို့မရဘူး
သူခိုးကြီးတွေကိုအမေလျှို့ဝှက်ဂဏန်းတွေပြောရင်တော့ခိုးသွားမယ်
သူခိုးကြီးတွေကိုအမေကိုယ်တိုင်လက်ထောက်ချမှလုပ်လို့ရမယ်၊သဘောပေါက်
ဘယ်ကငွေတွေလဲ
ဆရာကန်တော့ပွဲလုပ်ဖို့အပ်ထားတဲ့ငွေတွေ
ကန်တော့ပွဲဖြစ်မြောက်ရေးကော်မီတီကအပ်ထားတာလား
အေးပေါ့၊အမေ့ကိုယုံလို့အပ်ထားကြတာ
ဒါဆိုအမေငွေကိုင်လား၊ဘဏ္ဍာရေးမှူးလား
အဲ့လိုလဲမဟုတ်ပါဘူး၊လောလောဆယ်အကူညီတောင်းလို့အမေလက်ခံထားလိုက်တယ်
ဟုတ်လား၊ကော်မီတီကအပ်ထားတယ်လဲပြောတယ်
အကောင့်မှာနာမည်တစ်ယောက်ထဲ၊ကော်မီတီငွေစာရင်းဆိုတာအကောင့်ကို
တစ်ယော်ထဲဘယ်တော့မှမလုပ်ဘူး
အနဲဆုံးနှစ်ယောက်နာမည်နဲ့လုပ်ကြတယ်
ရပါတယ်၊ကျမကော်မီတီကိုသွားမေးမယ်၊ကျမသူငယ်ချင်းအဖေတွေရှိတယ်
ဟဲ့…ဟဲ…ဒီငွေကဗဟိုကော်မီတီနဲ့မဆိုင်ဘူး
ငါတို့အုပ်စုကငွေတွေ
အမေတို့အုပ်စုကငွေတွေ၊ဟုတ်လား
အန်တီဖြူတို့၊အန်တီညိုတို့သိန်းဘယ်နှစ်ရာထည့်ကြလဲ
ဟိုလကချေးထားတဲ့ဆယ်သိန်းပြန်ရပြီလား
ဘယ်သူတွေဘယ်လောက်ထည့်လို့ဒီလောက်များနေတာလဲ
ကျမရှင်းလင်းလင်းဘဲသိချင်တယ်၊ဒါဘယ်သူ့ငွေလဲ
ဘယ်သူ့ငွေလဲ၊ဒါဘဲသိချင်တယ်...ကျမအော်လိုက်မိပါတယ်။
အဲဒီခါကျမှ’’ဘိုထီးငွေတွေပါ”
ဘာဆိုင်လို့အမေ့ကိုလာပေးထားတာလဲ
ဆရာကန်တော့ပွဲမှာဆရာတွေကိုလှူမယ်
ဆရာတွေကျန်းမာရေးစောင့်ရှောက်ဖို့ရံပုံတွေထားမယ်
သူငယ်ချင်းတွေဆေးကုရင်လဲပေးမယ်
သူ့ဟာသူဘာလုပ်လုပ်၊အမေ့ကိုဘာလို့လာပေးထားတာလဲ
သူ့ဟာသူလုပ်လေ၊ကိုယ့်နဲ့ဘာဆိုင်လို့လဲ
သူရံပုံငွေမတည်ပေးထားတာပါ၊ထိမ်းသိမ်းဖို့အမေ့ကိုလာအပ်ထားတယ်
အမေမျက်နှာလွဲပြီးပြောနေတာ
“အမေ၊ကျမမျက်နှာသေသေချာချာကြည့်ပြီးပြောပါ”
ဒီကိစ္စလုံးဝရိုးသားမှုမရှိဘူး
ဘိုထီးလဲမရိုးသားဘူး၊အမေကိုယ်တိုင်လဲမရိုးသားဘူး
အမေ့ကိုသိန်းတစ်ထောင်နဲ့ဈေးဖြတ်လိုက်ပြီလား
အမေ၊ကျမမျက်လုံးကိုတည့်တည့်ကြည့်ပါ
ကျမကိုမွေးထားတဲ့အမေ၊သန်းပေါင်းကုဋေနဲ့ချီပြီးလာပေးလဲ၊နဲနေသေးတယ်
ကျမအမေ၊ကျမတို့မိသားစုအတွက်တန်ဘိုးဖြတ်လို့ကိုမရဘူး
စောက်ခွေးသူခိုးကများရာရာစစငါ့အမေကိုသိန်းတစ်ထောင်နဲ့ဈေးလာဖြတ်တယ်။
မင်းဟာမင်းမော်ဒယ်တွေငွေပေးပြီးဆော်ချင်ဆော်၊
မင်းသားတွေကိုငွေပေးပြီးဖင်ခံချင်ခံ၊ငါတို့အလုပ်မဟုတ်ဘူး
“နင်တို့တွေတစ်လေသံထဲဘဲ”
“သူများချမ်းသာတာကိုမရှုစိမ့်ကြဘူး”
“ကျမတို့မနာလိုဖြစ်နေတယ်ဟုတ်လား”
“သူနဲ့ကျမတို့အဆက်အစပ်ရှိလို့လား”
ပြီးခဲ့တဲ့အနှစ်သုံးဆယ်လောက်ထဲကမိသားစုစကားဝိုင်းမှာဘိုထီးအကြောင်းပြောခဲ့ဘူးလား
သူ့လိုလူကျမတို့ခေါင်းထဲမှာလဲမရှိခဲ့ဘူး၊ပြီးခဲ့တဲ့နှစ်အထိအမေ့ခေါင်းထဲမှာမရှိတာကျမအသိဘဲ
ဒီဆရာကန်တော့ပွဲခေါင်းစဉ်နဲ့တွဲပြီးဒီချီးထုပ်ကျမတို့အိမ်ပေါ်ရောက်လာတာ
ကျမတို့ဘဝမှာဒီဘိုထီးဆိုတဲ့အခြောက်၊ကိုဆွဲသွင်းလာတာအမေဘဲ
ဒီချီးထုပ်ကိုသယ်လာတာအမေကိုယ်တိုင်ဘဲ
“ပြောလေကဲလေဘဲ”
အမေကိုဖြူဖြူ၊ညိုညိုတို့အဖွဲတွေလမ်းလွဲကိုပို့နေတာအမေသိရဲ့လား
အမေကိုယ်တိုင်ကျမတို့မိသားစုနဲ့ခွဲဖို့စဉ်းစားနေလား
ခေတ်ပျက်သူဌေးကိုအားကျနေတာလား
ငယ်ငယ်တုန်းကရီးစားဦးဆိုပြီးပြန်ပြီးသာယာနေတာလား
အာ့ဆိုဘာလို့အဖေ့ကိုယူလဲ
ဘာလို့ကျမတို့မောင်နှမကိုမွေးနေသေးလဲ
“နင့်ပါးစပ်ပိတ်စမ်း”
ကျမပြောသင့်ပြောထိုက်တာကိုပြောနေတာ၊မှန်နေလို့အမေနာနေတာ
ကဲ...ပြောချင်အုန်း၊
” ဖြန်း”ကနဲပါးတစ်ခြမ်းပူထွက်သွားပါတယ်။
ငါနင့်အမေ,နင့်ထက်ပိုနားလည်တယ်
ရိုက်ပါအမေ၊အမေရိုက်တာကျမကျေကျေနပ်နပ်ခံပါတယ်
အဖေ့ကိုမသနားဘူးလား
ဒီမိသားစုဒီဘဝရောက်အောင်အဖေနဲ့အမေဘဲကျိုးစားခဲ့တာ
ဒီအခြေအနေရောက်မှအမေဘာတွေဖြစ်နေတာလဲ
ကျမတို့ဘဝ၊ဘာမှမလိုတော့ဘူး
တိုင်းပြည်ပိုက်ဆံခိုးတဲ့သူခိုးကိုများအထင်ကြီးနေတယ်
အမေနဲ့ဘိုထီးတွေ့တာတွေ၊အမေနဲ့စကားများတာတွေ၊ပါးရိုက်တာတွေ၊
ဘဏ်စာအုပ်တွေအားလုံးအားလုံးအဖေသိသင့်တယ်။
ဖြစ်ပျက်သမျှအားလုံးအဖေ့ကိုပြောပြလိုက်တယ်။
ဘိုထီးနဲ့ဒီလိုဘဲဆက်ဖြစ်နေရင်အဖေဘာဆက်လုပ်မလဲ
ကျနော့်သမီးကျနော့်မပြန်ခင်ဖုံးဆက်ပြီးပြောပြတာတွေ၊
သူငယ်ချင်းတွေကလဲပြောကြတယ်၊
ဘိုထီးနဲ့ကိစ္စအပျက်အပျက်နဲ့နှာခေါင်းသွေးမထွက်စေနဲ့တဲ့
မင်းတို့လင်မယားသွေးအေးသွားကြပြီလားလို့သူငယ်ချင်းတွေမေးကြတယ်၊
ဒီလိုအသံတွေနောက်မှာဖြစ်တတ်တဲ့သဘောကိုမေးကြတာပါ
ကျနော်နဲ့”မေ” သွေးမအေးသေးပါ၊
ကြုံတုန်းဒုတိယနှစ်ရေထွက်အဖွဲ့လိုက်သာဓုကန်ပျော်ပွဲစားထွက်တုန်းကအဖြစ်လေးပြောချင်လို့ပါ
ဒန်ပေါက်စားပြီးတော့ရာသီဥတုကလဲပူ
ရွာနားကစမ်းချောင်းလေးဆီသွားကြပါတယ်၊
ရေစိမ်ချင်လို့ပါ၊ဒါပေမဲ့ဘယ်သူမှဝတ်စုံအပိုမပါကြ။
ဒီတော့ယောကျာ်းလေးတွေထုံးစံအတိုင်းဂျပန်တွေရေချိုးသလိုမျိုး
ကိုယ်တီးလုံးနဲ့၊ရေချိုးပြီးသွားတာနဲ့ကျနော့်နာမည်ပြောင်းသွားပါတယ်”စိုင်းတုတ်ကြီး”
“မေ’’နဲ့ကျနော်ငယ်ငယ်တုန်းကလိုနွေးနွေးထွေးထွေးဖြစ်နေဆဲ
ကျနော့်မှာယောကျာ်းအတွင်းအားအပြည့်ရှိနေဆဲပါ
မေ့သူငယ်ချင်းတွေနဲ့ဘိုထီးဟိုတယ်သွားကြတယ်၊သီချင်းတွေဆိုကြတယ်
ဘိုထီးသူ့ဟိုတယ်ကိုသူငယ်ချင်းတွေအတွက်ဖရီးဖွင့်ထားပေးတယ်
ဒီအတိုင်း’’မေ့’’ကိုလွတ်ထားလို့မဖြစ်တော့ပါ၊ကျနော်လိုက်ပါစောင့်ရှောက်ရတော့မည်။
ဘိုထီးဟိုတယ်ကိုကျနော်ကိုယ်တိုင်လိုက်ပို့ပေးတယ်
သူငယ်ချင်းတော်တော်များများစုရပ်ဖြစ်နေတဲ့ဘိုထီးဟိုတယ်။
အကျွေးအမွေးအလျှံပယ်ဆိုတော့ဖရီးလာကြိတ်နေကြတာ၊
သတိထားမိသလောက်ကျနော်’’မေ့’’ကိုလိုက်ပို့တဲ့နေ့တွေမှာဘိုထီး
ကိစ္စရှိလို့ဆိုပြီးအပြင်ထွက်သွားလေ့ရှိတယ်။
ကျနော်မပါတဲ့နေ့ကျရင်တစ်နေကုန်’’မေ’’တို့အဖွဲ့နဲ့အတူရှိနေတယ်
သူငယ်ချင်းပြောပြတာ
ဒီအသက်ရွယ်၊ကျနော်တို့အရွယ်စိတ်ကစားတဲ့အရွယ်လဲမဟုတ်တော့ပါ။
ကျနော့်စိတ်ထင်တာလဲဖြစ်နိုင်တယ်၊၊
တစ်ရက်လှိုင်တက္ကသိုလ်ဆရာကန်တော့ပွဲအတွက်ဆွေးနွေးရန်ကျနော့်ကိုဖိတ်ပါတယ်။
ကျနော်နဲ့’’မေ’’နှစ်ယောက်လုံးသွားကြတယ်။
သူငယ်ချင်းတွေနဲ့ဆုံချင်တယ်။
အစည်းအဝေးခန်းမထဲမှာလူတွေလျှံထွက်နေတယ်၊၊ကျနော်တို့ရွယ်တူတွေအပြင်၊
ကျနော့်သမီးသူငယ်ချင်းတွေကိုလဲတွေ့တယ်။
ကျနော့်သမီးလဲလှိုင်တက္ကသိုလ်မှာဒုတိယနှစ်ထိတက်ခဲ့ဘူးတယ်။
ဆရာကန်တော့ပွဲခေါင်းစဉ်နဲနဲလွဲနေပြီ၊
ဒီခေါင်းစဉ်အောက်မှာဆိုရင်ကျနော်တို့အရွယ်တွေနဲ့သမီးသူငယ်ချင်းတွေအတူတူထိုင်ကန်တော့ရတော့မယ်။
ဒါပေမဲ့သမီးတို့ကိုသင်ခဲ့တဲ့ဆရာတွေဆိုတာကျနော်တို့ထက်အသက်ငယ်နေတယ်။
