ကျော်ကြီးနဲ့ဘူမိဗေဒ
ကျော်ကြီးနဲ့ဘူမိဗေဒ
ကုက္ကိုရိပ်(ရန်ကုန်တက္ကသိုလ်၊လှိုင်နယ်မြေ)
ကျော်ကြီး...ကျော်ကြီး...ဖိုးခွားလေး...
ဒီကောင်လေးဘယ်သွားနေလဲ
ကျော်ကြီး
အမေ...ကျနော်ဒီမှာ..အမေ...မြို့ပို့တဲ့ပဲစာရင်းလုပ်ဆိုလို့ကျနော်လုပ်နေတယ်
တရွာလုံးဆယ်တန်းအောင်တဲ့ကလေးတွေတက္ကသိုလ်တက်ခွင့်အကြောင်းကြားစာတွေရောက်နေကြပြီ
ကျော်ကြီးနင့်အတွက်စာလဲမပါဘူး
အမေ..ကျနော်တောင်ငူလိပ်စာပေးထားတာအမေ,
ကျနော်ဖုံးဆက်ကြည့်မယ်၊တောင်ငူအိမ်ကိုဖုံးဆက်လိုက်တယ်..
အမေ...ကျနော်ဘူမိဗေဒတက်ရမယ်
ဘာမေဂျာလဲ၊ငါလဲတခါမှမကြားဘူးဘူး
အမေလမ်းခင်းတဲ့ကျောက်တွေအမေသိတယ်ဟုတ်
အဲ့ကျောက်တွေလေ့လာတဲ့ဘာသာအမေရဲ့
ဒါဆိုနင်ဟိုလမ်းခင်းတဲ့ကျောက်တွေထုရတော့မှာပေါ့
လမ်းလုပ်သားတွေကစာမတတ်ဘူး၊နင်ကဘွဲ့ရပြီးလမ်းဘေးမှာကျောက်ထုနေရင်
အမလေး.....ရွာကလူတွေမြင်ရင်ငါတော့သောက်ရှက်ကွဲပါပြီ
မိုက်လိုက်တာဖိုးခွါးလေးရယ်၊ဘာလို့ဒီဘာသာယူရတာလဲ
သွားပြန်အပ်လိုက်တခြားဘာသာပြောင်းယူတော့
အမလေးနင်ဆယ်တန်းအောင်တုန်းကရေနှစ်ဗူးခါးချိတ်ပြီးတရွာလုံးပတ်ပြီးကြွားလိုက်ရတာ
နင်ကျောက်ထုနေတာမြင်ရင်၊ငါ့မျက်နှာဘယ်မှာသွားဝှက်ထားရမလဲ
နင်ရထားတဲ့ဘာသာအမေမကြိုက်လို့ပြောပြီးပြန်ပေးလိုက်၊
အာ...အမေကလဲအမေမကြိုက်ပေမဲ့ကျနော်ကြိုက်တယ်အမေ၊
ကျနော်တက်ပါရစေအမေ၊
ဒီကောင်လေးတော့ခက်ပြီ,မင်းမိန်းမယူရင်တော့ငါတော့ဒုက္ခဘဲ
အခုနင်ကြိုက်တဲ့ဘာသာနင်ယူတယ်၊နင်မိန်းမယူချင်ရင်တော့ငါကြိုက်တဲ့လူဘဲနင်ယူခွင့်ရှိမယ်
ငါမကြိုက်တာခေါ်မလာရဘူးနော်ကြိုပြောထားမယ်၊
ဟိတ်...ကျော်ကြီးနော်ကူးမ ဘာရလဲ
ကူးမ က မော်လမြိုင်တက္ကသိုလ်တက်ရမယ်
ဘာမေဂျာလဲ..
ဓါတုဗေဒဘာသာ၊အမေ့ကိုဘယ်လိုရှင်းပြရမလဲ
အမေနားလည်အောင်ပြောရရင်
ဖန်ခွက်ထဲကသကြားရေထဲဆားနဲနဲထည့်,ပြီးရင်သံပုရာသီးညှစ်ထည့်,အရောင်ထည့်လိုက်
ဒါဆိုသံဗူးဖျော်ရည်ရပြီ,အဲ့လိုဓါတ်ခွဲခန်းမှာသင်ရတဲ့ပညာ
နော်ကူးမတောင်အလုပ်ဖြစ်သေးတယ်
ကျောင်းပြီးရင်အအေးဆိုင်ဖွင့်လို့ရသေးတယ်
ကျော်ကြီးနင့်ဘာသာကအလုပ်မဖြစ်ပါဘူး၊ငါ့ကိုအရှက်ခွဲတယ်
နင်တို့မောင်နှမတွေအန်တီနော်ကိုမကျော်နိုင်ဘူး
အမေ့ညီမကစာဖတ်ဝါသနာပါတယ်
ကျနော်တို့ကစာဖတ်ဝါသနာမပါဘူးအမေရဲ့
ကျနော့်အဒေါ်အန်တီနော်အင်ဂျင်နီယာနဲ့ကျောင်းပြီးတယ်
အခုမြို့တော်ခမ်းမ ယာအုံမှာအင်ဂျင်နီယာဖြစ်နေပြီ
ကျနော်တို့နှစ်တွေတုန်းကဘူမိဗေဒပထမနှစ်နဲ့ဒုတိယနှစ်တွေမှာခပေါင်းဆောင်မှာနေရတယ်၊
ကုက္ကိုရိပ်..လှိုင်တက္ကသိုလ်နယ်မြေထဲကဘူမိဗေဒစာသင်ဆောင်မှာစာသင်ရတယ်၊
တတိယနှစ်မှာတော့ဒဂုံဆောင်နဲ့မန္တလေးဆောင်ကိုပြောင်းရမယ်။
အခန်းဘေးမှာမော်လမြိုင်၊ပုသိမ်၊ကရင်ပြည်နယ်ကသူငယ်ချင်းအသစ်တွေနဲ့ပျော်စရာ
တက္ကသိုလ်ကျောင်းသားဘဝစခဲ့ပါတယ်၊
ဘူမိဗေဒတက်ရင်မိုင်နှစ်ဆယ်လမ်းလျှောက်နိုင်မှတက်ခွင့်ရမယ်၊
တက္ကသိုလ်ဆေးရုံမှမင်္ဂလာဒုံတိုင်းခမ်းမအသွားအပြန်လျှောက်ရမယ်။
မနက်လေးနာရီစလျှောက်ကြပြီ၊သူငယ်ချင်းတစ်စုစကားတပြောပြောနဲ့လျှောက်ကြတာ
မောရမှန်းမသိ၊ကျနော်ကျော်ကြီးအတွက်ဒီလောက်လျှောက်တာလောက်အသေးအဖွဲ၊
ငယ်ငယ်ထဲကပဲခူးရိုးမပေါ်တက်နေကြပါ၊တဖြေးဖြေးလျှောက်လာလိုက်ကြတာ၊
အပြန်တံတားဖြူနားထိရောက်လာပါပြီ၊
အဲဒီမှာထူးထူးခြားခြားအဖြစ်ကလေးကမှတ်မှတ်ရရပါဘဲ၊
အားကစားဝတ်စုံဝတ်ထားတဲ့ရွယ်တူကောင်မလေးအုပ်စုထဲက၊
ချောချောတစ်ယောက်ကျနော်ကျော်ကြီးကိုရေဗူးတစ်ဗူးကမ်းပေးရင်း
“ရေချမ်းချမ်းလေးသောက်လိုက်ပါအုန်း”
“အမောပြေပါစေ”
“မျက်နှာမြင်ယုံနဲ့ရေမသောက်ရဘဲအမောပြေသွားပါပြီ”
ဗျိုင်းမြင်ပြီး“ဟေ့...ကျော်ကြီး၊မင်းမသောက်ရင်ငါတို့ကိုပေး”
“ညီမလေးတို့ရေဗူးပေးတာမှားသွားပြီ၊”တောကျီးကန်းကကျပ်ပြီ
“ဒီရွှေကရင်... ငါတို့ရေတွေအကုန်သောက်ပြီး၊ဗိုက်လေးပြီး..နောက်ကျန်နေတာ”
“သူ့ကိုညီမလေးတို့ကမောတယ်ထင်ပြီးသနားနေတာလား”
“ညီမလေးတို့လူရွေးမှားသွားပြီ”
“သနားချင်းသနားရင်အကိုတို့ကိုသနားရမှာ”
“အကိုတို့ရေတွေအားလုံးဒီကောင်သောက်လိုက်လို့အကိုတို့ရေငတ်နေကြတာ”
သူငယ်ချင်းတွေဘာပြောပြော..သူ့မျက်နှာလေးမြင်ရတဲ့အခိုက်အမောပြေသွားတယ်
အမေပြောတဲ့အမောပြေဆိုတာဒါဘဲ
“ကျမတို့လဲလှိုင်တက္ကသိုလ် ဖတ်စ်ရီးယားမှာတက်မယ်”
“အကိုတို့လဲဘူမိဗေဒဘာသာကပါ”
“သိပါတယ်၊ကြွားမနေနဲ့၊ပင်ပမ်းတဲ့ဘာသာမယူချင်ပေါင်”
“ယူလို့လဲမရ၊ငါတို့ဆီမှာကျောင်းသူလက်မခံ၊”
“အေး...နင်တို့ကျားတွေနောက်မှနောင်တရကြမယ်”
“မ..မရှိရင်ပျင်းစရာကောင်းတာ၊ကျောင်းဖွင့်မှသိမယ်”
ဥနှောက်ထဲကကင်မရာနဲ့သူ့ရုပ်ပုံလွှာကိုဓါတ်ပုံရိုက်ထားလိုက်ပြီ
“ရွှေကရင်ကြောင်မနေနဲ့ငါတို့အုပ်စုနောက်ဆုံးဖြစ်နေပြီလားမသိဘူး”
“မြန်မြန် Go ကြမယ်၊”
ကျနော်တို့လမ်းလျှောက်စစ်ပြီး နောက်တစ်ခါ မျက်စိစစ်ရတယ်။
Color blind test လို့ပြောတာဘဲ၊ကျနော်တို့ဘာပြဿနာမှမရှိ၊
ဒါပေမဲ့ နောက်ခန်းဖက်ကတစ်ယောက်ကျသွားတယ်။
ထူးဆန်းလေစွ၊ အနီရောင်မမြင်ဘဲအခြားအရောင်တစ်မျိုးလို့ထင်နေတာ
ငါတစ်သက်လုံးဒီအရောင်လို့ဘဲထင်ခဲ့တာဘူမိရောက်မှမှားနေမှန်းငါသိရတယ်၊
သူငယ်ချင်းတွေနဲ့ခွဲရတော့မှာငါစိတ်မကောင်းလိုက်တာ
သူဘီအီးဒီပြောင်းမယ်တဲ့
မင်းတို့လဲလာလည်ကြကွာ၊ငါလဲမကြာမကြာလာမယ်
သူ့မျက်လုံးဘာလို့ကာလာဘလိုင်းဖြစ်နေလဲလို့သေသေချာချာကြည့်တော့
ကျနော်တို့လိုမျက်ဆံကအမဲမဟုတ်၊နီကြောင်ကြောင်လေး
ဒါပေမဲ့မဆိုင်ဘူးလို့ထင်ပါတယ်
“မိန်းခလေးတွေနှုတ်ခမ်းနီ၊ပါးနီဆိုးတာကိုဒီကောင်ကအခြားအရောင်ထင်နေတယ်”
“အကယ်၍များဘူမိမရောက်ဘဲ၊အခြားမေဂျာရောက်ပြီးရီးစားတွေဘာတွေရရင်”
“ဒီကောင်ဒုက္ခရောက်ပြီ”
“ဘာဖြစ်လို့”
“အနီကိုမသိဘဲအခြားအရောင်တွေလျှောက်ပေးနေရင်ကောင်မလေးစိတ်ကောက်ပြီပေါ့ကွ”
ကျနော်တို့လှိုင်တက္ကသိုလ်နယ်မြေဘူမိစာသင်ဆောင်မှာစာသင်ကြရတယ်
တောကလာတဲ့ကျနော်တို့ဘယ်သိမလဲစာစသင်တော့ အရှေ့ဆုံးမှာထိုင်ကြတယ်၊
နဲနဲကြာလာတော့ကျနော့်ဘေးကကောင်တွေတဖြေးဖြေးနဲ့နောက်ဆုတ်ကုန်တယ်
ကျနော်သတိထားမိတဲ့အချိန်ဒီကောင်တွေသီရေတာနောက်ဆုံးတန်းရောက်ကုန်ပြီ
အနောက်မှာအုပ်စုအုပ်စုနဲ့ဘာလုပ်နေလဲကျနော်ကျော်ကြီးမသိ၊
နောက်ကျတော့အသာလေးသွားချောင်းတော့၊ဒီကောင်တွေဖဲရိုက်နေကြတာ
ဝါသနာတူဒေးကျောင်းသားတွေကျနော့်အခန်းဘေးကဗျိုင်း၊တောကျီးကန်း၊ရှကီး
အားလုံးကြိတ်ကြိတ်နဲ့ဖဲရိုက်နေကြတာ၊အရှေ့မှာဆရာကစာသင်နေတယ်။
ကျနော်ဘေးမှာခလေးစိတ်မကုန်သေးတဲ့ကောင်လေးငယ်ဘဲကျန်တယ်။
ကျနော်တို့တောင်ငူကဗျိုင်း၊စွန်လွတ်တဲ့ကောင်လေးငယ်နဲ့ကျနော်ကျော်ကြီးတို့
တွဲလေ့ရှိတယ်။ကျန်တဲ့တောင်ငူအဖွဲ့တွေနဲ့သိပ်မခင်ကြဘူး။
သူတို့အာရုံတွေဖဲချပ်တွေဆီရောက်နေချိန်၊ကျနော့်အတွေးထဲမှာ
ကျနော့်ကိုရေဗူးပေးတဲ့ကောင်မလေးကိုဘဲမြင်ယောင်နေမိတယ်။
ကျနော်တက္ကသိုလ်လှိုင်နယ်မြေမှာရှာကြည့်ချင်တယ်။ကင်တင်းတွေမှာရှာကြည့်ချင်တယ်။
သူတို့တွေအဖေါ်မလိုက်ပေးကြဘူး၊
ဗျိုင်း၊တောကျီးကန်း၊ဂန်ဂါး.ဒီကောင်တွေအာရုံထဲမှာဖဲချပ်တွေဘဲရှိတယ်၊
နှလုံးသားနဲ့အချစ်ဆိုတာနတ္ထိ၊
ခလေးစိတ်မကုန်တဲ့ကောင်လေးငယ်ကိုခေါ်တော့လဲမလိုက်ဘူး၊
ဒီကောင်လေးကစွန်လွတ်ဖို့ဘဲစဉ်းစားနေတာ
အဖေါ်မရှိတော့လဲမတတ်နိုင်ဘူး၊တစ်ယောက်ထဲရှာရတော့မယ်
“မင်းတို့ကောင်တွေအဆောင်မှာဖဲရိုက်ပါလား”
“ဒီစာသင်ဆောင်ထဲမှာလုပ်တာလူမြင်မကောင်းဘူး”
“အဆောင်မှာအိမ်မပြည့်ဘူးကွ”
“ဒီမှာလူများလို့လျှံနေရော”
ပထမနှစ်ကယောင်တောင်ပေါင်တောင်နဲ့တဖြေးဖြေးပြီးတော့မယ်။
မဖြစ်တော့ဘူးတစ်ယောက်ထဲအချစ်ပျောက်ရှာပုံတော်ဖွင့်တော့မယ်
အရင့်အရင်ရက်တွေကကျနော်ကိုယ်တိုင်ပျင်းနေတာလဲပါမယ်။
သေသေချာချာရှာကြည့်တော့ကြာကြာမရှာရပါဘူး
နေ့လည်ကင်တင်းမှာတစ်ပတ်လောက်ဆက်တိုက်ရှာလိုက်တာ၊တွေ့ပြီပေါ့
အင်း...ဝိရိယအကျိုးခံစားရပြီ၊
သူတို့အုပ်စုကင်တင်းလာချိန်ကိုမှတ်ထားလိုက်ပြီ
နောက်တဆင့်တက်ဖို့...သူတို့အုပ်စုနဲ့ဝင်ရောရတော့မယ်.
သူတို့ကအနဲဆုံးငါးယောက်ခြောက်ယောက်လောက်ရှိတယ်။
ကျနော်ကတစ်ယောက်ထဲ၊ဟိုကောင်တွေကိုခေါ်လဲမရ
မတတ်နိုင်ဘူး၊ဆက်လုပ်ရတော့မယ်
“ညီမ...အကို့ကိုမှတ်မိလား”
“တံတားဖြူအရှေ့မှာညီမရေတိုက်တဲ့အကိုလေ”
“ဟင်..ဘယ်တုန်းကလဲ”
“ကျောင်းမဖွင့်ခင်တုန်းကလေ၊အကိုတို့မိုင်နှစ်ဆယ်လမ်းလျှောက်တုန်းက”
“ဟဲ့...ချစ်ချစ်...ဗိုလ်၊ကျား၊သေနတ်ကစားတာရှုံးပြီးနင်ရေတိုက်ခဲ့တာလေ”
“ကောင်မ..ရူးချင်ယောင်ဆောင်နေသေး၊ရွှေကရင်ကိုသတိရတယ်လို့”
“နင်ဘဲပြောနေ”
ဟုတ်ပြီ၊ကျော်ကြီးကံထလာပြီ၊သူကျနော်ကိုအမှတ်ရနေတယ်၊
သူ့နာမည်ချစ်ချစ်...ဟုတ်ပြီ၊ဆက်လုံးထားကျော်ကြီး၊
“အမောပြေရေတိုက်ခဲ့တာပြန်ကျေးဇူးဆပ်တဲ့အနေနဲ့..ချစ်ချစ်တို့ကို
“ဒီက....ရွှေကရင်မုန့်ဝယ်ကျွေးပါရစေ”
“ဟင်..ရှင့်ကကျမနာမည်ဘယ်လိုသိတာလဲ”
“ အခုဘဲချစ်ချစ်တို့သူငယ်ချင်းတွေခေါ်သံကြားလိုက်လို့ပါ”
“တခြားသူနာမည်တွေကိုရော..သိလား”
“မသိဘူး၊ကျနော်က’ချစ်ချစ်’နာမည်သိရင်ရပြီ”
“တောသားကတစ်မူးသာသွားပြီ”
“ဗိုက်ဆာပြီ၊အလှူ့ရှင်ရှိတုန်းဒါနမြောက်သွားအောင်သွားကြစို့”
“ဟုတ်ပါတယ်၊ကျနော်တောင်ငူကပါ”
“အခုခပေါင်းဆောင်မှာနေပါတယ်”
“နေ့လည်ကြုံရင်အမြဲကျွေးချင်ပါတယ်”
“ကျုပ်တို့လဲအမြဲတမ်းစားမယ်”
“နောက်မှကြောက်ပါပြီလို့မပြောနဲ့”
“မင်းတို့ကလဲနဲနဲပါးပါးပါးသိက္ခာလေးနဲ့နေပါလား “
“ကျနော်နေ့တိုင်းလာမှာနော်၊’ချစ်ချစ်’ပါမှကျွေးမှာနော်”
“ဟ....ပေါ်တင်ကြီးပါလား”
”ချစ်ချစ်...နင့်ရွှေကရင်ကကြေညာလိုက်ပြီ”
တွေ့တွေ့ချင်းဘဲ၊သူ့သူငယ်ချင်းတွေကိုအသိပေးလိုက်ပြီ
ပထမနှစ်ဓါတုဗေဒတက်နေတဲ့ချစ်ချစ်နဲ့ဘူမိဗေဒတက်နေတဲ့ကျော်ကြီးတို့ဆုံကြပြီ
………………………………………………………………
“ဟေ့....ရွှေကရင်....နေ့လည်၊ငါတို့လ္ဘက်ရည်ဆိုင်သွားတာမင်းမပါတာကြာနေပြီ”
“ဘယ်သွားနေတာလဲ”
“ ငါ ...ချစ်ချစ်တို့ဆီသွားနေတာ”
“ဦးချစ်ဆိုင်ကမိန်းထဲမှာ” ဗျိုင်းဝင်ပြောတယ်၊
“အာ..လူနာမည်ချစ်ချစ်ကိုပြောတာကွ”
“ဟာ...ဘယ်ကချစ်ချစ်လဲ၊ငါတို့လဲမသိပါလား”အားလုံးကစူးစမ်းတဲ့မျက်လုံးနဲ့ကြည့်နေတယ်၊
“လမ်းလျှောက်တုန်းကငါ့ကိုရေတိုက်တဲ့တစ်ယောက်လေ”
“မှတ်မိပြီ၊ရွှေကရင်ကမြန်တယ်”
“ပထမနှစ်ဘဲပြီးတော့မယ်၊မင်းတို့ကိုခေါ်တော့လဲမလိုက်ပေးကြဘူး”
“ငါ ဟာငါကျိုးစားရတာပေါ့ကွ”
“မနက်ဖြန်...ငါတို့လိုက်ကြည့်မယ်”
“မင်းအခြေအနေကိုအကဲခတ်ရမယ်”
“မင်းတို့အုပ်စုဝင်ရောလို့မဖြစ်ဘူးထင်တယ်”
“ငါတို့မရောပါဘူး၊အဝေးကကြည့်မှာပါ”
……………………………………………………………………
“ရွှေကရင်..အခြေအနေကောင်းနေပြီကွ”
“သူ့ရေတိုက်တုန်းကအမှုမဲ့အမှတ်မဲ့ဘဲ”
“ကောင်မလေးကချောသားနော်”
“အေး..ချောတော့ချောတယ်၊ဒါပေမဲ့..ငွေရှင်းတော့ကျော်ကြီးဘဲရှင်းတာတွေ့တယ်”
“ဒီတောသားမအူမလည်နဲ့ရန်ကုန်သူတွေနဲ့တွေ့ပြီ”ဂန်ဂါးတစ်ဖွာရှိုက်ရင်းပြောတော့
အားလုံးနှာခေါင်းရှုံ့သွားတယ်။
“ဘာမှမပြောကြနဲ့၊ကျော်ကြီးရောဂါတက်နေတာ”
“ကျော်ကြီးကိုညနေကြမှသေသေချာချာမေးကြည့်ရမယ်”
…………………………………………………………..
“ဟေ့ကောင်...တောသူဌေး...အခြေအနေဘယ်လိုလဲ”
ကျော်ကြီး..“မင်းတို့..တောသူဌေးဆိုတာဘယ်သူ့ကိုခေါ်တာလဲ”
“ကျော်ကြီး...ကျော်ကြီး....အ...ပါ့ ၊ မင်းကိုခေါ်တာပေါ့”
“တဝိုင်းလုံးအတွက်မင်းဘဲငွေရှင်းနေတာတွေ့လို့...ဟေ့....”
“ ဘယ်လိုလဲ...နေ့တိုင်းမင်းဘဲရှင်းနေတာဘဲလား”
ကျော်ကြီး...“အေး..လေ....ငါတွေ့ချင်တော့၊ငါဘဲကျွေးရမယ်တဲ့သူတို့တွေပြောကြတယ်”
“ညံ့ပါ့...ကျော်ကြီး..”
“ဒါကြောင့်ဒီကောင်တွေမင်းကို ..တောသူဌေးလို့ခေါ်ကြတာ”
“မအူမလည်တောသားကိုဝိုင်းညစ်နေကြပြီထင်တယ်”
“မင်းလုပ်ပုံ...မင်းအမေမြင်ရင်..ဘယ်လောက်တောင်ရင်ဘတ်ထုမလဲမသိဘူး”
“မင်းရဲ့ချစ်ချစ်...စိတ်ကိုစမ်းဖို့ငါအကြံတစ်ခုပေးမယ်”
ကျော်ကြီး..“ပြော..ဗျိုင်း...ငါဘာလုပ်ရမလဲ၊မင်းကိုတော့ငါကြောက်တယ်”
“မင်းကအချစ်အကြောင်းမသိဘူး၊ဖဲအကြောင်းဘဲသိတဲ့ကောင်”
“အခုအခြေအနေကမဆိုးဘူးလို့ငါပြောမယ်”
“ဘာလို့ဆိုတော့ဒီကောင်က ချစ်ချစ်ဘေးမှာအမြဲကပ်ထိုင်တယ်ပြောလို့ “
“စိတ်မဝင်စားရင်အကပ်ခံမှာမဟုတ်ဘူး”
“မင်းတစ်ရက်လောက်ပိုက်ဆံမပါလာဘူး၊မေ့ကျန်ခဲ့တယ်လို့ပြောရမယ်”
“အဲဒီနေ့အခြေအနေငါတို့သိချင်တယ်”
…………………………………………………………..
နောက်ရက်..ကင်တင်းမှာစားသောက်ပြီး
“ကဲ...ကဲ...အတန်းတက်ချိန်နီးနေပြီ”အားလုံးထရပ်နေပြီ၊
“ငွေရှင်းမယ်ဟေ့”
ကျော်ကြီးဟိုနှိုက်ဒီနှိုက်လုပ်ရင်း”ချစ်ချစ်...အကို့ကိုပိုက်ဆံချေးပါလား “
“အကို့ပိုက်ဆံအိတ်မေ့ကျန်ခဲ့လို့”
“ကဲ...ကဲ...ကြားကြလား၊ကျော်ကြီးပိုက်ဆံအိတ်ကျန်ခဲ့လို့တဲ့”
“ဟာ...ချစ်ချစ်...ဘာလို့အကျယ်ကြီးအော်ရတာလဲ”
“ကျော်ကြီး...ရှက်လိုက်တာ”
“ဘာရှက်စရာရှိလဲ၊ချစ်ချစ်တို့ကပွင့်ပွင့်လင်းပြောတာကြိုက်တယ်”
“ကဲ...ဒီနေ့ဒကာ....ချစ်ချစ်...ပါရှင့်”
တစ်အုပ်လုံးဝိုင်းရီကြတာ၊ကျနော်မျက်နှာဘယ်လိုထားရမှန်းမသိတော့ဘူး၊
“ကျေးဇူးတင်ပါတယ်...ချစ်ချစ်..”သူ့လက်ကိုကိုင်ပြီးပြောတော့သူရီနေတယ်.။
…………………………………………………………………………..
“ဟာ..ဒါဆိုရင်ကျော်ကြီးအခြေအနေတော်တော်ကောင်းနေပြီ”
“ပြောရရင်..မင်းရင်ဘတ်ထဲကအကုန်ထုတ်ပြောလို့ရပြီ”
“မင်းတို့ကောင်တွေ...အခုမှပုဏ္ဏားလုပ်နေ...ပထမနှစ်ကပြီးတော့မယ်”
“ ငါတို့က လေးနှစ်နေရမှာလေ.....နောက်နှစ်ဖရက်ရှာထဲမှာချစ်ချစ်ထက်ချောတာမင်းမြင်ပြီး၊
နောင်တရနေမှာစိုးလို့စောစောစီးစီးမတိုက်တွန်းတာ”
“မင်းကချစ်ချစ်တစ်ယောက်ဘဲချစ်တော့မယ်လို့ဆုံးဖြတ်ရင်မနက်ဖြန်ကျပြောလိုက်တော့”
“ကရင်ကြိုက်လို့နွားချောရင်ပြီးတာဘဲ”
..............................................................................................
ဗျိုင်းတို့အဖွဲ့ကိုကျေးဇူးတင်ရမယ်၊သူတို့အကြံပေးလိုက်လို့ကျော်ကြီး
ကင်တင်းမှာပိုက်ဆံသိပ်မကုန်တော့ဘူး၊ကျော်ကြီးနဲ့ချစ်ချစ်တလှဲ့စီကျွေးကြတယ်။
နောက်ကျတော့သူငယ်ချင်းတွေအလိုက်သိစွာနဲ့မလိုက်ကြတော့ဘူး။
ကျနော်ကျော်ကြီးနဲ့ချစ်ချစ်...နှစ်ယောက်ထဲကင်တင်းထိုင်တတ်နေပြီ
“ကျော်ကြီး..ချစ်ချစ်ကိုချစ်နေပြီ”
“နင်နဲ့သိတာဘာမှမကြာသေးဘူး၊ငါ့အကြောင်းလဲနင်မသိ”
“နင့်အကြောင်းလဲငါမသိ၊စောပါသေးတယ်...ဟာ”
အခြေအနေတော်တော်ကောင်းနေတယ်၊
ချစ်ချစ်..ကျနော့်ကိုစိတ်မဆိုးဘူး
“ငါ့အကြောင်းသိအောင်..ငါပြပေးမယ်လေ”
“ဟ...ကျော်ကြီးနင်မညစ်ပတ်နဲ့၊ငါမကြည့်ရဲဘူး”
“ဟာ..သောက်တလွဲ၊နင်တို့အုပ်စုတစ်စုလုံးကိုငါတို့ရွာကိုခေါ်သွားမယ်”
“ကျောင်းပိတ်အိမ်ပြန်ရင်၊ ဘယ်လိုလဲ “
“မဖြစ်သေးပါဘူး၊ကျော်ကြီးရယ်၊ နင့်အမေငါ့ကိုအထင်သေးသွားမှာပေါ့”
“ငါ့အကြောင်းနင်သိလို့လား “
“ငါလင်ရှိနေရင်၊နင်ဘယ်လိုလုပ်မလဲ”
“နင့်မှာလင်မရှိနိုင်ပါဘူး”
“အမယ်..နင်ကဘာကြည့်ပြီးပြောတာလဲ”
“မသိဘူးလေ..နင့်မှာအိမ်ထောင်နဲ့ဆို၊နင့်ယောကျာ်းလာကြိုလာပို့မှာပေါ့”
“ငါတို့စောပါသေးတယ်၊ ငါ့မှာလဲငါ့အကြောင်းနဲ့ငါရှိပါတယ်”
ပထမနှစ်ကတော့အတန်းတက်လိုက်၊အဆောင်မှာဖဲမီးလှုံလိုက်၊နေ့လည်ကင်တင်းမှာ
ချစ်ချစ်နဲ့ထိုင်လိုက်၊ဒီလိုနဲ့ဘဲပြီးသွားပါတယ်။
ကျနော်ကျော်ကြီး....အခြေအနေဘယ်လိုလဲမေးရင်
ကျော်ကြီးကအဆင့်တက်လာတယ်၊
နှုတ်နဲ့ဖွင့်ပြောပြီးပြီ၊ချစ်ချစ်အဖြေကိုစောင့်နေတယ်၊
ချစ်ချစ်ဘက်ကဘာမှတုန့်ပြန်တာမရှိသေးဘူး၊
ဒါပေမဲ့ကျနော်သွားခေါ်ရင်သူလိုက်လာတယ်၊ကင်တင်းထိုင်တယ်။
ကျနော်မှာတာဝန်တစ်ခုတော့ပိုလာတယ်။
သူတို့အုပ်စုဟိုင်းလပ်ဖယ်ရီနဲ့လာကြတယ်၊ကားရပ်တဲ့နေရာမှာအမြဲသွားစောင့်ရတဲ့တာဝန်
ကျနော်အိမ်ပြန်ရောက်တော့ချစ်ချစ်ကိုလွမ်းလိုက်တာ၊
သူကျနော့်ကိုသတိရလား၊မရလားကျနော်မသိ၊
ကျနော်ကတဖက်သတ်အချစ်လိုဖြစ်နေပြီ၊
တောင်ငူရောက်တော့နေ့လည်ဆိုကျနော်တို့ဗျိုင်းတို့အိမ်ကိုသွားကြတယ်၊
သူတို့ဂိုဒေါင်မှာဂစ်တာတီးပြီးသီချင်းတွေဆိုကြတယ်၊
ခလေးစိတ်မကုန်တဲ့ကောင်လေးငယ်၊ဒီကောင်လေးလဲအချစ်ပိုးဝင်နေပြီ၊
သူ့ကောင်မလေးကကျားစိတ်ပေါက်နေတဲ့အီကိုကမန္တလေးသူ
စွန်လွတ်ရင်းပြဿနာဖြစ်ပြီးစခဲ့တဲ့ဇာတ်လမ်း၊အဆင်ပြေသွားကြပြီ
အဆောင်မှာညနေကျနှစ်ယောက်သားစွန်လွတ်နေကြတယ်၊
ကောင်လေးငယ်ကကျနော့်ထက်သာတယ်၊
ဖုံးနံပါတ်ပေးထားလို့နေ့တိုင်းဖုံးဆက်နေကြတယ်၊
ချစ်ချစ်...ကျနော့်ကိုဖုံးနံပါတ်မပေးဘူး
ဖုံးကအိမ်မှာဘဲရှိတယ်၊ရွှေဆိုင်မှာမရှိဘူး
ကျောင်းပိတ်ရင်ရွှေဆိုင်မှာငါအားမှာမဟုတ်ဘူး
ချစ်ချစ်တို့အိမ်ကရွှေဆိုင်ဖွင့်ထားတယ်လို့ထင်တာဘဲ
ကျနော်သူ့အကြောင်းဘာမှမမေးဖြစ်ခဲ့၊ချစ်ချစ်အကြောင်းဘာမှလဲမသိ၊
ကျနော်ကအချစ်ရူးနေပြီ၊ချစ်တာတစ်ခုထဲသိတယ်,
“ အို...ချစ်တဲ့သူ..ကျောင်းပိတ်လို့အိမ်ပြန်ရင်၊
နွေတစ်ရာလို၊ဝေဒနာတွေဆူတယ်မေ...ရွှေရင်ပူကျွမ်းတော့မယ်”
“စိန်လွင်ရဲ့နွေကျောင်းပိတ်ရက်မလိုချင်ပါ”သီချင်းကိုကျနော်နဲ့ကောင်လေးငယ်
ရင်ထဲမှာလှိုက်လှိုက်လှဲလှဲဆိုနေမိတယ်။
ကျနော်ကရစ်သမ်တီး၊ဗျိုင်းကလိဒ်တီးတယ်၊
နောက်ပြီး “ ဘာအတွက်လဲ....,ဘာကြောင့်လဲ...ကိုယ်ကချစ်နေရတာ...
