မြင်းတိုက် Camp အမှတ်တရများ ၂



 

ရှမ်းပြည်နယ်တောင်ပိုင်းမြင်းတိုက် Camp မှာကွင်းဆင်းတော့တောင်ပေါ်သားတွေဟာရိုးသားပြီးအလွန် ခင်စရာကောင်းပါလားဆိုတာသိခဲ့ရပါသည်။ ဘူမိဗေဒကျောင်းသားတွေရောက်လာပြီဆိုတာနဲ့အနီးအနားရွာတွေကလူကြီးတွေလူငယ်တွေ
ကျနော်တို့ ကျောင်းသားတွေကိုလာပြီးမိတ်ဖွဲ့ကြပါသည်။ သူတို့ရွာဖက်ရောက်ရင်လည်းဝင်ခဲ့ဘို့ဖိတ်ကြပါသည်။
ထိုပြင့်သူတို့ရွာတွေမှာအလှူရှိရှိဘုရားပွဲရှိရှိ် သူတို့ကိုယ်တိုင်လာဖိတ်လေ့ရှိပါသည်။ ဒီနေ့မနက်မြင်းတိုက်ဘူတာအသုပ်ဆိုင်မှာထိုင်နေကြတုန်း…… မနက်ဖြန်ဆွဲရေးရှိတယ်ကွ…… ဘာဆွဲရေးလဲ……

မနက်ဖြန် မနက် ၇ နာရီတောင်ဘက်ရွာဘုန်းကြီးကျောင်းမှာအလှူရှိတယ်….ဆရာဖေသွားခွင့်ပြုထားတယ်
 ဒါဆိုရင်ငါတို့မှာသွားစားရမယ့်ဝတ္တရားရှိလာပြီ……. မျောက်ခေါင်းကကျနော်တို့အားလုံးကိုသတင်းလာပေးနေသည်။
ကျနော်တို့ဘေးမှာအကိုအရွယ်လူရွယ် တစ်ယောက်ထိုင်နေသည်။ကျနော်တို့ပြောစကားကိုလဲနားစွင့်နေပုံရသည်။ နောက်နေ့
မနက်တောင်ဘက်ရွာဘုန်းကြီးကျောင်းကိုရောက်တော့ မနေ့ မနက်ကျနော်တို့ဘေးမှာထိုင်နေ သော
လူရွယ်အရင်ဦးစွာရောက်နှင့်နေပြီ……..အစားအသောက်သုံးဆောင်ပြီးနေပြီ…… နောက်ငါးရက်လောက်ဘူတာမှာထိုင်ကြတုန်းဘိုးတော်ကျနော်တို့ကို
သတင်းလာပေးနေပြန်ပါသည်။ နောက်ဖက်ရွာသူကြီးအိမ်အိမ်သစ်တက်အလှူရှိသည်။
ဆရာဖေလည်းသွားမည်။ထို့ကြောင့်ကျနော်တို့အားလုံးဆွဲ ရေးသွားကြဖို့စီစဉ်ထားကြပါသည်။

အနောက်ရွာသူကြီးအိမ်ရောက်တော့ကျနော်တို့ဘေးမှာလာထိုင်နေကျလူရွယ်ရောက်နှင့်နေပြီထုံးစံအတိုင်း
စားပြီးသောက်ပြီးနေပြီ……..အလှူတိုင်းမှာမြင်နေရသောသူ့ကိုကျနော်တို့အားလုံးစိတ်ဝင်စားလာပါသည်။
 ထို့ကြောင့်ဂတ်စာရေးကိုစံမြထံသူ့အကြောင်းမေးမြန်းကြည့်မိပါသည်။
 ကိုစံမြရေ….ဟိုနားမှာထိုင်နေတဲ့လူနာမည်ဘယ်လိုခေါ်လဲ….
သူ့နာမည်က ငခွေး….ယဉ်ယဉ်လေးနဲ့ဂေါက်နေတာ……ခေါင်းကိုလက်ညှိုးထိုးပြီးလက်ခါပြသည်။
 သူ့ကိုငါတို့အဖွဲ့ထဲထည့်လိုက်ရင်ပိုပျော်သွားမှာ…ရှကီးရေဗူးမြှောက်ပြီးပြောနေပါသည်။ ကွင်းမဆင်းမှီတမနက်ကျနော်တို့အားလုံးဘူတာမှာထိုင်နေစဉ်ရှကီးနဲ့ဂန်ဂါးကျနော်တို့ကိုသတင်းလာပေး ပြန်ပါသည်။
ဟေ့..ဗျိုင်းနဲ့ကျီးကန်း မနက်ဖြန်မနက်ဆွဲရေးရှိတယ်လိုက်မလား……. ဘယ်မှာလဲ….. မြောက်ဘက်ရွာသူကြီးအိမ်မှာ....
ဒါပေမယ့်ဝိရိယရှိဘို့လိုတယ်…..မနက်ငါးနာရီကခြောက်နာရီထိဘဲကျွေးမှာ.. ဟ…ဒီလောက်ချမ်းချမ်းစီးစီးနဲ့မထနိုင်ပါဘူးကွာ…..