ကျနော်တို့ဆရာတွေမဟုတ်ခဲ့ပါ၊၊
လွဲနေပြီ၊
ကျနော်ဖြစ်ချင်တာက’’အာစီတူးဆရာကန်တော့ပွဲ’’သီးသန့်လုပ်စေချင်တယ်။
ကျနော်တို့ဒေသကောလိပ်ဆိုတာစာသင်နှစ်ခြောက်နှစ်ဘဲရှိခဲ့တယ်။
ဒေသကောလိပ်ပညာရေးစနစ်ပြီးတော့ရန်ကုန်တက္ကသိုလ်လှိုင်နယ်မြေဆိုတဲ့ဆိုင်းဘုတ်ပြောင်းသွားပါတယ်။
ရန်ကုန်တက္ကသိုလ်၏တိုက်ရိုက်အုပ်ချုပ်မှုအောက်ရောက်သွားပါတယ်
ကျနော်တို့ထက်စီနီယာကျောင်းသားဖြစ်တဲ့ကိုဆန်နီတက်ရောက်ဆွေးနွေးပါတယ်။
ဒေသကောလိပ်နဲ့ရန်ကုန်တက္ကသိုလ်လှိုင်နယ်မြေကိုမရောသင့်ကြောင်းဆွေးနွေးပါတယ်။
တစ်ယောက်စီတက်ပြောကြပါတယ်။တက္ကသိုလ်တစ်ခုထဲမှာစာသင်ခဲ့လို့အတူတူလုပ်သင့်တယ်လို့လဲ
ပြောသူကပြော၊ဆူညံပြီးစိတ်ရှုပ်စရာကောင်းလာပါတယ်။
ဘေးကသူငယ်ချင်းတစ်ယောက်လဲကရင်ပြည်နယ်ဒေသကောလိပ်အကြောင်းပြောပြပါတယ်။
ဘားအံဒေသကောလိပ်နဲ့ဘားအံတက္ကသိုလ်ဆိုပြီးကန်တော့ပွဲလုပ်ကြတာ၊
ဒေသကောလိပ်ကျောင်းသားဟောင်းတွေလာတော့ဘယ်ဆရာမှကိုမသိလို့ထပြန်ခဲ့တဲ့အကြောင်း
အဲ့ချိန်မှာဘိုထီးတက်လာပါတယ်
“ကျနော်လဲလှိုင်နယ်မြေမှာတက်ခဲ့တဲ့ကျောင်းသားဟောင်းတစ်ယောက်ပါ
စိုက်ပျိုးရေးတက္ကသိုလ်မှာလဲဆရာဖြစ်ခဲ့ပါတယ်
ဆရာတွေရဲ့ကိုယ်စားပြောရရင်ကျောင်းသားများများရဲ့ကန်တော့တာကိုခံချင်ပါတယ်’’
တောက်တောက်ပြောင်ပြောင်ဝတ်စားထားပြီးလူတွေအထင်ကြီးအောင်စတန့်ထွင်တာလားမသိ၊
ပြောတဲ့စကားဘာမှန်းမသိ။
ဘိုထီးတက်စကားပြောတုန်းနောက်ဖက်တဖွဲ့”ချောတကီး၊ချောတကောက်”ထအော်ကြတယ်။
“မေ”ကျနော်လက်ဆွဲပြီး”သူတို့ဘာအော်တာလဲ”
အခြောက်တွေပြောတဲ့စကားကိုအော်တာ
ဘိုထီးကိုအခြောက်လို့သိထားတယ်ထင်တယ်
ဟုတ်မှာပေါ့
ဒီလိုနဲ့ဘဲရန်ကုန်တက္ကသိုလ်လှိုင်နယ်မြေဆရာကန်တော့ပွဲရက်ရောက်လာပါပြီ
ကျနော့်ရှေ့မြင်တွေ့သမျှလူတွေထဲမှာဘိုထီးအလုပ်အရှုပ်ဆုံး၊နေရာတကာသူပါနေတယ်။
တိုက်ပုံအဖြူ၊ပိုးလုံချည်တရွှမ်းရွှမ်းနဲ့ပုဆိုးကျွတ်ကျမှာစိုးရိမ်မိသေးရဲ့၊
စိတ်ချမ်းသာသလိုလုပ်ပါဘိုထီးရေ၊မင်းရဲ့ပွဲလို့တောင်ထင်မိတယ်။
ညစာစားပွဲမှာသီချင်းဆိုကြသေးတယ်။
ကျနော်တို့တော့မဆိုဖြစ်ပါ
ဘိုထီးတစ်ယောက်ထဲသုံးပုဒ်ဆိုတယ်။
“ကြာပြီဆိုတော့မေ့လောက်ပါပြီ၊စိတ်မှာထင်ခဲ့တယ်၊
အချစ်ဦးမို့ယနေ့ထက်ထိတိုင်၊ကိုယ်မမေ့နိုင်သေးတယ်”
ထီးဆိုင်ရဲ့ငယ်ချစ်ဦးသီချင်းကိုဖီးလ်အပြည့်နဲ့ဆိုသွားပါတယ်။
ကျနော့်စိတ်ထဲမှာဒီကောင်”မေ့”ကိုမမေ့နိုင်သေးဘူးလို့ထင်ပါတယ်။
ဒီကောင်ဆိုနေတုန်းနောက်ဖက်ကအခြောက်ဘန်းစကားတွေနဲ့ထအော်ပြန်ပါတယ်။
“မေ”ကျနော့်ကိုမေးတယ်၊ဘာပြောကြတာလဲ
အကိုလဲသိပ်နားမလည်ဘူး၊အခြောက်စကားတွေ
ဒီလိုနဲ့ဘဲငြင်းကြခုန်ကြ၊ပြောကြဆိုကြနဲ့ဘဲဆရာကန်တော့ပွဲပြီးသွားပါပြီ
ပွဲပြီးမီးသေဆိုတာလူတွေသဘော၊
မီးမသေသေးတာက’’မေ’’တို့အဖွဲ့၊တစ်ခုစိတ်ချမ်းသာတာကဘိုထီးဟိုတယ်ဆီမသွားကြတော့ပါ၊၊
အိမ်မှာစုရပ်ပြန်ဖြစ်နေပြန်ပြီ၊၊
တိုးတိုး၊တိုးတိုးနဲ့ခရီးထွက်ကြဖို့တိုင်ပင်နေကြတယ်၊၊မော်လဒိုက်သွားလည်ကြမယ်။
သုံးညအိပ်မယ်။’’မေ’’ကသမီးဆီဆက်သွားမယ်။
သူ့သူငယ်ချင်းတွေကဘန်ကောက်ပြန်ပြီးရှော့ပင်းထွက်ကြမယ်။
အမေနဲ့သမီးပြန်တည့်သွားကြပြီ။
အမေကလဲနောက်ဆိုအနေအထိုင်ဆင်ခြင်မယ်၊၊အခုအဖေကိုယ်တိုင်ဘေးမှာရှိနေတော့သမီးလဲစိတ်အေးသွားပြီ။
သမီးကသူ့အမေကိုမှာနေတယ်။အမေနောက်ဆိုဒီလူကြီးနဲ့အတတ်နိုင်ဆုံးရှောင်ပါ။
ခရီးသွားမည့်ကိစ္စအားလုံးသမီးအွန်လိုင်းကစီစဉ်ပေးတယ်။
လေယာဉ်လက်မှတ်၊ဟိုတယ်ဘွတ်ကင်း၊လေဆိပ်အပို့အကြိုအားလုံး၊
“မေ”အပါအဝင်အားလုံးအမျိုးသမီးခြောက်ယောက်။
ဒီနေ့သွားကြပြီဘန်ကောက်မှာလေယာဉ်ပြောင်းစီးပြီးမော်လဒိုက်သို့။
သမီးစင်ဒီ
အမေတို့ရောက်ချိန်မော်လဒိုက်ကတည်းနေတဲ့ဟိုတယ်ကိုဖုံးဆက်ကြည့်တယ်၊
အဆင်ပြေမပြေသိချင်လို့ပါ၊အားလုံးအဆင်ချောတယ်။
အမေနဲ့စလုံးမပြန်ခင်ကထဲကအဆင်ပြေသွားကြပြီ။
အမေဒီလူကြီးနဲ့ဝေးဝေးနေပေးပါလို့ဂတိတောင်းခဲ့တယ်။
ငါ့မှာငါ့မိသားစုနဲ့ငါ၊ဒီလိုလူနဲ့ပတ်သက်စရာလား
စိတ်ချပါ၊ငါ့နင့်အမေ
ညဖက်အမေ့ဆီကိုဖုံးထပ်ဆက်သေးတယ်
အမေကအန်တီညိုနဲ့တစ်ခန်းအိပ်ကြတယ်။
အန်တီညိုနဲ့လဲစကားတွေပြောဖြစ်ပါတယ်။
သူတို့အတွင်းစိတ်ကိုကျမသိပြီးသား၊ဒါပေမဲ့သိသာသိစေ၊မမြင်စေနဲ့
ကြားရက်တွေမှာဖုံးမဆက်ဖြစ်တော့ပါ၊ကျောင်းသွားစာတမ်းပြုစုဖို့စာကြည့်တိုက်ဝင်။
ဒီနေ့အမေ့ကိုလေယာဉ်ကွင်းသွားကြိုရမယ်။
မသွားခင်အီးလ်မေးစာတွေစစ်လိုက်မယ်၊မနေ့ကလဲမစစ်ဖြစ်ခဲ့ပါ။
သူငယ်ချင်းတွေဆီကစာတွေဘာမှထူးထူးထွေထွေမရှိပါ၊သတိရတယ်၊လာလည်အုန်း
လာနေကျစာမဟုတ်တဲ့စာတစ်စောင်တွေ့တယ်။
ဖိုင်တွဲထားတယ်။ဗိုင်းရပ်ကာကွယ်ထားလို့သူ့ဖိုင်မှာဗိုင်းရပ်မရှိ။
ဖွင့်ကြည့်လိုက်ပါတယ်။
ဓါတ်ပုံဖိုင်တွေ၊မြင်လိုက်တာနဲ့မျက်လုံးတွေပြာဝေသွားပါတယ်။
ဒေါသတွေတလိမ့်လိမ့်တက်လာပါတယ်။
အမေနဲ့ဘိုထီးနှစ်ယောက်တွဲပြီးရေပြင်မှာရော၊ကမ်းစပ်တွေမှာရိုက်ထားတဲ့ပုံတွေ၊
ဒီလောက်ပြောထားတဲ့ကြားကအပြင်ထွက်ပြီးကမြင်းနေကြတာ၊
အမေ,,,အမေ့ကိုကျမဘယ်လိုနားလည်ရမလဲ
အဖေသိရင်ဘယ်လောက်ရင်ကွဲမလဲ
ဘာဆက်လုပ်ရမလဲ
အမေဒီပုံစံဆက်သွားနေရင်အဖေ့ကိုကွာရှင်းခိုင်းရတော့မယ်
ဂတိမတည်တဲ့အမေကိုဘယ်လိုယုံကြည်ရမလဲ
အခုတွေ့ရင်လဲဘာလိမ်ဆင်တွေပြောမလဲ
ဓါတ်ပုံတွေကိုအဖေ့ဆီပို့လိုက်တယ်
အဖေ့ကိုဖုံးဆက်တယ်”အဖေဘာဆက်လုပ်မလဲ”
‘’သမီးဒီနေ့အမေ့ကိုခေါ်ပြီးပြန်လာခဲ့မယ်’’
မောင်လေးကိုနိုးပြီးပတ်စပို့တွေပါယူပြီးလေယာဉ်ကွင်းဆင်းခဲ့ပါတယ်။
မောင်လေး၊အိပ်ချင်မူးတူး၊ယောင်တောင်ပေါင်တောင်နဲ့ချန်ဂီလေယာဉ်ကွင်းကိုလိုက်ခဲ့တယ်၊
တွေ့ပါပြီနှစ်ယောက်သားစကားတပြောပြောနဲ့အိတ်တွန်းပြီးအပေါက်ဝဆီကို
ကျမတို့မောင်နှမကိုမြင်တော့ဘိုထီးနဲနဲခွါနေလိုက်တယ်။
အမေကဝမ်းသားအားရနဲ့ကျမတို့ဆီအပြေးလာနေတယ်။
အမေ့ကိုကြည့်တော့လဲဘာမှခံစားရတဲ့ပုံမပေါ်။
ဆိုလိုတာကနောက်ကွယ်မှာမဟုတ်တာလုပ်ရင်မျက်နှာမှာမလုံမလဲအမူအရာပေါ်နေရမယ်။
အမေသရုပ်ဆောင်တော်လိုက်တာ၊မောင်လေးကိုပြေးပွေ့တယ်၊ကျမကိုပုခုန်းလာဖက်တယ်။
လေယာဉ်ကွင်းမှာဘိုထီးနဲ့တွေ့တယ်၊လေယာဉ်ကအတူတူဘဲ။အမေအေးအေးဆေးဆေးဘဲပြောနေတယ်။
ကျမရင်ထဲမှာဘလောင်ဆူနေပြီ။ဒေါသတွေဒေါသတွေ၊စိတ်တော်တော်ထိန်းနေရတယ်။
ဘိုထီးကျမတို့ကိုနှုတ်ဆက်ပြီးအပြင်ထွက်သွားပါပြီ။
အမေ့အိတ်ကိုတွန်းပြီးလေဆိပ်ထဲပြန်ဝင်တော့အမေနားမလည်စွာနဲ့
ဟဲ့..ငါအခုဘဲထွက်ခဲ့တာလေ