မေးရန်လွယ်ပေမဲ့၊အဖြေခက်...သိသလို..မသိသလိုပါဘဲ...
..........အပိုတွေကိုမဆိုတတ်ဘူး...သာမန်လူတစ်ယောက်မို့လေ...
တကယ်ပါမေရယ်..ကိုယ်ကတော့ချစ်တာတစ်ခုထဲသိတယ်...”
ကျနော်နဲ့ကောင်လေးငယ်နှစ်ယောက်ဒီလိုသံပြိုင်ကျူးရင့်ကြတာ...။
ဒီလိုနဲ့ဒုတိယနှစ်ကျောင်းမဖွင့်ခင်ကျနော့်အဒေါ်အလှူရှိလို့ရန်ကုန်စောစောတက်လာခဲ့တယ်။
အဒေါ်အလှူမှာဝိုင်းကူပေးဖို့လာခဲ့တာ၊ကျောင်းတွေမဖွင့်သေးဘူး။
သိတယ်ဟုတ်....ကျနော်ရန်ကုန်အရမ်းလာချင်တယ်၊ချစ်ချစ်ကိုမြင်နေချင်တာကပိုမယ်
ဒါပေမဲ့...ကျနော့်ညံ့ချက်၊ချစ်ချစ်လိပ်စာလဲမသိ၊ဖုံးနံပါတ်လဲမသိ၊ဘယ်နေရာမှာရွှေဆိုင်
ထွက်နေတာလဲမမေးခဲ့မိ၊ညံ့ပါ့....ညံ့ပါ့...ကျော်ကြီး
ခုမှနောင်တတွေအများကြီးရနေတယ်
ရန်ကုန်ရောက်နေပြီ၊ကျနော်ဘာဆက်လုပ်ရမလဲ၊ကျောင်းမှာသွားရှာရအောင်လဲ
ကျောင်းတွေမဖွင့်သေး၊
အဒေါ်အိမ်ကသုမင်္ဂလာလမ်းပေါ်မှာ၊ဆယ်ရပ်ကွက်ဈေးနားမှာ
ကျနော့်အဒေါ်မှာ”ကျော်လေး”ဆိုတဲ့ညီတစ်ယောက်ရှိတယ်။ကျနော်နဲ့အသက်ငါးနှစ်ကွာတယ်။
“ကိုကြီး....ကျနော်မှာအမတစ်ယောက်ရှိတာကိုကြီးသိလား”ကျော်လေးကပြောတယ်။
“ဘာလဲ...ညီလေး..အဖေဖက်ကအမလား”
“မဟုတ်ဘူး...ဟိုဖက်ခြံက”
“ညီလေးတို့အဖေဖက်ကအမျိုးတွေ...ဟိုဖက်ခြံမှာနေတာလား”
“မဟုတ်ဘူး”
“ဘာလဲ...ငါ့ကိုရှင်းရှင်းပြောစမ်းပါ”
“ကိုကြီးနဲ့အသက်တူလောက်တယ်”
“ကျနော်မွေးကထဲက..မမ...ကျောင်းမသွားခင်တစ်ခါ၊ကျောင်းဆင်းတစ်ခါ...နေ့တိုင်းလာကြည့်တာ”
“ကျောင်းပိတ်ရက်ဆိုတနေကုန်ကျနော့်ဘေးမှာဘဲစောင့်နေပေးတာ”
“ကျနော်ကျောင်းတက်ချိန်ရောက်တော့လဲ၊မမနဲ့ဘဲကျောင်းအတူသွားကြတာ”
“ကျောင်းသွားအတူတူ၊ကျောင်းပြန်လဲအတူတူ”
“မမ...ဆယ်တန်းအောင်တဲ့အချိန်ထိ၊ကျောင်းအတူတူသွားခဲ့ကြတာ”
“မမ...အိမ်မှာလဲ..မမ...တစ်ယောက်ထဲ၊ကျနော်လဲတစ်ယောက်ထဲ”
“ကျနော့်အမ...အရင်းလိုပါဘဲ၊အခုသူဆိုင်သွားနေတယ်”
“ညဖက်ရောက်လာမှာပါ”
ဒီနေ့နေ့လည်အလှူကိစ္စတွေလုပ်စရာတွေဝိုင်းလုပ်ပေးနေတယ်၊
ရင်ထဲမှာ..ချစ်ချစ်...ကိုလွမ်းလိုက်တာ...မြင်ချင်လိုက်တာ...
ကျနော့်ညီ”ကျော်လေး” တစ်ဦးတည်းသား၊အဒေါ်အရမ်းချစ်တာ
သူလဲဂီတတော်တော်ဝါသနာပါတယ်၊ကီးဘုတ်လဲကျွမ်းနေပြီ၊
ဂီတာလဲကျွမ်းနေပြီ၊သင်တမ်းမျိုးစုံတက်ထားတော့
ကျနော်တို့တောမှာတီးသလိုမဟုတ်၊နှုတ်တွေ၊ပဲပင်ပေါက်နှုတ်တွေနဲ့တီးတာ
ဘုရားကျောင်းမှာလဲတီးဝိုင်းကိစ္စဆိုရင်ညီလေးဘဲတာဝန်ယူရတာ
“ကျော်လေး....ဘာတွေလုပ်စရာကျန်သေးလဲ”
“ဟာ...ဦးလေးသံ...မမ ...မပါလာဘူးလား”ဝင်လာတဲ့လူတစ်ယောက်ကိုကျနော့်ညီမေးနေတယ်။
“မလာလို့ရမလား...လိုက်ခဲ့မယ်”ဦးလေးသံဆိုသူကပြန်ပြောနေတယ်။
ကျနော်လဲလုပ်စရာတွေကိုခေါင်းငုံ့ပြီးလုပ်နေမိတယ်။
သူတို့အိမ်နီးချင်းတွေကိုကျနော်စိတ်မဝင်ဘူး။
“မောင်လေး....မမချစ်လာပြီ..ဟေ့”
“မမ...ကို..ကျနော်မျော်နေတာမနက်ထဲက”
“သိတယ်..မေမေတို့အပြင်သွားလို့မမ...ဆိုင်စောင့်ပေးနေတာ”
ကျနော်ဒီအသံကြားဘူးတယ်၊ရင်းရင်းနှီနှီးသိနေတယ်။
ခေါင်းမော့ကြည့်လိုက်တာ...”ချစ်ချစ်”
ကျနော့်ရင်ထဲကမျော်လင့်နေတဲ့..”ချစ်ချစ်”
“ဟင်...ကျော်ကြီး...နင်ဒီမှာဘာလာလုပ်လဲ”
“မောင်လေး...သူက “
ကျော်လေးက”တောင်ငူက ....ကျနော့်အစ်ကိုလေ..ကိုကျော်ကြီး”
“မမ..တို့သိနေကြလား”
“မမတို့...လှိုင်တက္ကသိုလ်မှာအတူတူဘဲလေ”
“ဟဲ့...ကျော်ကြီး...ဘယ်တုန်းကရောက်နေတာလဲ”
“ဒီမနက်ဘဲရောက်တာ...အန်တီနော်က..အမေ့ညီမအရင်း”
“ငါတို့ကဟိုဖက်ကပ်ရက်ခြံမှာနေတယ်”
ကျနော်အံ့ဩဝမ်းသာမိတယ်၊တွေ့ချင်တဲ့သူကိုရှာစရာမလိုဘဲမျက်စိရှေ့ရောက်လာတာ
ကျနော်ကျော်ကြီး...ဘယ်လောက်ကံကောင်းလဲဆိုတာ
ချစ်ချစ်လဲကျနော့်လိုဘဲအံ့ဩနေတယ်၊
ချစ်ချစ်အံ့ဩတာကကျနော့်ထပ်ပိုတယ်၊
ကျော်လေးအစ်ကိုလို့သိလိုက်ရတာရယ်၊အန်တီနော့်တူအရင်းလို့သိလိုက်တာရယ်
ဘာဘဲဖြစ်ဖြစ်ကျနော့်အဒေါ်အလှူကိုကျနော်၊ချစ်ချစ်၊ကျနော့်ညီ၊ချစ်ချစ်ဦးလေးဦးသံချောင်း
တို့ဝိုင်းကူညီလိုက်ကြတာအဆင်ပြေပြေဘဲပြီးသွားပါတယ်။
ချစ်ချစ်တို့မိဘတွေနဲ့ကျနော့်အဒေါ်မိသားစုတော်တော်ရင်းနှီးနေတာတွေ့ခဲ့တယ်။
ကျနော်ညီက..”အကို့...ကို...ကျနော်သတိထားမိတယ်..”
“ဘာလဲ..ဘာပြောမလို့လဲ..ညီလေး”
“အကို့မျက်လုံးတွေ..မမချစ်ကိုကြည့်တာမရိုးသားဘူးနော်...”ကျော်လေးကြည့်ပြီးပြောနေတယ်။
ဘေးမှာလှည့်ကြည့်လိုက်တာဘယ်သူမှမရှိတော့ဘူး၊
ချစ်ချစ်တို့လဲအိမ်ပြန်သွားကြပြီ၊သူ့ကိုပုခုံးဖက်ပြီးထိုင်ခုံမှာထိုင်လိုက်တယ်
“ဘယ်ရိုးသားမလဲ...၊ငါသူ့ကိုကျောင်းမှာထဲကရီးစားစကားပြောထားတယ်”
“သူ့ဆီကအဖြေတောင်းထားတာ၊အခုထိမပေးသေးဘူး”
“ငါတို့နှစ်ယောက်ခင်ကြပါတယ်”
ကျနော့်ညီ..ကျနော့်မျက်နှာတည့်တည့်ကြည့်ပြီး၊” အကို...မမချစ်ကိုအပျော်ကြံတာမျိုးတော့မလုပ်နဲ့”
“ကျနော့်နဲ့အရင်တွေ့မယ်၊ မမချစ်ကို..ကျနော့်အမအရင်းလိုချစ်တယ်”
“ညီလေးရာ...ငါတကယ်ချစ်တာပါ”
“သူ့ဆီကချစ်တယ်လို့အဖြေရခဲ့ရင်...ကျောင်းပြီးအောင်မစောင့်တော့ဘူး”
“ငါ...ခိုးပြေးတော့မှာ၊ငါလဲပထမဆုံးချစ်တာပါ”
“အကို ...အတည်ဆိုရင်တော့ကျနော်ဘာမှမပြောဘူး”
ကျော်လေး...သူ့အမကိုကျနော်အခုမှကြိုက်တယ်လို့ထင်နေတာ၊
ကျနော်ရှင်းပြတော့သူလက်ခံသွားပါတယ်၊
ကျနော့်အဒေါ်အိမ်နဲ့ချစ်ချစ်တို့အိမ်က အလယ်ခြံစည်းနဲ့တဖက်၃ပေစီဘဲခြားတယ်။
အိမ်နှစ်လုံးကြားခြောက်ပေခြားပြီးအလယ်အုတ်စည်းရိုးက ၆ပေမြင့်တယ်၊
အဒေါ်တို့အိမ်ကားဂိုဒေါင်အပေါ်ထပ်အခန်းမှာကျနော်အိပ်တယ်၊
နောက်ဖက်မှာဝရန်တာရှိတယ်၊ချစ်ချစ်တို့ဖက်မှာလဲဝရန်တာရှိတယ်။
ပြောရရင်ဝရန်တာနှစ်ခုဟာခြောက်ပေကျော်လေးဘဲခြားနေတယ်၊
ညဖက်အိပ်မပျော်လို့ဂစ်တာယူပြီးတီးမိတယ်၊အသံတိုးတိုးလေးပါဘဲ
သူများအိမ်တွေအိပ်နေပြီလားမသိ၊
ကျနော့်သီချင်းကထုံးစံအတိုင်းတောင်ငူမှာတီးနေကျသီချင်း
စိန်လွင်”နွေကျောင်းပိတ်ရက်မလိုချင်ပါ”
စိုင်းထီးဆိုင်”ချစ်တာတစ်ခုထဲသိတယ်”
ချစ်ချစ်အပေါ်ထားမိတဲ့အချစ်စိတ်နဲ့ရင်ထဲကလာတဲ့အလွမ်းတွေ
ပေါင်းစပ်ပြီးလှိုက်လှိုက်လှဲလှဲဆိုငြီးနေမိတယ်၊
သတိရလို့ပတ်ဝန်းကျင်လှည့်ကြည့်မိတာ၊ချစ်ချစ်တို့ဝရန်တာမှာလူတစ်ယောက်ထိုင်နေတယ်
ဘယ်သူလဲတော့မသဲကွဲ၊ကျနော်ဆက်ပြီးဆိုငြီးနေမိတယ်။
နားထဲမှာငိုရှိုက်သံလိုလိုကြားမိတော့ချစ်ချစ်တို့အိမ်ဖက်ကြည့်လိုက်တာဘယ်သူမှမရှိတော့ဘူး၊
ချစ်ချစ်တို့အိမ်မှာလူတွေဘယ်နှစ်ယောက်နေ၊နေကြလဲကျနော်မသိဘူး၊
ဓါတ်ပုံများကိုအင်တာနက်မှယူထားပါသည်၊
#ကိုဂျစ်
#ကျော်ကြီးနဲ့ဘူမိဗေဒ
………………………………
……………………………….
ကျော်ကြီးနဲ့ချစ်ချစ်
ဒီလိုနဲ့ဘဲကျောင်းတွေပြန်ဖွင့်၊ကျောင်းတွေပြန်တက်ကြ
ကျနော်တို့လှိုင်တက္ကသိုလ်လဲစည်စည်ကားကားနဲ့လူတွေပြန်ဆုံကြပြီ၊
ဖဲရိုက်တဲ့ကောင်တွေလဲဖဲဝိုင်းနားကမခွာနိုင်ဘူး။
စွန်လွတ်တဲ့ကောင်လေးငယ်လဲသူ့ချာတိတ်’ဘောပြား’နဲ့ညနေကျရင်စွန်လွတ်နေကြပြီ
ကောင်လေးငယ်အရှေ့မှာသူ့ချာတိတ်ကို’ဘောပြား’လို့ခေါ်ရင်အရမ်းစိတ်ဆိုးတယ်၊
ကျောင်းမှာကကျားစိတ်ပေါက်တဲ့မိန်းခလေးကို’ဘောပြား’လို့ခေါ်နေကျ၊
သူငယ်ချင်းတွေအားလုံးဒီကောင်လေးကိုဘေးမဲ့ပေးထားတယ်၊
သူမကြိုက်တဲ့စကားဘယ်သူမှမခေါ်ကြဘူး
ကျနော်လဲမနက်ချစ်ချစ်တို့ဖယ်ရီကိုကြိုတယ်
နေ့လည်ကင်တင်းထိုင်ကြတယ်၊ဒီအဆင့်ကမတက်သေးဘူး၊
တနေ့ဗျိုင်းက”ဟေ့ကောင်..ကျော်ကြီး..အခြေအနေဘာမှမထူးသေးဘူးလား”
“အေးကွာ....ဘာမှန်းမသိတော့ပါဘူး”
တောကျီးကန်းကထပြီး”ငါ..တစ်ခုအကြံပေးမယ်”
“အင်းယားကန်စပ်မှာခေါ်ထိုင်ပြီး၊ဖက်နမ်းလိုက်ပါလား”
“မင်းတို့ကောင်တွေ...ကျော်ကြီး..ပါးတစ်ခြမ်းအပိုပါလား၊မေးလိုက်သလိုဘဲ”
“ပါးချခံထိဖို့များတယ်”
“တော်ပြီကွာ...ငါ..ဒါမျိုးအနိုင်အထက်မလုပ်ချင်ဘူးကွာ”
“မင်း..ကိုနောင်တရမှာစိုးလို့ပြောနေတာ”
“ဒီနှစ်...ကုက္ကိုရိပ်မှာလဲ...အချောအလှလေးတွေရောက်လာတယ်”
“ငါတော့..နေ့လည်က..စပိတ်တစ်...မတက်လာတာအရမ်းရင်နာတယ်”
“ဒေး....ကကောင်တွေရိပ်လိုက်လို့ကုန်ပြီလား”
“ကျော်ကြီးတို့ကတော့တစ်ယောက်ဆိုတစ်ယောက်၊ပိတောက်ဆိုပိတောက်ဘဲ”
ရှကီးဆိုတဲ့ငမူးက”အေးပါ...ကျောင်းလဲပြီး၊ငှက်ပျောတုန်းထမ်းပြန်မဲ့တောသူဌေးကိုငါမြင်ယောင်တယ်”
အချိန်တွေလဲတရွှေ့ရွှေ့ကုန်နေပြီ၊ဒုတိယနှစ်တောင်ပြီးတော့မယ်
ကျနော့်အခြေအနေကမတိုးတက်သေး၊အခြေအနေကကောင်းနေတယ်၊
ချစ်ချစ်ကိုကြည့်ရတာတခုခုကိုစိုးရိမ်နေတဲ့ပုံပေါ်နေတယ်။
အဲဒီအခြေအနေကြောင့်ကျနော့်ကိုအဖြေပေးဖို့ခက်နေတာလားမသိ၊
သူဘာကိုစိုးရိမ်နေလဲကျနော်မသိ၊ကျနော်မေးတော့လဲဘာမှမပြော
“ချစ်ချစ်...ကိုယ့်ကိုအဖြေမပေးသေးဘူးလား”
“ချစ်ရင်လဲချစ်တယ်၊မချစ်နိုင်ရင်လဲမချစ်နိုင်ဘူး”
“ကိုယ်ကိုပွင့်ပွင့်လင်းလင်းပြောပါလား”
“ကျော်ကြီး...ရင်ထဲမှာနေလို့မကောင်းဘူး”
“အချစ်မရှိတဲ့ကမ္ဘာမှာကျော်ကြီးမနေချင်တော့ဘူး”
“ကျော်ကြီးဘဝ..အင်းယားကန်ထဲခုန်ချပြီးသေလိုက်တာဘဲကောင်းမယ်”
“ကျော်ကြီး..ခုန်ချတော့မယ်နော်..”
ကျနော့်ကို....ချစ်ချစ်သနားတော့မယ်ထင်တယ်
“သွား....သေလိုက်ပါလား”
ပိုက်ဆံအိတ်ဖွင့်အကြွေတစ်မတ်နှိုက်၊အရှေ့ကိုပြစ်ချပြီး၊ကျောင်းဖက်ထသွားလိုက်ပြီ၊
သွားပြီး …..Method မှားသွားပြီ၊
ခွေးမသား...မျောက်ခေါင်း...ပေးတဲ့အကြံအတိုင်းလုပ်လိုက်မိတာမှားပြီ
သူငယ်ချင်းတွေအားလုံးသိသွားရင်ကျော်ကြီးသောက်ရှက်ကွဲပြီ
မသိအောင်မျောက်ခေါင်းပါးစပ်ကိုအရင်ပိတ်ရမယ်၊
အဆောင်ရှေ့မှာသူငယ်ချင်းတစ်အုပ်လုံးရပ်နေကြတယ်
“တောသူဌေး....ပိုက်ဆံတစ်မတ်ချေးကွာ”ဗျိုင်းစပြီ
ကျနော့်တစ်ယောက်ထဲသိတဲ့ဒီဇာတ်လမ်း၊ဘယ်ကောင်ပါးစပ်ချောင်လိုက်လဲမသိ၊
“ဘာ...လဲကွာ”မသိသလိုနဲ့ပြန်မေးလိုက်တော့တစ်အုပ်လုံးရီကြတယ်၊
“မင်း..အနောက်မှာငါတို့တစ်အုပ်လုံးချောင်းနေတာမသိဘူး”
သွားပါပြီ၊အရှက်ကလုံးလုံးကွဲပြီ၊မျောက်ခေါင်းပါးစပ်ကိုပိတ်စရာမလိုတော့ပါ၊
သူငယ်ချင်းတွေကအရေးမကြီးဘူး၊ချစ်ချစ်ကိုဘယ်လိုပြန်ချော့ရပါ့
“လုပ်ပါအုန်း...ခေါင်းကအကြံတွေထုတ်ကြအုန်း”
“မနက်ဖြန်..ချစ်ချစ်ဆီငါဘယ်လိုမျက်နှာနဲ့သွားရမလဲ”
“ဘာမှလုပ်မနေနဲ့၊ပုံမှန်အတိုင်းသွား”
“မေးရင်ကျနော်မခံစားနိုင်တော့ပါလို့ပြောလိုက်”
မနက်ကျတော့သူငယ်ချင်းတွေပြောသလို၊ဖယ်ရီသွားကြိုတယ်၊
နေ့လည်ကင်တင်းသွားတယ်၊အေးအေးဆေးဆေးဘဲ...ဒါဆို O.K ပြီပေါ့
စားသောက်လဲပြီး.....ချစ်ချစ်ဆီကပါးစပ်စက်သေနတ်နဲ့ပစ်ပါလေရော....
“ကျော်ကြီး...မင်းဘယ်လိုကောင်လဲ..”
“ကိုယ့်ကိစ္စကို...လူတကာလျှောက်ပြောစရာလား “
“မင်းကိုယ့်ဥနှောက်နဲ့ကိုယ်..မစဉ်းစားတတ်ဘူးလား”
“သူများမြောက်ပေးတိုင်း...လိုက်လုပ်တတ်တဲ့ယောကျာ်းတွေကိုငါအရမ်းမုန်းတယ်”
“အဲဒါအစွမ်းအစမရှိတဲ့ကောင်လို့ငါသတ်မှတ်ထားတယ်”
“မင်းလဲသူများမြှောက်ပေးတိုင်းရူးကြောင်မူးကြောင်ပုံစံနဲ့ငါ့ဆီမလာနဲ့”
“တခါထဲရှိပြီးသား..သူငယ်ချင်းအဆင့်ကလျှောကျသွားမယ်”
“မင်းအရမ်းရီးစားလိုချင်ရင်..ငါ့ဆီမလာနဲ့၊ကျောင်းကကောင်မတွေအများကြီး”
“ကြိုက်တဲ့ကောင်မကိုသွားကြိုက်လို့ရတယ်”
“ငါ့ကိုလဲဇွတ်အဖြေလာတောင်းနေစရာမလိုဘူး”
“ငါ..ဟင်းရွက်ကန်ဇွန်းမဟုတ်ဘူး၊မင်းသဘောပေါက်”
“ငါ့ကိုလာကြိုက်နေတဲ့လူတွေ..မင်းတစ်ယောက်ထဲမဟုတ်ဘူး”
“ဒါငါ့ကိစ္စ....ငါ့ဘာသာငါဆုံးဖြတ်မယ်”
“နောက်ထပ်ဒီပုံစံလာချိုးရင်ငါ့အဆိုးမဆိုနဲ့”
ချစ်ချစ်ဆီကတရားနာပြီးတော့၊ကျနော်နောင်တရသွားတယ်၊
ကျနော်ချစ်ချစ်ကိုချစ်မိတာ၊ခဏတွဲဖို့မဟုတ်၊ထာဝရလက်တွဲဖို့
“လ္ဘက်ကောင်းစားချင်ရင်၊ပလောင်တောင်တက်နှေးရမယ်”စကားတွေရှိခဲ့တယ်။
ဒီကြားထဲသူငယ်ချင်းတွေနည်းလမ်းပေါင်းစုံနဲ့အမျိုးမျိုးမြှောက်ပေးသေးတယ်။
တော်ပြီ...ရွှေကရင်.....နှစ်ခါမမိုက်တော့ဘူး
ကျနော်..ချစ်ချစ်ဘေးမှာနေ၊နေရရင်ကျေနပ်ပြီ၊
သူ့ဘဝရှေ့ရေး......သူဟာသူဆုံးဖြတ်ပါစေ၊သူ့ဆုံးဖြတ်ချက်ကိုကျနော်လိုက်နာမယ်
ဘဝမှာတစ်ယောက်ဘဲချစ်ဘူးတဲ့ကျော်ကြီး၊သူကျနော့်ကိုမရွေးခဲ့လဲကျနော်သူ့အပေါ်ထားတဲ့
မေတ္တာတွေလျှော့မသွားပါဘူး၊ဒါပေမဲ့ရင်ထဲမှာဘဲသိမ်းထားလိုက်တော့မယ်
………………………………………………………………………………………………..
“ဦးလေးသံချောင်း....သမီးပြောစရာရှိတယ်”
အေး...ပြောလေ...ဦးနားထောင်နေတယ်
“သမီးငယ်ငယ်ကအမေတို့လုပ်ခဲ့တဲ့ကိစ္စ...ဦးသံ....သိတယ်နော်..”
အေး...သိတယ်လေ...ဘာဖြစ်...
“အခုသမီးအရွယ်ရောက်လာပြီ၊ဒီကိစ္စ...သမီးစိတ်အနှောင့်အယှက်ဖြစ်နေတယ်...”
အော်..သမီး..ရယ်...ခေါင်းထဲမထည့်ထားပါနဲ့....
“ခေါင်းထဲမထည့်လို့ရမလား...ဦးသံ....”
“သမီးကြောင့်...အမေတို့စီးပွါးရေးထိခိုက်တာတို့၊ကျန်းမာရေးထိခိုက်တာတို့
ဖြစ်ခဲ့ရင်...သမီးရင်ကွဲမှာ....”
“ဒီကိစ္စကိုရှင်းရှင်းလင်းလင်းဖြစ်ချင်တယ်”
ဒီကိစ္စကို...ဦးသံ.....တာဝန်ထား...
ဒီနေ့ကစပြီး...သမီးစိတ်နဲ့သမီးကိုယ်...ကြိုက်တာဆုံးဖြတ်...
သမီးအမေကို...ဦးသံ...နားချမယ်...
သမီး...ခေါင်းထဲမထည့်နဲ့တော့နော်...
ဘာမှစိတ်မပူနဲ့တော့.....
……………………………………………………………………………………………..
ဒုတိယနှစ်ပြီးတော့မယ်၊ဘာသာရပ်တိုင်းနှုတ်ဆက်ပွဲတွေလုပ်နေကြပြီ
ချစ်ချစ်တို့ဓါတုဗေဒနှုတ်ဆက်ပွဲလုပ်တော့မယ်။
တီးဝိုင်းနဲ့သီချင်းတိုက်တာတွေတောင်...လုပ်နေကြပြီ၊
ချစ်ချစ်က...အငြိမ့်သီချင်းနဲ့ကမယ်တဲ့...ကျနော်...အံ့ဩသွားတယ်
ဘယ်တုန်းက...ကတတ်နေလဲကျနော်မသိ၊
နောက်ကျတော့ကျနော့်ညီပြောပြလို့..အထက်တန်းမှာထဲက..ချစ်ချစ်ကတတ်တာသိလိုက်ရတယ်၊
သူကတဲ့သီချင်းက” ဆောင်းလရာသီ” အငြိမ့်သီချင်း
ကျနော်တို့လှိုင်ဇာတ်ရုံအငြိမ့်လာကပြီဆိုရင်သွားကြည့်လေ့ရှိတယ်
“ဆောင်းလရာသီ”သီချင်းဆိုရင်ဇာတ်ခုံဘေးက၊ကာလသားတွေတရုံးရုံး
သိတယ်ဟုတ်...အတီးပုဒ်ကျရင်မင်းသမီးကပရိတ်သတ်ဖက်လှည့်ပြီးတင်ခါပြတယ်
အဲ့အချိန်ဆိုရင်...ကာလသားတွေ..တဟေးဟေးနဲ့အော်ကြပြီ..
ကျော်ကြီးစိတ်ထဲမှာဒီသီချင်းနဲ့ကမှာကိုသဘောမကျဘူး
ချစ်ချစ်ကိုပြောလဲမပြောရဲဘူး
သူတို့သီချင်းတိုက်တော့ကျနော်လိုက်ပေးရတယ်၊ကျနော်ကြည့်နေမိတယ်
ချစ်ချစ်ကတာတကယ့်အငြိမ့်မင်းသမီးကတဲ့ပုံစံအတိုင်းကတယ်၊
အတီးပုဒ်ရောက်တော့အငြိမ့်မင်းသမီးလိုတင်ခါပြီးကတော့...
ကျော်ကြီးရင်တွေပူနေပြီ၊သူများကရင်ကျနော်တို့တော်တော်ပျော်ကြမှာ
ဘယ်လောက်များအော်လိုက်ကြမလဲ...စဉ်းစားကြည့်ပေတော့
“ချစ်ချစ်နင်ဒီသီချင်းနဲ့မကပါနဲ့၊ငါရင်တွေပူတယ်”
“ကျော်ကြီး....နင်ဘာတွေဖြစ်နေလဲ”
“အငြိမ့်သီချင်းကိုအငြိမ့်မင်းသမီးလိုကမှအနုပညာရသ...မြောက်မှာပေါ့”
“ဘာလဲ...ငါ့ကျတော့ဇာတ်ရုံထဲနင်တို့အော်သလိုမအော်ရဲလို့လား”
“အခြားသူတွေအော်ရင်နင်ခံစားနေရလို့လား”
ကျနော့်ရင်ထဲကစကားတွေထွက်လာတယ်
“ဟုတ်တယ်...ကျောင်းသားတွေထအော်ရင်...ငါမခံစားနိုင်ဘူး”
“ဟ...ငါတို့ကျောင်းသားကျောင်းသူတွေဆိုတာမောင်နှမတွေလေ”
“သူတို့အော်ချင်ရင်အော်ပါစေပေါ့၊နင်လဲအော်ချင်ရင်အော်လိုက်”
“ငါနင့်ကိုမအော်ရက်ဘူး”
“ကျော်ကြီး....ကျော်ကြီး...ငါ့ကိုဒီလောက်ထိမနာလိုအူတိုဖြစ်နေပြီလား”
ချစ်ချစ်ကျနော့်မျက်နှာကြည့်ပြီးပြောနေတယ်
“ငါကချစ်နေရတဲ့သူပါ၊နင်နဲ့ပတ်သက်ရင်အူတိုနေမှာဘဲ”
…………………………………………………………………………………………….