မစားချင်တဲ့သူတွေနေခဲ့ကြ…ရှကီးနဲ့ငါနဲ့တော့သွားစားကြမယ်….၊

ငါတို့ကသေသေချာချာလာမယ်လို့ပြောထား ပြီးသား…ကတိဖျက်လို့မဖြစ်ဘူး…….. နောက်နေ့မနက်ငါးနာရီဘုန်းကြီးဘုရားရှိခိုးအိပ်ရာထရင်ဂန်ဂါးနဲ့ရှကီးကိုနှိုးဘို့မှာထားကြပါသည်။ မနက်အိပ်ရာနိုးတော့ရှကီးနဲ့ဂန်းဂါးကိုမတွေ့ပါ.။အလှူသွားကြပြီထင်ပါရဲ့….. ကျနော်တို့မနက်စာထမင်းကြော်စားပြီးလ္ဘက်ရည်သောက်ရန်မြင်းတိုက်ဘူတာသို့ဆင်းလာခဲ့ကြပါသည်။ ဘူတာမှာငခွေးသောင်းကျန်းနေသည်။ထိုင်ခုံများခွေးခြေများကိုလွှင့်ပစ်နေသည်။ စားပွဲတွေကိုလည်းဂျွမ်းထိုးမှောက်ခုံလုပ်နေသည်။
ပါးစပ်ကလည်းဘာတွေရွတ်နေလဲမသိပါ။ ငခွေးအရူးထနေပြီထင်တယ်…..
 လူတွေဘာကောင်းလဲ…. အရူးကိုမသနားတဲ့အပြင်အရူးပြန်လုပ်သွားတယ်… ကိုယ်ချင်းစာစိတ်မရှိတဲ့လူတွေ… ငခွေးသောင်းကျန်းနေသည်။ဒါပေမယ့်သူဘယ်သူ့ကိုမှအန္တရာယ်မပြု….ထိုင်ခုံတွေကိုသာဆွဲမှောက်ဆွဲလှန်လုပ်နေ သည်။

ကျနော်တို့ကြာကြာမနေရဲပါ။အရူးတစ်ခုခုလုပ်ထည့်လိုက်ရင်ကျနော်တို့ဒုက္ခရောက်သွားနိုင်သည်။Camp သို့ပြန်တက်ခဲ့ကြသည်…..မြင်းတိုက်ဘူတာကိုအပေါ်စီးမှမြင်နေရသောတောင်ကုန်းလေးမှာ၊

ရှကီးနဲ့ဂန်ဂါး၊ငခွေး သောင်းကျန်းနေတာကိုကြည့်ပြီးတခွီးခွီးနဲ့အတောမသတ်ရီနေကြသည်။ ဟေ့ကောင်တွေ….ဘာရီနေတာလဲ…..
ငခွေးကိုကြည့်ပြီးရီချင်လို့ကွ……ခွီး…ခွီး…ခွီး…… ဂန်ဂါးပြောပြီးရီကြပြန်ပါသည်။ အရူးသောင်းကျန်းနေတာဘာရီစရာဖြစ်နေလို့လဲ……. အရူးကိုအရူးပြန်လုပ်လိုက်တာရီချင်လို့ကွ……..ရှကီးပြောပြီးရီနေပြန်ပါသည်။
ဆေးသမားနှင့်ငမူးဒီနှစ်ယောက်အရူးငခွေးကိုတစ်ခုခုတော့ဒုက္ခပေးလိုက်ပြီထင်တယ်…… ဒီနှစ်ယောက်၏စိတ်ဓါတ်ကိုကောင်းကောင်းသိနေသောဘုန်းကြီးကစိတ်ပျက်လက်ပျက်နဲ့ကြည့်နေပါသည်။
ရှကီးပြောပြလိုက်…ပြောပြလိုက်…… မနက်စောစောငခွေးရဲ့အဖြစ်ကိုပြောပြလိုက်…..;…..
ဂန်ဂါးတဟီးဟီးရီရင်းရှကီးကိုပြောခိုင်းနေပါသည်။ ငါတို့နှစ်ကောင်ဘုန်းကြီးဘုရားမရှိခိုးခင်ကတည်းကထပြီးငခွေးတို့အိမ်နားမှာသွားချောင်းတာ…… 