ဘာလုပ်မလို့လဲ
ရန်ကုန်ပြန်မလို့
ဘာကိစ္စပေါ်လာလို့လဲ
အဖေသွေးနဲနဲတိုးနေလို့၊အိမ်ပြန်မယ်
ဒီမနက်ဘဲနင့်အဖေနဲ့စကားအကြာကြီးပြောသေးတယ်
ဘာမှလဲမပြောပါလား
အခုဖြစ်နေလို့
အမေနားမလည်စွာနဲ့ကျမတို့နောက်လိုက်လာပါတယ်။
ကျမတို့အတွက်လေယာဉ်လက်မှတ်ဝယ်တယ်၊အမေ့လက်မှတ်အပြန်ရက်ပြောင်းလို့ငွေထပ်ပေးပြီး၊
ဂိတ်ပေါက်ဆီလာခဲ့တယ်။
သမီးနင်ဘာဖြစ်နေလဲ,,အမေ့ကိုရှင်းပြပါအုန်း
အမေ့အသံကြားမှဒေါသတွေထပ်ထွက်လာတယ်။
ကျမဒေါသတွေကမျက်ရည်အဖြစ်ပြောင်းသွားတယ်။
စိတ်ထိမ်းနေတဲ့ကြားထဲကမျက်ရည်သွန်ပြီးကျလာတာ
အဖေ့ကိုစိတ်မပူပါနဲ့၊အိမ်မှာရှိတဲ့လူတွေကြည့်ကြမှာပါ
ပြောပြီးနှစ်သိမ့်တဲ့အနေနဲ့ကျမပုခုံးကိုလာဖက်ပါတယ်။
လေယာဉ်ကွင်းထဲမှာမို့လို့၊မြန်မာပြည်ကလူတွေအရှေ့မှာဖြစ်နေလို့၊
နို့မို့ဆိုအမေ့လက်ကိုပုတ်ထုတ်မိမှာ
အမေ့ကိုအရမ်းမုန်းတယ်
နောက်မီးလင်းတဲ့မိန်းမ၊
ပတ်ဝန်းကျင်သိရင်ဘယ်လောက်ရှက်စရာကောင်းလဲ
ဒီလောက်ပြောထားတဲ့ကြားကအပြင်မှာလာဖေါက်ပြန်နေကြတယ်
ငရဲကြီးချင်ကြီးပစေ”အမေ့ကိုသတ်ပြစ်ချင်တယ်”
လေယာဉ်ပေါ်မှာလဲကျမမျက်ရည်တွေထိမ်းမရဘူး၊သွန်ချနေသလိုဘဲ
ဝမ်းနည်းတာလား၊နှမျောနေတာလား၊
မောင်လေးရော၊အမေပါကျမကိုကြည့်ပြီးနားမလည်
မောင်လေးကျမကိုမေးတယ်
“အဖေလေဖြတ်သွားတာလား”
“ဘယ်ဆေးရုံတက်နေလဲ”
ကျမငိုနေရင်းခေါင်းဘဲခါပြလိုက်တယ်။
သားငယ်နားမလည်စွာနဲ့ကျမကိုငေးကြည့်နေတယ်။
အိမ်ရောက်တော့ဧည့်ခန်းမှာအဖေထိုင်နေတာကြည့်ပြီးသားငယ်ပြေးဖက်တယ်
“အဖေနေကောင်းလား”
အဖေကအမေ့ကိုစိုက်ကြည့်နေတယ်၊၊အမေကအဖေ့ဆီသွားရင်း
“အကို၊ဘာဖြစ်သွားတာလဲ”
“ငါဘာမှမဖြစ်ဘူး၊ဖြစ်တာကနင်”
ကျမဓါတ်ပုံတစ်ထပ်ကိုစားပွဲပေါ်ပစ်ချပြီး”အမေဒီကိစ္စကိုရှင်း”
အမေဓါတ်ပုံယူကြည့်ပြီး”မဖြစ်နိုင်ဘူး”
“ငါဘိုထီးနဲ့လေယာဉ်ပေါ်မှာဘဲဆုံခဲ့တာ၊လုံးဝမဖြစ်ခဲ့ဘူး”
ငါနဲ့အတူအညိုနဲ့မဖြူအမြဲရှိနေတယ်
သူတို့ကိုမေးလို့ရတယ်၊ နောက်ရက်သူတို့ပြန်ရောက်မယ်
အမေလိမ်နေတယ်၊အမေဘိုထီးနဲ့စိတ်မကုန်သေးဘူး
အမေတို့ဆက်ဆံပုံတွေကိုကျမမျက်စိနဲ့မြင်နေတယ်
အညိုတို့ပြန်လာရင်မေးလို့ရတယ်၊
ငါ့ဖက်ကစိတ်ရှင်းတယ်၊ငါဘိုထီးနဲ့ဘာမှမဖြစ်ဘူး
ဒီဓါတ်ပုံတွေဟာငါ့ကိုသိက္ခာချချင်လို့ပိုတိုရှော့နဲ့လုပ်ထားတဲ့ပုံတွေဖြစ်ရမယ်
သဲပြင်ပေါ်မှာယိုင်နေတဲ့အမေ့ကိုဘိုထီးကပုခုံးကိုင်ထားတဲ့ပုံကိုအမေကိုင်ပြီး
ငါသဲသောင်မှာတစ်ယောက်ထဲလမ်းလျှောက်နေတုန်းဘိုထီးနဲ့ဆုံပြီးလမ်းဆက်လျှောက်နေတဲ့ပုံ
ဓါတ်ပုံထဲကလိုရေကူးဝတ်စုံနဲ့မဟုတ်ဘူး၊အင်္ကျီလက်ရှည်၊ထမီနဲ့ဘိုထီးလဲရေကူးဘောင်းဘီနဲ့မဟုတ်ဘူး
ဒါလုပ်ကြံထားတဲ့ဓါတ်ပုံတွေ
ဟော,,,ပြောရင်းနဲ့ဇာတ်လမ်းတွေပေါ်လာပြီ
ဆက်ပြောရင်အခန်းထဲကဟာတွေပါလာတော့မယ်
နင့်ပါးစပ်ပိတ်ထားစမ်း
ငါဘိုထီးနဲ့ဘာမှမဖြစ်ဘူး၊စိတ်လဲမဝင်စားဘူး
ငါ့မှာမိသားစုရှိတယ်
သူ့လိုလူကိုစိတ်ဝင်စားစရာလား
ဒါကအမေအသိဆုံးလေ
ဒီဓါတ်ပုံတွေဟာလုပ်ကြံထားတဲ့ပုံတွေ၊
ငါတို့ရေကူးကြတာလဲအားလုံးအတူတူစုပြီးကူးကြတာ
ပုံတွေထဲကလိုဘိုထီးနဲ့ငါနှစ်ယောက်ထဲမရှိခဲ့ဘူး
ဘိုထီးတစ်ခါမှမပါဘူး
နင်တို့ငါ့ကိုယုံပါလို့မပြောတော့ဘူး
ငါ့လိပ်ပြာငါလုံတယ်
”မေ”ပြောပြီးအပေါ်ထပ်တက်သွားပါပြီ
ဓါတ်ပုံတွေတစ်ပုံချင်းယူကြည့်မိတယ်။
ကင်မရာကောင်းလို့လားမသိ“မေ့”အလှတွေတောက်ပဆဲ၊နုပျိုနေဆဲ
ကြည့်လို့မဝနိုင်၊ဟိုခွေးမသားမပါရင်”မေ”ဓါတ်ပုံတွေကိုအကြီးချဲ့ပြီး
ကျနော့်ရုံးခန်း၊အိပ်ခန်းတွေမှာချိတ်ထားလိုက်ချင်တယ်။
ဓါတ်ပုံတွေကိုကြည့်ရင်းအမှန်တကယ်မဖြစ်ပါစေနဲ့လို့ဆုတောင်းမိတယ်။
“မေ့”ပါးပြင်ကိုကျနော်နမ်းမဝသေးပါ။
အကယ်၍များအမှန်ဖြစ်ခဲ့ရင်ကျနော်ဘာဆက်လုပ်မလဲ
နှလုံးသားနဲ့ဥနှောက်ယှဉ်ပြီးရွှေးရတော့မယ်
သမီးစင်ဒီကသူ့အမေကိုမယုံကြည်တဲ့ဖက်ကရှိနေတယ်။
ရွှေးချယ်စရာမရှိတော့ပါ
“ကွာရှင်းပြတ်စဲခြင်း”
ဒီလိုဖြစ်ခဲ့ရင်ကျနော့်စိတ်ထဲမှာချက်ချင်းအမေ့ကိုသတိရသွားပါတယ်။
ကျနော်တို့မိသားစုတစ်နှစ်တစ်ခေါက်အိမ်ပြန်ဖြစ်တယ်။
ပြန်မဲ့ရက်တွေမှာမိဘတွေကိုကန်တော့ပြီးမှလေယာဉ်ကွင်းဆင်းလေ့ရှိတယ်။
တိုင်းရင်းသားဖြစ်တဲ့အမေ၊မြန်မာစကားသိပ်မပြောတတ်ပါ။
ရှမ်းစကားနဲ့ဆုတွေအများကြီးပေးပြီးမြန်မာလိုအမြဲတမ်းပေးတဲ့ဆုတစ်ခုဘဲရှိတယ်။
“ဒီလင်ဒီမယားသေတပန်သက်တဆုံးပေါင်းရပါစေ”ဒီဆုကိုအမြဲပေးလေ့ရှိတယ်၊၊
ကျနော်တို့ကလဲ”ပေးတဲ့ဆုနဲ့ပြည့်ပါစေ”လို့အမြဲပြန်ပြောလေ့ရှိတယ်။
ဟိုရက်တွေတုန်းကလဲအမေ့ဆီကဖုံးတွေရတယ်။
“မေ့”ကိုအမြဲမေးလေ့ရှိတယ်။”မေ”ခရီးသွားနေတာနဲ့မပြောဖြစ်ကြပါ။
အမေ့မေတ္တာဟာသားဆိုးဖြစ်ခဲ့ဘူးတဲ့ကျနော့်အပေါ်ထားတဲ့မေတ္တာထုထက်”မေ့”အပေါ်ထားတဲ့မေတ္တာကပိုကြီးမယ်
လို့ထင်ပါတယ်။ဒီလိုပြဿနာမျိုးဖြစ်ခဲ့ရင်ကျနော်အမေ့ကိုဘယ်လိုရှင်းပြရမလဲ။
အမေပေးခဲ့တဲ့ဆုမပြည့်ခဲ့လို့အမေဘယ်လိုခံစားနေရှာမလဲ
တွေးရင်းနဲ့မျက်ရည်ကျမိတယ်။
“မေ”အကို့ကိုအမှန်အတိုင်းပြောနော်
မင်းတစ်ကယ်ဘဲဘိုထီးနဲ့ဖြစ်ခဲ့လား
ငါဘယ်နှစ်ခါထပ်ပြောရမလဲ
ဘာမှမဖြစ်ခဲ့ဘူး၊ဘာမှလဲဖြစ်စရာမရှိဘူး
ငါ့မိသားစုကလွဲရင်ဘယ်သူ့ကိုမှစိတ်မဝင်စားဘူး
ဒီဓါတ်ပုံတွေဟာဒီကောင့်လက်ချက်ဘဲဖြစ်မယ်
စောက်ကျင့်မကောင်းတဲ့ကောင်၊တွေ့မယ်
ငါဒီထက်ပိုပြီးမရှင်းတော့ဘူး၊ဘိုထီးနဲ့ငါဘာမှမဖြစ်ဘူး
မင်းငါ့ကိုစိတ်မသန့်ရင်၊ငါအောက်ထပ်အခန်းမှာဘဲအိပ်တော့မယ်
အောက်ထပ်ဧည့်သည်လာရင်ထားသောအခန်းဆီကိုဆင်းသွားပါတယ်။
နောက်နှစ်ရက်လောက်မှာမဖြူ၊အညိုတို့အိမ်လာပြီးကျနော်တို့ကိုလာရှင်းပြပါတယ်။
ဘိုထီးနဲ့ဟိုတယ်တစ်ခုထဲမှာတည်းဖြစ်ပေမဲ့ကိုယ့်အုပ်စုနဲ့ကိုယ်နေတာတွေ၊
ရေကူးတာတွေလဲအတူတူ၊စားတာတွေလဲအတူတူ၊
ဒီဟိုတယ်မှာဘိုထီးတည်းနေတာလဲမသိခဲ့ပါ။
ဟိုတယ်ဘွတ်ကင်လုပ်ပေးတာကအပြင်လူမဟုတ်၊သမီးစင်ဒီလုပ်ပေးတာ။
ဘိုထီးနဲ့တစ်ခါမျှမဆုံခဲ့တာတွေ၊လေယာဉ်ကွင်းရောက်မှတွေ့ကြတာတွေပြောပြပါတယ်။
ကျနော်ကသူတို့စကားတွေကိုယုံတယ်။စိတ်ထဲမှာဘဲထားတယ်။မယုံကြည်တာကသမီး
သူတို့အဖွဲ့သူ့အမေကိုဂျောက်ချဘို့အမြဲကြံစည်နေတယ်လို့ယုံထားတယ်။
နေ့လည်တွေမှာ”မေ”တစ်ယောက်ထဲအိမ်မှာကျန်ရစ်ခဲ့တယ်။ဆိုင်တွေကိုလဲမသွားတာမတွေ့။
တစ်ရက်သူ့သူငယ်ချင်းတွေအိမ်လာလည်ကြတယ်။
စက်ရုံစီစီတီဗီကနေသမီးအိမ်ကိုလှန်းကြည့်နေတယ်။အတူတူခရီးသွားခဲ့ကြတာတွေပြန်ပြောနေကြတယ်။
“မေ့”မျက်နှာကြည်လင်ရွှင်ပြနေတယ်။