လှိုင်တက္ကသိုလ်အားကစားရုံကြီးထဲမှာကျောင်းသားတွေလျှံထွက်နေပြီ၊
ဓါတုဗေဒဘာသာနှုတ်ဆက်ပွဲဆိုပေမဲ့လဲ၊အားကစားရုံထဲမှာပွဲရှိရင်ထုံးစံအတိုင်း
ဘာသာပေါင်းစုံကကျောင်းသားတွေလာစုနေကြပြီ၊
ကျနော်တို့အုပ်စုကချစ်ချစ်ဖိတ်လို့ဒန်ပေါက်နဲ့အချိုရည်၊စားပွဲမှာအကျအနထိုင်ပြီး
စားနေပြီ၊ချစ်ချစ်ကမှာထားတယ်၊
သူအငြိမ့်ထွက်ရင်အားပေးရမယ်ဆိုတော့၊ကျနော်ကျော်ကြီးပန်းကုံးတွေအများကြီးဝယ်ထားတယ်၊
တစ်ယောက်ပြီးတစ်ယောက်၊တစ်ပုဒ်ပြီးတစ်ပုဒ်ဆိုပြီးသွားတော့ချစ်ချစ်အလှဲ့ရောက်လာပြီ။
ဗျိုင်းက”ဟေ့ကောင်...ကျော်ကြီး..ရယ်ဒီနော်””အိုကေ...ပါ”
လက်ထဲပန်းကုံးတွေကိုင်ပြီးကျနော်ထရပ်လိုက်တယ်၊
ချစ်ချစ်ကတဲ့”ဆောင်းလရာသီ”သီချင်းကိုနောက်ခံဖွင့်ပေးတယ်
ချစ်ချစ်...ကရုံသက်သက်...
ဟော...စနေပြီ..
“ဆောင်းလရာသီ...မောင်တစ်ပါးဆီ၊ပျိုလေးမှန်းမျှော်ရည်”
“ချမ်းလို့ဖြင့်....ခိုက်ခိုက်တုန်၊စောင်ခြုံလို့မနွေးပြီ”
“မောင်..ထွေးလို့ဖြင်ံ....မယ်ထွေးလို့ဖြင့်”
“ချမ်း...ချမ်း....ချမ်းလှသည်၊ဆောင်း...ဆောင်း...ဆောင်း....ဆောင်းရာသီ”
ကျနော်ကျော်ကြီး..စတိတ်ရှေ့လှေကားမှတဆင့်စတိတ်ခုံပေါ်...စတက်နေပြီ၊
ကျော်ကြီး...ကွ....လုပ်ထား....ကျော်ကြီး....ရေ....
ကနေတဲ့ချစ်ချစ်ကိုကျနော်ပန်းကုံးစွပ်ပေးလိုက်တော့
လက်ခုပ်သံတွေသောသောညံသွားတယ်၊
လှေကားမှအောက်ဆင်းမယ်လုပ်တော့၊ခွေးမသားဗျိုင်းတို့အဖွဲ့တုတ်နဲ့လိုက်ရိုက်လို့
စင်ပေါ်ပြန်တက်ခဲ့ရတယ်။
ဘယ်...ရမလဲ...အနောက်ပေါက်ဆင်းမလို့လှည့်ကြည့်လိုက်တာ
တောကျီးကန်းအဖွဲ့တုတ်နဲ့စောင့်နေတယ်၊တုတ်ကိုင်ပြီး...တရွယ်ရွယ်နဲ့....
ကျနော်...အောက်ဆင်းလို့မရတော့ဘူး၊
“ဘယ်လိုကောင်တွေလဲကွာ...”
ဒီကြားထဲဗျိုင်းကလူပျက်ပုဆိုးတစ်ထည်ပစ်တင်ပြီး
ကျနော့်ကိုလူပျက်လုပ်ခိုင်းနေတယ်
မထူးတော့ပါဘူး၊ဂျင်းဘောင်းဘီအပေါ်ပုဆိုးပတ်ပြီးကနေတဲ့ချစ်ချစ်ဘေးမှာရပ်ရင်း
လက်ခုပ်တီးနေလိုက်တယ်၊
အောက်ကကျောင်းသားတွေလဲသောသောညံနေရော
“ပြီးတဲ့ထိဘေးမှာနေပေးပါ”ချစ်ချစ်အနားကပ်ပြောတယ်၊
အဆိုပြီးတော့အတီးပုဒ်လာတော့ချစ်ချစ်အငြိမ့်မင်းသမီးလိုတင်ခါပြီးကတော့
ဘာပြောကောင်းမလဲ...အောက်ကကျောင်းသားတွေ...လှိုင်ဇာတ်ရုံမှာအော်သလို
ဟေး....ဟေး.....နဲ့ဝိုင်းအော်လိုက်ကြတာ၊အားကစားရုံတစ်ရုံလုံးညံသွားတယ်
ဒီတခါကျော်ကြီး...အငိုက်မိသွားပြီ၊နောက်တစ်ကြော့လာအုန်းမယ်
တွေ့ကြသေးတာပေါ့ကွာ....
လာပြီ....အတီးပုဒ်၊နောက်တကြော့...ကျောင်းသားတွေအော်ဖို့ပါးစပ်ပြင်နေကြပြီ
ဘာရမလဲ....ခါးကပုဆိုးချွတ်ပြီး...ချစ်ချစ်နောက်ကိုပုဆိုးနဲ့လိုက်ကွယ်လိုက်တာ...
ကျောင်းသားတွေကျနော်ကို့အော်ဆဲနေကြပြီ...
ကျော်ကြီး....ချီးထုတ်...ဘာလုပ်နေတာလဲ..
မင်းသမီးကတင်ခါပြီးကတာကိုကျနော်ကပုဆိုးနဲ့လိုက်ဖုံးသလိုဖြစ်နေတော့
ရီတဲ့လူတွေလဲရီကြ...အော်တဲ့လူတွေလဲအော်ကြ...ဆဲတဲ့ကောင်တွေလဲဆဲကြ....
ကျနော်လုပ်နေတာချစ်ချစ်ကြည့်ပြီး..ရီလဲရီ...လက်သီးဆုပ်နဲ့ဟန်ပြ...ကျနော်ရင်ကိုထုတယ်..
ကျနော်လဲ..ဟန်ပြ...ရင်ဘတ်ဖိပြီး...စင်ပေါ်မှာလဲချပြလိုက်တာ
အားလုံးပွဲခံနေကြပြီ...ရွှေမင်းသမီးနဲ့လူပျက်မောင်ရွှေရိုးဇာတ်ကသလိုဖြစ်နေပြီ
သီချင်းနဲ့ကတာတွေပြီးသွားပြီ...ဒါပေမဲ့..အနောက်ကမိုက်ကိုချစ်ချစ်သွားယူပြီး
“ချစ်ချစ်ကိုအားပေးကြတဲ့...ညီအစ်ကိုမောင်နှမအားလုံးကိုကျေးဇူးတင်ပါတယ်”
“အခုစင်ပေါ်ကကြော်ငြာတစ်ခုဝင်ပါမယ်”
“အခု..ချစ်ချစ်...ဘေးမှာရပ်နေသူက..”
ချစ်ချစ်..ကျနော်လက်ကိုဆွဲမြောက်ပြီး....
“ကျမချစ်သူ...Geology ကရွှေကရင် ကျော်ကြီးဘဲဖြစ်ပါတယ်”
ကျနော့်နားကြားလို့သာကြားလိုက်တယ်၊မယုံနိုင်စရာ
“ချစ်ချစ်နင်တကယ်ပြောတာလား”
“အိုး...တကယ်ပြောတာပေါ့”
“နှစ်ကိုယ်ကြားမပြောဘဲနဲ့...လော်နဲ့အော်ပြောရလား..ရှက်စရာကြီး”
“အမယ်...မိန်းခလေးကမရှက်ရဘဲ၊နင်ကရှက်တယ်”
“ရှက်ရင်....လဲသေလိုက်”
မိုက်..ခလုတ်မပိတ်ဘဲနဲ့ပြောလိုက်မိတဲ့စကားတွေ၊အားကစားရုံတစ်ရုံလုံး...တဝါးဝါး..တဟားဟား
……………………………………………………………………………..
ဒီတစ်နွေကျောင်းပိတ်တာ...တကယ်လွမ်းတယ်....
ရီးစားဆီကအဖြေရပြီးမကြာဘူး...စာမေးပွဲ...ဖြေရတယ်....
ကျောင်းပိတ်ရင်..အဒေါ်အိမ်မှာတစ်ပတ်လောက်နေပြီးမှပြန်မယ်လို့စိတ်ကူးထားတယ်....
အမေ့ဆီကဖုံးလာတယ်...အမြန်ပြန်လာ...ဒီမှာပဲဈေးတွေတက်နေပြီ..
ရွာမှာပဲဝယ်ရမယ်...မြန်မြန်လာ....
ချစ်ချစ်နဲ့နှစ်ကိုယ်ကြားစကားတွေတောင်မပြောလိုက်ရပါဘူး၊
ဒီတစ်နွေကျနော့်တစ်ယောက်ထဲဆွေးပြီးဂစ်တာတီးနေရပြီ
ထုံးစံအတိုင်း”စိန်လွင်သီချင်းနဲ့စိုင်းထီးဆိုင်သီချင်း”
“အို....ပန်းကံကော်...သင်းပြန့်လို့...ဝေချိန်တွင်..”
“တပြေသူကိုမျှော်ရီကာ...ဖြေမရွှင်ပေ...နွေရာသီ..ရောက်ခဲ့ရင်”
“ပင်ယံအို..အထက်ကြော...တွန်တံချိုနွေဥဩ...အိုလွမ်းဘွယ်..”
“အိမ်ပြန်ချိန်...လို့များ...ခွန်းဆင့်လို့ပြောသလားကွယ်...”
“ကျောင်းတံခါးပိတ်...အိမ်မပြန်ချင်ဘူး...”
ဒီလိုနဲ့ဘဲ....ကျောင်းပိတ်ရက်...တဖြေးဖြေးကုန်သွားသလို..
ကျောင်းဖွင့်ရက်လဲတဖြေးဖြေးနီးလာပါတယ်.....
……………………………………………………………………………..
သူငယ်ချင်းတွေစုံစုံညီညီနဲ့ကျောင်းမှာပြန်ဆုံကြပြီ..
ဒီနှစ်တတိယနှစ်....မိန်းထဲရောက်ပြီ..
ဒဂုံဆောင်မှာနေပြီး၊မန္တလေးဆောင်မှာစာသင်ရမယ်
ချစ်ချစ်တို့လဲသိပ္ပံခမ်းမဖက်မှာစာသင်ရမယ်
ဒီနှစ်တော့ကျော်ကြီးနှစ်ရောက်ပြီ.....
ဗေဒင်ပညာနဲနဲပါးပါးသိတဲ့ငှက်ပျော်သီးကကျော်ကြီးလက္ခဏာကြည့်ပြီး
“ရွှေကရင်...မင်း...ကျောင်းမပြီးဘူး...မိန်းမရမယ်”
တောကျီးကန်းက”အေးလေ...အခုရနေပြီလေ”
“ငါပြောတာဒီလိုမဟုတ်ဘူး၊ဒီကောင်အိမ်ထောင်ကျမှာကိုပြောတာ”
“မင်းတို့နော်...ငါ့ကိုမြှောက်မြှောက်ပြီး...စားနေကြတာများပြီနော်”
“ငါ့ပိုက်ဆံ...မလောက်တော့လို့...ချစ်ချစ်ဆီကချေးသုံးနေရပြီ”
“မင်းတစ်သက်လုံး...လုပ်ကျွေးရမှာ...ကိစ္စမရှိဘူး”
“ဟ...ဘယ်ကောင်းမလဲ..ငါ့ကိုအထင်သေးသွားအုန်းမယ်”
ဗျိုင်းက” ကရင်နှစ်သစ်ကူးနီးပြီ၊ငါတို့ကိုကျွေးအုန်း”
“မင်းတို့ပြောမှကရင်နှစ်သစ်ကူးကျရင်...ချစ်ချစ်ကိုလက်ဆောင်ဝယ်ပေးရအုန်းမယ်”
……………………………………………………………………………………
ချစ်ချစ်အမေဒေါ်ရွှေမိက“သံချောင်း...ရေ...နင်နဲ့ငါ....အာလိန်ငါးဆင့်ဘုရားနားမှာနေတဲ့ဦးသူတော်အိမ်လိုက်ရအောင်”
“ယူထားတဲ့ပိုက်ဆံ..လာလဲမဆပ်ဘူး၊အတိုးလဲလာမသတ်ဘူး”
“ငါတို့ရွှေဆိုင်အလုပ်ကဘန်းပြပါ...အပေါင်ခံတာအဓိက”
“ဒီနှစ်လာမရွှေးကြတဲ့လူများတယ်နော်”
မောင်လေးဖြစ်တဲ့သံချောင်းက”စီးပွါးရေးမကောင်းကြလို့လားမသိဘူး၊ရွှေဆိုင်လဲအရောင်းပါးတယ်”
“သံချောင်း...နင်လဲနဲနဲစဉ်းစားစမ်း...ငါတို့ဘာအမှားလုပ်ခဲ့တာရှိလဲ”
“အာ...မမကလဲ...ဘာမှအမှားမရှိပါဘူး”
“အေး...အေး...ဒါဆိုလဲပြီးတာဘဲ၊ငါစိုးရိမ်လို့ပါ”
သံချောင်းနဲ့ဒေါ်ရွှေမိတို့မောင်နှမနှစ်ယောက်...လန်ခရူဇာနဲ့အကြွေးတောင်းထွက်ခဲ့ကြပြီ၊
“ဟဲ့...သံချောင်း...ဒီနေ့ဈေးဦးတောင်မပေါက်သေးဘူး”
“မမ...ကလဲဒီနေ့ကရင်နှစ်သစ်ကူးနေ့လေ၊ရုံးပိတ်..ဈေးပိတ်တဲ့နေ့”
“ချစ်ချစ်တို့ကျောင်းလဲပိတ်တာပေါ့”
“ဟုတ်တယ်...ချစ်ချစ်..စောစောစီးစီးသူငယ်ချင်းအလှူသွားမယ်ဆိုပြီးထွက်သွားပြီ”
“သံချောင်း..နင့်တူမကိုလဲသတိထားအုန်း...မဟုတ်မဟတ်ကောင်တွေနဲ့တွေ့နေရင်ခက်ရချည်ရဲ့”
“သူတို့ကျောင်းမှာတော့ကျနော်လဲမသိဘူး...မမ၊ရပ်ကွက်မှာတော့ဘာမှမကြားဘူး”
“ချစ်ချစ်တောင်...တတိယနှစ်ရောက်နေပြီ၊မငယ်တော့ဘူး”
အင်းစိန်ခဝဲခြံနားတဝှိုက်မှာတော့ကရင်တိုင်းရင်းသားလူငယ်တွေ၊ကရင်ဝတ်စုံကိုယ်စီနဲ့
စတုဒီသာမဏ္ဠပ်ဆီသို့ချီတက်နေကြပြီ
“မမ...ကျနော်တို့လဲအမျိုးမေ့နေပြီနော်”
“အေးပါ...နောက်ကျရင်..ဒီမှာအလှူလာလုပ်မယ်”
“ဟဲ့...ဟဲ့....ရှေ့မှာ..နော်နော့်တူ...ကျော်ကြီး....မဟုတ်လား”
“အမယ်...ကျော်ကြီး...ကရင်ဝတ်စုံနဲ့ဘောင်းဘီရှည်နဲ့ခန့်နေရော”
“ဒီကောင်လေး..ဥပဓိရုပ်သန့်တယ်နော်”
“အမယ်...အမယ်...ဒီကောင်လေးမှာအတွဲနဲ့ပါလား...”
“လက်ချင်းတွဲပြီးလမ်းလျှောက်နေကြတာ...ဘေးလူတွေကိုတောင်မမြင်တော့ဘူး”
“ဟုတ်တယ်..မမ...ဒါကျော်ကြီးဘဲ....သူ့ဘေးမှာလဲကောင်မလေး....လေး....”
ကျော်ကြီးကောင်မလေးကိုမြင်ပြီးသံချောင်းစကားမဆက်နိုင်တော့ပါ
“ဟဲ့...သံချောင်း...နင့်တူမ...ချစ်ချစ်...မဟုတ်လား”
“သံချောင်း...ကား..ရပ်စမ်း...ကောင်မ..ငါနဲ့တွေ့မယ်”
“ငါ့ကိုပြောတော့သူငယ်ချင်းအလှူပြောပြီး၊လူတကာစားတဲ့စတုဒီသာသွားနေတယ်”
“ဟဲ့...သံချောင်း....ကားရပ်လေ....”
“မရပ်ဘူး....ခုနက...မမ....ပြောတော့မဟုတ်မဟတ်ကောင်တွေနဲ့တွေ့သွားမှာစိုးတယ်ဆို”
“အခုကျော်ကြီးက...မဟုတ်မဟတ်ကောင်လား...ဂျလေဘီလား...မမစဉ်းစား”
“ကျော်ကြီးတို့ဟာ....တောသူဌေးတွေ၊မမ...စိတ်ကူးမလွဲနဲ့”
“ကျနော်...ကျော်ကြီးနဲ့သဘောတူတယ်”
ဒေါ်ရွှေမိဆီက“ဟင်း....”ကနဲ...သက်ပြင်းရှည်ကြီးချလိုက်တယ်၊
“သမီးကငယ်သေးတယ်”
“ခုနက..မမ...ပြောတော့မငယ်တော့ဘူးဆို”
“နင်..ကလဲအထအနဘဲကောက်နေတယ်၊ငါ့သမီးနဲ့ငါမခွဲချင်သေးဘူး”
“ဒါများဘာခက်လို့လဲ...သားမက်အိမ်ပါလုပ်လိုက်ပေါ့”
“ဒီကောင်မလေးများ...ဘာတွေအမှားလုပ်ထားလဲမသိ”
“ငါတို့ဒီမှာ....လာခိုက်နေတယ်”
“မမ...မဖြစ်နိုင်ဘူး၊သူတို့သမီးရီးစားဖြစ်တာမကြာသေးဘူးထင်တယ်”
“အစောထဲကသမီးရီးစားဖြစ်လို့က...ကျော်ကြီး..သူ့အဒေါ်မနော်တို့အိမ်ရောက်လာမှာ”
“မမ...ကျော်လေးနဲ့ချစ်ချစ်လဲတကယ့်မောင်နှမအရင်းတိုင်းချစ်ကြတာ”
“အခုကျော်ကြီးနဲ့ကြိုက်သွားပြီဆိုတော့...ကျနော်တို့ဆွေမျိုးတော်လိုက်ကြပါစို့”
“သမီး...ချစ်ချစ်...အမေ့ကိုခွဲမသွားပါနဲ့..သမီး..ရယ်”
ဒေါ်ရွှေမိ...သမီးစုံတွဲကိုကားနောက်ဖက်လှည့်ကြည့်ရင်းမျက်ရည်ကျနေပြီ
“မမ...ဘာလို့ငိုနေတာလဲ..သူတို့နှစ်ယောက်ကိုကြည့်စမ်း”
“ဘယ်လောက်မင်္ဂလာရှိလဲ.....”
………………………………………………………………………………………
ဒီနှစ်မိန်းထဲမှာကျောင်းတက်ရတာကျော်ကြီးအရမ်းပျော်နေပြီ
သူ့ဘေးမှာချစ်ချစ်ရှိနေလို့၊မန္တလေးဆောင်မှာစာသင်လိုက်၊သိပ္ပံဆောင်ဖက်ကကင်တင်းမှာထိုင်လိုက်
ကျော်ကြီးမအားတော့ဘူး
တခါတလေစနေနေ့ညအဒေါ်အိမ်မှာသွားအိပ်တယ်၊တနင်္လာနေ့မနက်ချစ်ချစ်တို့ဖယ်ရီနဲ့ကျောင်းလာတယ်၊
“ကျော်ကြီး...မင်းကိုတော့ငါတို့မျက်စိနှောက်လာပြီ”
“မင်း...တနင်္ဂနွေဘယ်သွားတာလဲ”တောကျီးကန်းမေးတယ်
“ငါဘုရားကျောင်းသွားတယ်”
“မင်းအရင်က..ဘုရားကျောင်းတောင်သတိမရပါဘူး”
“အခုသတိရနေပြီ၊ချစ်ချစ်လဲလိုက်လာတယ်”
“ချစ်ချစ်အဖိုးလဲခရစ်ယာန်ဘာသာ”
“ဘုရားကျောင်းသွားတာနဲနဲပါ..မင်းဘယ်တွေသွားသေးလဲ”
“ဟိုဟို..ဒီဒီပေါ့ကွာ...၊နှစ်ယောက်ထဲဆိုဘယ်သွားသွားလှနေရော..”
“ဒီကောင်အူမြူးနေပုံထောက်ရင်တစ်ခုခုတော့တစ်ခုခုဘဲ”
“ရွှေကရင်....ငါတို့ကိုလဲပြောပါအုန်း၊ငါတို့ကအကျိုးဆောင်တွေ”အရက်သမားရှကီးကပြောပြီး
“နဲနဲ..ချလိုက်ကွာ”ဖန်ခွက်ကမ်းပေးလိုက်တယ်၊
ကျော်ကြီးဘာမှမပြောဘူး၊မော့ချလိုက်တယ်၊
“ရော့...ထပ်ချအုန်း”ထပ်ပေးတယ်၊ထပ်မော့လိုက်တယ်။
ရှကီးက”မင်းတို့ဘာမှမမေးကြနဲ့တော့၊နောက်တစ်ခွက်ဆိုရွှေကရင်ပါးစပ်ကထွက်လာတော့မယ်”
………………………………………………………………………………………………..
“ကျော်ကြီးဒီစနေနေ့ည...အဖေနဲ့အမေ...အင်းစိန်ကအဖိုးအလှူ.....ဝိုင်းကူရင်းသွားအိပ်မယ်”
“အဲ့ညလာပါလား...နင်တို့ညီအစ်ကိုဂစ်တာတီးပြီးသီချင်းတွေဆိုရအောင်”
“အေး...ကောင်းသားဘဲ...လာခဲ့မယ်”
ညဦးပိုင်းကျနော်တို့ဂစ်တာဝိုင်းကတော်တော်စည်တယ်၊ကျနော်ဆိုလိုက်၊ညီလေးဆိုလိုက်၊
ချစ်ချစ်ဆိုလိုက်၊ပျော်စရာညလေးဖြစ်ခဲ့တယ်။
ဒါပေမဲ့...ကျနော်အတွက်ကမပြည့်စုံတဲ့ညလို့ဘဲပြောရမယ်၊
ကျနော်ကချစ်ချစ်နဲ့နှစ်ကိုယ်ကြားချစ်စကားပြောချင်နေတယ်၊
ပွဲသိမ်းပြီးတော့ကျနော့်အိပ်ခန်းဝရန်တာမှထိုင်နေမိတယ်၊
ခဏနေတော့ချစ်ချစ်လဲဝရန်တာဖက်ထွက်လာတယ်၊
ကျနော်တို့နှစ်ယောက်အကြား...ခြောက်ပေလောက်ဘဲခြားတယ်
စကားတိုးတိုးပြောရင်ကြားနေတယ်၊ဒီလိုဘဲပထမပြောနေတာဘဲ
ကျနော်ကျော်ကြီး …ဒီလိုမျိုးစကားပြောနေရတာအားမရတော့ဘူး
ကားဂိုဒေါင်ကိုဆင်းသွားပြီး၊အုန်းဆံကြိုးတုတ်တုတ်တစ်ချောင်းသွားယူခဲ့တယ်၊
“ချစ်ချစ်....ဒီကြိုးကိုလှန်းဆွဲပေးပါအုန်း”
“ကျော်ကြီး....နင်ဘာလုပ်မလို့လဲ”
“ရော့..ငါပြစ်လိုက်မယ်”
ကျနော်ကျော်ကြီးကြိုးပြစ်ပေးတော့ချစ်ချစ်ကြိုးကိုဖမ်းဆွဲထားလိုက်တယ်
“ဘာလုပ်ရမလဲ”
“တိုင်မှာချည်ထားလိုက်”
ကျနော်ကျော်ကြီး...မျောက်လွဲကြော်သိုင်းနဲ့ခြံစည်းရိုးကိုတစ်ချက်နင်းပြီး၊
ချစ်ချစ်တို့ဝရန်တာပေါ်ရောက်သွားပြီ၊
ဒီလိုနဲ့ကျနော်ကျော်ကြီး၊ချစ်ချစ်အပျိုဆောင်ကိုရောက်သွားပြီ
ချစ်သူ့ဘဝစကားတွေပြောလိုက်၊အနမ်းတွေချွေလိုက်၊အလုပ်တွေရှုတ်နေတယ်၊
“ချစ်ချစ်...ကရင်နှစ်သစ်ကူးနေ့ကအကိုဝယ်ပေးတဲ့ကရင်သင်တိုင်းလေးဝတ်ပြပါလား”
“ဟာ...အဲ့...သင်တိုင်းကခေါင်းစွပ်ချရတာ၊မဝတ်ချင်ပါဘူး”
“ချစ်ချစ်ရယ်...ကရင်သင်တိုင်းလေးနဲ့ချစ်ချစ်ဘယ်လောက်တောင်ချစ်စရာကောင်းမလဲ
လို့အကိုစိတ်ကူးနေတာ””အကို့ကိုဝတ်ပြပါလားချစ်ချစ်ရယ်”
“အတင်းဝတ်ခိုင်းလို့ဝတ်ပြမယ်၊ပုံမလာရင်မရီနဲ့”
“ကိုယ့်ချစ်သူကိုရီစရာလား”အလဲ့ကျော်ကြီးအပြောလေးနဲ့စားနေပြီ
ချစ်ချစ်..ရေချိုးခန်းထဲဝင်၊အဝတ်လဲပြီးပြန်ထွက်လာတယ်
“ဟာ...ရုပ်ရှင်မင်းသမီးကျနေတာဘဲ၊ချောလိုက်တာ..ချစ်ချစ်...ရယ်”
“ချစ်ချစ်...ငါတို့ယူလိုက်ကြရအောင်”ကျော်ကြီးတံထွေးမျိုချရင်းမချင့်မရဲအသံနဲ့ပြောလိုက်တယ်၊
“ဟ...စောပါသေးတယ်၊ကျော်ကြီး..နင်ဘာအရူးထနေလဲ”
“ငါ..အချစ်ရူး..ရူးနေပြီ”
“ချစ်ချစ်...ငါတစ်ခုသိချင်တယ်၊ နင့်မှာ..ချက်..ရှိလား”
“လူတိုင်းမှာ...ချက်..ရှိတာအဆန်းလုပ်လို့”
“နင်ဒီလောက်ချောတာ..နင့်..ချက်..လဲချစ်စရာလေးနေမှာ၊ “
“ချစ်ချစ်...နင့်..ချက်...ငါ့ကိုပြပါလား..”
ချစ်ချစ်တွေသွားပြီး၊ကရင်သင်တိုင်းဆိုကအောက်မပြီးပြလို့လဲမဖြစ်၊
အပေါ်လည်ဟိုက်ကိုလျောချပြီးပြလို့လဲမဖြစ်၊
ပြလိုက်ရင်ကိုယ်နာဖို့ချည်းဘဲ
“အော်...ရွှေကရင်..ဒီယုန်မြင်လို့ဒီခြုံထွင်လိုက်တာပေါ့လေ”
“လုပ်ပါ..ချစ်ချစ်..ပြပါ”
“မဖြစ်ဘူး၊မပြဘူး”
“ချစ်ချစ်..နင်မပြလဲ..ငါဘာသာငါဘဲကြည့်တော့မယ်”
ကျနော်..ကျော်ကြီးချစ်ချစ်ကိုဝင်လုံးပြီ
“မလုပ်နဲ့..ကျော်ကြီး”
ဗြုံးဆိုချစ်ချစ်မတ်တပ်ရပ်ပြီး၊ကျနော့်ကိုတွန်းထုတ်လိုက်တယ်၊
အလစ်အငိုက်မို့ကျနော်ခွေးကျကျသွားတယ်၊
“ညီဖွား...ကိုယ့်နေရာကိုယ်နေ...”
“သူတပါးပစ္စည်းကိုမထိနဲ့”အသံဩကြီးနဲ့ကျနော့်ကိုဟိန်းဟောက်ပြီးပြောတယ်
ဟာ...ချစ်ချစ်ဘာဖြစ်သွားပြီလဲမသိဘူး၊သူ့အသံကြီးကတမျိုးဘဲ
“ကျော်ကြီး...လေ...ချစ်ချစ်..”
“ဘယ်ကကျော်ကြီးလဲ....ဒါကိုကြီးကျော်ပစ္စည်းကွ...”
“မသိဘူး..ဘယ်ကကိုကြီးကျော်လဲ...ဒီမှာကျော်ကြီးဘဲရှိတယ်”
“ဒါ...ကျော်ကြီးပစ္စည်း...”
“နားမလည်ဘူး...ဒါ...ကိုကြီးကျော်..ဟာ”ပြောပြီးကျနော့်ကိုခေါင်းအုံး၊ဖက်လုံးတွေနဲ့ပစ်ပေါက်ပြီး
ရိုက်ပါလေရော၊ကျနော်လဲရှောင်ရင်းတိမ်းရင်း၊အရိုက်ခံနေရပြီ၊
အရိုက်ခံရတာများလာတော့ကျော်ကြီးစိတ်မရှည်တော့ဘူး။
“တော်ပြီ..ချစ်ချစ်..နင်ငါ့ကိုရိုက်နေတာရပ်ပါတော့”
“မရပ်ဘူး...မင်းဟာကိုကြီးကျော်ပစ္စည်းခိုးစားဖို့ကြံနေတဲ့ကောင်...အပြစ်ပေးရမယ်”
ပြောပြီးကျနော့်ကိုတွေ့ရာတွေနဲ့လိုက်ရိုက်နေတုန်းဘဲ
“ချစ်ချစ်..နင်ဘာဖြစ်နေတာလဲ”
“ကိုကြီးကျော်..ဝင်ပူးနေတာကွ”
“ဘယ်ကကိုကြီးကျော်လဲ...မသိဘူးကွာ”
“ကိုကြီးကျော်...ဗမာနတ်ကွ၊နတ်ပူးနေတာ”
“ချစ်ချစ်ကိုဗမာနတ်ပူးရင်...ကျော်ကြီးလဲ’ပါကညောနတ်’ဝင်တော့မယ်”
“ဘာလဲ’ပါကညောနတ်’ဆိုတာ”
“ကရင်နတ်ကွ၊...ကရင်နတ်...”