အရူးလည်းငါးနာရီကျော်မှကဗျာကရာထပြီးမြောက်ဘက်ရွာကိုဒိုးတာ..…
ငါတို့လည်းအရူးမသိအောင်နောက်ကပုန်းပြီးလိုက်ချောင်းနေတာ….. ပထမအရူးကပုံမှန်ဘဲလမ်းလျှောက်နေတာ…
ငါလည်းငခွေးကိုနောက်ချင်တာနဲ့…..ခြောက်နာရီထိုးတော့ မယ်ဟေ့လို့ခြုံထဲကအော်လိုက်တယ်….. …..
ငါ့အသံလည်းကြားရောဘာပြောကောင်းမလဲ…ငခွေးဖိနပ်ချွတ်၊ပုဆိုးဂွင်းသိုင်းပြီးမြောက်ဘက်ရွာကိုတစ် ချိုးတည်းပြေးပါလေရော…… အလှူကခြောက်နာရီနောက်ဆုံးလို့ငါတို့အသံပေးထားတယ်လေ……ငါ့တစ်သက်ဒီလောက်ဟာသမြောက်တဲ့
အဖြစ်ဒီတစ်ခါဘဲမြင်ဘူးသေးတယ်…..ဂန်ဂါးကတခွီးခွီးရီရင်းပြောပြန်ပါသည်။
ကျွန်းဆွယ်အပြေးပြိုင်ပွဲမှာမြန်မာကိုယ်စားငခွေးကိုခေါ်သွားဖို့ကောင်းတယ်။မြန်မာချန်ပီယံဂျင်မီထက်
တောင်မြန်သေး….အလှူမစားရမှာစိုးလို့ဒီလိုမာရသွန်ပြေးတာ…….
ရှကီးပြောလဲပြောငခွေးပြေးသလိုပြေးပြပြီးတခွီးခွီးနှင့်ရီနေကြပြန်ပါသည်။ ငါတို့တောင်ငခွေးကိမှီအောင်မနည်းလိုက်ရတာ…မောလဲမော….အရူးကသူကြီးအိမ်ပေါ်ကိုခပ်တည်တည်နဲ့ တက်သွားတာ…ငါတို့လည်းအံ့သြနေတယ်မြင်နိုင်တဲ့နေရာကကြည့်ပြီးအကဲခတ်နေတာ…… ငါတို့စိတ်ထဲမှာဒီအရူးဟာသူကြီးအိမ်ရှေ့မှာလူတွေမရှိရင်ပြန်လှည့်မယ်လို့ထင်နေတာ…….
အရူးငခွေးအိမ်ဦးမှာတက်ထိုင်တော့သူကြီးကတော်ကရေနွေးကြမ်းတိုက်ပါတယ်…. ဒါပေမယ့်အရူးငခွေးဘာပြောလဲသိလား…… အခါးရည်သောက်ဖို့လာတာမဟုတ်ဘူး….အလှူထမင်းစားဘို့လာတာ….ထမင်းပြင်ပေး…. ဟေ့….ကောင်သူငယ်…
မင်းဘာတွေပြောနေတာလဲ….ဘာအလှူလဲ…… ခြောက်နာရီအမှီပြေးလာရတာအဒေါ်ကြီးထမင်းပွဲပြင်ပေးပါ….. ဟဲ့….သား ဒီမှာအရူးတစ်ယောက်ရောက်နေတယ်…..လာစမ်း…မြန်မြန်….. သူကြီးကတော်ကသူ့သားကိုလှမ်းခေါ်နေသည်။
နဂိုကမှနွားတွေကိုရေတိုက်ရင်းသူကြီးသားကငခွေးကိုအကဲခတ် နေတာသူ့အမေလည်းခေါ်ရောသူကြီးသားရေထမ်းတဲ့ထမ်းပိုးကိုကိုင်ပြီး…… ငါ့အိမ်မှာလူကြီးတွေအတွက်စားဦးစားဖျားတောင်မဖယ်ရသေးဘဲထမင်းပွဲပြင်ခိုင်းထားတဲ့ကောင် သေပေတော့…..ထမ်းပိုးနဲ့လွှဲပြီးရိုက်တာငခွေးအရှောင်မြန်လို့ခေါင်းကိုမထိတာ…
ဒါပေမယ့်ကျောပြင်ကိုဗျမ်းကနဲထိမိပြီးငခွေးလည်းဒလိမ့်ခေါက်ခွေးခုန်ချပြီးပြေးပါလေရော……. ထမ်းပိုးနဲ့တွေ့မှငခွေးအနောက်ခံလိုက်ရပြီဆိုတာသိသွားပုံရတယ်….. ငါတို့ရီလိုက်ရတာအူပါနာတယ်…… ငခွေးအပြန်တစ်လမ်းလုံးစိတ်ဆိုးဆိုးနဲ့မိုးမွန်အောင်ဆဲပြီးပြန်လာတာ……. အခုဘူတာမှာပြောတာတွေလဲပါတယ်…..
ဆဲတာလည်းစုံနေတာဘဲ.. သူ့နောက်ကမသိအောင်လိုက်ရသေးတယ်၊