သူတို့ပြန်သွားကြတော့သမီးကစီစီတီဗီပြန်ဖွင့်တယ်၊အသံတွေပါနားထောင်ချင်လို့၊
နင်တို့တွေကိုသတိရလိုက်တာ၊ဒီမှာစောက်ပြဿနာတွေတက်နေတယ်၊
အမေကဓါတ်ပုံထုတ်ပြတယ်။
မဖြစ်နိုင်ဘူး၊ငါတို့အားလုံးအမြဲတမ်းအတူတူသွား၊အတူတူကစား၊အတူတူစားနေကြတာ၊
ဒီဓါတ်ပုံတွေဘိုထီးလုပ်တာဘဲဖြစ်မယ်
ဒီစောက်အခြောက်ကိုငါဖုံးဆက်မယ်၊အန်တီညိုကပြောတယ်။
နေအုန်းတစ်ရက်နေ့လည်စာစားပြီးငါတို့အိပ်တုန်းက”မေ”နင်ဘယ်ပျောက်သွားလဲ
ဘိုထီးငါ့ကိုဖုံးဆက်လို့ငါအပြင်ထွက်တွေ့တာ
ဟယ်နင်သူ့အခန်းထိလိုက်သွားရလား
မဟုတ်ရပါဘူးကွာ၊ကော်ဖီဆိုင်မှာထိုင်တာပါ
ပြီးတော့သောင်ပြင်မှာလမ်းလျှောက်ရအောင်ခေါ်လို့လမ်းလျှောက်ကြတယ်
ဒါလဲခဏပါကွာ
အဲဒီတုန်းကအင်္ကျီလက်ရှည်၊ထမီနဲ့ပါ
အဲဒီဓါတ်ပုံကသဲပြင်မှာယိုင်သွားလို့ဘိုထီးကလှန်းထိမ်းလိုက်တာပါ
ဒါပေမဲ့ရေကူးဝတ်စုံနဲ့မဟုတ်ဘူး၊ဒီဓါတ်ပုံထဲမှာရေကူးဝတ်စုံနဲ့
ဒီကောင်ငါ့ကိုဂျောက်ချလိုက်ပြီ
ငါနင်တို့ကိုသူပြောတာတွေပြောပြမယ်၊ပြီးရင်စိတ်ထဲမှာဘဲထားလိုက်ကြ
“မေ”နင့်ကိုငါချစ်နေတုန်းဘဲ
ငါ့မေတ္တာတွေနင့်အပေါ်မပြယ်သေးဘူး
ငါ့အပေါ်ပြန်မချစ်နိုင်ဘူးလား
ငါ့ပိုင်ဆိုင်မှုတွေဒီတစ်သက်စားမကုန်ဘူး
နင်ဘာမှလုပ်စရာမလိုဘူး၊ငါ့အနားရှိနေရင်ရပြီ
နင့်သမီးနဲ့သားကိုလဲတစ်သက်လုံးစောင့်ရှောက်ပေးမယ်
ဒီကောင်ရူးနေပြီ၊ဒီစကားတွေပြောတာနဲ့ငါချက်ချင်းပြန်ခဲ့တယ်
လေယာဉ်ကွင်းမှာလဲဒီစကားတွေဘဲထပ်ပြောတယ်
ဒီအခြောက်ကိုငါရွံ့လိုက်တာ၊သူ့လိုကောင်ခေါင်းထဲမှာတောင်မရှိဘူး
သမီးနဲ့ကျနော်စီစီတီဗီပြန်ကြည့်နေကြတယ်။
အဖေ့စိတ်ထဲမှာတော့သမီးအမေကိုယုံတယ်။
သမီးလဲယုံပါပြီ၊ဒါပေမဲ့နောက်ထပ်မဖြစ်ရအောင်ဒီအတိုင်းတစ်ပတ်လောက်ဒဏ်ပေးထားလိုက်ရအောင်
ဒေါ်မေချောကလျာ
အထီးကျန်တာနဲ့၊အကျဉ်ခံရတာမတူဘူး
ဒီအိမ်မှာကျမအကျဉ်ခံနေရတာ၊တွေ့တယ်အဖက်မလုပ်ဘူး
အခုအိမ်မှာဘယ်သူမှကျမနဲ့စကားမပြောကြဘူး၊
မနက်မိုးလင်းရင်သူတို့သားအဖတွေစက်ရုံသွားကြပြီ၊
အမြဲတမ်းသိုက်သိုက်ဝန်းဝန်းနဲ့နေခဲ့တဲ့ကျမဘဝ၊အခုပြောင်းပြန်
ကိုယ့်ကိုကိုယ်အကျဉ်းကျနေသလိုဘဲခံစားနေရတယ်။
အကျဉ်းသားတွေကဘေးလူတွေနဲ့စကားပြောလို့ရသေးတယ်
ကျမမှာစကားပြောမဲ့သူမရှိ၊
မနက်ထိုက်ကျိသွားမကစားချင်ပါ၊ဟိုခွေးကောင်စောင့်နေတယ်။
ဆိုင်တွေကိုလဲမသွားချင်၊စိတ်တွေနှောက်ကျိနေတယ်။
တစ်ရက်တစ်ရက်ကုန်ခဲလိုက်တာ၊
တညသူတို့ပြန်လာချိန်
နင်တို့ငါ့ကိုခုထိမကျေနပ်သေးဘူးလား၊
ငါဘာမှလုပ်ခဲ့တာမဟုတ်ဘဲနဲ့အရူးလုပ်ခံခဲ့ရတာ
သွားလုပ်ကြပါလားဒီအခြောက်ကို
ဘာလို့ငါ့ကိုလာမဲနေကြတာလဲ
အားလုံးကျမကိုလှည့်မကြည့်ဘဲကိုယ့်အခန်းကိုယ်ဝင်သွားကြပါတယ်။
ညဖက်အိပ်မပျော်လို့အိပ်ဆေးသောက်နေရတာတစ်ပတ်ကျော်နေပြီ။
ကျမပြန်စဉ်းစားကြည့်တယ်။
ဒီအိမ်မှာအကျဉ်ခံပြီးနေရမဲ့အတူတူအေးအေးချမ်းချမ်းနေရမဲ့နေရာကိုသွားတာဘဲကောင်းမယ်။
မနက်စောစောကားစက်နိုးသံကြားတယ်၊၊ပြတင်းပေါက်ကကြည့်မိတာ”မေ”ကားမောင်းပြီးထွက်သွားတယ်။
မျက်နှာသစ်ပြီးအောက်ဆင်းလာတော့စာရွက်တွေကိုင်ထားတဲ့သမီးကျနော့်ကိုလှန်းပေးပါတယ်။
“ရှင်တို့မမြင်ချင်တဲ့ကျမကိုလိုက်မရှာပါနဲ့တော့၊”
“ကျမဘဝအေးအေးချမ်းချမ်းနေရမဲ့နေရာကိုထွက်သွားပါပြီ”
စာချုပ်အလွတ်ဆယ်စောင်လောက်အောက်နားမှာ”မေ”လက်မှတ်တွေထိုးထားခဲ့တယ်။
“စာချုပ်တွေကိုရှင်တို့ကြိုက်တဲ့ခေါင်းစဉ်တပ်လို့ရတယ်။”
သမီးအဖွားတို့အိမ်ကိုသွားကြည့်ကြည့်ပါလား
နှစ်လမ်းကျော်မှာရှိနေသော”မေ”တို့အမေအိမ်၊သမီးအဖွားအိမ်၊ကျနော့်ယောက္ခမအိမ်၊
ခဏနေတော့သမီးပြန်ရောက်လာပါတယ်။
အမေ့ကားအဖွားတို့ခြံထဲမှာတွေ့လို့အဖွားတို့အိမ်ထဲမဝင်တော့ဘူး
ကောင်းပါပေ့
ဒီမိန်းမ…..လေကြီးမိုးကြီးနဲ့ပြောလိုက်တာ
အေးအေးချမ်းချမ်းနေရာဆိုတာနင့်အဖွားအိမ်ကိုပြောတာကိုး
အေးလေဘာဖြစ်ဖြစ်မိဘဆိုတာသားသမီးအပေါ်အေးချမ်းမှုကိုပေးတာဘဲလေ
နောက်နှစ်ရက်သုံးရက်လောက်ကျရင်ပြန်ခေါ်လိုက်ပါတော့
ဟုတ်ကဲ့ပါအဖေ
ဒီရက်ပိုင်းအော်ဒါတွေကျနေတာရယ်၊စက်တွေပျက်လို့ပြင်နေတာရယ်
“မေ”သူ့အမေအိမ်ထွက်သွားတာဘယ်နှစ်ရက်တောင်ရှိနေပြီလဲမသိတော့ပါ
သမီးအမေ့ကိုသွားခေါ်လိုက်တော့
ခေါ်တော့မယ်ဆိုမှပိုပြီးတွေ့ချင်လာတယ်။
ပြန်လာရင်ကျနော်ဘဲအရင်တောင်းပန်လိုက်တော့မယ်။
နှစ်ယောက်ချင်းတွေ့ရင်ကျနော်ဒူးထောက်ပြီးတောင်းပန်မယ်။
ချစ်တယ်၊သတိရတယ်”မေ”အရမ်းသတိရတယ်။
အဖေ,,,,အမေ..အဖွားတို့အိမ်မှာမရှိတော့ဘူး
တစ်နေရာကိုထွက်သွားပြီတဲ့၊မေးတာလဲမပြောဘူး
ဒီစကားကြားလိုက်တာဦးခေါင်းကိုမိုးကြိုးပြစ်ချလိုက်သလိုဘဲ
မင်းတို့ထင်နေကြတဲ့အတိုင်းအရွဲ့တိုက်ပြီးဘိုထီးနောက်လိုက်သွားရင်ကျနော်ရင်ကျိုးပြီ
သွားပါပြီ၊ငါ့အမှားတွေ
ကျနော်ကိုယ်တိုင်ယောက္မနဲ့သွားတွေ့တယ်
ဘယ်သွားလဲပြောပြပါ၊မပြောဘူးဗျာ
ဘိုထီးဆီလိုက်သွားလားလို့ရင်နာနာနဲ့မေးတာ
နင်တို့ဖါသာစုံစမ်းယူတဲ့
ဘယ်လိုယောက္ခမမျိုးလဲမသိပါဘူး၊သမက်ရင်ပူနေတာဥပက္ခာပြုရက်တယ်။
ဟိုဟိုဒီဒီလျှောက်မေးနေတာလေကုန်တာဘဲရှိတယ်။
ဘာမှရေရေရာရာမပြောနိုင်ကြပါ၊၊
သိပ်ပေါ်တင်ကြီးလဲလိုက်မမေးရဲပါ၊ကိုယ့်အိမ်တွင်းရေးသူတပါးတွေသိကုန်မှာလဲစိုးမိပါတယ်။
“မေ့”သူငယ်ချင်းတွေကိုအသိပေးပြီးစုံစမ်းခိုင်းရပါတော့တယ်။
ဟိုခွေးကောင်ဆီကိုတော့သတင်းမရောက်စေချင်ပါ။
ဘိုထီးရန်ကုန်မှာရှိနေတယ်၊၊မနက်ထိုက်ကျိကစားတဲ့နေရာမှာရှိနေတတ်တယ်။
“မေ”မလာဘူးလားလို့မေးမေးနေတော့”မေ”ပျောက်နေတာဒီကောင်မသိသေးဘူး။
နင့်အကျင့်ယုတ်ပြီးမဟုတ်တယုတ်ဓါတ်ပုံတွေလုပ်လိုက်လို့သူတို့မိသားစုပြဿနာတွေတက်နေတယ်လို့
အန်တီညိုပြောလိုက်တဲ့နေ့ကစပြီးမနက်ထိုက်ကျိဆီကိုမလာတော့ဘူး။
ဘယ်မှာမှစုံစမ်းလို့မရတဲ့အဆုံး၊ယောက္ခမကြီးကိုဘဲချော့မော့ပြီးမေးရတော့မယ်။
နင်တို့သားအဖငါ့သမီးအပေါ်တော်တော်ရက်စက်ကြတယ်။
ဆယ်ရက်ကျော်ကျော်ဝိုင်းကျဉ်ထားကြတယ်
ငါအရမ်းစိတ်ဆိုးလို့တမင်မပြောပြတာ၊
အဖြစ်အပျက်တွေငါအားလုံးသိပြီးပြီ၊
ဘိုထီးလက်ထဲထည့်ရအောင်ကလေးဘဝသမီးရည်းစားဖြစ်ကထဲကဘိုထီးကိုငါသဘောမကျလို့
ငါကိုယ်တိုင်တားခဲ့တာ၊
ငါ့သမီး”မေ”မောင်နှမအားလုံးထဲမှာအထက်ဆုံး၊
ဘယ်တော့မှမဟုတ်တာမလုပ်ဘူး၊
ငါကိုယ်တိုင်ဖါးအောက်တောရကိုလိုက်ပို့ခဲ့တယ်
ငါကိုယ်တိုင်ဖါးအောက်ဆရာတော်ကြီးဆီမှာအုပ်ထိမ်းသူအနေနဲ့အပ်ခဲ့တယ်
သူတရားရှာတွေ့နေပြီ၊သူ့ဘဝဧချမ်းနေပြီ….