“ကရင်နတ်ပူးရင်တုတ်နဲ့ထိုးမှာနော်”
“ဘယ်မလဲ..နင့်တုတ်”
“ငါ့..ပုဆိုးအောက်မှာဖွက်ထားတယ်”
“လာ..လေ..နင့်တုတ်..ငါရိုက်ချိုးပစ်မယ်”
“ငါ့...တုတ်ကိုနင်မကိုင်နဲ့...နင်ဘဲဒုက္ခရောက်မယ်”
ကရင်နတ်နဲ့ဗမာနတ်ဝင်ပူး၊ဝင်လုံးကြရင်းနှစ်ယောက်သားကုတင်ပေါ်လဲကျသွားပါတော့တယ်။
ဒီအချိန်၊ဒီအခိုက်လေးမှာ...အချစ်နတ်ဆိုတာကြီးက...ဗမာနတ်နဲ့ကရင်နတ်...
နတ်နှစ်ပါးကိုကန်ထုတ်ပြီး၊သူတို့နှစ်ယောက်ကိုယ်ထဲဝင်ရောက်သွားပါတော့တယ်......
………………………………………………………………………….
တရေးနိုးတော့..ဝါးတားတား..ဝေလေလေ...အိပ်မက်လိုလို...ရင်ခွင်ထဲမှာကျနော့်ချစ်ချစ်
အိပ်မောကျနေတယ်၊ကြည့်စမ်း...ထိရက်စရာမရှိတဲ့ကျော်ကြီးချစ်သူလေး...
ငါတို့ဘယ်လိုဖြစ်ကုန်ကြတာလဲ....နာရီကြည့်တော့ ဟ...လေးနာရီထိုးနေပြီ..
“ချစ်ချစ်..ထ...ထ...ကျော်ကြီးပြန်မှဖြစ်မယ်...”
“ဘယ်ကကျော်ကြီးလဲ...ဒါကိုကြီးကျော်ပစ္စည်း...”
“ကျော်ကြီးပစ္စည်းဖြစ်ဖြစ်...ကိုကြီးကျော်ပစ္စည်းဖြစ်ဖြစ်..နောက်မှပြော...”
“ငါ..ကရင်နတ်ထပ်ပူးရင်...မိုးလင်းသွားမယ်”
“တစ်ရပ်ကွက်လုံးမောင်းထုသလိုဖြစ်ကုန်မယ်”
“ကျော်ကြီးကိုကြိုးပြန်ဖြုတ်ပေး”
မျောက်လွဲကျော်သိုင်းနဲ့အဒေါ်အိမ်ပြန်ရောက်သွားပြီ
…………………………………………………………………………………….
“ဦးလေးသံ...ဦးလေးသံချောင်း....သမီးကိုပွဲပြင်ပေးပါ...”
“ချစ်ချစ်...စောစောစီးစီး...ဘာပွဲပြင်မလို့လဲ”
“သတိရတုန်း...အမေတို့မရှိတုန်း...ကိုကြီးကျော်ကိုတောင်းပန်ချင်လို့..ပွဲပြင်ပေးပါ”
“ဘာလဲ...ကျော်ကြီးနဲ့ရီးစားဖြစ်နေလို့လား”
“ဟင်...ဦးလေးသံ..ဘယ်လိုလုပ်သိလဲ”
“ခဝဲခြံလမ်းမှာငါ့တူမရှေ့ကကားဖြတ်သွားတာ...မသိကြဘူး၊နင့်အမေလဲသိသွားပြီ”
“အေး...အေး....ငါလုပ်ပေးလိုက်မယ်...နင်လဲတောင်းပန်လိုက်....”
ကျော်ကြီးနဲ့ချစ်ချစ်တို့ရဲ့အပျော်ဆုံးအချိန်တွေဖြစ်လာပြီ၊
ကျော်ကြီးလဲမျောက်လွဲကျော်သိုင်းတော်တော်ကျွမ်းနေပြီ
ပုံမှန်စနေနေ့ညတွေအဒေါ်အိမ်မှာသွားအိပ်နေပြီ၊တနင်္လာနေ့တွေမှာ
ချစ်ချစ်တို့ဖယ်ရီနဲ့ကျောင်းပြန်လိုက်လာတယ်၊
ဓါတ်ပုံကိုအင်တာနက်မှယူထားပါသည်။
#ကိုဂျစ်
#ကျော်ကြီးနဲ့ဘူမိဗေဒ
…………………………………………….
ကျော်ကြီးတတိယနှစ်ကွင်းဆင်းခြင်း
ဒီလိုနဲ့ဘဲတတိယနှစ်ကွင်းဆင်းချိန်ရောက်လာပြီ
ဧပြီကျောင်းပိတ်ချိန်ချစ်ချစ်ကဆယ်ရပ်ကွက်ဈေးရှေ့ကရွှေဆိုင်မှာထိုင်တယ်၊
စိတ်တွေကကျော်ကြီးဆီမှာ....
ကျော်ကြီးကတတိယနှစ်ကွင်းဆင်းနေပြီ၊ကျွဲတပ်ဆုံနဲ့ပျဉ်ညောင်မှာဆင်းရတယ်
ဆရာဦးမေတ္တာ၊ဆရာဦးခင်မောင်လတ်၊ဆရာဦးခင်မောင်ဝင်းတို့ကြီးကြပ်မှုအောက်မှာကွင်းဆင်းရတယ်
ကျောင်းသားတွေအပေါ်ထားတဲ့စေတနာ၊မေတ္တာတွေလေးစားလောက်တယ်၊
ကျော်ကြီးလဲကွင်းဆင်းတာမပျော်ဘူးဖြစ်နေတယ်
မျောက်လွဲကျော်သိုင်းကိုသတိရနေတယ်....
………………………………………………………………………………..
“ကျော်ကြီး...မင်းစိတ်နဲ့ကိုယ်နဲ့ကပ်စမ်းပါ၊အန္တာရာယ်များတဲ့နေရာတွေမှာသတိထားစမ်းပါ”
အုပ်စုခေါင်းဆောင်ဗလကြီး၊ကျော်ကြီးကိုသတိပေးနေပြီ၊
တောကျီးကန်းက”ဗလကြီး...ကျော်ကြီးဘာဖြစ်လို့လဲ”
“ကျောက်ပန်းအိုးတံတားပေါ်မှာ...ကျော်ကြီး...ခြေချော်ပြီးယိုင်သွားတယ်”
“ငါထိမ်းတာ..မြန်လို့”
“အေး...ဟုတ်တယ်၊ငါတွေ့လိုက်တယ်”ရှကီးကဝင်ပြောလိုက်တယ်၊
ကျွဲတပ်ဆုံရွာလ္ဘက်ရည်ဆိုင်မှာထိုင်နေကြတယ်၊
“အား...ဖူး...ဝူး...ပူလိုက်တာ”ကျော်ကြီးရေနွေးကြမ်းပူပူကိုမော့ချပြီးမှ
အပူလောင်ပြီးပြန်မှုတ်ထုတ်လိုက်တာ..ရှေ့ကကောင်တွေအားလုံးရေနွေးစင်ကုန်ပြီ၊
“အား...သောက်တလွဲလုပ်ပြီ””အမလေး..ပူလိုက်တာ”
ဗလကြီးက”ပြောနေရင်းနဲ့ဖြစ်ပြန်ပြီ...ကျော်ကြီး..သတိထားစမ်းပါ”
“ကျနော်...လွမ်းတယ်”
“အေး...ရာသီဥတု၊တောတောင်ရေမြေတွေကလွမ်းစရာ..ပေါ့”ဂန်ဂါးဆေးမူးမူးနဲ့ပြောပြီ၊
“မဟုတ်ဘူး...ကျနော့်ရီးစားချစ်ချစ်ကိုလွမ်းတာ”
“အာ...သောက်တလွဲ”
“ရော့...ကျော်ကြီး...တစ်ခွက်ချလိုက်...လွမ်းတာပျောက်သွားမယ်”ရှကီးကခွက်လှမ်းပေးတယ်။
“ကျနော့်ကို...တစ်ခွက်မပေးနဲ့...တစ်ဗူးလုံးပေး”
အရက်ထည့်ထားသောရေဗူးယူပြီး၊ကျော်ကြီးမော့ချနေပြီ၊
“ချစ်ချစ်ရေ...ကျော်ကြီးအဖြစ်ကိုလာကြည့်လှည့်ပါအုန်း”
“လွမ်းတယ်...လွမ်းတယ်...ချစ်တယ်...ချစ်တယ်....ချစ်ချစ်ရေ...”
ကျော်ကြီးရင်ဖွင့်နေပြီ..မူးမူးနဲ့ပြောချင်တာတွေပြောပြီးငိုချင်းချနေပြီ...
အားလုံးကျော်ကြီးအဖြစ်ကိုငုတ်တုတ်ထိုင်ကြည့်နေရပြီ
“ကျော်ကြီး..အဆင့်ကသမီးရီးစားအဆင့်ထက်ကျော်နေတော့တော်တော်ခံစားနေရမယ်”
ဗေဒင်ဆရာငှက်ပျော်သီးက”ကြည့်ပါ...ကြည့်လိုက်စမ်းပါ...ငါဟောထားတဲ့ဗေဒင်မှန်မမှန်ဆိုတာ”
“ငါထပ်ပြောမယ်...ကျော်ကြီးတတိယနှစ်မပြီးခင်မိန်းမ...ရကိုရမယ်”
“ပေးဗျာ...စာရွက်တစ်ရွက်လောက်ပေးကြပါ”
“ကျော်ကြီး...မင်းဘာလုပ်မလို့လဲ”
“ချစ်သူဆီ...အလွမ်းစာခွေရေးပို့မလို့”
“အာ...လ္ဘက်ရည်ဆိုင်မှာ...နောက်မှရေးပါလား”
“အခုရေးမယ်...ပေးကြပါ..စာရွက်တစ်ရွက်”
“ရော့...ဗျာ”
စာရွက်ကိုယူပြီးကျော်ကြီးချစ်သူဆီအလွမ်းစာခွေရေးပြီ
သိပ်ချစ်ရတဲ့ချစ်ချစ်
ချစ်တယ်၊ချစ်တယ်၊ချစ်တယ်၊ချစ်တယ်
ဒီစာသားချည်းဘဲ၊A4 စာမျက်နှာတစ်ဝက်ရေးတယ်
လွမ်းတယ်၊လွမ်းတယ်၊လွမ်းတယ်၊လွမ်းတယ်
ဒီစာသားချည်းဘဲ၊A4 စာမျက်နှာတစ်ဝက်ရေးတယ်
ပြီးတော့မှ”အတူတူနေချင်ပြီ”
အောက်ဆုံးမှာ”ရွှေကရင်”ဆိုပြီးအဆုံးသတ်လိုက်တယ်၊
စာအိတ်ဝယ်၊ချစ်ချစ်လိပ်စာရေးပြီးစာတိုက်ပုံးထဲထည့်လိုက်ပြီ။
…………………………………………………………………………………………………………………
ပျဉ်ညောင်ရွာမှာကွင်းဆင်းနေကြပြီ၊ကျနော်ကျော်ကြီး...ချစ်ချစ်ကိုလွမ်းတဲ့ဝေဒနာမသက်သာပါ၊
ရှမ်းပြည်နယ်အတွင်းမှာရှိနေတဲ့ပျဉ်ညောင်ရွာရာသီဥတုတော်တော်အေးတယ်၊
ရေချိုးချင်ရင်နေ့လည်......ရွာထိပ်တံတားနားကရွှေသွေးချောင်းထဲမှာရေချိုးရတယ်၊
နေစောင်းရင်ရာသီဥတုအေးတော့ရေထဲမဆင်းနိုင်ဘူး
အိမ်ပြန်ရင်ချစ်ချစ်ကိုခိုးပြေးရင်ကောင်းမယ်၊ဒါပေမဲ့ချစ်ချစ်..မလိုက်ရင်ပြဿနာ
တွေးရင်းရင်ပူလာပြန်တယ်၊
“ကျော်ကြီး...တက်ခဲ့တော့...ချမ်းနေပြီ”
အားလုံးတက်သွားကြပြီ၊ကျနော့်တစ်ယောက်ထဲရေထဲမှာ
ရင်ထဲကအပူကိုအေးစက်နေတဲ့ရွှေသွေးချောင်းရေလဲမအေးစေနိုင်ပါ
……………………………………………………………………………
ညဖက်မီးလှုံကြရင်းစကားတွေထိုင်ပြောနေတယ်
သူ့အကြောင်း၊ကိုယ့်အကြောင်းပြောကြတာပေါ့
“ကောင်လေးငယ်...လုပ်ပါအုန်း၊မင်းဘောပြားအကြောင်း”ဂန်ဂါးစပြီ
“ခင်ဗျားတို့ကိုဘယ်နှစ်ခါပြောရမလဲ၊ဘောပြားလို့မခေါ်ကြပါနဲ့လို့”
“မင်းတို့ကလဲသူမကြိုက်တာမခေါ်နဲ့လေ”ဗလကြီးကဖျန်ဖြေရေးသမား
“ညီလေး...ရာ..သူတို့ကကျောင်းမှာကျားစိတ်ပေါက်တဲ့သူတွေကိုခေါ်နေကျမို့ပါ”
“စိတ်ထဲမထားပါနဲ့၊နောက်မင်းတို့..ချာတိတ်လို့ဘဲခေါ်..ကြားလား..အားလုံး..”
“ဟုတ်ကဲ့..ပါ”
“ကျနော်နဲနဲရင်ဖွင့်ချင်တယ်”ကောင်လေးငယ်ရင်ဖွင့်တော့မယ်
“ချာတိတ်နဲ့ကျနော်...ဘာမှမဖြစ်သေးဘူး”
“ဒါပေမဲ့...ဘူတာကြီးမှာ..ကျနော်သူ့လက်ကိုင်လိုက်တဲ့အခိုက်၊ကျနော့်ရင်ထဲမှာဘာဖြစ်သွားမှန်းမသိတော့ဘူး”
“အဲဒါ..အဲဒါ..အချစ်လို့ခေါ်တယ်”ဗေဒင်ဆရာလုပ်ပြီ
“ကောင်လေးငယ်..ချာတိတ်နဲ့ဘယ်တော့ယူဖြစ်မလဲ”
“ဂြိုလ်ဝင်...ဂြိုလ်ထွက်နဲ့ဆိုတော့..ဒီကောင်ကျောင်းပြီးမှယူဖြစ်မယ်”
ကျနော်လေသူ့ကိုအရမ်းသတိရနေတယ်၊ညတိုင်းသတိရတယ်၊
Camp duty ကျတဲ့နေ့ကသတိရလွန်းလို့ဆက်သွယ်ရေးရုံးဖုံးဆက်ဖို့တန်းသွားစီခဲ့တယ်
အဲ့ခေတ်ကဖုံးတွေရှားတယ်၊ပြောချင်ရင်ဆက်သွယ်ရေးရုံးသွား၊တစ်ခါပြောရင်ငါးမိနစ်ဘဲပြောခွင့်ရတယ်
ကျနော့်နောက်မှာလူဆယ်ယောက်လောက်ရှိနေတယ်၊
ကျနော့်ကိုကွင်းဆင်းတဲ့ကျောင်းသားမှန်းရွာသားတွေသိကြတယ်
“ဟဲလို...နေကောင်းလား”ကျနော်ဒါဘဲပြောရသေးတယ်
“နင်အခုမှဖုံးဆက်ရလား...ငါ့မှာနင့်ဖုံးမျှော်နေရတာထမင်းတောင်မျိုမကျဘူး”
“နင်အရမ်းရက်စက်တယ်”
ချာတိတ်ပြောပြီးရှိုက်ကြီးတငင်ငိုချပါလေရော
သူ့ငိုသံကြားမိတဲ့အခိုက်၊ကျနော်လဲငိုချင်လာတယ်
ပြီးတော့ကျနော်လဲရှိုက်ကြီးတငင်ငိုချပါလေရော..
နောက်ဖက်ကရွာသားတွေ..ကျနော့်ရှိုက်ကြီးတငင်ငိုနေတာကြည့်ပြီးအံ့ဩနေကြတယ်၊
ကျနော်နဲ့ချာတိတ်..စကားမပြောဘဲငိုနေရင်းနဲ့ငါးမိနစ်ပြည့်သွားတယ်၊
“ညီလေး..ဆက်ငိုချင်ရင်...အဲလေယောင်လို့...ဆက်ပြောချင်ရင်နောက်မှာတန်းပြန်စီ”အော်ပရေတာကပြောတယ်
ကျနော်မျက်ရည်စက်လက်ငိုနေရင်းလှည့်ပြန်လာခဲ့တယ်၊
“ဒီလောက်ရှိုက်ကြီးတငင်ငိုနေတာ...နာရေးဘဲဖြစ်မယ်”
“ကျောင်းသား...မိဘထဲကတစ်ယောက်ယောက်ဆုံးပါးသွားတာဖြစ်မယ်”
“နာရေး..ဆိုလဲအိမ်ပေးပြန်ဖို့ကောင်းတယ်”
“ဆရာတွေမသိလို့လား...”
“ဆရာတွေနားလည်ပေးဖို့ကောင်းတယ်...သနားလိုက်တာ...”
“ကျွတ်..ကျွတ်...ကျွတ်...”(သနား၍စုတ်သတ်သောအသံ)
“ဘူမိဗေဒ..ဘာသာကကွင်းမဆင်းရင်စာမေးပွဲကျတယ်လို့ကျောင်းသားတစ်ယောက်ပြောခဲ့ဘူးတယ်”
“ကျောင်းသားလေးကို..သနားပါတယ်”
နောက်ကရွာသားတွေအမျိုးမျိုးဝေဖန်ရင်းကျန်ခဲ့ကြပြီ
…………………………………………………………………….
ဒီနေ့ရွှေဆိုင်ထိုင်နေရတာစိတ်မပျော်..ကျော်ကြီးကိုသတိရနေတယ်၊
ကွင်းဆင်းနေတဲ့...ရွှေကရင်..ငါ့ကိုသတိရ..မရတော့မသိ၊
ဆယ်ရပ်ကွက်ဈေးရှေ့ကရွှေဆိုင်နဲ့သုမင်္ဂလာအိမ်ကနီးနီးလေး
လမ်းလျှောက်ပြန်ခဲ့တယ်၊
“သမီး...နေမကောင်းလို့လား”ဦးလေးသံချောင်းကမေးတယ်၊
“မေမေနဲ့ဖေဖေ..လဲရှိနေလို့သမီးပြန်ခဲ့တယ်၊စိတ်မပျော်တာလဲပါတယ်
“ရော့...သမီးစာတစ်စောင်ရောက်နေတယ်”
စာဖွင့်ကြည့်လိုက်တာကျော်ကြီးဆီကစာ...စာမှာထူးထူးထွေထွေမပါ
ချစ်တယ်၊လွမ်းတယ်၊အတူတူနေချင်ပြီ
နဂိုကမပျော်တဲ့စိတ်၊ကျော်ကြီးကိုသတိရနေတဲ့စိတ်၊လွမ်းနေတဲ့စိတ်တွေပေါင်းပြီး
ကျမဦးလေးသံအရှေ့မှာငိုချလိုက်ပါတော့တယ်
“သမီး...ကျော်ကြီး..ကိုသတိရနေပြီလား”
“သမီးတို့ဘယ်အခြေအနေရောက်နေပြီဆိုတာ..ဦးလေးသိတယ်”
“ဟင်..ဦးလေးသံ..ဘယ်လိုသိလဲ”
“ဟ...ငါ..ညဖက်သိပ်အိပ်တာမှမဟုတ်တာ၊ပန်းထိမ်ခန်းဖက်လဲ..ည..ည ထကြည့်တော့၊မြင်တာပေါ့”
“ကျော်ကြီးလာနေတာ”
“ဒါတွေထားလိုက်တော့..သမီးနဲ့ကျော်ကြီး...ယူလိုက်ကြတော့”
“ကျော်ကြီးက..မယူသေးရင်ဘယ်လိုလုပ်မလဲ”
“အဲဒါ..သမီးကျော်ကြီးကို..ကိုင်တွယ်တတ်ဖို့လိုတယ်”
“သမီး...ပြောတတ်ပါတယ်၊နင်တို့အမြန်ဆုံးခိုးပြေးလိုက်တာအကောင်းဆုံး”
“ဦးစိတ်ပူတာက...ကျော်ကြီးတို့မိဘတွေအကြောင်း..ဦးမသိဘူး”
“အကယ်၍...ကျောင်းပိတ်အိမ်ပြန်ချိန်မှာ..သူ့မိဘတွေကမိန်းမအတင်းပေးစားခဲ့ရင်”
“အဲဒါကိုစိတ်ပူတာ၊မဖြစ်ဘူးလို့မပြောနိုင်ဘူး”
“ဒီလိုဖြစ်ခဲ့ရင်..ဦးသံချောင်း..ရင်ကွဲပြီ..သမီးလဲခံစားရတော့မယ်”
“သမီး..ကျော်ကြီးကိုတကယ်ချစ်လား ၊တကယ်ယူဖို့ဆုံးဖြတ်ပြီးပြီလား”
“ဦး..ကမေးတာဘဲရှိတယ်၊သမီး...ပုံပေးလိုက်ပြီးပြီ”
“ဒီတော့..လုပ်သင့်တာလုပ်လိုက်တော့”
“လိုက်ပြေးတာကို..မေမေ..သဘောကျမှာမဟုတ်ဘူး”
“ဒါပေမဲ့...အခြေအနေတွေ..မတူဘူးလေ...”
ကျနော့်တူမ...ချစ်ချစ်...ရီးစားပူထက်ပိုတဲ့အပူခံစားနေရပြီ
“ဦးနဲ့သမီးကြိုပြီးဇာတ်တိုက်ထားရအောင်၊ဒါမှအတိုင်အဖေါက်ညီမှာ”
ကျနော်...စဉ်းစားကြည့်မိတယ်၊ယောကျာ်းဆိုတဲ့ကောင်တွေကလိုချင်တာရပြီးသွားရင်
တန်ဘိုးမထားတတ်ကြတော့ဘူး၊အများစုကိုပြောတာပါ
ကျော်ကြီးစိတ်ကဘယ်လိုလဲ..ကျနော်မသိနိုင်ပါ
ဒီကောင်လေးကရုပ်ဖြောင့်တယ်၊ကျောင်းထဲမှာကအချောအလှတွေများတယ်
ဒီကောင်လေး...တခြားတစ်ယောက်ဆီစိတ်ရောက်သွားရင်၊ကျနော့်တူမရင်ကွဲပြီ
ပိုဆိုးတာကသူ့မိဘတွေမိန်းမပေးစားလိုက်ရင်..သွားပြီ..ကျနော့်တူမဘဝ..မစဉ်းစားတော့ဘူး
ကျောင်းတက်ရင်းတန်းလန်းနဲ့ယူဖို့ဆိုတာ..ဘယ်မိဘမှသဘောကျမှာမဟုတ်ဘူး
ကျနော့်..မမ..ရွှေမိကိုပြောရင်လဲ..ငယ်သေးတယ်လို့ဘဲပြောမှာဘဲ
ဒီမှာ..ယောင်းမ..မြင်းစီးထွက်နေတဲ့ဇာတ်လမ်းပြောပြလို့မဖြစ်သေးဘူး
အတိုချုပ်လိုက်ရရင်..သူတို့တွေခိုးပြေးကြမှဘဲ..ဒီပွဲပြီးမှာ...
ဒီဇာတ်လမ်းမြန်မြန်ပြတ်သွားအောင်..ကျနော်သံချောင်းလဲကူညီရတော့မယ်..
…………………………………………………………………………………………………….
………………………………………………………………………………….
ကျော်ကြီးအချစ်ရူး
(ဂျုံး....ဂျုံး...ဂျက်...ဂျက်..)(ဂျုံး...ဂျုံး...ဂျက်...ဂျက်..)
ဘော်...ဘူ....ဘော်(ရထားဥဩသံ)
သာစည်..ရန်ကုန်..ရထားကြီးဟာကျနော်တို့ဘူမိဗေဒကျောင်းသားအတွဲနှစ်တွဲ
နဲ့အတူရန်ကုန်ဆင်းလာနေပါပြီ၊
ဘေးကကောင်တွေခွေခေါက်ပြီးအိပ်နေကြတယ်၊
ရှကီး....အရက်ပုလင်းရင်ခွင်ပိုက်ပြီးဘာတွေအိပ်မက်နေလဲမသိ..ပြုံးနေတယ်
ကျောင်းသားအားလုံးအိပ်မောကျနေကြပြီ
အိပ်မပျော်တာ..ကျနော်ကျော်ကြီး...သတိရတယ်...လွမ်းတယ်..ချစ်တယ်..ချစ်ချစ်
မျောက်လွဲကျော်သိုင်းကပိုပြီးအချစ်စိတ်ကိုနိုးထစေပါတယ်၊
ဘာကြောင့်မျက်ရည်တွေကျလာလဲ...ကျနော်စဉ်းစားမတတ်
သေချာတာတစ်ခုကကျနော်..ချစ်ချစ်နဲ့မခွဲချင်တော့ပါ
ရန်ကုန်ရောက်ရင်...ချစ်ချစ်..သဘောတူရင်...ကျနော်ခိုးပြေးတော့မယ်၊
အထီးကျန်တဲ့အချစ်ရွာမှာ..ကျော်ကြီးတစ်ယောက်ထဲမနေနိုင်တော့လို့ပါ
ည..တစ်ချက်တီးလောက်မှာတောင်ငူဘူတာဆိုက်ပြီ
တောင်ငူနားတဝိုက်နေတဲ့ကျောင်းသားတွေဆင်းခွင့်ရှိတယ်
ဗျိုင်း၊ကောင်လေးငယ်တို့ကကျနော်ကိုခေါ်နေပြီ
“ကျော်ကြီး...ထတော့..တောင်ငူဘူတာဆိုက်ပြီ၊ဆင်းရအောင်”
“ငါမဆင်းတော့ဘူးကွာ..ရန်ကုန်လိုက်သွားတော့မယ်”
“ငါ..ချစ်ချစ်နဲ့တွေ့ချင်နေတယ်၊အိမ်ကိုအဆင်ပြေသလိုပြောလိုက်”
“ငါလဲရန်ကုန်ရောက်ရင်အိမ်ကိုဖုံးဆက်လိုက်မယ်”
“အေးပါ...အေးပါ..ဆရာ..ကျနော်တို့ဆင်းပြီ”
“အေး..အေး...ကောင်းကောင်းပြန်ကြနော်”ဆရာဦးမေတ္တာနှုတ်ဆက်စကား
………………………………………………………………………………………………..
အဒေါ်အိမ်ရောက်တော့ညီလေးဘဲရှိတယ်၊
ကျနော်..ချစ်ချစ်တို့အိမ်ဖက်လာခဲ့တယ်၊
ဦးလေးသံချောင်း..တံခါးလာဖွင့်ပေးတယ်၊
“ချစ်ချစ်...အိမ်ထဲမှာရှိနေတယ်”
“ကျော်ကြီး..မင်းညီမချစ်ချစ်...ကြီးပွါးတော့မယ်”
“မင်းတို့ကွင်းဆင်းတုန်းက..ခရမ်း၊သုံးခွဖက်ကဆွေမျိုးနီးစပ်၊ရွှေဆိုင်အသိုင်းအဝိုင်း
တွေချစ်ချစ်ကိုလာကမ်းလှမ်းနေတယ်”
“မင်း...ညီမကိုတစ်ဝိုင်းကျွေးခိုင်း...”
ဦးသံချောင်း...ပြောလိုက်တဲ့စကားဟာ..ကျနော့်ရင်ဝတည့်တည့်ကိုစောက်ကန်ထည့်လိုက်သလိုဘဲ၊
ရထားပေါ်ကကျနော့်ဆုံးဖြတ်ချက်ပိုခိုင်မာစေတယ်၊
ကျနော်...ချစ်ချစ်ကိုခိုးပြေးတော့မယ်..
ချစ်ချစ်ကိုမရရင်..ကျနော်ရင်ကွဲတော့မယ်..
ဧည့်ခန်းမှာထိုင်ဖြစ်တယ်၊ချစ်ချစ်...ငိုင်တိုင်တိုင်နဲ့
“ချစ်ချစ်..ဦးသံချောင်း..ပြောတာတကယ်လား...”
“ဟုတ်တယ်...သူတို့ကရွှေတစ်ပိဿာတင်တောင်းမယ်တဲ့”
“ချစ်ချစ်..မိဘတွေသဘောကဘယ်လိုလဲ”
“သူတို့ကသဘောကျနေတယ်”
“အော်..ရွှေတစ်ပိဿာကိုမက်နေတာလား...ကျော်ကြီးရွှေနှစ်ပိဿာတင်တောင်းမယ်”
“ဘယ်လိုလဲ ????”
“အဲဒါဆိုသူတို့ကရွှေဆိုင်အဖွဲ့တွေ..သုံးပိဿာတင်တောင်းမှာပေါ့”
“ဒါဆိုကျော်ကြီး..လေးပိဿာ..ဘယ်လိုလဲ.????”
“အဲ့လိုနဲ့...ပြီးမှာမဟုတ်တော့ဘူး”
“ချစ်ချစ်...ကျော်ကြီးကိုမချစ်တော့ဘူးလား”
“မချစ်ဘူးလို့..ဘယ်သူပြောလို့လဲ..ဒီမှာစိတ်ရှုတ်နေရတဲ့ကြားထဲ”
“ချစ်ချစ်...စိတ်ရှုတ်တယ်ဆိုတာ...မဝေခွဲဖြစ်နေတာ...စိတ်နှစ်ခွဖြစ်နေတာ”
“ချစ်ချစ်...ကျော်ကြီးကိုချစ်သေးလား”
“ချစ်တာပေါ့...ကျော်ကြီး...ရော...ချစ်ချစ်ကိုချစ်လား”
“မခွဲချင်တော့ဘူး...”
“ဒါဆိုဘယ်လိုလုပ်မလဲ”
“ကျော်ကြီး..နောက်လိုက်ခဲ့ပါလား”
“ကျော်ကြီး...မိဘတွေကဘယ်လိုလဲ”
“အေးဆေး..ပါ၊လိုက်ခဲ့ပါနော်..နော်..လို့..”
ချစ်ချစ်ခေါင်းငြိမ့်လိုက်တဲ့အခိုက်၊ကျော်ကြီး..မြန်မာလက်ဝှေ့ပွဲမှာလက်ဝှေ့ယိမ်းပြသလို
လက်ခမောင်းထခတ်ပြီ။
“ကိုယ်တို့အစီစဉ်ဆွဲလိုက်ရအောင်”
ဟုတ်ပြီ....ကောင်းလိုက်တဲ့တော့ကီတွေ...ကိုသံချောင်းပြုံးပြီးခေါင်းတငြိမ့်ငြိမ့်နဲ့
အနောက်ဖက်အခန်းကချောင်းနားထောင်ရကျိုးနပ်သွားပြီ။
………………………………………..
“မနက်ဖြန်သွားကြရအောင်...နော်..ချစ်ချစ်..”
“ဘယ်သွားမလို့လဲ”
“ကျော်ကြီးတို့အိမ်ကိုလေ...တောင်ငူ”
“အာ...ရန်ကုန်မှာတစ်ရက်..နှစ်ရက်..ခြေရာဖျောက်ပြီးမှသွားရအောင်”
“ရန်ကုန်မှာ..ကျော်ကြီးအမျိုးဆိုလို့အဒေါ်ဘဲရှိတယ်”
“ချစ်ချစ်တို့အဒေါ်..ဘောက်ထော်မှာရှိတယ်၊အဲဒီမှာခဏခိုနေရအောင်”
“ဟ...ချစ်ချစ်...ငါတို့..သေတွင်းထဲခုန်ချသလိုဖြစ်နေအုန်းမယ်”
“မပူနဲ့...ဒီအဒေါ်ကိုချစ်ချစ်ပိုင်တယ်”
“ဟုတ်မှလဲလုပ်နော်...ကျော်ကြီး..ခွဲမနေချင်တော့ဘူး”
မျောက်လွဲကျော်သိုင်းနဲ့ချစ်ချစ်အပျိုဆောင်ကိုဆောင်တော်ကူးလာတဲ့ကျော်ကြီး
မမလေးကိုမောင်မောင်ခိုးဖို့တိုင်ပင်ကြပြီးနောက်ထုံးစံအတိုင်း.......