ရီချင်စိတ်ကိုလည်းမျိုချနေရတယ်…ဒီတစ်ခါဟာသအမြောက်ဆုံးဘဲ…….ဂန်ဂါးနဲ့ရှကီးပြောပြီးရီပြန်သည်။

ဘာမှနားမလည်တဲ့အရူးကိုချောက်ချလိုက်ရတာမင်းတို့သိပ်ပျော်နေတယ်ပေါ့….ဟုတ်လား….. မင်းတို့ဘာအကျိုးရှိသွားလဲ….ငခွေးအိပ်ယာမထခင်ကတည်းကမင်းတို့အိပ်ယာထရတယ်…..

မြောက်ရွာအသွားအ ပြန် 10 မိုင်ကိုမင်းတို့ငခွေးလိုဘဲလမ်းလျှောက်ကြတယ်……. 

အရူးလုပ်သလိုလုပ်တာမင်းတို့လဲရူးနေလို့ပေါ့……. သူများကိုဒုက္ခပေးချင်တော့ကိုယ်လည်းအိပ်ကောင်းခြင်းမအိပ်ရ၊သူများအိပ်နေချိန်မှာမင်းတို့10မိုင်လမ်းလျှောက် နေရတယ်……သူများကိုမကောင်းကြံလို့ကိုယ်လည်းပြန်ခံရတာဘဲ…..မင်းတို့မရှက်ဘူးလား…… 

ဇနေတိ သဒိသံ ပါကံ တူသောအကျိုးကိုပေးတယ်ဆိုတာဒါပေါ့…. 

ဘုန်းကြီးတရားဟောသွားပါပြီ……

တစ်ညနေ Field ကအပြန်အားလုံးပင်ပန်းလာကြတာနဲ့မြင်းတိုက်ဘူတာမှာထိုင်နားနေကြပါသည်။ အသုတ်ဆိုင်မှာထိုင်သူကထိုင်၊လ္ဘက်ရည်ဆိုင်မှာထိုင်သူကထိုင်

ရှကီးကထုံးစံအတိုင်းခေါက်ဆွဲဆိုင်ထဲဝင်သွားပြီ… ဂတ်စာရေးကိုစံမြကရထားတက်လာနေပြီလို့ကျနော်တို့ကိုသတင်းလာပေးပါသည်။ 