ပြန်ချင်ရင်ဖုံးဆက်လိုက်လို့မှာထားတယ်၊
တွေ့ချင်ရင်လိုက်သွားမော်လမြိုင်ကဖါးအောက်တောရမှာ
ဗျာ,,,ဖါးအောက်တောရ၊
ကျနော်တစ်ခါမှမကြားဘူးခဲ့သောစကားလုံး
ဖါးအောက်တောရ…..ဖါးအောက်တောရ…ဖါးအောက်တောရ
စကားလုံးမမေ့ရန်အကြိမ်ကြိမ်ရေရွတ်နေမိပါတယ်
ဘိုထီး
ထာဝရအရှုံးသမားကျနော်၊
လှိုင်အထက်တန်းကျောင်းတက်တုန်း”မေ”နဲ့ကျနော်သမီးရည်းစားဖြစ်ခဲ့ပါတယ်။
ကျနော်”မေ့’’ကိုချစ်ခဲ့တယ်၊၊ဒါပေမဲ့သူတို့တစ်အိမ်လုံးကျနော့်ကိုသဘောမကျခဲ့ပါ၊၊
ကျနော့်မိဘတွေကြောင့်လဲဖြစ်နိုင်ပါတယ်။ကျနော့်မိဘစာရိတ္တကိုမကြိုက်တာဖြစ်မယ်။
အမေ၊အဖေကမိဘတွေပါဘဲ၊မပြောချင်ပါသူတို့အကြောင်းတွေ။နှစ်ယောက်လုံးရှုပ်ရှုပ်၊
ကျနော့်အချစ်တွေရိုးသားဖြူစင်ပေမဲ့ကွဲမယ်ဆိုတာကြိုသိနေတယ်။
“မေ”ကအရမ်းထက်တယ်။တစ်ခုခုလုပ်ရင်သူ့ဆုံးဖြတ်ချက်နဲ့သူလုပ်လေ့ရှိတယ်။
လုပ်စရာရှိတာဘယ်သူ့ကိုမှဂရုမစိုက်ဘဲလုပ်လေ့ရှိတယ်။
အာစီတူး၊ပထမနှစ်မှာကျနော့်ကိုဖြတ်ခဲ့တယ်။
သူ့စိတ်ကိုကျနော်သိတယ်။
တီးဝိုင်းခေါင်းဆောင်အမွှေးထူထူ၊မျောက်နဲ့စပ်ပြီးမွေးလာသလားထင်ရတဲ့တောသူဌေး
ရှမ်းလေးကိုသူကြိုက်နေတယ်။
ဂစ်တာတီးနေတဲ့ရှမ်းလေး၊”မေ”သူ့ကိုကြိုက်နေတာတောင်မသိတဲ့ကောင်
ဂစ်တာတီးရရင်အားလုံးကိုမေ့နေတဲ့ကောင်
အဲဒီကောင်ကို”မေ”သဘောကျနေတယ်။ကျနော်ကိုဖြတ်ပြီးရှမ်းလေးနဲ့ကြိုက်နေတာလဲမဟုတ်၊
ကျနော်ထပ်ကြိုးစားပါသေးတယ်။
“မေ”ကျနော့်ကိုလုံးဝဘဲ၊ဗူးဆိုရင်ဖယုံမသီးတဲ့”မေ”
သူတို့နှစ်ယောက်လဲတတိယနှစ်ရောက်မှတွဲဖြစ်တယ်လို့ကြားမိတယ်။
ဒါတောင်ရေလာအောင်မြောင်းတော်တော်တူးခဲ့ရတဲ့”မေ့”အဖြစ်
တတိယနှစ်ကျနော်ပျဉ်မနားရေဇင်းစိုက်ပျိုးရေးတက္ကသိုလ်ရောက်နေပြီ၊
ရန်ကုန်တက္ကသိုလ်မတက်ချင်ဘူး၊ကျနော့်ကိုလက်မခံခဲ့တဲ့”မေ”နဲ့မဆုံချင်လို့ပါ။
အဲဒီမှာမအေးချမ်းနဲ့ဆုံခဲ့တယ်။
ကျနော်ကံမကောင်းခဲ့ဘူး။မအေးချမ်းကလှိုင်အထက်တန်းတုန်းကရှမ်းလေးကိုကြိုက်နေခဲ့တဲ့ကောင်မလေး၊
မအေးချမ်းနဲ့ခုံနံပါတ်ရှေ့ဆင့်နောက်ဆင့်၊ဓါတ်ခွဲခန်းတွေ၊စိုက်ခင်းဆင်းရတာတွေတစ်ဖွဲ့ထဲ။
ရှမ်းလေးအကြောင်းမကြားချင်မှအဆုံး၊မအေးချမ်းနှုတ်ကထွက်လာတတ်တယ်။
ရှမ်းလေးဟာကျနော့်ကိုပျဉ်းမနားထိစိတ်ဒုက္ခလာပေးနေတယ်။
ကြာလာတော့ကျနော့်စိတ်တွေရှမ်းလေးကိုမနာလိုဖြစ်လာပါတယ်။
ဒါကြောင့်ရှမ်းလေးကိုတဖက်သတ်ကြိုက်နေတဲ့မအေးချမ်းအချစ်ကိုရယူဖို့ကျနော်ကြိုးစားပါတော့တယ်။
နီးစပ်တယ်၊ကျောင်းသားဦးရေနဲပြီး၊တောကျောင်းလိုဖြစ်နေတဲ့ပျဉ်မနားမှာသိပ်မကြာပါဘူး၊
မအေးချမ်းရဲ့အချစ်ကိုကျနော်ရယူနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ကျနော့်အချစ်တွေ”မေ့”ကိုပေးလိုက်တာကုန်ခမ်းသွားပြီလို့ထင်ပါတယ်။
ကျနော်”မေ့”ကိုချစ်ခဲ့တာအမှန်အကန်အချစ်၊
မအေးချမ်းကိုချစ်ခဲ့တာ၊သာမန်ကာလျှံကာအချစ်လို့ဘဲပြောရမယ်၊
ရှမ်းလေးကိုမနာလိုလို့၊ရှမ်းလေးကိုတဖက်သတ်ချစ်နေတဲ့မအေးချမ်းကိုရွှဲ့ပြီးချစ်ခဲ့တာ
မအေးချမ်းမသိရှာဘူး
ဒီလိုနဲ့ဘဲကျောင်းပြီးသွားပါတယ်၊ကျနော်မာစတာတန်းဆက်တက်တယ်
ကျနော်တို့နှစ်ယောက်စလုံးဆရာဝင်လုပ်ကြပါတယ်၊
နောက်ပြီးတော့ယူလိုက်ကြပါတယ်။ကျနော်ဒေါက်တာဘွဲ့ကိုအစ္စရေးမှာသွားယူပါတယ်။
ကမ္ဘာပေါ်မှာစိုက်ပျိုးရေးပညာနဲ့ပတ်သက်ရင်အစ္စရေးထိပ်ဆုံးလို့ထင်ပါတယ်။
ကန္တာရမှာစိုက်ပျိုးရေးကိုအောင်မြင်အောင်လုပ်ပြခဲ့တယ်။
အရမ်းအားကျစရာကောင်းတယ်။ကျနော်လဲမြန်မာပြည်အလယ်ပိုင်းကိုစိုက်ပျိုးရေးထွန်းကားအောင်လုပ်ချင်တယ်။
သင်ထားတဲ့နည်းပညာကိုပြန်အသုံးချရင်ဖြစ်နိုင်တယ်။ဒေါက်တာဘွဲ့ယူခဲ့တုန်းကအတွေးတွေပါ၊
ပြန်လာပြီးဆရာပြန်လုပ်ရင်းအချိန်တွေတဖြေးဖြေးကုန်လာပါတယ်။
ဒီအချိန်ရှမ်းလေးနဲ့”မေ”ယူလိုက်ကြပြီ။မုန့်ဆိုင်လဲအောင်မြင်နေပြီ။
ကျနော့်ဘဝမူးစုပဲစုဘဝကမတက်သေးဘူး။သားတစ်ယောက်လဲရပြီ။
ကျနော့်ဘဝဟာရှမ်းလေးနောက်မှာအမြဲကျန်နေခဲ့တာကိုမချင့်မရဲဖြစ်မိတယ်။
တစ်နေ့နေ့မှာရှမ်းလေးထက်အစစသာအောင်ကျိုးစားမယ်လို့ဆုံးဖြတ်ထားပါတယ်။
တတ်ထားတဲ့ပညာကိုအစိုးရကလဲအသုံးချရကောင်းမှန်းမသိတာလား၊ငွေမရှိတာလားမသိ။
ကျနော့်ဘဝဘာမှမဖြစ်လာပါဘူး။
ကျနော်မြို့ထဲမှာစိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ဆိုင်တစ်ဆိုင်ဖွင့်လိုက်ပါတယ်။
သင်ထားတဲ့ပညာကိုယ်တိုင်ဘဲအသုံးချတော့မယ်။
စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့အကြံဥဏ်ပေးမယ်၊လိုတဲ့မြေဩဇာဝယ်ပေးမယ်၊လိုတဲ့ပိုးသတ်ဆေးတွေ
ကူညီမယ်။အိမ်အလှစိုက်တဲ့အပင်တွေရှာပေးတယ်။မြေအလှပြုပြင်တယ်။
နေပြည်တော်ခေတ်ရောက်လာတော့ကျနော်စီးပွါးတက်လာပြီ။
လူကြီးတွေအတွက်အလှသစ်ပင်တွေ၊မြေတွေပြင်ပေးရတာမအားတော့ပါ။
ဒီအချိန်ကျနော်မာစတာတန်းမှာစာတမ်းပြုစုနေတဲ့ကျောင်းသားကိုညီနဲ့ဆုံခဲ့တယ်။
သူ့ကိုမြင်မြင်ချင်းကျနော့်စိတ်တွေတစ်မျိုးဖြစ်လာတယ်။
ကျနော်ကိုယ်တိုင်အံ့ဩမိပါရဲ့။ကျနော့်မှာသားတစ်ယောက်ရှိနေပြီ။
ယောကျာ်းချင်းချစ်တဲ့စိတ်ကျနော်မှာပေါ်လာပါတယ်။
နေ့တိုင်းကိုညီကိုစာသင်ပေးရတယ်။ညနေဖက်ဆရာအဆောင်မှာသူငယ်ချင်းအခန်းရှိတယ်။
အဲဒိမှာသွားကဲကြတာ။
ကိုညီလဲကျနော့်ကိုချစ်တယ်လို့ပြောတာဘဲ၊ဒါပေမဲ့သူ့ပါးစပ်ကပြောတဲ့အချစ်ကိုကျနော်နားလည်တယ်။
ကျနော့်ဆန္ဒဖြည့်ပေးရင်းနဲ့သူမာစတာတန်းတင်မည့်စာတမ်းကိုဝိုင်းရေးခိုင်းနေတာ
ကျနော့်ကိုပြန်အသုံးချနေတာ၊ကိုညီတို့အိမ်ကရေလျှံတယ်။ငွေရေးကြေးရေးကိစ္စကျနော့်ကိုအများကြီးကူခဲ့တယ်။
စာတမ်းရေးခပေးတယ်လို့ဘဲဆိုပါတော့၊နောက်ပြီးကိုညီအဖေကလုပ်ဂွင်ရအောင်လူကြီးတွေနဲ့ချိတ်ပေးခဲ့တယ်။
အများကြီးအလုပ်ဖြစ်ခဲ့တယ်။စီးပွါးလဲတက်ခဲ့တယ်။
ကျနော့်ကိုကျနော်ပြန်အံ့ဩတယ်။နေ့ခင်းကိုညီနဲ့ကဲပြီး၊ညဖက်မအေးချမ်းနဲ့ကဲလို့ရတယ်။
ကျနော့်မှာကျားစိတ်ရော၊မစိတ်ရောနှစ်ခုလုံးရှိနေတယ်။
ကျနော့်မှာဟိုတယ်အလတ်စားလေးနှစ်လုံးပိုင်နေပြီ။
စိုက်ပျိုးရေးဆိုင်လဲခြံနဲ့ဖြစ်သွားပြီ။စိုက်ပျိုးရေးသုံးမြေဩဇာတွေ၊ပိုးသတ်ဆေးတွေလှိုင်သာယာဂိုဒေါင်မှာအပြည့်
သိုလှောင်ထားနိုင်အောင်ဓနအင်အားတောင့်လာပြီ။
အဲ့အချိန်ဘယ်ကဘယ်လိုကျနော်နဲ့ကိုညီနဲ့ကဲနေတဲ့ဓါတ်ပုံတွေကျောင်းထဲပြန့်သွားလဲကျနော်မသိတော့ဘူး။
ပါမောက္ခခေါ်ပြီးသတိပေးခံခဲ့ရတယ်။ကျနော်အပြင်မှာစီးပွါးဖြစ်နေပြီ၊
မျက်နှာအငယ်ခံပြီးပါမောက္ခကိုတောင်းပန်မနေတော့ပါ။
အလုပ်ထွက်လိုက်ပါပြီ။ဒီအကြောင်းတွေမအေးချမ်းသိသွားပြီးနောက်မှာမအေးချမ်းကွာရှင်းခွင့်တောင်းခဲ့တယ်။
သူကွာချင်ရင်လဲကွာပေါ့။ပေးစရာရှိတာပေးပြီးကွာရှင်းလိုက်ကြပါတယ်။
သူ့ကိုကျနော်မှမချစ်ခဲ့တာ။
ကျနော့်ဘဝပိုလို့တောင်လွတ်လပ်သွားတယ်။
ငွေရှိရင်အားလုံးအဆင်ပြေတဲ့ဘဝကိုမက်မောတတ်လာပြီ။
လူတစ်ကိုယ်စိတ်နှစ်ခွနဲ့နေရတဲ့ဘဝမှာနေသားကျလာပြီ။
ထူးဆန်းလေစွ……….