………………………………………………………………………
“ချစ်ချစ်တို့အဆင်ပြေသလိုနေကြ၊အဒေါ်ဟိုဖက်ခြံမှာရှိနေမယ်”
မနက်ထဲကထွက်လာခဲ့တယ်၊ညီလေးကိုမှာခဲ့တယ်
ချစ်ချစ်ကိုခိုးပြေးသွားပြီလို့.......
ဦးသံချောင်းကိုချစ်ချစ်လဲစာတစ်စောင်ရေးပေးခဲ့တယ်
ကျော်ကြီးနဲ့လိုက်ပြေးပြီလို့.....
ဘောက်ထော်ခြံကိုမနက်ထဲကရောက်နေတယ်
အေးအေးဆေးဆေး..သာသာယာယာ.....
ညနေခြောက်နာရီလောက်ကျ...ချစ်ချစ်တို့အိမ်ကလန်ခရူဇာဦးသံချောင်း
မောင်းပြီးခြံရှေ့ရောက်လာတယ်။
ကျော်ကြီးလန့်နေပြီ...ဦးသံချောင်း..ကျနော်ကိုလက်သီးနဲ့ထိုးမလား
ချစ်ချစ်အမေ..ဒေါ်ရွှေမိ..ကျနော့်ကိုပါးရိုက်မလား...
ချစ်ချစ်..ငိုနေပြီ..သမီးတို့ကိုမခွဲပါနဲ့..မေမေ..
ကျနော်..ကျော်ကြီး...ငိုရမလား..ရီရမလားမသိတော့ပါ
ကျနော်ချစ်ချစ်ကိုတကယ်ချစ်လို့ဒီလိုလုပ်ရတာပါ..
ကျနော်တို့ချစ်ချင်းကိုမခွဲပါနဲ့နော်..အန်တီ...
“ထမင်းမစားရသေးဘူး..မလား”
ဦးသံချောင်း...ဝယ်လာတဲ့ဒန်ပေါက်တွေချကျွေးတယ်...
ပြီးတော့..ဂျော်နီလမ်းလျှောက်တစ်လုံးဖွင့်ပြီးသူလဲသောက်တယ်
ကျနော့်ကိုလဲတိုက်တယ်...
“အန်တီတို့...ရိုးရာတောင်းပန်စရာရှိလို့ဘုရားခန်းထဲသွားမယ်...”
“ကျော်ကြီး...မလိုက်လာရဘူးနော်”
ဦးသံချောင်းက”ကျော်ကြီး...စိတ်မပူနဲ့..အန်တီ၊မင်းနဲ့သဘောတူတယ်”
“အခုက..ရိုးရာကန်တော့ပွဲပေးမလို့ပါ”
“အေးအေးဆေးဆေးပါ...ရော့ချကွာ”
သူတစ်ခွက်..ကျနော်တစ်ခွက်..တစ်ခွက်ပြီးတစ်ခွက်....ကျနော်ကျော်ကြီးလဲမူးနေပြီ..
ချစ်ချစ်တို့လဲမထွက်လာသေး
“နဲနဲအချိန်ပေးလိုက်ပါ၊ချစ်ချစ်တသက်လုံးမင်းနဲ့နေရတော့မှာ”
ကျော်ကြီးမူးနေပြီ..ည..၁၂ နာရီထိုးနေပြီ၊ချစ်ချစ်တို့မထွက်လာသေး
ဘာလဲကွာ..သောက်လုပ်မဟုတ်တာ...လူအိပ်ချိန်ရောက်နေပြီ
“ဦးသံချောင်း...ခင်ဗျားတို့ကျနော့်ကိုညာချလိုက်ပြီပေါ့..ဟုတ်လား..”
“ချစ်ချစ်ကိုပြန်ခေါ်သွားကြပြီ..မလား”
ကျနော်ဦးသံချောင်းကို...အော်ဆဲနေပြီ
“ခင်ဗျားတို့ရက်စက်တယ်ဗျာ၊ကျနော့်အသဲတွေကွဲပါပြီ”
“ချစ်ချစ်..ကျော်ကြီးဆီပြန်လာခဲ့ပါ..ကျော်ကြီးကိုမထားခဲ့ပါနဲ့”
ကျော်ကြီးပြောလဲပြော၊ငိုလဲငို”ချစ်ချစ်...ငါ့ဆီပြန်လာခဲ့ပါ”
“ဦးသံချောင်း...ခင်ဗျားတို့ကျနော့်ကိုဂျင်းထည့်လိုက်ပြီပေါ့”
“အေး...မှတ်ထား..ချစ်ချစ်ကကျော်ကြီးနဲ့ညားပြီးသား”
“အပျိုပြန်မဖြစ်တော့ဘူး”
“ဒေါ်ရွှေမိ..ခင်ဗျားသမီးအပျိုပြန်မဖြစ်တော့ဘူး”
“ကျော်ကြီးနဲ့ညားပြီးသား”
“အေး...ခင်ဗျားသမီးပြန်ခေါ်ချင်ခေါ်သွား..ကျော်ကြီးလူပျိုပြန်လုပ်မယ်”
“ချစ်ချစ်ရေ...ကျော်ကြီးကိုမထားခဲ့ပါနဲ့”
“ကျော်ကြီး..မခွဲနိုင်လို့ပါ”ကျော်ကြီငိုပြန်ပြီ
ခြံဝင်းကျယ်ကျယ်..အိမ်လုံနေလို့အသံတွေအပြင်မထွက်တာ
ကျနော်ကျော်ကြီးအော်ရင်း...ငိုရင်း...မူးမူးနဲ့ဘယ်လိုအိပ်သွားမှန်းမသိ။
နားထဲမှာ”ကျော်ကြီး””ကျော်ကြီး”လှုပ်နိုးနေသလိုခံစားမိတယ်၊
အမူးမပြေသေး၊မျက်လုံးဖွင့်ကြည့်လိုက်တာ”ချစ်ချစ်”
“ချစ်ချစ်...ငါ့ကိုပြစ်မသွားပါနဲ့”ကျော်ကြီးချစ်ချစ်ကိုဖက်ပြီးငိုချင်းချနေပြီ
“အရက်နံ့..နံဟောင်နေတာဘဲ၊သွား....ပါးစပ်သွားဆေးခဲ့”
“အရက်နံ့...ငါခံမရဘူး”
“ငါကုတင်ပေါ်မှာအိပ်မယ်၊နင်အောက်မှာဘဲအိပ်တော့”
“နောက်ကျရင်၊အရက်သောက်ရင်ဒီပုံစံအတိုင်းဘဲအိပ်ရမယ်”
“ဦးသံချောင်းတို့အမေတို့ရော”
“ပြန်ကုန်ကြပြီ”
“ဘာတွေဖြစ်ကုန်တာလဲ၊ငါ့လဲရှင်းပြပါအုန်း”
“မိုးချုပ်နေပြီ၊နောက်မှပြောတော့မယ်”
………………………………………………………………………………
ငါ့မိဘတွေအရင်ကနတ်ကိုးကွယ်တယ်၊နတ်ကိုယုံကြည်တယ်ဘဲပြောပါတော့..
အခုတော့ခေတ်တွေလဲပြောင်းကုန်ပြီ၊ကိုးကွယ်ယုံကြည်တယ်ဆိုတာတွေလဲလျှော့ကုန်ပြီ..
ငါအပျိုဖြစ်စ..အမေကကိုကြီးကျော်နဲ့လက်ဆက်ပေးရင်စီးပွါးတက်မယ်လို့အိပ်မက်ရလို့
ငါ့ကိုနတ်နဲ့လက်ဆက်ပေးခဲ့တယ်၊ငါ့အဖေအရင်ကနတ်ကန္နားစည်းရဲ့သား၊
အဖေ စာပေးစာယူLaw နဲ့ဘွဲ့ရပြီးနောက်နတ်အကြောင်းတွေစိတ်မဝင်စားသလို၊လုပ်လဲမလုပ်တော့ဘူး
ငါ့ကိစ္စအဖေကန့်ကွက်သေးတယ်၊အမေကဇွတ်လုပ်တယ်
အမေစိတ်ချမ်းသာပြီးရော...ငါလဲဘာမှမပြောခဲ့ဘူး
ဒီကိစ္စဦးလေးသံချောင်းလဲသိတယ်
နင်နဲ့ငါသမီးရီးစားစဖြစ်ထဲကငါနဲ့ဦးသံချောင်း...ကိုကြီးကျော်ကိုပွဲပေးပြီးတောင်းပန်ပြီးသား..
ဒါပေမဲ့...အမေ့ကိုပြောလို့မဖြစ်ဘူးလေ...
ဒါကြောင့်..အမေ..ညကပွဲတင်ပြီးကိုကြီးကျော်ကိုတောင်းပန်နေတာ
သိတယ်ဟုတ်...လူကြီးတွေဆိုတော့အရစ်ရှည်တယ်..
နင်နဲ့ငါ့ကို..မခွဲပါဘူး...
“ငါ..အမေနဲ့ဦးလေးသံကို..ရှိခိုးပြီးတောင်းပန်ချင်တယ်”
“ညကငါမူးမူးနဲ့..အမေရော...ဦးလေးသံချောင်းကိုပါ ...အော်ဆဲမိတယ်”
“ဒီအချိန်..အိမ်ကိုမသွားနဲ့၊နင့်အဒေါ်သိခဲ့ရင်...ကျော်ကြီးကိုအပိုင်ဖမ်းတယ်လို့ထင်သွားနိုင်တယ်”
“ပြန်အပ်တဲ့အချိန်မှတခါတည်းကန်တော့လိုက်တော့”
“ကဲ...ကဲ...တောင်ငူသွားဖို့စီစဉ်အုန်း...”
“ငါတို့လိုင်းကားနဲ့ဘဲ..သွားရမလားမသိဘူး”
“ကျော်ကြီး...မိန်းမလဲလိုချင်တယ်၊ဘာမှလဲမလုပ်တတ်ဘူး”
“ကျော်ကြီး...နင်လုပ်တတ်တာတစ်ခုဘဲရှိတယ်”
“အငှားကားလိုက်ရှာပေါ့၊ကားစုတ်တွေတော့ခေါ်မလာနဲ့၊လမ်းမှာကားပျက်ရင်ဒုက္ခရောက်မယ်”
“တော်ပါပြီ..ကျော်ကြီးရယ်..နင့်ကိုအားမကိုးတော့ဘူး”
“ငါ့ဘာသာငါဘဲစီစဉ်လိုက်တော့မယ်..”
“ငါ့ဘဝ..ယောကျာ်းနောက်လိုက်တာမဟုတ်ဘူး”
“ငါ့မှာယောက်ျားခိုးပြေးတဲ့ပုံပေါက်နေပြီ”
………………………………………………………………………………………………………..
စိုင်းစိုင်းခမ်းလှိုင်သီချင်းကိုဖွင့်ထားတယ်၊
‘မိန်းမလှတွေများတယ်...လောကကြီးရဲ့အထဲ...’
‘အားလုံးထဲက..မင်းဟာဘုရင်မဖြစ်နေတယ်’
‘မင်းလေးတစ်ယောက်ကလွဲရင်...ဖွဲနဲ့စကွဲပါဘဲ..’
‘အားလုံးမင်းနဲ့နှိုင်းယှဉ်ရင်...ကျရှုံးသွားနိုင်တယ်..စိန်ခေါ်တယ်...’
“မင်းဆော်နဲ့...ငါ့ဆော်ကပိုမိုက်တယ်...ဟရောင်...ငါ့ဆော်ပိုမိုက်တယ်..န...နာ...န..”
“မင်းဆော်နဲ့..ငါ့ဆော်ထက်ပိုမိုက်တယ်...ဟရောင်...ငါ့ဆော်ပိုမိုက်တယ်..န...နာ..န..”
ဦးသံချောင်းမောင်းတဲ့လန်ခရူဇာရန်ကုန်တောင်ငူလမ်းပေါ်မှာတရိပ်ရိပ်ပြေးနေတယ်၊
နောက်မှာချစ်ချစ်နဲ့ကျော်ကြီး...ကြင်စဦးဇနီးမောင်နှံလွတ်သွားမှာစိုးလို့ဖက်ထားကြတယ်၊
ကျော်ကြီး...ကားလိုက်ငှားတာ၊တောင်ငူထိမလိုက်ကြဘူး
လိုက်တဲ့ကားကျတော့ကြေးတွေကလဲများ၊မအူမလယ်ကျော်ကြီးအဖြစ်
နောက်ဆုံးကျ...ဒေါ်ရွှေမိ..”အိမ်ကကားနဲ့ဘဲ၊သံချောင်းနင်လိုက်ပို့လိုက်တော့”
ရွှေသမက်ကိုယောက္ခ်မအစအဆုံးတာဝန်ယူလိုက်ပြီ၊
“ဗမာနတ်ထက်..ကရင်နတ်က...ပိုသွက်တယ်...ကရင်နတ်ကပိုထက်တယ်...န...နာ..န..”
“ဗမာနတ်ထက်...ကရင်နတ်က....ပိုထက်တယ်...ကရင်နတ်ကပိုသွက်တယ်...န...နာ..န..”
ကိုသံချောင်း..စိုင်းစိုင်းသီချင်းကိုဖျက်ပြီးဆိုနေပြီ
ရက်ပါ...တစ်ယောက်ကတဲ့ပုံစံမျိုး...လက်နှစ်ဖက်မြောက်ပြီး...ကနေပြီ
ဦးသံချောင်းကတာကြည့်ပြီးသူတို့နှစ်ယောက်လုံးအသောမသတ်ရီနေကြပြီ
“ကတာလဲက...သတိထားပြီး...ကားမောင်းအုန်း”
……………………………………………………………………………………..
ချစ်ချစ်နဲ့ကျော်ကြီး..တော်တော်ကုသိုလ်ထူးတယ်...
ချစ်ချစ်အမေကလဲတစ်ဦးတည်းသမီး၊သမီးကိုချစ်တယ်
သမီးကိုသူငယ်ငယ်ကလိုပင်ပင်ပမ်းပမ်းပမ်းအလုပ်မလုပ်စေချင်...
သူအခြေချထားတဲ့ရွှေဆိုင်ဆက်ပေးထိုင်ဖို့ဆုံးဖြတ်ထားတယ်...
အခု...ပဲအဆက်အသွယ်ရှိတဲ့တောင်ငူသားကျော်ကြီးနဲ့ယူပြီဆိုတော့
သားမက်အတွက်ပွဲရုံလုပ်ပေးဖို့နေရာရှာနေပြီ...
ကျော်ကြီးအမေက....ပထမဘယ်သူမှန်းမသိလို့အင်တင်တင်...
ကျော်ကြီးအဒေါ်....ချစ်ချစ်...ကိုအမှတ်ပြည့်ထောက်ခံချက်ပေးလိုက်လို့သဘောတူလိုက်ပြီ
သူတို့နှစ်ယောက်အတွက်ဘာလိုသေးလဲဗျာ
တောင်ငူမှာမင်္ဂလာဆောင်တယ်
ရန်ကုန်၊တောင်ဥက္ကလာ၊မေခလာခမ်းမမှာလဲဆောင်တယ်
ရန်ကုန်မှာမင်္ဂလာဆောင်တဲ့အချိန်တတိယနှစ်နွေကျောင်းပိတ်ပြန်ဖွင့်နေပြီ
သူငယ်ချင်းစုံစုံညီညီနဲ့တက်ရောက်အားပေးကြပါတယ်။
ကျော်ကြီး...တောင်ငူကဆန်နီပစ်ကပ်လေးယူလာခဲ့တယ်၊
ကျော်ကြီး...ဒဂုံဆောင်မှာမနေတော့ပါ၊သားမက်အိမ်ပါဖြစ်သွားပြီ
သူတို့လင်မယား..ဆန်နီပစ်ကပ်နဲ့နေ့တိုင်းကျောင်းတက်နေပြီ
ကျနော်တို့တတိယနှစ်စာမေးပွဲလဲနီးလာပြီ...
“ကျော်ကြီး...ကျော်ကြီး....ဘယ်ရောက်နေလဲ...”ချစ်ချစ်လိုက်ရှာနေတယ်၊
“ဘာလုပ်မလို့လဲ...ချစ်ချစ်...ကျောင်းသွားရအောင်...
“ကျော်ကြီး...ငါစိတ်ညစ်တယ်၊..နင့်ကိုငါပြောတယ်..ကြည့်လုပ်ပါ...ကြည့်လုပ်ပါ..လို့အမြဲပြောတယ်”
“အေးလေ...ငါကြည့်လုပ်တာဘဲ...ဘာဖြစ်လို့လဲ....”
“ငါပြောတာ...ပြက္ခဒိန်ကြည့်ဖို့ပြောတာ”
“အေး...ဒီမှာကြည့်...”
ပလတ်စတစ်ချောင်းလေးတခုမျက်စိရှေ့တည့်တည့်ရောက်လာတယ်
“ဘာဖြစ်လို့လဲ”
“ဘာဖြစ်ရမှာလဲ...နင်မတွေ့ဘူးလား...၊ငါဗိုက်ကြီးနေပြီ..”
“ဟ...ဒါဝမ်းသာစရာ...အမေကြားရင်...ထ..က....နေမလားဘဲ”
“နင်ကတော့ပျော်နေ..ငါ့မှာဗိုက်တကားကားနဲ့ကျောင်းတက်ရအုန်းမယ်”
“မွေးမဲ့အချိန်ကဖိုင်နယ်စာမေးပွဲမဖြေခင်”
“ချစ်ချစ်..ရယ်...စိတ်မညစ်ပါနဲ့...ကျော်ကြီးတစ်ယောက်လုံးရှိပါတယ်”
“ဒီကြားထဲ...နောက်နှစ်ဖိုင်နယ်ကျရင်သင်္ကြန်ကျောင်းပိတ်ရက်နင်တို့ကွင်းဆင်းရအုန်းမယ်”
“နင်မရှိရင်...ငါမနေတတ်တော့ဘူး”
“ဘာခက်လဲကွာ..ချစ်ချစ်ကို..ကျော်ကြီးကျောပိုးအိတ်ထဲထည့်...လွယ်သွားမယ်”
“နင်တကယ်ပြောတာနော်...နောက်နှစ်ကွင်းဆင်းရင်ငါလဲလိုက်ခဲ့မယ်”
တတိယနှစ်စာမေးပွဲပြီးလို့ဖိုင်နယ်တန်းကိုကျော်ကြီးနဲ့ချစ်ချစ်တက်နေကြပြီ၊
ချစ်ချစ်...ဗိုက်လဲတော်တော်ထွက်လာနေပြီ၊
သူငယ်ချင်းအားလုံးချစ်ချစ်ကိုချစ်စနိုးနဲ့ခေါ်လိုက်ကြတာ” မဗိုက် “
ဆရာနိုင်မော်သန်းဓါတ်ပုံယူသုံးထားပါသည်၊
ဆရာ့ကိုကျေးဇူးတင်ပါသည်၊
#ကိုဂျစ်
#ကျော်ကြီးနဲ့ဘူမိဗေဒ
………………………………..
……………………………………
ကျော်ကြီးမြင်းတိုက်ကွင်းဆင်းခြင်း
ဖိုင်နယ်အတန်းတက်ရင်းကွင်းဆင်းရမဲ့ရက်နီးလာပြီ
ကျော်ကြီးတို့တစ်အုပ်စုလုံးရှမ်းပြည်”မြင်းတိုက်”မှာကွင်းဆင်းရမယ်၊
ဆရာဒေါက်တာဖေမောင်သန်းနဲ့အတူကွင်းဆင်းရမယ်
မြင်းတိုက် Camp ကအဆင်ပြေတယ်၊ရထားဘူတာရှိတယ်၊
နောက်ဘူတာ...ကလောဘူတာ...။
အခြား Camp တွေလိုရထားတတန်၊ကားတတန်စီးသွားစရာမလို
“ဆရာ..ကျနော်ကျော်ကြီးပါ၊ဆရာနဲ့အတူကွင်းဆင်းမဲ့အုပ်စုထဲမှာပါတယ်”
“ဒီလိုပါ...ကျနော်စောစောအိမ်ထောင်ကျပါတယ်၊အခုကျနော့်အမျိုးသမီးမှာကိုယ်ဝန်ကြီးနဲ့ပါ”
“သူလဲကျောင်းတက်နေပါတယ်၊သူလဲသင်္ကြန်ကျောင်းပိတ်မှာကျနော်တို့ Camp ကိုအလည်လာချင်တယ်ဆိုလို့ပါ”
ဆရာဖေမောင်သန်းစဉ်းစဉ်းစားစားနဲ့ပြန်ပြောပါတယ်၊
“လာလည်တာကပြဿနာမဟုတ်ပါဘူး၊ဒါပေမဲ့ Camp မှာနေဖို့တော့အဆင်မပြေဘူး”
“ရွာထဲမှာအသိရှိလို့အသိအိမ်မှာတည်းရင်ဆရာဘာမှမပြောပါဘူး”
“မြိုင် Camp တုန်းကဆရာတို့စခန်းကိုရုက္ခဗေဒကျောင်းသားတွေလာဘူးတယ်”
“သူတို့ကသစ်ခွမျိုးကွဲတွေလာရှာတယ်၊သူတို့ထဲကျောင်းသူမပါတော့ကိစ္စမရှိဘူး”
“ဆရာပြောတာ..ကျော်ကြီးလဲစဉ်းစားပါ၊ဒါမှမဟုတ်ရွာရောက်မှတည်းခိုဖို့နေရာရှာကြည့်ပါလား”
“ဆရာတို့ဖက်ကလဲ..ရွာသူကြီးကိုမေးပေးမယ်...လေ..”
ဒီလိုနဲ့ဘဲဖိုင်နယ်ကွင်းဆင်းမဲ့ရက်တွေ...ရောက်လာပါပြီ...
ရန်ကုန်ဘူတာကြီးမှာလိုက်ပါပို့ဆောင်နေတဲ့သူငယ်ချင်းတွေ၊မိဘတွေ၊ဆွေမျိုးသားချင်းတွေ
နဲ့စည်ကားလို့နေပါတယ်။
ကောင်လေးငယ်ကိုသူ့ချာတိတ်လိုက်ပို့နေတယ်၊
ဘာတွေအမှာချွေနေလဲမသိ၊ကောင်လေးငယ်ခေါင်းတငြိမ့်ငြိမ့်နဲ့
ကျနော်ကျော်ကြီးကိုဦးသံချောင်းနဲ့ချစ်ချစ်လိုက်ပို့တယ်၊
“ကျော်ကြီး...နင်ပြောတော့ငါ့ကိုကျောပိုးအိတ်ထဲထည့်သွားမယ်ဆို”
“ချစ်ချစ်..ရယ်..နင့်ကိုငါ့ကျောပိုးအိတ်ထဲထည့်သွားချင်ပါတယ်”
“ဒါပေမဲ့...နင့်ဗိုက်နဲ့ငါ့ကျောပိုးအိတ်မဆန့်တော့လို့ပါ”
“အဲဒါ..နင့်ကြောင့်...ကြည့်လုပ်...ကြည့်လုပ်...လို့ငါပြောနေတာ၊နင်နားမထောင်ဘူး”
“ငါ...က...ကျောင်းပြီးမှခလေးယူချင်တာ...”
“ဒါပေမဲ့...ဘယ်တတ်နိုင်မလဲ...သားသမီးဆိုတာ..ငါတို့အတွက်..ရတနာ..”
“ဘာဖြစ်ဖြစ်...စောစောသစ်ပင်စိုက်ရင်...စောစောအရိပ်ရတယ်...
“နင်ရွာရောက်ရင်...တည်းခိုဖို့နေရာ...ရှာပြီး၊အမြန်အကြောင်းကြားလိုက်”
“ငါနဲ့ဦးသံချောင်း...အမြန်ဆုံးတက်လာခဲ့မယ်”
“နင်မရှိဘဲ..ငါတစ်ယောက်ထဲမနေချင်ဘူး”
ပြောရင်း..ချစ်ချစ်...မျက်ရည်ကျနေပြီ...
(ဘော်...ဘူး....ဘော်...ဘူး...ဘော်...)မီးရထားဥဩသံ
ငါ...အမြန်ဆုံးအကြောင်းကြားလိုက်မယ်၊ကိုယ့်ကိုကိုယ်လဲဂရုစိုက်နော်
ဦးသံချောင်း...ချစ်ချစ်ကိုဂရုစိုက်ပါနော်....
ကျနော်...ချစ်ချစ်..လက်ကလေးကို...မလွတ်ချင်...လွတ်ချင်နဲ့...လွတ်လိုက်ရပြီ
“ကျော်ကြီး....ရထားထွက်နေပြီ....လာခဲ့တော့….”
ရထားအတက်..လက်ကိုင်တန်းကိုကိုင်ရင်း...ချစ်ချစ်...လက်ပြ...နှုတ်ဆက်...နေရင်း
မျက်လုံးထဲကမျက်ရည်တွေစီးကျလာပါတော့တယ်။
ချစ်ချစ်...လက်ပြရင်း...ငိုနေပြီ
ရန်ကုန်..သာစည်..ရထားကြီး...ဘူတာကြီးမှစတင်ထွက်ခွာနေပြီ...
ကျောင်းသားများကိုယ့်အုပ်စုနဲ့ကိုယ်ထိုင်ကြရန်နေရာရှာနေကြပြီ
ကျော်ကြီး...ဒီဖက်လာခဲ့၊
ရှကီး....ငါတို့ဒီမှာ
လေးထောင့်သံပုံးတစ်လုံးပိုက်ရင်းယောင်လည်လည်ဖြစ်နေသောရှကီးကိုအော်ခေါ်နေတယ်၊
ရှကီးအမေ...သားလေးဗိုက်ဆာနေမှာစိုးလို့လှိုင်ဘီစကစ်သံပုံးအပြည့်ထည့်ပေးလိုက်တယ်၊
အမေချစ်တဲ့သား..ဘီစကစ်မစားဘဲ၊အရေဘဲသောက်နေတာ..အမေမသိရှာ..
ဟေ့ကောင်ဂန်ဂါး...ကျောပိုးအိတ်ထဲဘာတွေထည့်ထားလဲ..ဖေါင်းနေတာဘဲ
ငါ့ရိက္ခာတစ်လစာလေ...ဂန်ဂျာလို့ခေါ်တဲ့ဆေးခြောက်တွေ...
သူ့အုပ်စုနဲ့သူ...အားလုံးနေရာကျပြီ...
တိုးတိုး..ပြောပြီးကျိတ်ရီနေတဲ့ကောင်တွေ..
မင်းတို့...ဘယ်သူ့အတင်းတုတ်နေတာလဲ..
ကိုယ့်အုပ်စုနဲ့ကိုယ်...လေးအိမ်ပြည့်ပြီလား...ပြည့်ရင်စတော့မယ်...ဗျိုင်းတို့အဖွဲ့ဖဲချပ်ဝေနေပြီ
ရထားငြိမ့်ငြိမ့်လေး...ရန်ကုန်နဲ့ဝေးရာဆီသို့...ထွက်ခွါနေပြီ...
တစ်ယောက်ထပြီး....”အားလုံး...အားလုံး..ငါတို့စီနီယာတွေဆိုနေကျသီချင်းဆိုကြမယ်...”
“တိုင်မင်ခေါ်မယ်...ညီညီလက်ခုပ်တီးပြီး....ဆိုကြမယ်”
“ဝမ်း...တူး...သရီး...ဖိုး..Go…”
"အမှန်ဆိုအလှမ်းမဝေးနီးရက်ကွယ်....ရန်ကုန်မန္တလေးခရီးဆက်မယ်....
ရန်ကုန်ဒါးပိန်တာဝ...."
ကျနော်တို့ကွင်းဆင်းတိုင်းဆိုလေ့ရှိသော..ရန်ကုန်မန္တလေးခရီးသွားမယ်…သီချင်းကို
ကျောင်းသားအားလုံးလက်ခုပ်သံပြိုင်တီးပြီးသီချင်းဆိုနေကြပြီ…….
“ရန်ကုန်...မန်းလေး...ခရီးသွားမယ်, ရန်ကုန်..မန်းလေး..ခရီးသွားမယ်”
“ရန်ကုန်..ဒါးပိန်...တာဝ”
"မငြီးတမ်းတစ်ကယ်သွားရောက်ပုံရယ်....."
".....ဘဝအရေးအကျိုးမျော်သည်အခင်းဝယ်......"
"....ခရီးလမ်းမှာအစားအသောက်စုံတယ်
စာကလေးဂျိုးကြော်ဆီထမင်းရယ်....."
“လုပ်ထား...ဗလကြီး...”ဗလကြီး...ကနေပြီ...
ရော့..ကျော်ကြီး...ကမ်းပေးလာတဲ့ခွက်ယူပြီးမော့ချလိုက်တယ်...
ရင်ထဲပူဆင်းသွားတယ်...
“ကောင်လေးငယ်...ရော့..”
ကောင်လေးငယ်လဲယူပြီးမော့ချလိုက်ပြီ
“ဟေ့...ဒီကောင်လေး...မနှစ်ကလုံးဝမသောက်တတ်ဘူး”
“ဘယ်ကောင်သင်ပေးလိုက်လဲ..မသိ”
“ဘယ်သူရှိမလဲ...၊..အချစ်ကသင်လိုက်တာပေါ့”
“ကောင်လေးငယ်နဲ့သူ့ဘော်ပြား...ကြိုက်နေကြပြီ”
“ကျော်ကြီး...ငါငိုချင်လာပြီ၊ချာတိတ်ကိုသတိရလို့ “ကောင်လေးငယ်ကျော်ကြီးကိုကပ်ပြီးပြောနေတယ်၊
“ငိုချင်ငိုချလိုက်..ရင်ထဲမအောင့်ထားနဲ့”ကျော်ကြီးအားပေးရှာတယ်...
ကောင်လေးငယ်ငိုတော့..ကျော်ကြီးလဲမျက်ရည်ကျပြီ
နှစ်ယောက်သားပုခုံးဖက်ပြီး...ငိုနေကြပြီ...
………………………………………………………………………………………………….
“မြင်းတိုက်”
ရှမ်းပြည်ရာသီဥတုအေးမြမြ၊တိုက်ခတ်လာတဲ့လေအေးအေးတွေကကျနော်တို့
ရထားပေါ်မှာငိုက်မျည်းနေတဲ့စိတ်တွေကိုလန်းဆန်းစေပါတယ်၊
“မြင်းတိုက်ရောက်ပြီ..ကွ..”
“ရီးစားဆီ..စာထည့်လိုက်အုန်းမယ်”
“ဘယ်ကောင်လဲကွာ....ခွဲတဲ့အချိန် ၂၄နာရီတောင်မပြည့်သေးဘူး”
“လွန်တယ်..ကွာ”
“အခုသတိရသေးတယ်..ခနနေမေ့သွားမှာစိုးလို့ကွ”
“နောက်ကျရင်..ရီးစားအလှည့်မလာတော့ဘူး”
ကျနော်တို့ကျောင်းသားအဖွဲ့ကိုရွာသူကြီးမိသားစုတွေဘူတာမှာလာကြိုကြတယ်..