ရထားတက်လာရင်ကျ နော်တို့စောင့်ကြမည်။
တစ်ခါတရံအသုံးလုံး လုပ်အားပေးအတွဲများ hiking ရထားတွဲများ၊ရှမ်းပြည်မှကျောင်းသူများ အိမ်အပြန်ခရီးတွေနဲ့ဆုံတတ်ကြပါသည်။ ကျီးကန်းကရေတစ်ပုံးဆွဲယူထားပြီးပြီ……. ရထားလာရင် ဂန်ဂါးက ….ရေရမယ်ရေ…..ရေ…ရမယ်….ရေ….
ရထားလမ်းဘေးကအသံမျိုးနဲ့အော်မည်။ ကျောင်းသူတွေကိုတွေ့ရင်ကျနော်တို့ရေလောင်းကြမည်။
ကျနော်တို့ကျောင်းသားများရေလောင်းလျှင်ကြည် ကြည်ဖြူဖြူရေအလောင်းခံလေ့ရှိပါသည်။ ပြီးတော့ကျနော်တို့မိတ်ဆက်ကြမည်။
Field ဆင်းပြီးရင်စားအိမ်သောက်အိမ်တွေတိုးလာအောင်။ ရထားဝင်လာနေပါပြီ…အကဲခတ်ကြည့်လိုက်တော့
ပုံမှန်ခရီးသည်တွေဘဲတွေ့နေရပါသည်။ ဂန်ဂါးနဲ့ကျီးကန်းက ရေရမယ်ရေ..…ရေရမယ်ရေ….
ကျနော်တို့အားလုံးGeology ဂျာကင်များ ထရက်စုများကိုဝတ်ဆင်ထားသောကြောင့်ကျောင်းသားတွေမှန်း လူတိုင်းသိသည်။
 ညီလေး….ဒါ ဒေါက်တာဖေမောင်သန်းတို့ Camp လား…. ဟုတ်ပါတယ်…. ဆရာဖေနဲ့တွေ့ချင်လို့ခေါ်ပေးလို့ရမလား….
အချိန်လည်းသိပ်မရဘူး……. ဘိုးတော်ကအပြေးခေါ်ပေးပါသည်။ဆရာဖေဘူမိဗေဒသူငယ်ချင်းများ၊နိုင်ငံခြားသားဘူမိဗေဒပညာရှင်များ ကိုလည်းတွေ့ရပါသည်။ အားလုံးတရင်းတနှီးနှုတ်ဆက်နေကြပြီးစကားတွေပြောနေကြသည်။ဂတ်ဗိုလ်ကအေးအေးဆေးဆေးပြော ကြပုံမျိုးလက်ပြပါသည်။ပြီးနောက်နှုတ်ဆက်လက်ပြပြီးရထားထွက်ခွာသွားပါသည်။ သူတို့အားလုံး schlumberger mining ကုမ္ပဏီထရက်စုဝတ်စုံတွေဝတ်ဆင်ထားကြပါသည်။အားလုံးက ဘူမိဗေဒ ပညာရှင်တွေ…….ရွာငံဖက်မှာ Field ဆင်းပြီးတောင်ကြီးတက်လည်ကြတာသူတို့ဝတ်စုံတွေခါးမှာချိတ်ထားသောဘူမိဗေဒအသုံးအဆောင်တွေကို
ကြည့်ပြီးကျနော်တို့အရမ်းအားကျမိပါသည်။
 သူတို့ schlumberger ဝတ်စုံနှင့်ယှဉ်လိုက်လျှင်ကျနော်တို့ရန်ကုန်တက္ကသိုလ်ဘူမိဗေဒဝတ်စုံကသိမ်ငယ် သွားသလိုခံစားမိပါသည်။၊

 ဆရာ …ပညာရှင်တွေကိုမြင်ပြီးကျနော်တို့ကိုယ့်ကိုကိုယ်နိမ့်ကျသွားသလိုဘဲဆရာ……. 

တပည့်တို့……ဆရာပြောတဲ့စကားကိုမှတ်ထားပါ…..

ဘယ်ပညာရှင်မှမွေးကတည်းကတတ်လာကြတာမဟုတ်ဘူး ပညာရှင်အဆင့်ကိုရောက်ဖို့ကျောင်းသားဘဝကိုဖြတ်သန်းပြီးမှရောက်တယ်ဆိုတာမှတ်ထားကြစမ်းပါ……..

ရထားလမ်းအတိုင်း Field ဆင်းနေတဲ့တစ်ရက်မှာ Camp သို့အပြန်ရထားနှင့်လမ်းကြုံလိုက်ခဲ့ကြပါသည်။ ဂတ်ဗိုလ်ကကျနော်တို့ကိုစောင့်ပြီးခေါ်ပါသည်။ကျေးဇူးတင်လိုက်တာဂတ်ဗိုလ်ရယ်…… ကျနော်တို့တက်လိုက်သောအတွဲမှာနိုင်ငံခြားသားတိုးရစ်များတော်တော်များများပါလာကြသည်။တိုးရစ်ဆို တာက သိတဲ့အတိုင်းအမြဲပတ်ဝန်းကျင်ကိုလေ့လာနေကြတာ…… ဘေးပတ်ဝန်းကျင်ကလူတွေနဲ့စကားပြောမည်။သဘာဝရှုခင်းတွေကိုဓါတ်ပုံရိုက်ကြမည်။ကြည့်ရှုခံစားကြမည်။ ကျနော်တို့အုပ်စုကထိုင်စရာနေရာမရှိတော့အားလုံးမတ်တတ်ရပ်နဲ့လိုက်ခဲ့ကြပါသည်။ကျနော့်ရှေ့မှာရပ်နေတဲ့
ဘိုးတော်ကတိုးရစ်ကိုမြင်ရင် talking ပွားချင်နေပြီ……သူ့ပုံကဆယ်နှစ်ဆယ်မိုးဝေးနေတဲ့အမျိုးတွေပြန်တွေ့သလို ပါဘဲ… အရမ်းစကားပြောချင်နေတဲ့ပုံပေါက်နေပါသည်….. 