ကျနော်”မေ့”ကိုချစ်တဲ့အချစ်စိတ်အခုထိမလျှော့သေးဘူး။ကျနော်”မေ့”ကိုပိုင်ဆိုင်ချင်သေးတယ်၊
အာစီတူးဆရာကန်တော့ပွဲလုပ်ဖို့လူတွေပြန်စုတဲ့အချိန်”မေ့”ကိုမြင်ခဲ့တယ်။
“မေ”နုပျိုနေဆဲ၊”မေ့”အလှဟာကျနော့်စိတ်ကိုတက်ကြွစေခဲ့တယ်။
ကျနော့်နှလုံးသားထဲမှာ”မေ”ရှိနေဆဲ။
သူ့ကိုအမြဲမြင်ချင်လို့ကျနော့်ဟိုတယ်အလကားသုံးခွင့်ပေးခဲ့တယ်။
တစ်ရက်တစ်လေ”မေ”မရောက်လာခဲ့ရင်၊ရှိနေတဲ့အဖွားကြီးတွေကိုချက်ချင်းမောင်းထုတ်ချင်လာတယ်။
“မေ”အမြဲလာနိုင်အောင်သူ့တွဲနေတဲ့သူငယ်ချင်းတွေကိုလဲအစစငွေရေးကြေးရေးကူညီခဲ့ရသေးတယ်။
ဒီစောက်ကောင်မတွေရလေ၊လိုလေ၊အိုတစ္ဆေတွေ....စေတနာပါမဲ့လာတယ်
မတတ်နိုင်ပါဘူးလေ၊ကျနော်က”မေ့”ကိုအမြဲမြင်ချင်တာကိုး
သူတို့သတင်းပေးလို့မနက်တိုင်းထိုက်ကျိကစားတာသိခဲ့လို့ကျနော်လဲမနက်တိုင်းထိုက်ကျိသွားကစားနေတယ်။
ကျနော့်အဖို့မျက်နှာမြင်နေရရင်ကျေနပ်ပါပြီ။
တစ်မနက်သူ့သမီးနဲ့ဆုံခဲ့လို့ကွိုင်တွေတက်ခဲ့သေးတယ်။
“မေ့”သမီးကမျက်နှာမာပြီးတင်းနေတာဘဲ၊ဒီကလေးမသူ့အမေလိုဘဲတော်တော်ထက်မဲ့မိန်းခလေး၊
ကျနော့်စိတ်ကိုဒီကလေးမရိပ်မိပုံရတယ်။
နောက်ရက်တွေကျတော့ကျနော့်ဟိုတယ်မှာရှမ်းလေးပါလိုက်လာပါတယ်။
ရှမ်းလေးရှိရင်ကျနော်အလုပ်အကြောင်းပြပြီးရှောင်နေလိုက်တယ်။
သူတို့နှစ်ယောက်တွဲမြင်ရင်ကျနော်ရင်နာတယ်။ဘယ်လိုမှခံစားလို့မရဘူး
ဒီမျောက်မျိုးရှမ်းလေးကိုမြင်ရင်ထုရိုက်ပြီးသတ်ချင်စိတ်တွေပေါ်လာလို့ရှောင်နေတာ၊
“မေ”သတိထားမိမလားတော့မသိဘူး၊၊ဒင်နာညမှာစိုင်းထီးဆိုင်သီချင်း”ငယ်ချစ်ဦး”ဆိုခဲ့တယ်။
ရင်ထဲမှာရှိနေတာသိစေချင်လို့ပါ။
ဆရာကန်တော့ပွဲတွေပြီးသွားတော့”မေ့”ကိုလဲမမြင်ရတော့ဘူး
ရင်ထဲမှာဟာတာတာနဲ့နေရခက်လိုက်တာ၊
သူ့သူငယ်ချင်းတွေဆီကိုဖုံးဆက်ရင်းသတင်းရလာတယ်။
သူတို့မော်လဒိုက်ကိုသွားလည်ကြမယ်၊၊တည်းခိုမဲ့ဟိုတယ်အတိအကျ၊နေမဲ့ရက်အတိအကျရထားပြီး။
“မေ”ကအပြန်စလုံးဝင်မယ်။အားလုံးတိုက်ဆိုင်မှုပုံစံမျိုးဖန်တီးထားလိုက်ပါပြီ။
ကျနော်တို့အရင်ကြိုသွားနှင့်မယ်။လူငယ်နှစ်ယောက်ကိုခေါ်သွားတယ်။
တစ်ယောက်ကဓါတ်ပုံဆရာ၊အဝေးကြည့်မှန်ပြောင်းအစုံယူခဲ့ခိုင်းထားတယ်။
နောက်တစ်ယောက်ကကွန်ပြူတာပညာရှင်
လောကမှာတိုက်ဆိုင်မှုဆိုတာတစ်ကယ်မရှိပါဘူး၊လူကဖန်တီးယူရတာပါ
“မေ့”ဓါတ်ပုံကိုကြိုပြီးပြထားတယ်၊သူတို့တည်းမဲ့အခန်းကကျနော်တို့နဲ့နှစ်ခန်းကျော်၊
ဘေးယဉ်ရက်အခန်းမှာ၊မြင်ကွင်းရှင်းတယ်၊
သူတို့လာရင်ကျနော်တို့အပြင်မထွက်တော့ပါ
လူတွေမရှိဘူးလို့ထင်နေမှသူတို့တွေလွတ်လွတ်လပ်လပ်ရေကူး၊ရေဆော့ကြမှာ
ကင်မရာတွေကိုရီမုတ်နဲ့ရိုက်မယ်။
လာကြပါပြီ၊ ၆ ယောက်အဖွဲ့၊ကြိုသိထားပြီးသားအခန်းတွေမှာနေရာချပေးတယ်
ရောက်တာနဲ့ရေထဲဆင်းကြပြီ၊ရေကူး၊ရေဆော့နေကြပြီ
သူတို့ရေဆင်းဆော့တဲ့နေရာကိုမှတ်ပြီး”မေ”တို့အဖွဲ့ထမင်းထွက်စားနေချိန်မှာ
ကင်မရာတွေကိုအထိုင်ချတယ်။ကင်မရာမှန်းမသိအောင်အကာအကွယ်နဲ့ဖုံးထားတယ်
အခန်းထဲမှာကွန်ပြူတာနဲ့ချိတ်၊ဝိုင်ဖိုင်နဲ့ဓါတ်ပုံရိုက်မယ်။
“မေ”တစ်ယောက်ထဲပုံတွေကိုအဓိကရိုက်မယ်။
လူစုနဲ့ရောထွေးနေတဲ့ပုံတွေမလို၊အုပ်စုပုံဆိုရင်လဲသိပ်နီးနီးကပ်ကပ်ပုံမဟုတ်ရင်ရတယ်
ကျနော်လုပ်ချင်တာတွေကောင်လေးတွေကိုညွန်ကြားထားတယ်။
ညနေတစ်ခေါက်”မေ”တို့အုပ်စုရေထဲဆင်းကြပြန်တယ်။
အားလုံးကွက်တိ၊ကွန်ပြူတာပေါ်မှာမြင်နေရတဲ့”မေ့”အလှ၊ကျနော့်ကိုဖမ်းစားနိုင်လွန်းတယ်။
“မေ့”ကိုလက်လွတ်ခဲ့ရတဲ့ကျနော့်ဘဝ၊ကိုယ့်ကိုကိုယ်ပြန်သနားမိတယ်။
“မေ့”ကောက်ကြောင်းအလှကျနော်ကြည့်မဝပါ။
“မေ့”တစ်ယောက်ထဲပုံတွေထဲကအကောင်းဆုံးပုံတွေကိုရွှေးထုတ်လိုက်တယ်။
အုပ်စုပုံတွေထဲကအကောင်းဆုံးကိုလဲရွှေးမယ်၊အုပ်စုကလူတွေကိုနည်းပညာနဲ့ဖယ်ထုတ်လို့ရတယ်။
ကျနော်တို့နေ၊နေတဲ့အခန်းကိုဓါတ်ပုံစတူဒီယိုအဖြစ်ဖန်းတီးလိုက်ပါတယ်။
နောက်ခံအစိမ်းရောင်ကိုချိတ်ပြီးရေကူးဘောင်းဘီနဲ့ကျနော်၊
လိုက်ဖက်မဲ့ပုံမျိုးဖြစ်အောင်ကျနော်သရုပ်ဆောင်ပြီးဓါတ်ပုံတွေရိုက်တယ်။
ပြီးနောက်”မေ”နဲ့ကျနော်၊နှစ်ယောက်ထဲပင်လယ်ထဲမှာပျော်မြူးနေတဲ့ပုံတွေကို
ကွန်ပြူတာဆရာလေးလက်စွမ်းနဲ့ဖြတ်ညုပ်ကပ်လုပ်နေပြီ။
ထွက်လာတဲ့ဓါတ်ပုံတွေကအံ့မခန်း၊မသိရင်အမှန်အကန်ပုံတွေအတိုင်းဘဲ
အိုကေ...ကြိုက်သွားပြီ၊
ဒီကောင်လေးတွေဘောက်ဆူးများများပေးရမယ်၊
ဒီပုံတွေကိုသူငယ်ချင်းတွေမြင်ရင်အတော်လိုက်ဖက်တဲ့အတွဲလို့ပြောကြမှာ၊
ဒါပေမဲ့လက်တွေ့ဘဝနဲ့တခြားစီပါဘိုထီးရယ်
မင်းဘာလို့များသာယာနေတဲ့သူများအိမ်ထောင်ရေးကိုဖျက်စီးချင်နေရတာလဲ
ဒီကမ္ဘာမှာငါချစ်တာ”မေ”တစ်ယောက်ထဲကွ
မင်း”မေ့”ကိုချစ်ပြီးဘာလုပ်မလို့လဲ၊မင်းကအခြောက်၊ဂန်ဒူး
ငါ့မှာယောကျာ်းစိတ်ရှိပါတယ်
မင်းရဲ့ကျားစိတ်ကအမှန်အကန်မှမဟုတ်တာ၊
ကောင်လေးချောချောမြင်ရင်မင်းဖင်ခံချင်နေပြီ
မဟုတ်ဘူးကွ၊ငါ”မေ့”ကိုရရင်အခြောက်စိတ်ဖျောက်တော့မှာ
မင်းဟာလူတစ်ယောက်နဲ့စိတ်နှစ်ခွလူသား
မရပါဘူး၊မင်းစိတ်တွေကိုဘယ်တော့မှပြင်လို့ရမှာမဟုတ်ဘူး
ကျနော့်စိတ်တွေဘာတွေဖြစ်နေမှန်းမသိတော့ပါ
သိစိတ်နဲ့မသိစိတ်အငြင်းအခုံဖြစ်နေကြတယ်
နေ့ခင်း”မေ့”အခန်းကိုဖုံးဆက်တယ်
“အရင်ဟိုတယ်အဆင်မပြေလို့ဒီဟိုတယ်ပြောင်းလိုက်တယ်”
“နင်တို့ရှိမှန်းသိလိုက်လို့ငါဝမ်းသာတယ်”
“ငါတို့ကော်ဖီသောက်ရအောင်”
“မေ”ကျနော့်ကိုအားနာလို့လားမသိ၊ထွက်လာခဲ့တယ်
အင်္ကျီလက်ရှည်၊မြန်မာထမီလေးနဲ့မျက်စိထဲမှာကြည့်မဝပါ
ကော်ဖီသောက်ပြီးသောင်ပြင်ဖက်လမ်းလျှောက်ထွက်ခဲ့တယ်။
“မေ”နင့်ကိုငါချစ်နေတုန်းဘဲ
နင်ငါ့ကိုပြန်မချစ်နိုင်ဘူးလား
နင်ရူးနေပြီလားဘိုထီး၊နင်မရှက်ဘူးလား
သေခါနီးမှအရူးထနေတယ်
သေတဲ့ထိချစ်နေမယ်နင့်ကို
တကယ်လို့ရှမ်းလေးနဲ့ကွဲခဲ့ရင်နင့်ကိုငါရအောင်ယူမယ်
ဟေ့ကောင်စောက်ရူး၊ငါတို့လင်မယားဘယ်တော့မှမကွဲဘူး
“မေ”ဒေါသနဲ့လှည့်ထွက်ချိန်၊ကျနော်”မေ့”ပုခုန်းကိုလှန်းဖက်
ဓါတ်ပုံဆရာတွေတော်တယ်၊အရမ်းလှနေတဲ့ပုံလေး
“မေ့”ကိုရေကူးဝတ်စုံပြောင်းပေးလိုက်တယ်
ကျနော်လဲရေကူးဘောင်းဘီဝတ်လိုက်တယ်။
သောင်ပြင်မှာရေကူးဝတ်စုံကိုယ်စီနဲ့အတွဲပုံတစ်ပုံထွက်လာပါပြီ။
ရှယ်ဓါတ်ပုံတွေကို”မေ့”သမီးစင်ဒီဂျီမေးလ်ထဲပို့လိုက်တယ်။
ဒီကောင်မလေးထက်တယ်၊သေချာပေါက်အမေနဲ့စကားများကြတော့မှာ
ချန်ဂီလေယာဉ်ကွင်းမှာထဲက၊ကျနော်သိနေပြီ
“မေ”ကဘာမှမသိရှာ၊မတတ်နိုင်ပါဘူး
အချစ်နဲ့စစ်မှာမတရားတာမရှိ
သူတို့လင်မယားကွဲခဲ့ရင်ကျနော်”မေ့”ကိုရအောင်ယူမယ်။
မနက်ထိုက်ကျိကစားဘို့သွားရင်း”မေ့”သူငယ်ချင်းတွေဆီကစကားသံတွေကြားရတာ
ကျနော်ဝမ်းသာလိုက်တာ၊ရှမ်းလေးအိမ်ကမောင်းချလိုက်လို့”မေ”ဆင်းသွားပြီ
ရှမ်းလေးရေ၊မင်းခံလိုက်တော့၊ဒီတစ်ခါမင်းခံရမဲ့အလှည့်...
ငါအသဲကွဲခဲ့သလိုမင်းလဲအသဲကွဲရမယ်
ကျနော့်လေးညို့ကပြစ်လိုက်တဲ့မြှား၊ပြစ်မှတ်တည့်တည့်ထိသွားပြီ
မော်လမြိုင်သို့
စစ်တောင်းတံတားကိုဖြတ်ပြီးမွန်ပြည်နယ်ထဲဝင်ရောက်လာပြီ။
ကျနော့်ဘေးမှာသမီးထိုင်တယ်။နောက်မှာသားငယ်..ခုံကိုလှဲပြီးအိပ်နေတယ်။
အားလုံးစိတ်တွေစောနေကြတယ်။ကျနော်တို့မိသားစုပြန်ဆုံချင်နေပြီ။
ကျိုက်ထို....ဖီးလ်စားသောက်ဆိုင်မှာအပေါ့အပါးသွားရင်း၊အစာပြေစားကြပေမဲ့
တစ်ယောက်မှမျိုမကျပါ
အဖေ...သွားကြပါစို့...
ကားဆက်မောင်းခဲ့တယ်။ကျနော်မော်လမြိုင်ကိုတစ်ခေါက်ဘဲရောက်ဘူးတယ်။
နှစ်သစ်ကူးပိတ်ရက်ဝန်ထမ်းတွေကို မော်လမြိုင်၊ဘားအံခရီးစဉ်လိုက်ပို့တုန်းက၊
ကျိုက်ထို၊ဘီးလင်း၊သထုံ၊ပေါင်၊မုတ္တမတွေကိုဖြတ်ပြီးသံလွင်တံတားဆီရောက်လာပါပြီ။
သံလွင်တံတားပေါ်ကခေါင်းဆေးကျွန်းကိုလှန်းမြင်နေတယ်။
အရှေ့မှာတောင်ရိုးတန်း၊မြို့ဘေးမှာသံလွင်မြစ်၊မုတ္တမပင်လယ်ကွေ့ဆီခရီးဆက်နေတယ်။
မော်လမြိုင်မုဒုံကားလမ်းအတိုင်းဆက်မောင်းလာခဲ့တယ်။
အရှေ့တောင်တိုင်းစစ်ဌာနချုပ်လွန်လာပြီ။
တွေ့ပါပြီ”ဖါးအောက်တောရ”လမ်းဝဲဖက်မှာ၊ကားကိုကွေ့ဝင်လိုက်ပါတယ်။
တောင်ရိုးတန်းမှာပေါက်နေတဲ့အပင်တွေစိမ်းစိုအုံ့မှိုင်းနေတယ်။
တောရိပ်တောင်ရိပ်အောက်မှာအေးချမ်းနေတဲ့”ဖါးအောက်တောရ”
ကားရပ်နားရန်နေရာဆီဝင်လိုက်တယ်။
ဂေါပကရုံးခန်းရှေ့မှာလန်ကရူဇာတစ်စီးရပ်ထားတယ်။
နေအုန်း.....ဒီကားနံပါတ်မြင်ဘူးသလိုလို
လူတစ်ယောက်ဆင်းလာပြီးကားပေါ်တက်၊ကျောင်းပြင်သို့မောင်းထွက်သွားပါတယ်။
အဖေ...အဖေ....ဟိုမှာ….ဘိုထီး....
ထွက်သွားသောကားကိုလက်ညိုးထိုးပြီးသမီးပြောနေတယ်။
ဟာ...ဒီခွေးမသားဘိုထီး...”မေ”ဒီရောက်နေတာဘယ်တုန်းထဲကသိနေတာလဲမသိ ?
ဒီကောင်ဒီမှာဘယ်နေ့ထဲကရောက်နေလဲမသိ ?
“မေ့’’ကိုဘာတွေနဲ့လာစည်းရုံးနေတာလား ?
“မေ့”ကိုနေ့တိုင်းလာတွေ့နေတာလားမသိ ?