ဆရာတို့နဲ့က...ရင်းနှီးပြီးသားတွေ...
ကျနော်ကျော်ကြီး...ဆရာဖေမောင်သန်း..နားကမခွါနိုင်...
ဆရာအထုတ်တွေဝိုင်းကူသယ်ရင်းဘူတာနားကကျနော်တို့ Camp ဆီသို့ချီတက်ကြပြီ
ဆရာ...ကျနော့်ကိုသတိထားမိပြီ...
“သူကြီးကို...အကူအညီတစ်ခုတောင်းချင်တယ်...”
“ပြောပါဆရာ..”
“ဒီမှာ..ကျောင်းသားတစ်ယောက်...သူ့အမျိုးသမီးသူကြီးတို့ရွာကိုအလည်လာချင်နေတယ်...”
“တည်းခိုဖို့ဘယ်မှာအဆင်ပြေမလဲ...”
“ဒါများဆရာရယ်...ကျနော့်အိမ်မှာ..တည်းလို့ရပါတယ်”
“ကျနော့်သမီးနဲ့တူမ...နေတဲ့အခန်းမှာတူတူနေလို့ရပါတယ်”
“ကျော်ကြီး....ဘယ်လိုလဲ”
“အဆင်ပြေပါတယ်..ဆရာ..”
ကျနော်ကျော်ကြီး..သူငယ်ချင်းတွေအရှေ့ရောက်တော့“ရေး’’ လက်တစ်ဖက်မြှောက်ပြီ၊
အောင်ပွဲခံလိုက်ပြီ
“ဆရာဖေ...ချစ်ချစ်တို့ကိုလာလည်ဖို့ခွင့်ပြုလိုက်ပြီကွ”
………………………………………………………………………..
နောက်ငါးရက်ကျတော့ချစ်ချစ်နဲ့ဦးသံချောင်းတို့မြင်းတိုက်တက်လာခဲ့တယ်၊
ကျနော်ကျော်ကြီးတို့အဖွဲ့ကြိုဆိုရေးလုပ်ရတော့မယ်၊အဝတ်ဖြူပေါ်
“ချစ်ချစ်(မဗိုက်)ကိုမြင်းတိုက်ရွာဘူမိကွင်းဆင်းအဖွဲ့မှကြိုဆိုပါသည်”
စာတမ်းရေးထားတယ်၊
ရထားတက်လာနေပြီလို့ဂတ်စာရေးကိုစံမြသတင်းပေးနေပြီ
သူကြီးသားနဲ့အဖွဲ့ရှမ်းအိုးစည်၊လင်ကွင်းတွေနဲ့အဆင်သင့်၊
ဗျိုင်းကဂစ်တာကိုင်ထားတယ်
“ရထားဆိုက်တာနဲ့စမယ်နော်”
“ရထားဆိုက်ပြီဟေ့”
“စပြီဟေ့...ဝမ်း...တူး...သရီး..ဖိုး...Go..”
ရှမ်းအိုးစည်တထုံထုံ၊လင်ကွင်းသံကလဲတချမ်းချမ်း
ဂစ်တာသံနဲ့အတူကျောင်းသားများသံပြိုင်သီဆိုနေသော
“ရှမ်းရိုးမကအိုးစည်သံ”သီချင်းထွက်ပေါ်လာပါတော့တယ်
“ရှမ်းရိုးမက...အိုးစည်သံ’”
“ဗေဗေထုံသို့ညံ...”
ရထားတစ်စီးလုံးအံ့ဩစွာနဲ့ကြည့်နေကြပါတယ်၊
MASU မှာတက်နေတဲ့တောင်ကြီးကကျောင်းသားတွေကရထားပေါ်ကဆင်းလာပြီး
ရှမ်းအက..ကပါတော့တယ်...
မြင်းတိုက်ဘူတာတစ်ခုလုံးအားလုံးဝိုင်းဆိုကြတဲ့”ရှမ်းရိုးမကအိုးစည်သံ..သီချင်းဖုံးလွှမ်းသွားပါတော့တယ်
မီးရထားဂတ်ဗိုလ်...ကလက်ဝှေ့ရမ်းပြီး၊ဆက်ဆိုခိုင်းနေတယ်.....
“ဟေး...ချစ်ချစ်....ကျော်ကြီး..ဒီမှာ...”
ကျော်ကြီးလက်ကမ်းပြီးကြိုနေပြီ
“ကျော်ကြီး......ရပ်ခိုင်းလိုက်ပါတော့၊...ရှက်စရာကြီး..ကွယ်”
“ဘာရှက်စရာလဲ...ကိုယ့်မိန်းမကိုလာကြိုတာလေ...”
“ရပ်ခိုင်းလိုက်ပါတော့ကွယ်”
ချစ်ချစ်..ပါးစပ်ကရပ်ခိုင်းလို့ပြောနေပေမဲ့လဲ...မျက်နှာပေါ်မှာကြည်နူးရိပ်တွေယှက်သန်းနေတယ်
သူကြီးမိသားစုလဲလာကြိုကြတယ်၊သူတို့အိမ်မှာနေရာချပေးထားတယ်၊
ဦးသံချောင်းကသူကြီးသားတွေနဲ့နေကြမယ်
……………………………………………………………………………………….
…………………………………………………………………………….
ကျော်ကြီးနဲ့ကမ်းပါးနီလှိုဏ်ခေါင်း
မြင်းတိုက်ရာသီဥတုကိုကျနော်တို့သဘောကျတယ်၊ကလောနဲ့အတူတူဘဲ
တတိယနှစ်တုန်းကကွင်းဆင်းခဲ့တဲ့ပျဉ်ညောင်ထက်နေလို့ပိုကောင်းတယ်၊
သင်္ကြန်ပိတ်ရက်ကွင်းဆင်းနေရတဲ့ကျနော်တို့ဘဝ၊ရန်ကုန်မှာပူကျွပ်နေတဲ့
နေရာကလာတဲ့ချစ်ချစ်၊မြင်းတိုက်မှာနေရတာသဘောကျနေတယ်၊
ဆရာဖေနဲ့ကွင်းဆင်းနေတဲ့ကျနော်တို့၊ဆရာကျနော်တို့အပေါ်စေတနာ၊မေတ္တာ
ထားပြီးသင်ကြားပို့ချခဲ့တယ်၊
“ဆရာ...ကျနော်တို့ထက်လမ်းလျှောက်တာမြန်တယ်နော်”
“နောက်ပြီး...ဆရာဆေးလိပ်အရမ်းသောက်တယ်”
“မြန်တယ်ဆိုတာက...အလေ့အကျင့်ဘဲပေါ့”
“နှစ်တိုင်း...နှစ်တိုင်း...ကွင်းဆင်းနေရတဲ့ဆရာတို့ဘဝ...”
“သင်္ကြန်ဆိုတာဘယ်မှာမှန်းမသိတာနှစ်တွေကြာခဲ့ပြီ”
“ဆရာလိုတော့မင်းတို့ဆေးလိပ်မသောက်ကြနဲ့”
ကွင်းဆင်းနေတဲ့တစ်ရက်...ဆင်တောင်ဖက်ကိုရထားလမ်းအတိုင်းဆင်းပြီး
General travel ထွက်ခဲ့ကြပါတယ်၊ရထားလမ်းတလျှောက်တွေ့မြင်ရတာတွေကို
ဆရာဖေရှင်းပြသွားပါတယ်၊နမူနာကျောက်တွေလဲကောက်ခဲ့ကြပါတယ်၊
အပြန်ဆရာဖေရထားနဲ့လမ်းကြုံလို့ရထားနဲ့လိုက်ခွင့်ပြုပါတယ်။
ကျနော်တို့အားလုံးနီးရာ..ရထားတွဲတွေကိုလှမ်းတက်လိုက်ကြပါတယ်၊
ကျနော်၊ငှက်ပျော်သီး၊ရှကီး၊ဂန်ဂါးတို့အထူးတန်းအတွဲကိုတက်လိုက်ကြပါတယ်၊
ငှက်ပျော်သီးကအထူးတန်းအရှေ့ဖက်ဆက်လျှောက်သွားပါတယ်၊
ကျနော်၊ဂန်ဂါး၊ရှကီးတို့ကအထူးတန်းအနောက်ဖက်နားမှာရပ်ပြီးလိုက်လာတယ်၊
ကျနော့်အရှေ့မှာရုပ်ရည်သန့်သန့်နဲ့မိသားစုထိုင်နေကြတယ်၊
အမျိုးသမီးကြီးနှစ်ယောက်၊မိန်းခလေးတစ်ယောက်၊ယောက်ျားလေးတစ်ယောက်၊
“သားတို့ RASU , Geology ကလား “
“ဟုတ်ပါတယ် ...နွေရာသီ..ရှမ်းပြည်ဖက်ကွင်းဆင်းနေတာပါ”
ကျနော်တက္ကသိုလ်ကျောင်းသားကွင်းဆင်းနေတယ်ပြောသံကြားတဲ့အခိုက်
ခလေးတွေအထင်ကြီး၊လေးစားတဲ့မျက်လုံးနဲ့ကျနော့်ကိုကြည့်နေတာမြင်လိုက်ရတယ်၊
“ဆရာမတို့လဲ RASU..Law တက်ခဲ့တယ်၊အခုတောင်ကြီးတက္ကသိုလ်မှာဆရာမပြန်လုပ်နေတယ်”
“ကျနော်အမြင်ပြောရရင်မြန်မာပြည်မှာလူတွေလေးစားကြတာ”
“ဆရာဝန်ပြီးရင်..ဆရာ..ဆရာမတွေဘဲလို့မြင်တယ်”
“ဆရာမဖြစ်ရတာဂုဏ်ယူလိုက်ပါ...ဆရာမ”
“သားရဲ့စကားကြားလိုက်မှ..ဆရာမလဲဘဝင်နဲနဲမြင့်သွားပြီ”
“ဂုဏ်ယူပါတယ်..ဆရာမ”
“မေမေ..သား...ထမင်းစားချင်ပြီ”
“အေး...အေး...စားမယ်..လေ”
ဆရာမတို့မိသားစုထမင်းချိုင့်ဖွင့်ပြီးထမင်းစားဖို့ပြင်နေပြီ၊
“သား...ထမင်းစားအုန်းလေ...”
“ကျေးဇူးပါ...ကျနော်စားပြီးပြီ၊ဆရာမတို့စားကြပါ”
ထမင်းချိုင့်ကိုကြည့်လိုက်တော့ကြက်ပေါင်ကြော်တွေ၊ရင်အုပ်ကြော်တွေ
လူမှုရေးအရကျနော်အရှေ့ဖက်ထွက်ခဲ့ပါတယ်၊
ကျနော်နောက်ဖက်လှည့်ကြည့်လိုက်တာရှကီးနဲ့ဂန်ဂါး..
ဆရာမထမင်းချိုင့်ကိုကြည့်နေကြတယ်၊
မရှေးမနှေင်းမှာကမ်းပါးနီလှိုင်ခေါင်းထဲရထားဝင်ပြီ
အတက်ရထားလမ်းဆင်တောင်ဘူတာနဲ့မြင်းတိုက်ဘူတာကြားမှာ
ကမ်းပါးနီလှိုဏ်ခေါင်းရှိတယ်၊လှိုဏ်ခေါင်းကရှည်သားဘဲ၊
ကျနော့်စိတ်ထင်မိနစ်ဝက်လောက်ကြာမယ်ထင်တယ်၊
ရထားတစ်စီးလုံးမှောင်ကျသွားတယ်၊
ကျောင်းသားတွေကမှောင်ပြီဆိုရင်”ဟေး”နဲ့အော်ကြပြီ
လှိုဏ်ခေါင်းထဲမှောင်နေချိန်ကျနော်နောက်ကိုရှကီးတွန်းပြီး
“ကျော်ကြီး...အရှေ့သွား..အရှေ့ကိုသွား..”တွန်းတွန်းတိုက်တိုက်နဲ့ပြောပြီးတွန်းတယ်၊
သူတို့နှစ်ကောင်ရထားအရှေ့အပေါက်နားလူတွေမမြင်အောင်ထိုင်နေတယ်
ဘာကြောင့်..ကျနော်လဲမသိ...
လှိုဏ်ခေါင်းထွက်ပြီးသိပ်မကြာပါဘူး၊မြင်းတိုက်ဘူတာရောက်ပြီ
ရထားပေါ်ကဆင်းတဲ့အခိုက်လေးမှာနားထဲအသံတချို့ကြားလိုက်တယ်၊
“သား...ကြက်ပေါင်ကြော်မရှိတော့ဘူး”
“မေမေ...သမီး..ကြက်ကြော်လဲမတွေ့တော့ဘူး”
ရထားမြင်းတိုက်ဘူတာမှာကျနော်တို့ဆင်းပြီးတာနဲ့ပြန်ထွက်တယ်
ကျနော်တို့အားလုံးဘူတာအပေါ်နားမှာရှိနေတဲ့ အဆောင်ဆီကိုတက်လာခဲ့တယ်၊
“တစ်ယောက်မှအခန်းထဲမဝင်နဲ့၊ဒီမှာဘဲရပ်စမ်း”
ဆရာဖေမျက်နှာနီနီ၊စိတ်ဆိုးနေတဲ့အမူအရာကိုတွေ့လိုက်တယ်
“မင်းတို့လက်ထဲကဟာတွေပြစမ်း”
တစ်ယောက်စီရှေ့ဆရာလမ်းလျှောက်ရင်းနဲ့မေးနေပြီ
ရှကီလက်ထဲမှာစားလက်စကြက်ပေါင်ကြော်
ဂန်ဂါးလက်ထဲမှာကိုက်လက်စကြက်သားကြော်
ငှက်ပျော်သီးလက်ထဲမှာကောက်ညှင်းထုတ်တစ်တွဲ
အခြားတစ်ယောက်လက်ထဲမှာစတော်ဘယ်ရီခြင်းလေးတစ်ခြင်း
အခြားကျောင်းသားတွေလက်ထဲမှာလဲရှိတယ်၊ဘာတွေလဲမသိ
“ဒီလိုလုပ်တာ..ပိုင်ရှင်မသိဘဲခိုးတာနဲ့တူတူဘဲ”
“မင်းတို့မဝယ်စားနိုင်လို့ဒီလိုလုပ်တာလား”
“မဟုတ်ပါဘူး...အပျော်သဘောမျိုးနဲ့လုပ်မိတာပါ”
“မင်းကအပျော်လို့ပြောပေမဲ့မင်းတကယ်ယူလိုက်တာလေ၊ဒီလိုလုပ်တာခိုးတာနဲ့တူတူဘဲ”
“မင်းတို့ဒီလိုလုပ်လိုက်တာ...ငါတို့ဘူမိဗေဒဌာနသိက္ခာကျသွားပြီ”
“တက္ကသိုလ်ကျောင်းသားတွေကိုသူခိုးတွေလို့ထင်သွားကြပြီ”
“လုပ်တဲ့ကောင်တွေလုပ်လိုက်တော့...လူတွေအားလုံးကငါတို့ကိုအထင်သေးကုန်ပြီ”
ကျနော်စိတ်ထဲမှာဆရာမ...သား၊သမီးတွေအထင်ကြီးတဲ့မျက်လုံးနဲ့ကြည့်ခဲ့တာပြန်မြင်ယောင်မိပါတယ်၊
ဒီကောင်တွေလုပ်ပုံ၊ကျနော်အရမ်းရှက်မိတယ်၊
ခဏတာသိကျွမ်းခွင့်ရခဲ့တဲ့ဆရာမကိုလဲအားနာမိတယ်၊
ဆရာဖေအရမ်းစိတ်ဆိုးသွားပြီ၊
ဒီနေ့ညစာ....ဆရာမစားဘူးလို့ဦးကစ္စနားကျနော်တို့ကိုအသိလာပေးပါတယ်
ကျနော်တို့အားလုံးတိုင်ပင်လိုက်ကြပါတယ်၊
ဦးသံချောင်းကိုအသားဆန်ပြုတ်ပြုတ်ခိုင်းလိုက်တယ်၊
ကျနော်တို့အားလုံးဆရာ့အိပ်ယာဆီကိုလာခဲ့ကြပါတယ်၊
ကျနော်တို့အားလုံးဆရာ့ကိုတောင်းပန်ကြမယ်
“ဆရာ...အိပ်ပြီလား...”
“ဆရာ့ကိုကျနော်တို့လုပ်ခဲ့တဲ့အပြစ်အတွက်တောင်းပန်ချင်လို့ပါ”
ဆရာဖေလဲလျှောင်းနေရာကထပြီး
“ဆရာ..မင်းတို့ကိုသတိမပေးဖြစ်ခဲ့တာကိုစဉ်းစားမိပြီးစိတ်မကောင်းဖြစ်တာပါ”
“ဒီကမ်းပါးနီလှိုဏ်ခေါင်းမှာ..မင်းတို့ရှေ့ကျောင်းသားတွေလဲဒီလိုဘဲလုပ်ခဲ့ကြတယ်”
“မင်းတို့စီနီယာသမားတွေပြောတာကြားပြီးစမ်းချင်ကြမယ်”
“ဆရာ..မလုပ်သင့်ဘူးလို့သတိပေးဖို့နောက်ကျခဲ့တယ်”
“ကျနော်တို့အားလုံးသဘောပေါက်ပါပြီ”
“ကျနော်တို့အောက်ကကျောင်းသားတွေကိုလဲသတိပေးလိုက်ပါမယ်”
“ဆရာအတွက်ဆန်ပြုတ်ပြုတ်ထားတယ်”
“ကျနော်တို့စားပြီးကြပြီ”
ဆရာစားပြီးတော့စကားဆက်ပါတယ်
“မင်းတို့အောက်ကကျောင်းသားတွေကိုဒီလိုမျိုးမလုပ်ကြဖို့၊”
“လုပ်ရင်ငါတို့ဌာနသိက္ခာကျမယ်ဆိုတာပြောပြီးတားပေးကြပါ”
ကိုဖေမြင့်ဦးဓါတ်ပုံဘူသုံးထားပါသည်။
ကျေားဇူးပါကိုဖေမြင့်ဦး
#ကိုဂျစ်
#ကျော်ကြီးနဲ့ဘူမိဗေဒ
……………………………………………………………………………………………….
……………………………………..
ကျော်ကြီးနဲ့ကွင်းဆင်းသင်္ကြန်
မြင်းတိုက်မှာကွင်းဆင်းခဲ့တုန်းကဆရာဖေကျနော်တို့ကို individual camp မထွက်ခိုင်းခဲ့ဘူး
Individual camp ဆိုတာကကိုယ့်အုပ်စုနဲ့ကိုယ်၊ဘူမိမြေပုံထုတ်ရမည့်နေရာနားကရွာမှာနေပြီး
ကွင်းဆင်းရတယ်၊သွားတာလာတာနဲ့အချိန်လေလွင့်မှုမဖြစ်အောင်လို့ပါ၊
ဒီတစ်ခေါက်ကျနော်တို့အုပ်စုလူအင်အားနဲနေတယ်လို့ဆရာပြောတယ်၊
မြင်းတိုက်မှာအခြေချပြီးဝိုင်းလုပ်ကြမယ်လို့ဆရာပြောထားတယ်။
ကျနော်တို့ကွင်းဆင်းနေရင်း...ကလောနဲ့နီးတဲ့ရွာနားရောက်ရင်ကျနော်တို့
ကလောကိုဝင်လည်လေ့ရှိတယ်။ဆရာဖေကိုတော့အသိပေးလို့မဖြစ်ဘူး၊
ကျနော်တို့ညနေကွင်းဆင်းပြန်လာကြရင်၊ချစ်ချစ်နဲ့သူကြီးသမီး၊တူမတွေ
မြင်းတိုက်ဘူတာနားမှာလာစောင့်နေလေ့ရှိကြတယ်၊
ကျနော်ကျော်ကြီး...ချစ်ချစ်မျက်နှာမြင်ယုံနဲ့အမောပြေသွားပြီ...
“ဟဲ့..ကျော်ကြီး...ချစ်ချစ်..အလုပ်တစ်ခုရနေပြီ..”
“ဟ...ဘယ်သူခန့်လိုက်တာလဲ...”
“ဆယ်တန်းဖြေမဲ့ဒီရွာထဲကခလေးတွေကိုစုခိုင်းပြီး..”
“ချစ်ချစ်...ဂိုက်လုပ်ပြီးစာသင်ပေးနေတယ်”
“စာမသင်ခင်တုန်းက...ကျော်ကြီး..တို့လဲမရှိတော့..ချစ်ချစ်အရမ်းပျင်းနေတယ်”
“အခု..မပျင်းတော့ဘူး”
ဘာလိုလိုနဲ့သူကြီးအိမ်..ဆယ်တန်းကျူရှင်ဖြစ်နေပြီ၊
ဓါတုနဲ့ရူပဗေဒဘာသာတွေကိုချစ်ချစ်သင်ပေးနေတယ်
ရွာကခလေးတွေအဆင်ပြေတော့သူကြီးလဲသဘောကျနေတယ်,
ဦးသံချောင်းကသူကြီးအိမ်အတွက်ရော၊ကျနော်တို့ကျောင်းသားတွေအတွက်ရော၊
ဝိုင်းချက်ပြုတ်ပေးတယ်၊ဦးသံချောင်းကဟင်းချက်အရမ်းကောင်းတယ်။
“ဆရာ...မနက်ဖြန်သင်္ကြန်တက်တော့မယ်”
“ကျနော်တို့သင်္ကြန်အလှူလဲလုပ်ချင်တယ်၊ရေလဲကစားချင်တယ်ဆရာ...”
“ကျနော်တို့ကိုခွင့်တစ်ရက်ပေးပါလား..ဆရာ”
မနက်ဖြန်အတက်နေ့၊ဆရာခွင့်ပြုရင်မြင်းတိုက်ဘူတာမှာမုန့်လုံးရေပေါ်လုံးမယ်၊
ရထားခရီးသည်တွေကိုကျွေးမယ်
သီချင်းဖွင့်ပြီးကမယ်၊ဆရာကျနော်တို့ကိုခွင့်ပြုခဲ့တယ်၊
သင်္ကြန်အတက်နေ့
မနက်ထဲကမအားကြဘူး၊မီးဖိုတဲ့လူ...ဖိုကြ၊ရေနွေးတည်ကြ
ကောက်ညှင်းမုန့်နယ်ပြီး၊ကျံသကာလုံးလေးတွေအဆာသိပ်ကြ
နောက်ပြီးအချို့မုန့်လုံးတွေမှာငြုပ်သီးထည့်ကြ...ကံစမ်းမဲပေါ့...
ကျနော်တို့ကျောင်းသားတွေအပြင်၊ချစ်ချစ်စာသင်သားတွေလဲအုပ်စုတောင့်တယ်
လုံးပြီးသားမုန့်လုံးတွေကိုချစ်ချစ်တို့အဖွဲ့ကပြုတ်တယ်၊ဆယ်တယ်
ဝိုင်းလုပ်လိုက်ကြတာဆယ်နာရီလောက်ထဲကစတုဒီသာစနေပြီ
ဆောင်းဘောက်တွေကိုသူကြီးသားယူခဲ့ပေးတယ်
“ အားလုံးတက်ကြ..ထော်လာဂျီ”
“ငါ့ကိုမိန်းခလေးများကအော့ကြောလန်သည်”
“ရွာမြောက်ပိုင်းကတော့သိပ်မကြည်”
“ငါ့နာမည်က...တော်ဂေါ်လီ”
ကျနော်တို့အားလုံး..စိုင်းစိုင်းခမ်းလှိုင်သီချင်းနဲ့ဒန့်နေကြပြီ
အပျော်ကြိုက်တဲ့ဦးသံချောင်း၊ကျောင်းသားတွေနဲ့ရက်ပါလိုဒန့်နေကြပြီ
“အိုးလေးလှုပ်ပါဟေ့...အိုးလေးလှုပ်ပါဟေ့”
“အိုးလေးလှုပ်ပါဟေ့...အိုးလေးလှုပ်ပါဟေ့”
“အိုးလေးလှုပ်ပါဟေ့...အိုးလေးလှုပ်ပါဟေ့”
ဦးသံချောင်း..ဖင်ခါပြီးရက်ပါအက..ကနေပြီ
ရထားဆိုက်ရင်ရထားပေါ်မုံ့လုံးရေပေါ်လိုက်ဝေတယ်၊
ရွာသားတွေအားလုံး၊မြင်းတိုက်ဘူတာမှာလာစုနေသလိုဘဲ
ကျနော်တို့အတွက်တစ်ရက်ဘဲရေပက်ခွင့်ရခဲ့တဲ့သင်္ကြန်၊ပျော်လိုက်တာ.....
……………………………………………………………………………….
သင်္ကြန်ပြီးနောက်ရက်တွေမှာကျနော်တို့ Camp ဘူမိဗေဒပရောဖက်ဆာ ဦးဘသန်းဟက်နဲ့
ဆရာသင်းရောက်လာကြပါတယ်။
ဆရာကြီးကကွင်းဆင်းရင် Camp အားလုံးကိုလှည့်ပြီးစစ်လေ့ရှိတယ်၊
ကျနော်တို့အုပ်စုထဲမှာဘူမိဗေဒဘောလုံးအသင်းရှေ့တန်းတိုက်စစ်မှူး”ကိုသောင်း”
ပါလာတယ်၊
သူကျနော်တို့ကိုအဆင်ပြေတဲ့နေ့ကျရင်ကိုယ်တိုင်ရိုက်ပြီးပလာတာလုပ်ကျွေးမယ်ပြောထားတယ်၊
သူကပလာတာရိုက်ကျွမ်းတယ်၊ရန်ကုန်လ္ဘက်ရည်ဖျော်တာလဲကျွမ်းတယ်...
သူ့မိဘလ္ဘက်ရည်ဆိုင်က”မောင်ကြိုင်လ္ဘက်ရည်ဆိုင်”နာမည်ကြီး၊
ကျောင်းတက်တုန်းကကျောင်းပြေးတဲ့နေ့မှာရုပ်ရှင်ကြည့်ပြီးအပြန်တိုက်စစ်မှူးတို့
လ္ဘက်ရည်ဆိုင်ကိုကျနော်တို့ချီတက်ကြလေ့ရှိတယ်၊
ဆိုင်မှာတိုက်စစ်မှူးရှိနေရင်၊....စားကြစမ်း...
တိုက်စစ်မှူးစေတနာနဲ့ကျွေးတာ၊တန်ဆောင်တိုင်စတုဒီသာထက်သာတယ်၊
နေ့လည်ထဲကဦးသံချောင်းကိုကလောတက်ပြီးဂျုံသွားဝယ်ခိုင်းထားတယ်၊
ညနေမှာတော့ကြက်နှစ်ကောင်ဆီပြန်ချက်ထားတယ်၊
တိုက်စစ်မှူးအစီအစဉ်တွေ၊မနက်ကျရင်ပလာတာရိုက်မယ်
ဆရာကြီးအံ့ဩသွားရအောင်..ကြက်သားပလာတာကျွေးမယ်၊
အခြားသူတွေကိုလဲမရိပ်မိစေချင်ပါ၊ကျနော်တို့အဖွဲ့ကိုယ့်အစီအစဉ်နဲ့ကိုယ်
စီစဉ်နေကြတာ...သူငယ်ချင်းအားလုံးမနက်စာကြက်သားပလာတာကျွေးမယ်၊
“ကျော်ကြီး...ငါ့ကိုဂျုံကူနယ်ပေးပါအုန်း”တိုက်စစ်မှူးလုပ်အားပေးခေါ်နေပြီ၊
“ရတယ်..”
“ကြက်သားဟင်းဘယ်သူချက်နေလဲ”
“ဦးသံချောင်း..ချက်နေတယ်...”
“ကြက်သွန်နီ..အနှစ်များများနဲ့ချက်ခိုင်း..”
“ငါတို့..ပလာတာနဲ့နယ်စားချင်တယ်..”
“မင်းတို့ပြောထားနော်..ဟင်းမခြောက်စေနဲ့”
ဧပြီလပေမဲ့ရှမ်းပြည်မှာအအေးမကုန်သေး..ကျနော်တို့မနက်လေးနာရီထပြီး..
နပ်ထားတဲ့ဂျုံကိုပြန်လုံးပြီးပလာတာအတွက်ပြင်ဆင်ကြပါတယ်၊
ကျနော်တို့အုပ်စုဘဲလှုပ်ရှားနေကြတယ်၊သူငယ်ချင်းတွေကိုအသိမပေး၊
ကျန်တဲ့ကောင်တွေ၊ကွေးပြီးအိပ်လို့ကောင်းတုန်း...
သူတို့ကိုအံ့ဩသွားစေချင်တယ်
ဆရာတွေနိုးလာတော့...မနက်စာကြက်သားပလာတာမြင်ပြီးဆရာကြီးအံ့ဩသွားရတယ်၊
“ဘယ်ကသွားဝယ်တာလဲ”ဆရာကြီးမေးတော့
“ကျနော်တို့ Camp မှာကိုယ်တိုင်လုပ်စားကြတာပါ”
“ကျနော်တို့ဆီမှာ”ဦးမောင်ကြိုင်”သားပါလာတယ်ဆရာကြီး..”
“ဆရာကြီး..ရန်ကုန်လ္ဘက်ရည်..သောက်ကြည့်ပါအုန်း”
တိုက်စစ်မှူးလ္ဘက်ရည်ခွက်တရိုတသေကမ်းပေးလိုက်တယ်
မင်းတို့အုပ်စုတော်တော်...ညီကြတယ်နော်...
ကြက်သားပလာတာ...ကောင်းတယ်....
လ္ဘက်ရည်သောက်ပြီးရန်ကုန်ကိုပြန်သတိရသွားပြီ
ဒီနေ့ကျနော်တို့တိုက်စစ်မှူးကိုသောင်း(မောင်ကြိုင်လ္ဘက်ရည်ဆိုင်)ကိုဆရာကြီး
ချီးမွမ်းသွားတယ်....
…………………………………………………………………………………….
…………………………………………………
ကျော်ကြီးနဲ့အလုပ်မဖြစ်တဲ့ည
ကျနော်တို့ Camp ကို ဦးသံချောင်းရောက်လာတာတော်တော်ကံကောင်းတယ်၊
ဦးသံချောင်းဟင်းချက်စပယ်ရှယ်လစ်...တောသည်တွေဆီကဂျီသား၊ဆတ်သားတွေ
တွေ့ရင်ဝယ်ပြီးချက်ကျွေးလေ့ရှိတယ်၊ဒီညနေစားဖိုဆောင်မှာဦးကစ္စနားနဲ့ဘာတွေ
ချက်နေလဲမသိဘူး..ဟင်းနံ့ကမွှေးလွန်းလို့ကျနော်တို့အနံ့ရှူပြီးဗိုက်ဆာနေကြပြီ...
ညီလေးတို့ဒီနေ့..ဦးသံချောင်းလက်စွမ်းပြထားတဲ့ယုန်သားဆီပြန်ချက်လာစားကြ၊
ဆရာဖေအတွက်သီးသန့်ချက်ထားပေးတယ်..
ကျောင်းသားတွေဟင်းကောင်းလို့လားမသိ...ထမင်းအိုးအကုန်ပြောင်သွားတယ်....