ကျနော်တို့အင်္ကျီ  ပေါ်ကတံဆိပ်ကိုကြည့်ပြီးရန်ကုန်တက္ကသိုလ်ဘူမိဗေဒကမှန်းသူတို့သိနေကြပြီ….. 

မင်းတို့ကဘူမိဗေဒ ဌာနကလား…… ဟုတ်ပါတယ်….ကျနော်တို့ရန်ကုန်တက္ကသိုလ်ဘူမိဗေဒ..မာစတာတန်းတက်နေတဲ့ကျောင်းသားတွေပါ….. တိုးရစ်တစ်ယောက်အမေးကိုပါးစပ်တပြင်ပြင်ဖြစ်နေသောဘိုးတော်ကမုသားတစ်ဝက်နဲ့ပြောချလိုက်ပါပြီ..
မင်းတို့ဘာလာလုပ်နေတာလဲ…….. ကျနော်တို့ဒီဧရိယာတစ်ဝိုက်ကွင်းဆင်းနေကြတာ…. မင်းတို့မာစတာတန်းအတွက်စာတမ်းတင်ဘို့ကွင်းဆင်းနေတာလား…….. 

မဟုတ်ပါဘူး….
ဒီဘိုးတော်ဘာတွေမုသားပြောအုံးမလဲမသိဘူး……… 

ကျနော်တို့ schlumberger ကုမ္ပဏီအတွက်ကွင်းဆင်းပေးနေတာပါ…..ကျနော်တို့စာတမ်းကိုသဘောကျရင် ကျနော်တို့ကိုအလုပ်ခန့်မယ်လို့်ပြောထားပါတယ်…..
ဟိုတစ်ရက်ကဆရာဖေ schlumberger က သူငယ်ချင်းတွေကိုအမှတ်ရပြီးဘိုးတော်ရွီးနေပြီ…..
 ဘိုးတော်….မုသါဝါဒါကံထိုက်တော့မယ်…….ဘုန်းကြီးကသတိပေးနေပြီ……၊

 ဘာဘဲဖြစ်ဖြစ်တိုးရစ်အဖွဲ့နဲ့ဘိုးတော်လေပေးဖြောင့်နေပြီ……၊

 ဟေ့…ဟိုမှာမျောက်ခေါင်း…ဒီဘက်မလာစေနဲ့….. ဒီကောင့်အင်္ကျီမှာ
တတိယနှစ်ဘူမိဗေဒဆိုတဲ့စာတမ်းပါနေတယ်….. ငါက…ဒီမှာဘွဲ့လွန်လို့ရွီးထားတာ……..
ဘိုးတော်လှည့်မကြည့်ဘဲကျနော်တို့ကိုလှမ်းပြောနေပြီ…..တိုးရစ်တွေနဲ့ဘိုးတော်ဆီမျောက်ခေါင်းလာနေပြီ…
ဟေ့…မျောက်ခေါင်း….ဒီဘက်မလာနဲ့…..သွား……သွား…….. သွားစမ်း……သွားစမ်း…….
ဝေးဝေးနေ….. ဟေ့ကောင်….သွား…..သွား…….. ကျနော်တို့တစ်အုပ်လုံးကမျောက်ခေါင်းကိုခွေးမောင်းထုတ်သလိုတစ်ယောက်တစ်ပေါက်နဲ့ဝိုင်းမောင်းထုတ် ကြတော့မျောက်ခေါင်းခမျာဘုမသိဘမသိအနောက်ဖက်ပြန်ဆုတ်သွားပါသည်။မျက်စိသူငယ်နားသူငယ်နဲ့ရပ်ပြီး
ကျ နော်တို့ဆီကိုကြည့်နေရှာပါသည်။ ဟေ့…မျောက်အင်္ကျီ ကိုချွတ်ခိုင်းစမ်း……

သူ့အင်္ကျီ ကစာတွေကိုဖတ်မိပြီး
ငါလိမ်တာတွေပေါ်ကုန်တော့မှာဘဲ…… ဘိုးတော်အမိန့်ပေးနေပြန်ပြီ…… 