မေးခွန်းပေါင်းများစွာစိတ်ပူစွာနဲ့ခေါင်းထဲတောက်လျှောက်ဝင်လာပါတော့တယ်။
မရှက်နိုင်တော့ပါ၊အမြန်ဆုံးပြေးနှုန်းနဲ့ဂေါပကရုံးခန်းဆီကိုသုတ်ခြေတင်ပါတော့တယ်။
ဒီနေ့မှဒေါ်မေချောကလျာဧည့်သည်တွေဆုံနေတယ်။
ခုနကလူတစ်ယောက်လဲဒေါ်မေချောကလျာမိသားစုဆိုပြီးတွေ့ခွင့်တောင်းသေးတယ်။
ကျုပ်တို့တာဝန်ကအုပ်ထိမ်းသူခွင့်ပြုမှသာတွေ့ခွင့်ပြုတာ၊
ဒါလဲတရားမှတ်နေတဲ့အချိန်ပြီးမှတွေ့ခွင့်ရမယ်။
ကျနော်တို့အုပ်ထိမ်းသူဆီဖုံးဆက်ပြီးဧည့်သည်နဲ့စကားပေးပြောလိုက်တယ်။
အန်တီကဒီလူသူ့မိသားစုဝင်မဟုတ်ဘူး၊နောက်လဲလာခွင့်မပြုပါနဲ့၊ပြောလို့
ဟိုဧည့်သည်ကိုလဲနောက်မလာဖို့သတိပေးလိုက်ရသေးတယ်။
ခွေးမသား...ဘိုထီး...ဘုန်းကြီးကိုလိမ်ဖို့ကျိုးစားတဲ့ကောင်..
လူ့လောကမှာမင်းပါးစပ်ထွက်တဲ့စကား၊အမှန်တရားရှိပါ့မလား
ဘိုထီး..မင်းတော့ငရဲလားမဲ့ကောင်
သမီးနဲ့သူ့အဖွားစကားပြောပြီး၊ဂေါပကအဖွဲ့မိသားစုအဖြစ်အသိအမှတ်ပြုလိုက်ပါတယ်။
စကားတွေပြောကြရင်း....
လူ့ဘဝကဒေါ်မေချောကလျာအခု”ဒေါ်စန္ဒမာလာ”ဖြစ်သွားပြီနော်
ဗျာ....ဒေါ်စန္ဒမာလာ...
ဟာ...ဟင်...ကနဲဖြစ်ပြီး
သမီးနဲ့သား...ရှိုက်ကြီးတငင်ငိုကြွေးပါတော့တယ်
သမီးနဲ့သားရုံးခန်းထဲမှာ၊ကျနော်ရုံးခန်းအပြင်ကိုထွက်ခဲ့ပါတယ်
ကျနော်မျက်ရည်ကျတာခလေးတွေကိုမမြင်စေချင်ပါ။
အနီးနားရှိသစ်ပင်ကိုခေါင်းမှီရင်းကျနော်ငိုနေမိတယ်.
ငါ့အပြစ်တွေ...ဒါတွေအားလုံးရဲ့တရားခံငါဘဲ
ငါလစ်လျူရှုခဲ့လို့ဒီမိသားစုကွဲခဲ့ရတာ
ကျနော့်ကိုကျနော်ခွင့်မလွတ်နိုင်ပါ
ကျနော်ဘယ်လောက်ကြာကြာငိုနေမိလဲမသိတော့ပါ၊
ကျနော့်ပုခုံးပေါ်လက်တစ်စုံလာတင်တယ်။ကျနော်သိလိုက်တယ်။
နှစ်ပေါင်းသုံးဆယ်လောက်ရင်းနှီးခဲ့တဲ့လက်ပိုင်ရှင်၊လှည့်မကြည့်ဘဲ
လက်ပိုင်ရှင်၏လက်ဖမိုးကိုကျနော့်လက်တစ်ဖက်နဲ့အုပ်လိုက်ပါတယ်။
ဤသို့ထိတွေ့ခြင်းသည်နောက်ဆုံးထိတွေ့ခြင်းဆိုတာကျနော်နားလည်လိုက်ပါပြီ။
“ဒေါ်စန္ဒမာလာ”ကျနော့်ကိုတည်ငြိမ်စွာနဲ့ကြည့်နေပါတယ်။
သူ့ဘေးတစ်ဖက်တစ်ချက်မှာသမီးနဲ့သားငယ်၊အမေ့လက်မောင်းကိုတစ်ဖက်စီဆုပ်ကိုင်ထားကြတယ်။
လက်ကိုချက်ချင်းလွတ်လိုက်ပြီးမြေပြင်ပေါ်ဒူးထောက်လက်အုပ်မိုး၍ရှိခိုးကန်တော့လိုက်ပါတယ်။
လူသားကျနော်တို့နဲ့ဘဝခြားသွားပြီဖြစ်သော”ဒေါ်စန္ဒမာလာ”
ဘုရားသာသနာသင်္ကန်းကိုလွမ်းခြုံထားသော ”ဒေါ်စန္ဒမာလာ”
“ဒကာကြီးဘာမှဝမ်းမနဲပါနဲ့၊”
“ဖြစ်ပြီးပျက်တဲ့လောကထဲမှာဘယ်အရာမှမမြဲပါဘူး”
“မမြဲခြင်းတရားတစ်ခုဘဲမြဲနေတာဘုရားဟောခဲ့တဲ့တရား”
ဒကာကြီးတို့ဟိုတယ်ပြန်ပြီးနားလိုက်ကြပါ
ဒကာမလေးကဆရာလေးနဲ့အတူနေရစ်ခဲ့မယ်။
ကျနော်တည်းခိုနေသောမော်လမြိုင်ကမ်းနားလမ်းဟိုတယ်ဆီပြန်ခဲ့ပါတယ်။
နောက်နေ့မနက်စောစောသားအဖဖါးအောက်တောရဆီထွက်ခဲ့ကြတယ်။
ဆရာလေး၊ကျနော်တို့ကိုထွက်မတွေ့တော့ပါ။
သမီးတစ်ယောက်ထဲထွက်လာခဲ့တယ်။
သမီးကိုအမေဘာတွေပြောလဲ...ဟင်
မျှော်လင့်တကြီးမေးလိုက်မိပါတယ်။
အမေဘာမှကိုမပြောတာ၊သမီးပြောတာတွေလဲဘာမှပြန်မပြောဘူး၊
ယောဂီ၊ဘုန်းကြီးတွေ၊ဆရာလေးတွေအားလုံးသူ့အချိန်နဲ့သူ
တရားမှတ်ချိန်၊စင်္ကြန်လျှောက်ချိန်၊ဆွမ်းစားချိန်ပုံမှန်အတိုင်းလုပ်နေကြပါတယ်။
တစ်နေ့လုံးဖါးအောက်တောရကျောင်းမှာဘဲနေလိုက်တယ်။
ကျောင်းပတ်ဝန်းကျင်ကိုလေ့လာရင်း၊ယောဂီတွေနေတဲ့ဘန်ဂလိုပုံစံအဆောင်လေးတွေကြည့်ရင်း၊
ကျနော့်စိတ်ထဲလှူချင်စိတ်ဖြစ်လာပါတယ်။
ဘယ်သူနေနေ၊အကယ်၍ဆရာလေးဆက်ပြီးနေမယ်ဆိုလဲနေလို့ရအောင်အမြန်ဆုံးဆောက်ပေးဖို့
ဂေါပကကိုအကူညီတောင်းပြီးရေမီးအစုံ၊ဘိုထိုင်အိမ်သာ၊ဘန်ဂလိုတစ်ဆောင်လှူလိုက်ပါတယ်.
ညနေသမီးနဲ့စကားတွေပြောဖြစ်ပါတယ်။
အဖေ...အမေ့ကိုဒီလိုမျိုးသင်္ကန်း နဲ့ မြင်ရတာစိတ်မချမ်းသာဘူးလား
ပွင့်ပွင့်လင်းလင်းပြောရရင်စိတ်မချမ်းသာဘူး
ဒီလိုမျိုး....သမီးတို့အမေနေခဲ့ဘူးလား
အိမ်မှာဆိုအဲကွန်း၊မွေ့ယာ၊ဘိုထိုင်အိမ်သာ၊
ဟင်းတွေဆိုရင်စိတ်ကြိုက်ချက်စား၊
သမီးပြောသလိုအိမ်သာကတောထိုင်၊ဖျာခင်းပြီးအိပ်နေတဲ့သမီးအမေကိုအဖေမကြည့်ရက်ဘူး၊
အဖေရယ်...သာသနာပြုနေတဲ့ပုဂ္ဂိုလ်ကိုဒီလိုမပြောပါနဲ့
အဖေဒါကြောင့်လဲအဆောင်တစ်ဆောင်အမေ့ကိုရည်စူးပြီးလှူလိုက်တာ
သာဓု....သာဓု....သာဓု....ပါအဖေ၊အမေသိရင်ဝမ်းသာမှာ
ပြောရင်းသမီးမျက်ရည်ကျလာ၊အမကိုကြည့်ပြီးသားငယ်လဲငိုပြီ
အဖေကိုတစ်ခုမေးမယ်၊အဖေမှန်မှန်ဖြေရမယ်နော်
အဖေဟို့အရင့်အရင်ရက်တွေတုန်းကဘိုထီးဟိုတယ်မှာကာရာအိုကေသွားဆိုနေတဲ့အမေ့ကိုညဖက်ကြီး
သွားလိုက်ခေါ်တုန်းအဖေဘယ်လိုခံစားရလဲ
ဟ..ငါစိတ်ဆိုးတာပေါ့၊တခြားမှာသွားဆိုရင်ငါဘာမှဖြစ်မှာမဟုတ်ဘူး
ဘိုထီးဆိုတဲ့ကောင်ကိုစိတ်မချဘူး၊ဒီကောင်အကျင့်မကောင်းဘူး
အခုလိုမြင်တော့အဖေရင်ထဲဘယ်လိုခံစားရလဲ
စိတ်မပူရတော့ဘူးပေါ့
စိတ်ထဲမအေးချမ်းဘူးလား ?
စိတ်ချရပြီလို့ဘဲပြောရမယ်
အမေ့ကိုအပြင်မှာအဖေစိတ်တပူပူနဲ့နေ၊နေရမဲ့အစား
ဖါးအောက်တောရမှာနေနေတာပိုမကောင်းဘူလား ?
အဖေနားလည်ပါတယ်၊ဒါပေမဲ့အဖေတို့ကသံယောဇဉ်တွေမဖြတ်နိုင်သေးဘူးလေ
သံယောဇဉ်တွေဖြတ်နိုင်မှသမီးတို့ကျင်လည်နေတဲ့သံသရာဝဍ်ဆင်းရဲကလွတ်မြောက်မယ်လို့
ဘုရားဟောခဲ့တယ်လေ
အဖေမရင့်ကျက်သေးဘူးလို့ဝန်ခံပါတယ်
နေအုန်းသမီး၊နင့်အမေနဲ့တစ်ညဘဲအိပ်ရသေးတယ်
ငါ့ကိုတရားတွေပြနေပြီ၊သမီးလဲနေခဲ့မလို့လား
ဟုတ်တယ်အဖေ၊သမီးပြောချင်တာဒါဘဲ
အမေ့ကိုစောင့်ရှောက်ရင်းသမီးနေခဲ့ပါရစေ
အဖေစိတ်ချပြီးပြန်ပါ၊
သမီးအမေကိုပြောပြသေးလား
ပြောပြီးပြီ၊အဖေခွင့်ပြုရင်နေခွင့်ပေးမယ်တဲ့
သမီးနေခဲ့ပါရစေအဖေ
ကာမဂုဏ်အာရုံမှရုန်းထွက်ဖို့ကျိုးစားနေသောလူသားတစ်ဦးကိုလူ့လောကထဲပြန်ဆွဲသွင်းရန်ကျိုးစားနေရင်း
နောက်ထပ်လူသားတစ်ဦးပါသာသနာ့စည်းဝိုင်းထဲကျန်နေရစ်ခဲ့ပြီ.
ဘုရားသခင်ကောင်းချီးပေးပါစေလို့ဘဲအော်ဟစ်လိုက်ချင်ပါတော့တယ်။
အိမ်အပြန်ခရီးကျနော်နဲ့သားငယ်နှစ်ယောက်ထဲ။
……………………………………………………………………
ရှမ်းလေးမုန့်တိုက်၊လှိုင်သာယာ
ကျနော်တစ်ယောက်ထဲစက်ရုံမှာအလုပ်ရှုပ်နေတယ်။
သားငယ်ကစလုံးပြန်ပြီးကျောင်းပြန်တက်နေပြီ။
နောက်နှစ်လဆိုရင်ကျောင်းပြီးပြိ
ဖါးအောက်မှာသမီးကျန်နေခဲ့တာတစ်လပြည့်တော့မယ်။
“မေ”နဲ့သမီးကိုအမြဲတမ်းသတိရနေမိတယ်။
သတိရနေတုန်းသမီးဆီကဖုံး
အဖေနေကောင်းလား ? သားငယ်ကောအဆင်ပြေလား ?
အဖေ လှူခဲ့တဲ့အဆောင်ပြီးသွားလို့သမီးတို့ဘဲရေစက်ချပြီးကျောင်းကိုအပ်လိုက်ပြီ
အဖေ...သာဓုခေါ်ပါနော်
အေးပါ...သာဓု...သာဓု...သာဓု..
သမီးတို့လဲအဆောင်သစ်မှာနေ၊နေပြီ
သမီး.....
ခဏ..ခဏလေးအဖေသမီးပြောစရာရှိလို့
အဖေ့ဆီကဖွင့်တောင်းစရာရှိတယ်
သမီးသီလရှင်ဝတ်ပါရစေအဖေ.....ဝတ်ခွင့်ပြုပါအဖေ
ရင်ထဲမှာပြောစရာစကားမကျန်တော့ပါ.
“ဒေါ်စန္ဒမာလာနဲ့ဒေါ်သီရိမာလာ..အဆောင်ကိုနောက်ခံထားပြီး
သီလရှင်နှစ်ပါးဓါတ်ပုံ၊ ဖုံးထဲရောက်လာပါတယ်။
…………………………………………………………………….
သူတို့တွေသွားလိုက်ကြတာ...တစ်လ...နှစ်လ...သုံးလ...လေးလ....ငါးလ....ခြောက်လ....ခုနှစ်လ...ရှစ်လ....