ကျနော်ကျော်ကြီးထမင်းစားနေတုန်း..ဦးသံချောင်းကျနော့်ကိုလက်ကုတ်တယ်၊
ဘာမှန်းမသိဘူး..ယုန်သားဟင်းသောက်ရမ်းစားကောင်းတယ်
“ဆရာမ..သမီးတို့အားလုံးကလောမှာညအိပ်မယ်”
“ဆရာမ..တစ်ယောက်ထဲဖြစ်ပါ့မလား၊ကိုကျော်ကြီးကိုခေါ်အိပ်လိုက်ပါလား”
သူကြီးသမီးနဲ့တူမတွေအရင်ညတွေကချစ်ချစ်အခန်းမှာဘဲစုအိပ်ကြတယ်၊
ဒီနေ့ညသူတို့အားလုံးအမျိုးအလှူ..ကလောမှာရှိလို့သွားအိပ်ကြမယ်...
“ရပါတယ်...သမီးတို့စိတ်ချသွားကြပါ”
“ကျော်ကြီး..ကိုလဲခေါ်အိပ်စရာမလိုပါဘူး”
“သူ့ဟာသူ Camp မှာအိပ်ပေ့စေ”
ဒီနေ့ည..အခန်းထဲမှာချစ်ချစ်တစ်ယောက်ထဲ...ကျော်ကြီးကိုခေါ်လိုက်ရင်ကောင်းမလား..
ချစ်ချစ်...ကျော်ကြီးအကြောင်းသိတယ်...အရမ်းထတဲ့အကောင်...
ချစ်ချစ်နဲ့ဝေးနေတာ...မြင်ရက်နဲ့မကြင်ရတဲ့ရက်တော်တော်ကြာနေပြီ...
သနားပါတယ်...ကျော်ကြီးကိုဒီညခေါ်အိပ်လိုက်ရင်ကောင်းမယ်...
ဒီအတိုင်းခေါ်အိပ်လို့လဲမဖြစ်ဘူး...ဘာဘာညာညာ...နှာစေးချောင်းဆိုးရောဂါပြပြီး
ခေါ်တာကောင်းမယ်...နို့မို့ရှက်စရာကြီး...
ဟုတ်ပြီ...ဒီညအခွင့်အရေးလက်လွတ်ခံလို့မဖြစ်ဘူး...
ကျော်ကြီးလဲ...စိတ်ပြေသွားအောင်...ဦးသံချောင်းနဲ့ခေါ်ခိုင်းလိုက်မယ်...
“ဦးသံ...ချစ်ချစ်...သွေးနဲနဲတိုးလားမသိဘူး..ခေါင်းနဲနဲမူးနေတယ်...”
“ကျော်ကြီးကိုလာစောင့်အိပ်ခိုင်းပါလား”
“ညရေးညတာ...တခုခုဆိုစိတ်ပူလို့...ခလေးတွေလဲမရှိကြဘူး..”
“ချစ်ချစ်...ခေါင်းမူးနေတယ်....လား ....ဒုက္ခဘဲ”
“ဟင်...ဘာဖြစ်လို့လဲ..ဦးလေးသံ..”
“သမီးချစ်ချစ်...တကယ်ခေါင်းမူးနေတာလား...”
“တကယ်မူးနေလို့ပေါ့....လိမ်စရာ...လား...ဘာဖြစ်လို့လဲ”
“ဘာမှမဟုတ်ပါဘူး...”
“ငါလဲဒီနေ့မှ...ဒီဟင်းချက်ပေးလိုက်မိတယ်...”
“ကျော်ကြီး...မင်းတော့ငါးပါးမှောက်ပြီ...ကျော်ကြီး...ရေ”
“ဦးလေးသံချောင်း...ဘာတွေပြောနေတာလဲ...”
“ဘာမှမဟုတ်ပါဘူး...အေးပါ...အေးပါ..ဦးသံ..သွားခေါ်လိုက်မယ်”
ဦးလေးသံချောင်းကျော်ကြီးကိုအဆောင်ကခေါ်လာခဲ့တယ်။
“ဦးလေးသံ....ဦးလေးသံ....ဒီမှာ..ကျော်ကြီး...ဘာဖြစ်နေလဲမသိဘူး..”
“ရီနေတာလဲ...မရပ်တော့ဘူး....”
တခွီးခွီး...နဲ့အသောမသတ်ရီနေသောကျော်ကြီး...
“ဒီနေ့...ကျနော်ရီချင်တယ်..Field ဆင်းနေတုန်းရှကီးကျောက်တောင်နံရံကို၊
သေးနဲ့ကော့ပန်းတယ်..ခွီး....ခွီး....”
“ဂန်ဂါးက..သစ်ပင်သေးသေးလေးကိုသင်္ကြန်ရေလောင်းတယ်”
“နောက်ပြီး...ကျန်သေးတယ်...ကောင်လေးငယ်..သူ့ဘောပြားကိုသတိရပြီး..ငိုနေတယ်..ခွီး...ခွီး..”
“ဘောပြားမှာလဲ...အချစ်ရှိတယ်...ခွီး...ခွီး...ဟား..ဟား...”
“ချစ်ချစ်...သမီး...ဦးသံချောင်းကိုဘဲ...သမီးပေးချင်တဲ့အပြစ်ပေးတော့..”
“ဦးသံ..ဒီညနေ..ယုန်သားနဲ့ဆေးခြောက်နဲ့ချက်ကျွေးလိုက်တယ်”
“ကျော်ကြီး..ကိုလက်ကုတ်လိုက်တာဘဲ”
“လက်ကုတ်လိုက်မှ..ပိုဆိုးသွားတယ်...ကျော်ကြီးဆေးခြောက်အနှစ်တွေနဲ့နယ်စားတာ”
“ကျော်ကြီး...ဆေးမူးပြီးရီနေတာ..”
သေလိုက်ပါတော့..ကျော်ကြီး..ရယ်..
နင်အဆာပြေပါစေတော့ဆိုပြီးကျွေးမလို့..အခုနင်ဆေးမူးနေတယ်..ကောင်းရော...
ခုနကတခွီးခွီးနဲ့ရီနေတဲ့ကျော်ကြီး....
အခုတခူးခူးနဲ့ဟောက်ပြီးနတ်ပြည်ရောက်နေပြီထင်တယ်..
သေလိုက်တော့..ကျော်ကြီး...အလုပ်မဖြစ်တဲ့ည......
………………………………………………………………………………………..
ကျော်ကြီးနဲ့ကိုခွေးအလှူ
မြင်းတိုက်မှာ၊ကိုခွေးဆိုတဲ့ယဉ်ယဉ်လေးရူးနေတဲ့အရူးတစ်ယောက်ရှိတယ်၊
ကြမ်းကြမ်းတမ်းတမ်းအရူးမျိုးလဲမဟုတ်ဘူး..
နှာဘူးထနေတဲ့အရူးမျိုးလဲမဟုတ်ဘူး...
မသိရင်လူကောင်းအတိုင်းဘဲ..စကားပြောကြည့်လိုက်ရင်တော့သိနိုင်တယ်...
သူ့မိဘအိမ်တွေရွာထဲမှာရှိတယ်...မိုးလင်းရင်ဘူတာနားရောက်လာမယ်..
လူတွေစုတတ်တဲ့ဓမ္မါရုံမျိုးတွေမှာရှိတတ်တယ်၊
ကျနော်တို့မနက်ကွင်းမဆင်းခင်၊ကွင်းဆင်းပြီးပြန်လာတဲ့အချိန်တွေဆို..
မြင်းတိုက်ဘူတာနားမှာရှိနေတတ်တယ်...
ဂတ်စာရေးကိုစံမြပြောပြလို့သာကိုခွေး၊အရူးဆိုတာသိခဲ့ရတာ..
ကျနော်ကျော်ကြီး...အရူးတွေကိုတော့ကြောက်တယ်..
အရူးဆိုတာလိုင်စင်ရလူသတ်သမားတွေလို့လူကြီးတွေပြောတာကြားဘူးတယ်၊
ကိုခွေး...သူ့ခမျာလဲဟင်းကောင်းလေးတွေစားချင်ရှာမယ်..
ဒါကြောင့်အလှူ့အိမ်ဆိုရင်..ကိုခွေးထိပ်ဆုံးရောက်လေ့ရှိတယ်...
အလှူတွေမရှိရင်ဘုန်ကြီးကျောင်းသွား...ဘုန်းကြီးစွန့်တာတွေစားပေါ့..
ကျနော်တို့ဆီကရှကီးနဲ့ဂန်ဂါးကို...အရူးသိပ်မကြည်ဘူး
မြောက်ရွာသူကြီးအိမ်အလှူရှိတယ်ဆိုပြီးဂျောက်ချလိုက်တာ...
သူကြီးသား၊ဝါးလုံးနဲ့လိုက်ရိုက်တာ.. ကိုခွေးအပြေးမြန်လို့ခေါင်းမကွဲခဲ့တာ
အရူးကိုခွေး..ကျနော်နဲ့စကားလာပြောရင်ကျနော်လဲလန့်လန့်ဘဲ...
ကျနော်ကိုတော့...အရူး...ခင်တယ်လို့ထင်တာဘဲ...
“ကျော်ကြီး...လူတွေဘာကြောင့်အလှူလုပ်ကြတာလဲ”
အရူး..ကျနော့်ကိုမေးနေပြီ”ကုသိုလ်လိုချင်လို့ပေါ့ “
“အဲ့..ကုသိုလ်က..လူများများကိုငွေအကုန်ခံကျွေးမှကုသိုလ်ရတာလား”
“အဲ့လိုလဲ..မဟုတ်ပါဘူး..ဘုရားဆွမ်းတော်တင်တာတို့”
“ဘုန်းကြီးဆွမ်းကပ်တာတို့လဲ..ပိုက်ဆံသိပ်မကုန်ဘဲကုသိုလ်ရပါတယ်”
“အလှူတွေမှာ...လာစားကြဖို့အတင်းခေါ်နေတာတွေ့တယ်”
“လာစားတဲ့လူလဲ...ကုသိုလ်ရတာဘဲလား..”
“လာစားတဲ့လူတွေကျတော့...အလှူ့ရှင်ဒါနမြောက်အောင်”
“ပါရမီဖြည့်ပေးတာ..အလှူ့ရှင်ကုသိုလ်ရအောင်ဝိုင်းကူပေးတယ်လို့ကျော်ကြီးမြင်တယ်...”
“အလှူလုပ်ပါတယ်ဆိုပြီး..လာစားတဲ့လူတွေမရှိရင်..သူလုပ်တဲ့အလှူအထမမြောက်တော့ဘူးလေ..”
“ဘယ်သူမှလဲလာမစားတော့သူ့အလှူအထမမြောက်တော့ဘူးပေါ့”
“အဲ့လိုဆို...အလှူ့ရှင်လဲဘယ်ကုသိုလ်ရတော့မလဲ”ကျနော်နားလည်သလိုရှင်းပြပါတယ်၊
ကိုခွေးကဇဝေဇဝါ...သိပ်ရှင်းတဲ့ပုံမပေါ်
“ကိုခွေး..နားလည်သလိုဘဲပြောမယ်”
“အလှူလုပ်တာလူနဲနဲလဲလုပ်လို့ရတယ်...ကုသိုလ်ရမယ်”
“ဒါနဲ့...ကုသိုလ်ဆိုတာဘာလဲ..”ကိုခွေးမေးပြန်ပြီ
ဒီအရူး..ဒီစကားတွေဘုန်းကြီးကိုမမေးဘဲကျနော့်ကိုလာမေးနေတယ်
ကျနော်လဲနဲနဲစိတ်ညစ်လာပြီ
“ကုသိုလ်ဆိုတာကအကောင်အထည်တော့ပြလို့မရဘူးပေါ့”
“ကိုခွေးကောင်းမှုတွေလုပ်ပြီးကုသိုလ်တွေရရင်နောက်ဘဝကျနတ်ပြည်ရောက်ချင်ရောက်မယ်”
“ဒါမှမဟုတ်..နောက်ဘဝကျသူဌေးကြီးဖြစ်ချင်ဖြစ်သွားမှာပေါ့”
“နတ်ပြည်ရောက်ခဲ့ရင်နတ်သမီးငါးရာဘယ်တစ်ဖက်ညာတစ်ဖက်နဲ့”
“ထမင်းခွန့်ကျွေးတဲ့နတ်သမီးတွေ၊နင်းနှိပ်ပေးမဲ့နတ်သမီးတွေ၊”
“ရေချိုးပေးမဲ့နတ်သမီးတွေနဲ”
“နတ်သမီးတွေများတော့ကိုခွေး..ခိုင်းချင်တာခိုင်းလို့ရပြီ...ဇိမ်ဘဲပေါ့”
“ကိုခွေး...နတ်သမီးငါးရာကိုအားမကျဘူးလား”
“ကျုပ်အားမကျပေါင်..ရွာထဲကအလျှောင်တရုတ်...မိန်းမနှစ်ယောက်ယူပြီး”
“ရွာလယ်လမ်းမမှာမိန်းမနှစ်ယောက်နပမ်းလုံးကြတာ၊ထမိန်တွေပါကျွတ်ကုန်တယ်”
“နောက်ပြီးအမေဂျမ်းလိုနတ်သမီးနဲ့ဆုံရင်..ကိုခွေး..ဘဝတော့သွားပြီ”
“ကိုခွေးကလဲ..ကိုခွေးရမဲ့နတ်သမီးကဇာတ်ပွဲထဲကလိုမျိုးနတ်ဝတ်တံဆာဆင်ထားတဲ့”
“နတ်သမီးနဲ့ကြုံမှာ..အမေဂျမ်းနတ်ကအယူတိမ်းသွားတဲ့နတ်စိမ်းတွေ”
“ကျုပ်ဇာတ်ပွဲထဲတွေ့တဲ့နတ်တွေက အနီရောင်နတ်တွေ..၊ချောသားဘဲ..”
“ကျုပ်နတ်သမီးငါးရာလဲမလိုချင်ပါဘူး၊တစ်ယောက်ဆိုရင်၊ကိုခွေးကျေနပ်ပြီ”
“ကျန်တဲ့နတ်သမီးအားလုံး..ကျော်ကြီးဘဲ..ယူလိုက်တော့”
“ဟ...ကိုခွေး..ကျော်ကြီးကိုဒုက္ခရောက်အောင်လုပ်လိုက်တာလား”
“တစ်နှစ်မှာ 365 ရက်ဘဲရှိတာ၊ အိမ်ကမယားချစ်ချစ်..အလှဲ့တောင်မရောက်တော့ဘူး”
“ဒါဆိုကျော်ကြီး..အိမ်ကမောင်းချခံထိတော့မယ်...”
“မဖြစ်ဘူး..ဒါဆို...ကျော်ကြီးဘဝ..ရေ၊မီးအစုံအိမ်သာမပါတဲ့နတ်နန်းမှာစံမြန်းရတော့မယ်”
“ကိုခွေးနတ်သမီး...ကိုခွေးဘဲပြန်ယူတော့၊ကျော်ကြီးမှာမဟေသီ..ချစ်ချစ်..ရှိပြီးသား”
“အဲ့..မမြင်ရတဲ့နတ်ပြည်တွေ၊နတ်သမီးတွေအကြောင်းမပြောနဲ့တော့၊”
“ပစ္စုပ္ပန်အကြောင်းဘဲပြောတော့မယ်”
အရူးတစ်မူးသာသွားပြီ”ပြော...ပြော..ကိုခွေးဘာဖြစ်ချင်လဲ”
“ကိုခွေး..အလှူလုပ်ချင်တယ်၊ခုနကကျော်ကြီးပြောတာလူနဲနဲလှူလဲကုသိုလ်ရတယ်ဆို”
“အေးလေ..ဟုတ်တယ်လေ”
“ကိုခွေး...အလှူလုပ်မယ်..ကျော်ကြီးကိုကျွေးမယ်”
“အမယ်..ကိုခွေး..တယ်ဟုတ်ပါလား..ဘာကျွေးမလို့လဲ”
“ကိုခွေး..ကျော်ကြီးတစ်ယောက်ဘဲကျွေးမယ်၊ဟိုနှစ်ကောင်ကိုမကျွေးဘူး”
မလှမ်းမကမ်းမှာရပ်ကြည့်နေသောရှကီးနဲ့ဂန်ဂါးကိုမျက်စပစ်ပြရင်းပြောတယ်
“ဘာကျွေးမလို့လဲ”
“ကိုခွေးကိုအရှေ့ရွာကလက်ဆောင်ပေးထားတဲ့ပိန္နဲသီး..ကျော်ကြီးကိုကျွေးမယ်”
ပြောပြောဆိုဆို...ဂတ်စာရေးအခန်းထဲဝင်သွားပါတယ်၊
ကိုခွေးပြန်ထွက်လာတော့ပိန္နဲသီးကြီးကြီးတစ်လုံးပါလာတယ်၊
“ကိုခွေး..မမှည့်သေးဘူး..တစ်ရက်..နှစ်ရက်စောင့်ရအုန်းမယ်”
“မမှည့်သေးဘူးလား၊ခွဲပြီးစားလို့မရဘူးလား”
“စောင့်လိုက်ပါ..တစ်ရက်..နှစ်ရက်ပေါ့”
“ပိန္နဲသီးမှည့်လာရင်အခွံပျော့လာတယ်..အဲ့ချိန်ခွဲစားလို့ရပြီ”
နောက်တစ်ရက်မမှည့်သေး
နောက်နှစ်ရက်လဲမမှည့်သေး
နောက်သုံးရက်မြောက်နေ့မနက်ပိုင်း၊အိပ်ယာထတော့ဘူတာမှာလူတွေတရုံးရုံးနဲ့
ကိုခွေး...ပိန္နဲသီးကိုကိုင်ပြီးအုတ်နံရံကိုပစ်ပေါက်နေတယ်..တအုံးအုံးနဲ့
နောက်ပြီး..ပိန္နဲသီးချပြီး...ဝါးဆစ်ပိတ်နဲ့ရိုက်တယ်...တဖုံးဖုံး
ကျနော်တို့ဘူတာဆင်းလာတော့..ကိုခွေးဝမ်းသာအားရနဲ့
“ကျော်ကြီး...ပိန္နဲသီးမှည့်သွားပြီ..ဒီမှာကြည့်အခွံပျော့နေပြီ”
ပစ်ပေါက်ထုရိုက်ထားတဲ့ပိန္နဲသီးအခွံပျော့နေပြီ
“ကိုခွေး...အလှူလုပ်တော့မယ်..ကျော်ကြီးစားရမယ်..နော်....”
ကိုခွေးလက်နဲ့ဖဲ့ပြီးပိန္နဲသီးအပိုင်းတစ်ပိုင်းပေးတယ်
“ကျုပ်အလှူအထမြောက်သွားအောင်..စားလိုက်စမ်းပါ..ကျော်ကြီး..”
အောင်မလေး...ငါအရူးကိုတရားဟောလိုက်မိတာ...ငါးပါးမှောက်ပြီ
အခွံပျော့နေပေမဲ့..အချိန်မတန်သေးတော့..အစိမ်းဘဲရှိသေးတယ်..
ပိန္နဲသီးအစိမ်းကိုစားနေရတဲ့ငါ့အဖြစ်...
“မင်းတို့တော်တော်ကြည့်ကောင်းနေကြလား”
“လာဝိုင်းကူစားပေးကြပါအုန်း”
“ပိန္နဲသီးအစိမ်းစားပြီး..ဝမ်းဖောဝမ်းယောင်ဖြစ်တော့မယ်”
ရှကီးက”အရူးကိုရှည်ပြီးတရားသွားပြတဲ့ရွှေကရင်...ခံပေါ့..မင်းအပြစ်မင်းခံလိုက်”
“အမလေး...ကျနော်ကျော်ကြီးကိုကယ်ကြပါအုန်း”
၁၉၈၁ဘူမိကျောင်းသားများဓါတ်ပုံယူသုံးထားပါသည်။
#ကိုဂျစ်
#ကျော်ကြီးနဲ့ဘူမိဗေဒ
.................................................................
………………………………………….
ကျော်ကြီးနဲ့လူကြီးတရားပွဲ
“ဒီနေ့ညတရားပွဲကလူကြီးတရားပွဲလို့ဘဲအမည်ပေးရပါမယ်..”
ရှကီးကအခမ်းအနားမှူးလုပ်တယ်၊
“ဒီမှာရှိတဲ့ကျောင်းသားအများစုကလူပျို၊လူလွတ်တွေများကြပါတယ်”
“ဆိုတော့...အိမ်ထောင်မှု၊ဘုရားတည်၊ဆေးမှင်စုတ်ထိုးဤသုံးမျိုးအချက်မပိုင်
နောင်ပြင်ရန်ခက်...စကားအတိုင်းဒီမှာရှိနေတဲ့ကျောင်းသားတွေထဲက
အမြီးပေါက်နေတဲ့ကောင်တွေ..အဲလေ..ဟုတ်ပေါင်..ရာထူးတဆင့်တက်နေတဲ့
ကျောင်းသားကြီးတွေကအိမ်ထောင်နဲ့ပတ်သက်ပြီးဆောင်ရန်၊ရှောင်ရန်
ဒါမှမဟုတ်..သင်္ခန်းစာယူစရာတွေကိုညီငယ်များကိုဟောပြောပို့ချပါတော့မယ်”
ပထမဆုံးဟောပြောမဲ့ပုဂ္ဂိုလ်က...ကျနော်တို့အထဲမှာအသက်အကြီးဆုံး
ဘိုးတော်ဖြစ်ပါတယ်၊လက်ခုပ်သံလေးနဲ့ကြိုဆိုလိုက်ရအောင်”
ရွီ.....ဖြောင်းဖြောင်း ...လုပ်ထား..ဘိုးတော်..
အားလုံးကိုလေးစားပါတယ်..ကျနော်ဟာဒီ Camp မှာအသက်အကြီးဆုံးကျောင်းသားပါ
ဘာလို့ဆိုတော့ကျနော်တစ်တန်းကိုနှစ်နှစ်နေခဲ့လို့ပါ၊အခုဆိုဘူမိဌာနမှာခြောက်နှစ်ရှိနေပါပြီ
ဒါပေမဲ့တတိယနှစ်ဘဲရှိပါသေးတယ်...
ကျနော့်အဖေကကျူရှင်ဖွင့်ထားပြီး..ဆရာလဲလုပ်ပါတယ်..
ကျနော်လဲကျူရှင်ဆရာတစ်ယောက်ပါဘဲ...
ကျနော့်မှာဆယ်တန်းကျောင်းသားတော်တော်များပါတယ်...
ကျနော်တို့ကျူရှင်ဆယ်တန်းအောင်ချက်ကောင်းလို့နာမည်ကြီးပါတယ်..
စာသင်တဲ့ကျနော်လဲနာမည်ကြီးပါတယ်...
ကျနော်အဖေလဲကျနော့်ပညာရေးကိုဂရုမစိုက်နိုင်ပါဘူး
သူ့စိတ်ထဲမှာ ဘူမိဗေဒ ခြောက်နှစ်နေခဲ့တော့မာစတာတန်းတက်နေတယ်လို့ဘဲထင်နေတယ်၊
အခုတောင်ကျနော့်နာမည်နောက်မှာ B.sc Geology Master 2nd Year လို့ဆိုင်းဘုတ်တောင်တင်ထားပြီးပါပြီ
ကျနော့်ပညာရေးခဏထားအုန်း..အဓိက..အိမ်ထောင်ရေးအကြောင်းပြောရအောင်
ကျနော်အိမ်ထောင်ကျတာပထမနှစ်ထဲကပါ၊အဖေတို့တောကအမျိုးတော်တဲ့မိန်းခလေးပါ၊
”မယားတောသူ”ဆိုတဲ့စကားနဲ့တောကအမျိုးနဲ့ပေးစားတာလားမသိပါ၊
ကျူရှင်သင်နေတာပင်ပမ်းတယ်ဆိုတာအဖေတို့ကိုယ်တိုင်လဲသိတယ်၊
ကျနော့်အတွက်အပမ်းပြေပါစေဆိုတဲ့စေတနာနဲ့မိန်းမပေးစားခဲ့တယ်လို့ထင်ပါတယ်
ဒါပေမဲ့...ကျနော့်မှာအိမ်ထောင်ရေးအတွက်အချိန်မပေးနိုင်ခဲ့ပါဘူး
နေ့နေ့ညည...ကျူရှင်သင်နေရတဲ့ကျနော်...ဘူမိဗေဒစာတွေတောင်မဖတ်နိုင်ခဲ့ပါဘူး
ဒါကြောင့်စာမေးပွဲကျနေတာ
အိမ်ထောင်ရေးကိစ္စဆို..ဝေလာဝေးပေါ့ဗျာ..
လူလဲခေါင်းအုံးနဲ့ထိတာနဲ့အိပ်ပျော်သွားပြီ
ကျနော့်အမျိုးသမီးကိုကျနော်သနားပါတယ်
ကျနော့်မှာသားသမီးလဲမရှိပါဘူး
တကယ်တော့ကျနော်ဘဝဟာအချစ်မရှိတဲ့လူသားပါ၊
“ဒါကြောင့်ညီလေးတို့ကိုသတိပေးချင်တာကအချစ်မပါဘဲအိမ်ထောင်မပြုကြပါနဲ့”
“အခုလိုအိမ်ထောင်ရေးအသိတွေမျှဝေသွားတဲ့ဘိုးတော်ကိုကျေးဇူးတင်ပါတယ်”
“ရှေ့မှာရှိနေတဲ့ဒိုင်တွေရဲ့အဆုံးအဖြတ်ကိုကျနော်တို့နားထောင်လိုက်ရအောင်”
ဒိုင်တစ်ဦးဖြစ်တဲ့ဂန်ဂါးထလာပါတယ်
“အဟမ်း...အဟမ်း...ဘိုးတော်ကိုဘယ်လိုအမှတ်ပေးရမလဲလို့ပြောရရင်”
“ဝါတော်များနေပေမဲ့...ပိဋကတစ်ပုံမှမအောင်တဲ့ဆရာတော်ကြီးတစ်ပါးလို့ဘဲပြောပါရစေ”
“အိမ်ထောင်ရေးအကြောင်းနောက်ထပ်မျှဝေမဲ့ကျောင်းသားကရွှေကရင်ကျော်ကြီးဖြစ်ပါတယ်”
“ကျော်ကြီး...ကြွပါ”
ရှကီး..ဆက်ပြီး..”ကျနော်ကျော်ကြီးရဲ့ပရိုဖိုင်းကိုပြောပြပါမယ်”
“သူဟာတတိယနှစ်ကွင်းဆင်းချိန်မှာအချစ်ဒီဂရီထိုးတက်သွားပြီး”
“အိမ်ပြန်ရောက်တာနဲ့မိန်းမခိုးသွားပါတယ်”
“အခုဆိုရင်..အချစ်ဆိုတဲ့ဆွဲအားကြောင့်.....ချစ်ချစ်ဆိုတဲ့မဗိုက်လဲမြင်းတိုက်အထိလိုက်လာပြီး၊
အကြင်နာတွေပေးခံနေရတဲ့ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်”
“ကျော်ကြီး...ကြွပါ”
“ကျနော့်နာမည်...ကျော်ကြီး..ပါ”
“ကျနော်ကဘိုးတော်လိုဆရာမဟုတ်တဲ့အတွက်မတ်တပ်ရပ်ပြီးမပြောပါဘူး”
“ထိုင်ပြီးပြောပါမယ်...ဆွေးနွေးပွဲလိုသဘောထားပြီးမေးချင်တာတွေမေးကြပါ”
“ကျနော်သိသလောက်ပြောပြသွားပါမယ်”
ကျနော်အခုဆွေးနွေးမှာအချစ်ကစခဲ့တဲ့အိမ်ထောင်ရေးအကြောင်းဖြစ်ပါတယ်
ဘိုးတော်ပြောသလိုအိမ်ထောင်ရေးဟာအချစ်ပါမှပိုပြီးပြည့်စုံပါမယ်
ကျနော့်ကိုချစ်ချစ်အဖြေပေးခဲ့တဲ့နေ့သူငယ်ချင်းအားလုံးသိကြတဲ့
ဓါတုဗေဒနှုတ်ဆက်ပွဲစင်ပေါ်မှာဖြစ်ပါတယ်၊
ချစ်ချစ်ဟာကျနော့်အချစ်ဦးဖြစ်ခဲ့သလို၊ချစ်ချစ်အချစ်ဦးကျနော်ဖြစ်ခဲ့ပါတယ်၊
တတိယနှစ်ကွင်းပြီးတားဆီးမရအောင်အချစ်စိတ်တွေယိုဖိတ်ခဲ့လို့ချစ်သူကို
ခိုးပြေးပြီးယူဖြစ်ခဲ့ကြပါတယ်၊
ဒါပေမဲ့...သမီးရီးစားဘဝမှာချစ်ချစ်အချစ်ဦး..ကျနော်ဖြစ်ခဲ့ပေမဲ့လဲ
အိမ်ထောင်ပြုတဲ့အချိန်မှာကျနော်ဒုတိယလူဖြစ်ခဲ့ရပါတယ်
ရှကီး...”ကျော်ကြီး..မင်းတကယ်ပြောနေတာလား”
ဗျိုင်း...”ဒီဇာတ်လမ်းငါတို့လဲမသိခဲ့ပါလား”
ဂန်ဂါး..”ကျော်ကြီးအဖြစ်ဆိုးလှချည်လားကွာ”
ကျော်ကြီး..”ပြောရင်းနဲ့ရင်ထဲကအပူတွေတက်လာလို့ရေနဲနဲတိုက်ကြပါကွာ”
“ရော့...ရော့...ရေ...ရေ...”
“ဟေ့...ဦးသံချောင်းရှိနေလား...သူရှိနေရင်သူ့တူမအကြောင်းပြောလို့မဖြစ်ဘူး”
“သူကြီးအိမ်မှာသွားအိပ်နေပြီ...ကျော်ကြီး..မင်းရင်ဖွင့်လို့ရပြီ...”
ကျော်ကြီး....”အေး...ငါ..ရင်နာနာနဲ့ဆက်ပြောပါ့မယ်”
“အေးပါကွာ...မင်းကိုယ်စားနှမျောလိုက်တာ..”
“ဘယ်သူ့ကိုလဲ”
“ချစ်ချစ်ကိုလေ”
“လင်ကြီးငုတ်တုတ်..ဆိုတော့ရွှေကရင်ကြွက်ဖျင်းဖြစ်ပြီပေါ့ကွ”
ကျော်ကြီး....”အေး...ဒါတွေထားလိုက်တော့..ကိုယ်ကချစ်မိနေပြီကိုး”
ဘိုးတော်...”ဟေ့ကောင်..ကျော်ကြီး..မင်းကိုလင်ကြီး..မယားခိုးမှုနဲ့တရားမစွဲဘူးလား”
ကျော်ကြီး...”တရားမစွဲလို့ပေါ့...ငါ့ကိုအခုလိုမြင်နေရတာ “
ဘိုးတော်..”မင်းတို့ဘယ်လိုစခန်းသွားကြလဲ..ငါသိချင်တယ်..”
ကျော်ကြီး....”ဟေ့ကောင်..ဗျိုင်း...မင်းစားနေတဲ့လ္ဘက်သုတ်နဲနဲကျွေးကွာ”
“မင်းတို့ကိုရာဇဝင်ခင်းနေရတာဗိုက်ဆာလာပြီ”
“ဆီနဲနဲဆမ်းလိုက်ပါအုန်း..မင်းလ္ဘက်သုတ်ကခြောက်ကပ်ကပ်”
ဗျိုင်း...”မပြောချင်တော့ဘူး..ဈေးကကိုင်ရသေး..”