ဟေ့မျောက်….အင်္ကျီ ချွတ်စမ်း…….
မြန်မြန်…ချွတ်ကွာ…..နှေးလိုက်တာ….. ချွတ်….ချွတ်…မြန်မြန်ချွတ်…….. ကျနော်တစ်အုပ်စုလုံးခွေးကိုအော်သလိုမျိုးမျောက်ကိုဝိုင်းအော်ကြပြန်ပါသည်။

ဒီတစ်ခါလည်းမျောက်ခေါင်းခမျာအင်္ကျီ  ချွတ်ပေးပြီးချမ်းချမ်းစီးစီးမှာကိုယ်တုံးလုံးနဲ့ကျနော်တို့အုပ်စုကိုကြည့်နေ ရှာပါသည်။ရထားတွဲကလူတွေချမ်းအေးနေသောအချိန်မှာကိုယ်တုံးလုံးနဲ့ရပ်နေသောမျောက်ခေါင်းကိုအထူးအ ဆန်းသတ္တဝါတစ်ကောင်အလားဝိုင်းကြည့်နေကြပါသည်။ ကျနော်တို့အားလုံးတိုးရစ်တွေနှင့်လေပေးဖြောင့်နေသောကြောင့်မျောက်ကိုယ်တုံးလုံးကိုမေ့နေကြပါပြီ…….
 ဟေ့…အရှေ့က…မအေ -ိုးတွေ…..+x#x=+…….လူကိုအရူးငခွေးကောင်အောက်မေ့နေလား….
ခွေးတိရစ္ဆာန်လိုလည်းမောင်းထုတ်သေးတယ်….ဒီလောက်အေးတဲ့အချိန်မှာ..အင်္ကျီချွတ်နဲ့လည်းနေခိုင်းသေးတယ်
 မင်းတို့မှာလူစိတ်ရှိသေးရဲ့လား…….အရူးငခွေးတောင်ကိုယ်ချင်းစာစိတ်ရှှိသေးတယ်…….
မျောက်ခေါင်းစိတ်တိုတိုနဲ့အားလုံးကိုအော်ဆဲနေပြီ……ရထားတွဲတစ်တွဲလုံးကလူတွေတဝါးဝါးနဲ့ရီကြသည်။
 မျောက်ခေါင်းအရမ်းစိတ်ဆိုးနေပြီ…..တော်ပါသေးသည်၊မြင်းတိုက်ဘူတာရောက်တော့ကျနော်တို့တစ်အုပ်စုလုံး မျောက်ခေါင်းကိုချော့မော့ပြီးခေါ်ဆင်းသွားရပါသည်။မျောက်ခေါင်းအကြီးအကျယ်ဒေါကန်နေသည်။
 စိတ်တိုတိုနှင့်အားလုံးလှည့်ပတ်ပြီးဆဲနေဆဲ…..နောက်ဆုံးမှာတိုးရစ်တွေဆီကလက်ဆောင်ရခဲ့သောချောကလက် တောင့်ကိုမျောက်ခေါင်းပါးစပ်ထဲအတင်းထည့်ပေးလိုက်မှဘဲအဆဲရပ်သွားပါသည်။