နေ့တိုင်း၊အချိန်တိုင်းသတိရနေတယ်၊ရင်ထဲဟာနေတာတော်တော်ကြာနေပြီ
ဒီနေ့သူတို့ကိုသတိရတယ်၊ကျနော်မော်လမြိုင်ကိုဆင်းလာခဲ့တယ်။
ကျနော့်ရင်ထဲမှာမျိုသိပ်ထားရတဲ့စကားတစ်ခွန်း၊ပြောချင်နေတာကြာနေပြီ။
ဒီတစ်ခေါက်ပြောလိုက်တော့မယ်။
သားငယ်ကျန်နေခဲ့တယ်။စက်ရုံမှာသူ့ဆက်ပြီးလုပ်နေမယ်။
ဒီကြားကာလတွေမှာလဲကျနော်မကြာမကြာရောက်ပါတယ်။
ကျောင်းအတွက်လိုအပ်တာတွေလှူရင်း၊ကူရင်း၊သူတို့နဲ့လဲတွေ့ရင်းပေါ့။
အရင်ပျော်ရွှင်စွာသိုက်သိုက်ဝန်းဝန်းနေခဲ့တဲ့မိသားစုဘဝကိုပြန်တမ်းတမိတယ်။
လူဆိုတာမျှော်လင့်ချက်နဲ့အသက်ရှင်နေတာမျိုးလေ
တစ်နေ့ခြံထဲကိုအင်ဂျင်နီယာတွေခေါ်ပြီးမြေလွတ်တစ်နေရာမှာဘန်ဂလိုတစ်လုံးဆောက်ဖို့နေရာပြတယ်။
သားငယ်ကကျနော့်လုပ်ပုံကိုနားမလည်စွာနဲ့ကြည့်နေတယ်။
အဖေဘာလုပ်ဖို့အဆောင်ဆောက်ဦးမလဲ
အိမ်မှာလဲအခန်းလွတ်တွေအများကြီး၊
အင်ဂျင်နီယာကဘယ်လိုဒီဇိုင်းမျိုးဆွဲပေးရမလဲလို့မေးတော့
ကျနော်ဖါးအောက်တောရမှာလှူခဲ့တဲ့အဆောင်ဓါတ်ပုံကိုထုတ်ပြလိုက်ပါတယ်။
အုတ်အခင်းမှာအုတ်ဖိနပ်နဲ့သစ်သားတိုင်ထောင်၊ပျဉ်ကာ၊သွပ်မိုးထားသောအဆောက်အဦး၊ဘိုထိုင်အိမ်သာ
ဒီအတိုင်းတစ်ပုံစံထဲဆောက်ပေးပါ
ဆရာ...ဒါ..တောလက်သမားတောင်ဆောက်နိုင်ပါတယ်
ကျနော်တို့မလိုပါဘူး
ဒါပေမဲ့...ကျနော်တို့ဆောက်ပေးပါ့မယ်၊ပစ္စည်းဘိုးနဲ့လုပ်ခဘဲပေးပါ
ဒီလိုနဲ့ဆောက်ပြီးသွားပါတယ်။ဖါးအောက်မှာသုံးနေတဲ့ကုတင်မျိုးထားထားတယ်၊
ခေါင်းအုံးတွေ၊စောင်တွေအားလုံးတထပ်ထဲတူနေရမယ်။
တောပုံစံလျှပ်စစ်မီးသွယ်တာကအစပုံတူဘဲလုပ်ထားတယ်။
အတွင်းဓါတ်ပုံကြည့်လိုက်ရင်ချွတ်စွပ်တူနေတယ်၊အပြင်လဲဒီအတိုင်းဘဲ
ဓါတ်ပုံရိုက်ပြီးသမီးဆီပို့လိုက်ပါတယ်။
သမီးဆီကစာဝင်လာပါတယ်။
ဒကာကြီးဘယ်တုန်းကအဆောင်ထဲလာပြီးဓါတ်ပုံရိုက်သွားတာလဲ
ကျနော်ဖုံးဆက်လိုက်ပါတယ်
ခြံထဲမှာဆရာလေးတို့ကိုသတိရလို့ဆောက်ထားတာပါ
လာနေချင်လဲလာနေလို့ရအောင်ပါ
ဒါပေမဲ့..ရဟန်း၊သီလရှင်ဆိုတာဘာသာရေးဘုန်းကြီးကျောင်းမှာဘဲနေရမယ်လို့အဖေနားလည်ပါတယ်
အဓိက...ကအဖေကျန်းမာရေးကြောင့်ဘဲဖြစ်ဖြစ်၊အလုပ်များနေတာဘဲဖြစ်ဖြစ်၊
မလာဖြစ်ခဲ့ရင်၊မလာနိုင်ခဲ့လို့ရှိရင်အဖေ့စိတ်တွေသက်သာရာရအောင်ဆောက်ထားတာပါ။
ဒီအဆောင်လေးကိုမြင်ရုံနဲ့ဖါးအောက်တောရရောက်နေသလိုဖြစ်အောင်ဆောက်ထားတာပါ
ဆရာလေးတို့စိတ်ချမ်းသာသလိုနေပါ
အနောက်ဖက်ကရှိုက်သံသဲ့သဲ့ကြားရတဲ့အခိုက်ကျနော်သမီးစကားပြန်မစောင့်တော့ဘဲဖုံးချလိုက်ပါတယ်။
ကျနော့်ပါးပြင်မှာလဲမျက်ရည်စတွေနဲ့ပါလား
အဆောင်ဆောက်ပြီးစမှာသားငယ်ပြန်လာတာနဲ့ကြုံပါတယ်
ဟင်..အဖေဆောက်ထားတာအမေ့အဆောင်အတိုင်းတစ်ပုံစံထဲ
ဘာဖြစ်လို့လဲအဖေ
အဖေ..အသက်ကြီးလာတဲ့တစ်နေ့၊သားအမေ့ဆီကိုမသွားနိုင်တော့တဲ့တစ်နေ့ရောက်ခဲ့ရင်
ဒီအဆောင်လေးကိုကြည့်ပြီးဖါးအောက်တောရရောက်နေသလိုမျိုးခံစားရအောင်လို့ပါ
အဖေ့ကိုရူးနေပြီလို့ပြောလဲအဖေလက်ခံတယ်
ဒို့တွေမိသားစုဘဝကိုအဖေတမ်းတနေတုန်းဘဲ
သားငယ်ကျနော့်မျက်နှာကိုကြည့်ပြီးချက်ချင်းအဆောင်ထဲဝင်သွားပါတယ်
သူ့အမေကိုရည်ရွယ်ထားတဲ့ကုတင်ဘေးမှာဒူးထောက်ပြီးငိုကြွေးနေတယ်။
ကျနော်တစ်ယောက်ထဲကားမောင်းလာတာမော်လမြိုင်ကိုကျော်နေပြီ
ဖါးအောက်ရောက်တော့မယ်
ကျနော်သူတို့နဲ့ဖုံးမဆက်ဖြစ်တာတော်တော်ကြာနေပြီ၊
ညတုန်းကသမီးကိုဒီနေ့ဆင်းလာခဲ့မယ်တစ်ခွန်းဘဲပြောဖြစ်တယ်၊
ကျနော်ဂေါပကရုံးခန်းထဲမှာထိုင်နေရင်း၊အပြင်ငေးကြည့်နေမိတယ်။
ကျောင်းဝေယျာဝစ္စတွေကိုလုပ်နေသူများ၊အမှိုက်လှဲ၊သန့်ရှင်းရေးလုပ်နေသူများ၊
ယောဂီများစားသောက်ရန်ချက်ပြုတ်နေကြသူများ၊အားလုံးအလုပ်ရှုပ်နေကြပါတယ်။
ဒီလူတွေဟာရဟန်းတွေ၊သီလရှင်တွေ၊ယောဂီတွေအပူအပင်ကင်းကင်းနဲ့တရားကျင့်
နိုင်အောင်ဝိုင်းပြီးပါရမီဖြည့်ပေးနေသူများဖြစ်ကြပါတယ်။
ကျနော့်ဘဝကိုပြန်စဉ်းစားကြည့်မိတာကျနော်သည်လဲသူများပါရမီကိုလိုက်ဖြည့်ပေးနေသူတစ်ဦးလို့ဘဲ
ကိုယ့်ကိုကိုယ်မြင်ပါတယ်။
ဂီတသမားဘဝ၊မုန့်ဆရာဘဝ၊အခု”မေ”နဲ့သမီးသီလရှင်ဝတ်တော့သူတို့လိုအပ်တာတွေ
လိုက်ကူပေးရင်းပါရမီဖြည့်ပေးနေတယ်။
ကျနော်တို့ဗုဒ္ဓဘုရားမှာတောင်ပါရမီဖြည့်ဖက်ဆိုတာရှိခဲ့ဘူးတာဘဲ
သူများအတွက်ပါရမီဖြည့်ပေးရတဲ့ဘဝကျနော်ကျေနပ်ပါတယ်။
ဒါပေမဲ့အခုကျနော့်ဘဝတစ်ယောက်ထဲ၊တိုင်ပင်စရာလူမရှိတဲ့ဘဝ၊
တစ်ခါတစ်လေနေမကောင်းချင်သလိုလိုဖြစ်ရင်ကျနော့်ကိုကြည့်မဲ့သူမရှိ
အရင်ကျနော့်ဘေးမှာ”မေ”ရှိနေတုန်းကျနော့်ကိုအရိပ်တကြည့်ကြည့်နဲ့ဂရုစိုက်ပေးခဲ့တယ်။
ပုထုဇဉ်လူသားတစ်ဦးဖြစ်တဲ့ကျနော့်အတွက်ရောပါရမီဖြည့်ပေးမည့်သူမရှိသင့်ဘူလား
ဒါပေမဲ့ကျနော့်နှလုံးသားမှာ”မေ”ကလွဲလို့ဘယ်သူ့ကိုမှနေရာပေးလို့မရ
ကျနော့်အတွေးတွေကြားမှာလွင့်မျောနေမိတယ်
“ဒကာကြီး..တစ်ယောက်ထဲကားမောင်းလာတာ၊မပင်ပမ်းဘူးလား”
“ခရီးကဝေးတယ်၊အဖေါ်တစ်ယောက်ပါရင်ကောင်းမယ်”
“အသက်တွေကြီးလာရင်ဘေးမှာအကူရှိဖို့လိုတယ်”
“အဖေါ်တစ်ယောက်ရှာလိုက်ပါလား”
“ဆရာလေး၊စာချုပ်တွေမှာလက်မှတ်ထိုးပေးခဲ့တယ်လေ”
“ဒကာကြီးကြိုက်သလိုသုံးလို့ရတယ်”
အဲဒီစာချုပ်အားလုံးမီရှို့ပြစ်လိုက်ပြီ
“ဟင်...ဘာဖြစ်လို့”
မလိုဘူး၊ဒီစာချုပ်တွေကျုပ်အတွက်မလိုဘူး
အသပြာတွေလဲမလိုဘူး၊
ကျုပ်မျှော်လင့်ချက်တစ်ခုအတွက်အသက်ရှင်နေတယ်
ကျုပ်ဘဝထဲကိုကျုပ်မိသားစုကလွဲလို့ဘယ်သူမှဝင်လို့မရဘူး
ကျုပ်မိသားစု၊အရင်ဘဝပြန်လိုချင်တယ်
ကျုပ်ရင်ထဲကိုအရင်လူကလွဲပြီးဘယ်သူမှဝင်လို့မရဘူး
ကျုပ်ဟာပုဂ္ဂိုလ်ထူးလဲမဟုတ်ဘူး၊သာမန်လူတစ်ယောက်
သံယောဇဉ်တွေလဲမဖြတ်နိုင်ဘူး
သာသနာကိုနှောင့်ရှက်လို့သာသနာဖျက်၊ငရဲသွားဆိုရင်လဲကျုပ်ရဲရဲကြီးသွားမယ်
ကျနော်မျက်ရည်တွေကြားကစကားတွေတတွတ်တွတ်ပြောနေမိတယ်။
ဆရာလေးကျနော့်စကားသံတွေနဲ့ကျနော့်မျက်နှာကိုကြည့်ရင်းမျက်ရည်တွေစီးကျလာတာမြင်လိုက်ရတယ်။
နောက်ဖက်ကသမီး၊သူ့အမေပုခုံးကိုမှီပြီးတရှုပ်ရှုပ်နဲ့ငိုကြွေးနေတယ်။
မိုးကောင်းကင်ကိုမော့ကြည့်ပြီးနှုတ်မှဒီစကားကိုအော်ဟစ်လိုက်မိပါတယ်၊
“ကျုပ်ခန္ဓာမြဲနေသ၍မျှော်လင့်ချက်နဲ့အသက်ရှင်မယ်...........”
ဒီအချိန်မှာတောင်ရိုးတန်းမှာဗြုံးစားကြီးမိုးတွေချိမ်း၊လျှပ်စီးတွေလက်ပြီး၊မိုးတွေရွာချလာပါတော့တယ်
ဆရာလေးနှစ်ပါးခေါင်းကိုသင်္ကန်းအုပ်မိုးပြီးစင်္ကြန် အမိုးအောက်ဆီကိုအပြေးထွက်သွားတယ်
မိုးရေပေါက်တွေဦးခေါင်းမှတဆင့်မျက်နှာဆီသို့စီးကျလာပြီ
မိုးရေလား၊မျက်ရည်လားခွဲမရတော့ပါ၊အတူတူစီးကျနေတယ်၊
သာသနာပြုနေသူကိုအနှောင့်အယှက်ပေးခဲ့တဲ့ကျုပ်၊ငရဲသွားရတော့မဲ့ကျုပ်၊
ရှင်လျက်သေနေတဲ့ဘဝထဲလူ၊သိကြားမင်းပြစ်ချမည့်ဝရဇိန်လက်နက်မိုးကြိုးသွားကိုစောင့်မျှော်နေရင်း
မိုးရေထဲမှာရပ်နေမိတယ်။ဒီအချိန်ဆရာလေးတွေဆီကအသံတွေမိုးသံတွေနဲ့ရောထွေးပြီကြားလိုက်တယ်။
အကို..မြန်မြန်ပြန်လာခဲ့.....မြန်မြန်လာ...အကို..........
အဖေ...မြန်မြန်လာ.....မြန်မြန်လာခဲ့ပါ.........

Comments
Post a Comment