ကျော်ကြီး..”ဘိုးတော်..လာမယ်..သုံးမိနစ်စောင့်”
“သမီးရီးစားအဆင့်ကနောက်တစ်ဆင့်တက်ဖို့၊ငါ့မှာမျောက်လွဲကျော်သိုင်းလဲ
သင်ထားရတယ်၊အုန်းဆံကြိုးတစ်ခွေလဲဆောင်ထားရတယ်”
ဘိုးတော်...”ကျော်ကြီး...ငါမေးတာမင်းတို့ဘယ်လိုအိပ်ကြလဲမေးနေတာ”
ဂန်ဂါး...”ဘိုးတော်..သူ့ကျတော့ခေါင်းအုံးနဲ့ထိတာနဲ့တချိုးထဲအိပ်ရောတဲ့
“ကျော်ကြီးကိုကျတော့ဘယ်လိုအိပ်လဲတဲ့”
ကျော်ကြီး..”လာမယ်လေဘိုးတော်..မလောနဲ့..ကောင်းခန်းရောက်တော့မယ်”
“ငါ့အဒေါ်အိမ်နဲ့ချစ်ချစ်အိမ်ကပ်ရက်၊ငါ့အိပ်ခန်းဝရန်တာနဲ့ချစ်ချစ်အိပ်ခန်းဝရန်တာ
ခြောက်ပေဘဲခြားတယ်၊””အုန်းဆံကြိုးနဲ့လွဲပြီးမျောက်လွဲကျော်သိုင်းနဲ့
ချစ်ချစ်တို့အိမ်ကိုကူးတာ”
ဗျိုင်း...”ကျော်ကြီး..ဆောင်တော်ကူးပြီ”
ကျော်ကြီး..”မင်းတို့သတိရသေးလား..ကရင်နှစ်သစ်ကူးမတိုင်ခင်ကလှည်းတန်းဈေးမှာ
ချစ်ချစ်ကိုလက်ဆောင်ပေးဖို့ကရင်သင်တိုင်းလေးသွားဝယ်တာ”
ချစ်ချစ်အခန်းထဲရောက်တော့သမီးရီးစားဆိုတော့ချစ်စကားလေးတွေပြော၊
အနမ်းလေးတွေချွေပြီးတော့၊ငါသူ့ကိုကရင်သင်တိုင်းဝတ်ခိုင်းလိုက်တယ်။
သူ့ခမျာမသိရှာဘူး၊ဝတ်ဆိုတော့လဲဝတ်ပြပါတယ်၊
ငါ့မှာအကြံနဲ့.....ချစ်ချစ်..နင့်ချက်ငါ့ပြပါလားလို့ပြောမှသူရိပ်သွားတယ်
သူကရှက်နေလို့မပြဘူး၊
ဘယ်လိုလုပ်ပြမလဲ...လည်ဟိုက်လျောချပြီးပြမလား
သင်တိုင်းကိုအောက်ကမပြီးပြမလား
ဘယ်လိုမှပြလို့အဆင်မပြေတော့သူမပြဘူး
ဒီတော့ကျော်ကြီးအလှဲ့ရောက်ပြီ၊ကျော်ကြီးအတင်ဝင်လုံးပြီးသင်တိုင်းကိုမပြီးကြည့်မလို့
လုပ်တုန်း.....ဖုံး...ဒိုင်း..ဝုန်း..ဘယ်ဝိုက်..ညာဝိုက်..
ဒူးပျံတွေ...တတောင်တွေနဲ့သမတာ
ရှကီး..”လင်ကြီး...သမပြီထင်တယ်”
ဂန်ဂါး...”လူတစ်ယောက်လုံးရှိနေတာ..မင်းမမြင်ဘူးလား”
ဘိုးတော်...”လင်ကြီးက..ဘီရိုထဲမှပုန်းနေတာဖြစ်မယ်”
ကျော်ကြီး...”နေအုန်း...မင်းတို့ရေဖိတိုက်ထားတာ..သေးသွားပေါက်မယ်”
“ဟ..ဒီရွှေကရင်..ဘယ်လိုလဲကွာ..”
“အရေးထဲကွာ..”
“ဒီကောင်ပြဿနာကလဲဘာမှန်းကိုမသိဘူး”အဖြေထုတ်မရတဲ့ပုစ္ဆာလိုဘိုးတော်ခေါင်းကုတ်နေတယ်၊
ပြန်ရောက်လာတဲ့ကျော်ကြီး..”ငါပြောတာဘယ်ရောက်ပြီလဲ..”
“ဖုံး..ဒိုင်း...ဝုန်း..နဲ့သမနေကြတယ်”
ကျော်ကြီး...”ဟုတ်ပြီ...တချီ..ငါ့ပေါင်ကြားထဲပိတ်ကန်ထည့်လိုက်တာ၊အီဆိမ့်သွားတာဘဲ”
“ပေါင်ကြားကန်လို့မရဘူး..ဖေါင်းပေးရမယ်”
“ချစ်ချစ်ကဒိုင်မလုပ်ဘူးလား”
ကျော်ကြီး...“သူပေါ့..ငါ့ကိုသမလိုက်တာ..”
“ဟ...ကျော်ကြီး...မင်းအဖြစ်ကနှစ်ယောက်တစ်ယောက်ချနေတာလားကွာ”
“လင်ကြီးရှိရက်နဲ့မင်းအရှုံးပေးလိုက်ဖို့ကောင်းတယ်”
ကျော်ကြီး...”ငါ..ရှင်းပြမယ်..ဒီလိုကွာ...ချစ်ချစ်..အပျိုဖြစ်စ..ချစ်စရာ့အရွယ်မှာ၊
ချစ်ချစ်အမေက...ကိုကြီးကျော်နဲ့ပေးစားလိုက်တယ်”
“ဟာ...ချစ်ချစ်..လင်နှစ်ယောက်ကထူးဆန်းလိုက်တာ..တွတ်ဂဏန်းတွေလိုဘဲ”
“ကိုကြီးကျော်..နဲ့...ကိုကျော်ကြီး..”
“မင်း..အဖြစ်ကစိတ်ဝင်စားစရာကောင်းနေပြီ”ဘိုးတော်ခေါင်းကုတ်ရင်းပြောတာ
“နောက်..ချစ်ချစ်အိမ်မှာ...ဒီကိုကြီးကျော်နေ..နေတာမင်းမတွေ့ဘူးလားကွာ”
“နဲနဲပါးပါး...မေးမြန်းမှပေါ့...”
“သူက..သူ့နတ်စင်မှာသူနေ..နေတာလေ...”
“ဟာ...ဒီကောင်နောက်ပြီ..”
“နတ်..ကိုကြီးကျော်ကိုပြောတာလား”
“လဂွမ်းမှဘဲ...”
“ကျော်ကြီး..ချီးထုတ်...”
ကျော်ကြီး...”မင်းတို့နားမထောင်ရင်မပြောတော့ဘူး၊ခုမှကောင်းခန်းရောက်မယ်”
“လုပ်ပါ..ဆရာရယ်..”
“မင်းအလှဲ့ကျမှ..ငါတို့မှာမျော်တလင့်လင့်..”
ကျော်ကြီး...”ငါကသူ့သင်တိုင်းကိုမပြီးနသားပါးရလုပ်တော့မယ်ဆိုတော့”
“ကိုကြီးကျော်...မခံဘူးလေ..ချစ်ချစ်ကိုနတ်ပူးပြီး..ငါ့ကိုသမတာ..”
“ငါ့မှာခေါင်းလဲထိတယ်၊ဘေးလဲအောင့်တယ်၊ဘောလဲကွဲမတတ်ဘဲကွာ”
“ငါ့မှာချစ်ချစ်ကို...ချစ်တဲ့စိတ်နဲ့ပြန်မလုပ်ရက်ဘူးလေ...”
“ငါတို့ကရင်မှာ’ပါကညောနတ်’၊ကရင်နတ်ဆိုတာရှိတယ်”
“ငါ့ရိုးရာကိုအကူအညီတောင်းရတာပေါ့ကွာ”
“ငါ့ကိုယ်ထဲတုန်တုန်ရီရီနဲ့ကရင်နတ်ဝင်လာပါလေရော”
“အဲဒီမှာ...ကောင်းခန်းရောက်တော့မယ်၊”
“ကိုကြီးကျော်..ဗမာနတ်က..ငါ့ကိုခြေထောက်နဲ့ကစ်တယ်”
“ငါတို့..ကရင်နတ်က..အတင်းဝင်လုံးပြီး၊နှုတ်ခမ်းကို Kiss တယ်”
“လုံးထွေးပြီးကုတင်ပေါ်လဲကျသွားတော့၊ကရင်နတ်လဲထွက်သွားတယ်”
“ဗမာနတ်လဲထွက်သွားတယ်..အဲဒီမှာကျော်ကြီးနဲ့ချစ်ချစ်တို့ရဲ့အချစ်နတ်ဘဲကျန်တော့တယ်”
“ကျော်ကြီးတို့အချစ်ဇာတ်လမ်းကအဲ့ဒီကစတာ”
“ကျော်ကြီး...စနေနေ့ညအဒေါ်အိမ်သွား၊မျောက်လွဲကျော်သိုင်းနဲ့ဆောင်တော်ကူးတယ်”
“ကြာလာတော့...ကျော်ကြီးဘဝနဲ့ချစ်ချစ်ဘဝနီးချင်လာပြီဆိုတော့..”
“မမလေးကိုမောင်ခိုးဖို့ဖြစ်လာရော”
အဲဒီမှာရှကီး..စိုင်းစိုင်းခမ်းလှိုင်သီချင်းနဲ့ထကနေပြီ...
“မင်းဆော်ထက်..ငါ့ဆော်..ပိုမိုက်တယ်..ငါ့ဆော်ပိုမိုက်တယ်...နာ..န..နာ..”
“ဗမာနတ်ထက်...ကရင်နတ်ကပိုသွက်တယ်..ကရင်နတ်ပိုထက်တယ်...နာ...နာ..န....”
“ဗမာနတ်ထက်...ကရင်နတ်က..ပိုသွက်တယ်...ကရင်နတ်ပိုထက်တယ်....န..နာ...န..”
“ဗမာနတ်ထက်..ကရင်နတ်က....ပိုထက်တယ်...ကရင်နတ်ပိုသွက်တယ်...န..နာ...န...”
“ကဲ...ကဲ....ရှေ့ကဒိုင်အဆုံးအဖြတ်နားထောင်ကြရအောင်...”
ဒိုင်လူကြီးဗျိုင်း...”ကျော်ကြီးရဲ့အဆင့်ဟာဘုန်းကြီးအဆင့်နဲ့ပြောရရင်ဝါတော်အလယ်အလတ်
ပေမဲ့ပိဋကတစ်ပုံအောင်တဲ့အဆင့်လို့ဘဲပြောရမယ်”
နောက်ထပ်ဝေမျှအုန်းမဲ့သူငယ်ချင်းကဒီ Camp မှာအသက်အငယ်ဆုံးဖြစ်တဲ့’မောင်ငယ်’
ဖြစ်ပါတယ်၊သူ့မှာသုံးနှစ်အရွယ်သားငယ်လေးတစ်ယောက်ရှိတဲ့အတွက်သူ့ကိုကျနော်တို့
အားလုံးက’မောင်ငယ်ရင်သွေး’လို့ခေါ်ကြပါတယ်၊
“အခုပြောနေတဲ့အိမ်ထောင်ရေးအတွေ့အကြုံတွေဟာတနေ့နေ့ကြုံရမှာဖြစ်ပါတယ်၊”
“အားလုံးသူတို့ပြောကြတဲ့စကားတွေကိုမှတ်သားထားကြပါ”
“လူတိုင်းလူတိုင်းတနေ့နေ့ကျရင်၊အချစ်စိတ်ပေါ်လာခဲ့ရင်မိန်းမယူကြမှာဖြစ်ပါတယ်၊”
“ဒီ Camp ကကျောင်းသားတွေမိန်းမယူမဲ့သူတွေလက်ထောင်ကြ”
အားလုံးလက်ထောင်ကြတယ်
“ဟုတ်ပြီ၊ဘုန်းကြီးလုပ်မဲ့သူတွေလက်ထောင်”
တစ်ယောက်မျှလက်မထောင်ကြ
“ဟေ့...ဟေ့...ငါတို့ဘုန်းကြီးဘယ်ရောက်နေလဲ”
“ငါတို့ဘုန်းကြီး...ရွာထိပ်ကဘုန်းကြီးကျောင်းသွားနေတယ်”
“သူရှိရင်လက်ထောင်မှာ”
ဘုန်းကြီးတွေနဲ့အပြိုင်တရားဟောနိုင်သောကျနော်တို့ဘုန်းကြီးမရှိသောကြောင့်
ဘုန်းကြီးလုပ်မည့်သူများတစ်မဲမှမရပါ
“ကဲ...ကဲ...မောင်ငယ်ရင်သွေး..ကြွပါ..”
ကျနော်မောင်ငယ်အိမ်ထောင်ရေးနဲ့ပတ်သက်ပြီးကျနော့်အတွေ့အကြုံတွေကိုပြောပါမယ်၊
အားလုံးသိတဲ့အတိုင်းကျနော်တို့ကလေးလင်မယား..အချစ်နဲ့ပတ်သက်ရင်အူရိုင်းတွေ၊
အာဒံနဲ့အေဝလိုမစားအပ်တဲ့ပဒိုင်းသီးစားမိပြီးအချစ်ရူးသွားကြပါတယ်၊
“ပန်းသီးစားတာပါကွာ...မောင်ငယ်အလှဲ့ရောက်မှ..ပဒိုင်းသီးဖြစ်သွားတယ်၊”
ဆယ်တန်းမဖြေခင်အသက် ဆယ့်ခြောက်နှစ်..ဘယ်မိဘမှအိမ်ထောင်ပြုဖို့
သဘောတူမှာမဟုတ်ဘူး၊ဒါကြောင့်ကျနော်တို့ခိုးပြေးကြပါတယ်၊
ခိုးပြေးကြပြီဆိုတော့လဲမိဘတွေဝတ္တရားတိုင်းလုပ်ပေးကြပါတယ်၊
ကျနော့်အဖေကအဲ့ချိန်တုန်းကကျောက်မြောင်းမှာကန်ထရိုက်ဆောက်နေတယ်၊
ကျနော်တို့လင်မယားနှစ်ယောက်တစ်ဘဝဘဲနေချင်တာကြောင့်၊
အဖေအခန်းတွေထဲကအပေါ်ဆုံးထပ်၊ဒါဘာမှာနေခဲ့ကြပါတယ်၊
ကျနော့်အိမ်မှာကျနော်နဲ့ကျနော့်ညီမနှစ်ယောက်ဘဲရှိတာ,
အမေ..မျက်ရည်စက်လက်နဲ့မသွားပါနဲ့တားခဲ့တာကျနော်ဂရုမစိုက်ခဲ့ဘူး
လင်မယားနှစ်ယောက်ထဲနေချင်တာဘဲသိခဲ့တယ်
ကျနော်တို့ပထမနှစ်မှာကိုယ်ဝန်စရပြီ....အပေါ်ဆုံးထပ်မှာနေတုန်းဘဲ
ဗိုက်တော်တော်ထွက်လာတော့မိန်းမအပေါ်ထပ်သိပ်မတက်ချင်တော့ဘူး
ဒါနဲ့အဖေအခန်းတွေထဲကအောက်ခန်းကို့ရွှေ့ပြီးနေကြတယ်၊
အမေနေ့တိုင်းလိုလို..ချွေးမကိုလာလာကြည့်တယ်၊
ကျနော်တို့မိဘနေတာကဘောက်ထော်ခြံထဲမှာနေတာ
ခြံထဲပြန်လာဖို့အမြဲခေါ်နေတယ်၊ကျနော်နားမဝင်ခဲ့ဘူး
အမေ့ကိုသနားတယ်၊အမေပြန်ရင်မျက်ရည်စတွေနဲ့
ဒီလိုနဲ့မီးဖွါးပါလေရော...အမေပြန်လာဖို့ခေါ်ပေမဲ့ကျနော်တို့မပြန်ခဲ့ဘူး
အမေ..အိမ်အကူနှစ်ယောက်လာထားပေးတယ်..
ဒါပေမဲ့..အိမ်အကူဆိုတာကချက်ပြုတ်ပြီးသူ့တာဝန်ပြီးပြီလေ..
ကလေးကိစ္စတွေကိုကိုယ်တိုင်လုပ်ရပြီလေ...
ညဖက်အိပ်ရေးပျက်...အမျိုးသမီးလဲကလေးနို့တိုက်...သူလဲအိပ်ရေးတွေပျက်..
ကျနော်တို့လင်မယား...ကလေးကိစ္စနဲ့ခဏခဏ..စကားများရတယ်..
ကလေးဆိုတာကကိုယ်ပူတာတွေလဲရှိတော့ဆေးရုံ၊ဆေးခန်းပြေးရပြန်တယ်
ဒီလိုဖြစ်ရင်အဖေတို့ဘဲဝိုင်းကူကြတာ၊
ကလေးနှစ်လပြည့်တဲ့နေ့မှာကျနော်တို့လင်မယားစကားတွေများကြ၊
မိန်းမလဲငိုယို၊သူ့ကိုယ်သူသတ်သေတော့မယ်တွေဖြစ်လာ၊
ကျနော်လဲအိပ်ရေးပျက်စိတ်တွေတို၊စကားတွေအလွန်အကျွံပြောမိ၊
အိမ်ကထွက်ပြေးချင်စိတ်ပေါက်လာတယ်
ဒီအကြောင်းအမေကြားတာနဲ့အိမ်ကိုလိုက်လာပြီး
ကျနော်တို့မိသားစုကိုခြံထဲပြန်ခေါ်လာတယ်၊
ကျနော့်အိမ်မှာအဒေါ်တွေ၊ညီမတွေနဲ့အသိုင်းအဝိုင်းတောင့်တယ်၊
ကျနော့်သားလေး၊အမေ့မြေးလေးကအဖွားကိုယ်ပေါ်မှာချည်းဘဲ၊
မိဘရင်ခွင်ကိုခြေစုံကန်ပြီးထွက်ခဲ့မိတာနောင်တရတယ်၊
အမျိုးသမီးသွေးနုသားနုအချိန်၊စိတ်ဓါတ်ကျနေတဲ့အချိန်၊
အားပေးရကောင်းမှန်းမသိခဲ့တဲ့၊အသိဥာဏ်ဗဟုသုတနဲခဲ့တဲ့ကျနော့်အဖြစ်
နှစ်ယောက်ထဲနေချင်စိတ်နဲ့အမေ့ကိုဥပက္ခာပြုခဲ့မိတဲ့ကျနော်၊
ကျနော်အတွေ့အကြုံနဲ့အကြံပြုချင်တာက..ပညာမစုံသေးတဲ့အချိန်၊
ဥစ္စာစီးပွါးမပြည့်စုံသေးတဲ့အချိန်၊အလုပ်အကိုင်အတည်တကျမဖြစ်သေးတဲ့
အချိန်တွေမှာအိမ်ထောင်ရေးကိုမစဉ်းစားသင့်ဘူးလို့ပြောပါရစေ..
ကျနော့်နဲ့အနီးစပ်ဆုံးတူနေတာကကျော်ကြီး..
ကျော်ကြီးကကျနော်ထက်သာတယ်..
သူ့အမျိုးသမီးချစ်ချစ်ကရွှေဆိုင်မှာထိုင်ပြီးချစ်တီးအလုပ်၊လုပ်တတ်နေပြီ၊
ကျော်ကြီးကပွဲရုံထောင်လို့ရနေပြီ
ကျနော်ကျော်ကြီးအတွက်ဂုဏ်ယူတယ်...
ကျနော်ပြောချင်တာဒါပါဘဲ...
မောင်ငယ်ရင်သွေးကိုအမှတ်ပေးမဲ့ဒိုင်”ငှက်ပျော်သီး”ကြွပါ
ငှက်ပျော်သီး...”ပြောရရင် သက်တော်ဝါအနုဆုံးနဲ့ပိဋက နှစ်ပုံအောင်ထားတဲ့ကိုယ်တော်
လို့ဘဲပြောပါရစေ”
“ထွီ....ခွေးမသားတွေ...မနှိုင်းကောင်း၊နှိုင်းကောင်း..မင်းတို့လိုကောင်တွေ၊ဘုန်းကြီးနဲ့
မှလာနှိုင်းတယ်၊အားလုံးငရဲအိုးစောက်ထိုးဆင်းမဲ့ကောင်တွေ”
“ဟာ...ဘုန်းကြီးပြန်လာပြီ”
“ဟေ့ကောင်..ဘုန်းကြီး...မင်းကိုယ်မင်းဘာထင်နေလို့လဲ”
“မင်းအဆင့်လဲ...လူဘဲရှိသေးတယ်၊ဘာမှလာပြီးတရားမပြနဲ့”
“သင်္ကန်းအရင်ရုံလိုက်ပါအုန်း”
“ဟုတ်ပြီ...လူစုနေတုန်း..ငါနိဗ္ဗာန်ရောက်ကြောင်းတရားလေးဟောလိုက်အုန်းမယ်”
ကျောင်းသားအားလုံးကနောက်ကျနေတာလဲပါတယ်၊
ဘုန်းကြီးရဲ့တရားမနာချင်တော့တာလဲပါတယ်
ဘုန်းကြီးတရားဟောတာအရမ်းကြာလို့..အားလုံးထပြန်ကုန်ပြီ
ထိုင်ခုံပေါ်မှာဘုန်းကြီးတစ်ယောက်ထဲကျန်တော့တယ်...
အော်..လူတွေ..လူတွေ...
ဒါကြောင့်ဘုရားဟောခဲ့တဲ့မဃဒေဝလင်္ကာကျမ်းမှာ..
လူမိုက်တိရစ္ဆာန်..နိဗ္ဗာန်စကားအလွန်ခါး၏..လို့ပြောထားတာကိုး
…………………………………………………………………………………
ကျနော်တို့အားလုံးပျော်နေကြပြီ...အိမ်ပြန်ရတော့မယ်...
ကွင်းဆင်းရက်တစ်လပြည့်ခဲ့ပြီ
ဒီနေ့ကလောအဖွဲ့တွေရထားနဲ့ဆင်းလာမယ်..ကျနော်တို့အဖွဲ့မြင်းတိုက်ဘူတာကတက်မယ်..
လယ်ပြင်အဖွဲ့...ပျဉ်ညောင်..ယင်းမာပင်....
အုပ်စုလိုက်..ရထားပေါ်တက်လာကြမယ်...
ချစ်ချစ်ကိုသူ့တပည့်တွေဘူတာမှာလက်အုပ်ချီပြီးကန်တော့နေတယ်
ချစ်ချစ်..လဲမျက်ရည်တွေကျနေပြီ...
ကျနော်တို့ဆီက..ဘုန်းကြီးကို...ရွာနီးစပ်ကကိုယ်တော်တွေလာနှုတ်ဆက်နေတယ်..
ကျနော့်ကို..အရူးကိုခွေး...လာနှုတ်ဆက်တယ်...
နောက်တစ်ခါပိန္နဲသီးလက်ဆောင်ရရင်ပို့လိုက်မယ်..
နတ်သမီးတွေကျော်ကြီးဘဲယူလိုက်တော့ကိုခွေးမယူတော့ဘူး
ကိုခွေးဘဝ..ဒီလိုဘဲနေတော့မယ်...
ဂန်းဂါးနဲ့ရှကီး..ကိုခွေးကိုလာခေါ်သွားတယ်..
သူကြီးသားအဖွဲ့တွေ...ရှမ်းအိုးစည်တီးပြီး
“ရှမ်းရိုးမကအိုးစည်သံ”သီချင်းဆိုပြီး၊ရှမ်းက..ကနေတယ်..
တစ်လကွင်းဆင်းခဲ့တဲ့’မြင်းတိုက် Camp’ ဘဝမှာမေ့လို့မရတော့ပါ
ကျောင်းသားဘဝမှတ်မိနေသမျှ”မြင်းတိုက်”လဲပါနေအုန်းမှာပါ
ဘူမိကျောင်းသားနဲ့မြင်းတိုက်..ခွဲမရတော့ပါ
“ဘော်...ဘူး...ဘူး...ဘော်....(ရထားဥဩသံ)”
တရွှေ့ရွှေ့...ထွက်ခွါခဲ့ပြီ...နှုတ်ဆက်ခဲ့ပါတယ်”မြင်းတိုက်ဘူတာ”
ဦးသံချောင်းနဲ့ချစ်ချစ်..တို့ကျနော်တို့နဲ့ကပ်ရက်အတွဲမှာနေရာရတယ်၊
ဦးသံချောင်းနဲ့ကျနော်..နေရာလဲလိုက်တယ်..
ချစ်ချစ်..ကျနော်ကိုမှီပြီးလိုက်လာခဲ့တယ်...
ကျနော်တို့လူကြီးတရားပွဲမှာမောင်ငယ်ပြောခဲ့တာတွေပြန်ပြောပြနေတယ်၊
“ချစ်ချစ်တို့မိဘတွေကိုဘာမှပြစ်မှားခဲ့တာတွေမရှိပါဘူး”
“ကျော်ကြီး..ခိုးပြေးတဲ့ညက..အမေတို့ကိုအော်ဆဲမိတယ်”
“အို...ဒါက...ကျော်ကြီး..မူးနေတယ်လို့ဘဲ ပြောလိုက်တယ်”
“မေမေ..ခွင့်လွတ်ပါတယ်”
“ကျော်ကြီး...တောင်ငူမှာဆင်းကြမလား...လမ်းလဲကြုံတယ်...”
“တကူးတကနဲ့...လာရတာလဲမဟုတ်..”
ကျော်ကြီး...”တောင်ငူ..ရောက်ချိန်ညသန်းကောင်အချိန်..”
“အမေတို့...ကျော်ကြီးတို့ဒီနေ့ပြန်လာ..မှန်းသိမှာမဟုတ်ဘူး”
ချစ်ချစ်...“လမ်းလဲသင့်နေသားဘဲ..ဝင်လိုက်ပါလား..”
ကျော်ကြီး...“အခြေအနေကြည့်တာပေါ့...နောက်ရန်ကုန်ကအမေတို့ရော...မျော်နေအုန်းမယ်”
ချစ်ချစ်...“ဒီမှာဆင်းခဲ့လဲ..မေမေ..ဘာမှပြောမှာမဟုတ်ဘူး”
ကျောင်းသားအတွဲဖက်ကအသံတွေတစ်ချက်တစ်ချက်ဒီဖက်ပျံ့လွင့်လို့လာပါတယ်
အားလုံးအိမ်အပြန်ခရီးမှာပျော်နေကြတယ်...
သီချင်းဆိုတဲ့သူတွေ...ကွေးအောင်ကနေတဲ့သူတွေ...
ညဉ့်နက်လာတော့တဖြေးဖြေးအသံတွေတိုးသွားပါတယ်
မောလို့..အိပ်နေကြပြီထင်တယ်
ပိုးစုန်းကြူးမီးသာသာရှိတဲ့ရထားမီးရောင်အောင်မှာကျနော်တို့လဲပျော်တလှဲ့...နိုးတလှဲ့..
“ကျော်ကြီး...တောင်ငူမှာဆင်းမလား”..ဗျိုင်းနဲ့ကောင်လေးငယ်လာမေးနေတယ်
“ရန်ကုန်ဘဲလိုက်သွားတော့မယ်”...”အေး...အေး...”
ဒီလိုနဲ့တောင်ငူဘူတာဆိုက်ပါပြီ၊ကျနော်လဲနိုးနေတယ်၊
ဘူတာထဲလျှောက်ကြည့်လိုက်တာ...အမေ..ကျနော်ကျော်ကြီးအမေ...
ကျောင်းသားအတွဲနားမှာလျှောက်ကြည့်ရင်း..
“ကျော်ကြီး...ဖိုးခွား...ကျော်ကြီး...”
အမေ..ကျနော်ကိုအော်ခေါ်နေတယ်...
ကျနော်ချက်ချင်းထလိုက်ပါတယ်
“အမေ..ကျနော်ဒီမှာ”ကိုယ်တပိုင်းထုတ်ပြီးလက်ပြတော့..အမေ..အပြေးလေးလာနေတယ်..
ကျနော်ချက်ချင်းဘဲကျနော့်ဆုံးဖြတ်ချက်ပြင်လိုက်ပါပြီ
“ချစ်ချစ်..ရေ...တောင်ငူမှာဆင်းကြရအောင်..”
“ဘူတာမှာ..အမေလာစောင့်နေတယ်”
ကျနော်နဲ့ချစ်ချစ်အထုတ်တွေအိပ်တွေပြစ်ချပြီးလူပါဆင်းလိုက်တယ်...
“ဆရာ...ကျနော်..တောင်ငူမှာဆင်းလိုက်တော့မယ်”
“အေး...အေး...ကောင်းကောင်းသွားကြ”
“အမျိုးသမီးကို..ဂရုစိုက်အုန်း.”
“ဟုတ်ကဲ့..ပါ..ဆရာ..”
“သမီး..ချစ်ချစ်...ပြန်မယ်ဆိုဖုံးဆက်လိုက်..ဦးသံ..လာခေါ်မယ်”
ကျနော်အဖေလဲရောက်နေတယ်၊အမျိုးတွေလဲစုံနေရော..
“အမေ...ကျနော်ပြန်မဲ့ရက်ဘယ်လိုသိလဲ..”
“နင့်..အဒေါ်နော်နော်..ကိုမေးခိုင်းလိုက်တယ်..”
“နောက်ပြီး..ခါတိုင်းလိုနင့်တစ်ယောက်ထဲမဟုတ်ဘူးလေ...”
“ဒီမှာ..ငါ့သမီးလဲပါလာတော့လာကြိုရမှာပေါ့”
ကျနော်စိတ်မကောင်းဖြစ်သွားတယ်...
အမေ့နဲ့မတွေ့ခင်အချိန်ထိ...ကျနော်ရန်ကုန်ထိလိုက်သွားဖို့ဘဲစိတ်ကူးထားတယ်...
အမေ..အမေ့သား...တောင်ငူမှာဆင်းမယ်လို့တထစ်ချယုံထားတယ်...
အကယ်၍..ကျနော်သာတောင်ငူမဆင်းဖြစ်ခဲ့ရင်အမေဘယ်လောက်များစိတ်ထိခိုက်မလဲ....
တွေးရင်းနဲ့ကျနော်..ဝမ်းနဲလာပြီး...မျက်ရည်တွေလဲကျလာပါတယ်...
ချစ်ချစ်..ကျနော့်ကိုနားလည်စွာနဲ့ကြည့်ပြီး..လက်ကိုဆုပ်ကိုင်ထားပါတယ်..
“ဘာဖြစ်လို့..ငိုတာလဲ..ဖိုးခွား..”
”အမေ့သားအမေ့ဆီကိုလာမယ်ဆိုတာကြိုသိလို့အမေလာကြိုတာပါ”
အမေဒီလိုပြောတော့ကျနော့်မျက်ရည်တွေတားမရအောင်ထွက်ကျလာပါတော့တယ်
ကျနော်အလယ်မှာညာဖက်မှာအမေ့ပုခုန်း၊ဘယ်ဖက်မှာချစ်ချစ်ပုခုန်းလေးကိုသိုင်းဖက်ရင်း
ကျနော်တို့တောင်ငူဘူတာကလမ်းလျှောက်ထွက်လာပါတော့တယ်။
ကျနော့်ဘဝမှတ်မိနေသမျှ..ဘူမိဗေဒ၊မန္တလေးဆောင်၊ကွင်းဆင်းခဲ့တဲ့နေရာတွေ၊
အထူးသဖြင့်’မြင်းတိုက်ရွာ’ကိုဘယ်တော့မှမေ့ဖျောက်လို့မရနိုင်တော့ပါ......
အင်တာနက်မှဓါတ်ပုံယူသုံးထားပါသည်။
#ကိုဂျစ်
#ကျော်ကြီးနဲ့ဘူမိဗေဒ
Comments
Post a Comment