ဘေးကဟောင်မနေနဲ့…ရဲရင်ဝိုင်းထဲဝင်ခဲ့…… ချကွာ….ချ….ချ….. သတ္တိရှိမှလုပ်ကြ…… ခွေးမသား…….လူစကားမပြောဘဲမျောက်စကားပြောနေတယ်….. အေး…..ငါမျောက်စကားပြောရင်…..ငါပြောတဲ့စကားကိုနားလည်တဲ့မင်းတို့လည်းမျောက်မျိုးတွေဘဲ…. တိတ်စမ်း…အမိန့်ရကစားဝိုင်းမဟုတ်ဘူး….
 မြန်မြန်ဖြတ်ချင်ရင်ဖြတ်…..မဖြတ်နိုင်ရင်နောက်အလှည့်မှာမျောက်ခေါင်း ဝမ်နင်ခေါ်တော့မယ်…. နေ့လည်12နာရီမြင်းတိုက်Campကျနော်တို့အခန်းမှာအားလုံးဖဲရိုက်နေကြသည်။ ကျနော်တို့နှစ်ဆယ့်တစ်ကစားနေကြသည်။အားလုံးကစားသမားများပီပီပုံမှန်ကစားနည်းမျိုးနဲ့မကစားကြပါ။ နှစ်ဆယ့်တစ်အလယ်ပုံကစားသည်။တစ်ယောက်တစ်လှည့်စီ့ဒိုင်ကိုင်ကြသည်။နှစ်ချပ်နှင့်21ရသူကိုနှစ်ဆ လျှော်ရမည်။
 အကယ်၍များ ခုနှစ် သုံးရွက်တက်ပြီး 21 ရသူကို 3 ဆလျှော်ရမည်။ကျနော်တို့စည်းကမ်းသတ်မှတ်ထားသည်။
 ဒိုင်ကနှစ်ချပ်တည်းနဲ့ 21 ရရင်ကျနော်တို့ထိုးငွေ၏နှစ်ဆဒိုင်ကိုပေးရပါသည်။ တစ်ဆယ်ထိုးပြီးတစ်ဆယ်ရတာမျိုးကျနော်တို့အားလုံးစိတ်မဝင်စားကြပါ။နှစ်ဆမျိုး၊သုံးဆမျိုးကိုဘဲစိတ်ဝင်စားကြပါသည်။
ဟိုကောင်ကျီးကန်း….ဘာလာချောင်းနေတာလဲ….မင်းဂျူတီမပြည့်သေးဘူး….. မြန်မြန်လုပ်ကြပါဟ…..ငါရှုံးနေတယ်…အရင်းပြန်လိုက်ဘို့အချိန်ရပါ့မလား…… တစ်ယောက်နာရီဝက်စီကင်းစောင့်နေရသည်။မတော်တဆ
ဆရာဖေပြန်လာခဲ့ရင်အမြန်ဆုံးလက်စလက်န ဖျောက်နိုင်ရန်အတွက်ဖြစ်ပါသည်။အခုကျီးကန်းကင်းစောင့်နေရသည်။ဒီကောင်ရှံးနေ၍မချင့်မရဲစောင့်နေရှာပါ သည်။
ဟေ့ကောင်……ဗျိုင်း….4 ရွက်ဆွဲပြီးဘာငိုင်နေတာလဲ….ထပ်ဆွဲလေ…..မင်းအပွင့်16 ဘဲရှိသေးတယ်…… ခွေးမသားမျောက်ခေါင်းလို့စိတ်ထဲမှာဆဲလိုက်ပါသည်။ဒီကောင်ပြောတာမှန်နေသည်။နောက်တစ်ရွက်ထပ်
ဆွဲလိုက်တော့ကုလားတက်လာသည်။သွားပြီ…သေပြီ… မင်းဖဲကိုငါမကြည့်ဘဲပြောမယ်မင်းသေနေပြီ….
မင်းပိုက်ဆံတင်လိုက်တော့…..ဒီမှာ 18 ပွင့်အားလုံးကိုဖမ်းတယ် မျောက်ခေါင်းသုံးအိမ်စားပြီးနှစ်အိမ်ကိုဘဲလျှော်လိုက်ရသည်။ ဝမ်နင်ခေါ်တော့မယ်ဟေ့….. မျောက်ခေါင်းပထမဝမ်နင်ခေါ်ပါပြီ……ကျနော်တို့အားလုံးထိုးကြေးတွေထပ်တိုးလိုက်ကြပါသည်။အလယ်ကပုဂံပြားထဲမှာပိုက်ဆံနဲနဲစုမိနေပြီ… ..
ဖဲနှစ်ချပ်ကိုအသာလေးပွတ်ကြည့်တော့ 17 ပွင့်ဘဲရှိနေသည်။ကျန်တဲ့ ကောင်တွေကဖဲထပ်ဆွဲနေသည်။
3ရွက်နဲ့ရပ်လိုက်သူများရှိသလို 4ရွက်ထပ်ဆွဲသူတွေလည်းရှိပါသည်။ ကျနော်တစ်ယောက်ဘဲထပ်မဆွဲပါ။ဖဲနှစ်ရွက်နဲ့ရပ်ထားပါသည်။
ဖဲ 4 ချပ်ကောင်တွေကိုမျောက်ခေါင်းဖမ်းနေ သည်။အားလုံးကသေနေပြီ…… မျောက်ခေါင်းဆီမှာလည်း 17 ပွင့်ရှိနေသည်။နောက်ဖဲသုံးချပ်သမားတွေကိုထပ်ဖမ်းပြန်သည်။သူတို့တွေအ ပွင့်ကကောင်းနေသည် 18 ပွင့် 19 ပွင့်တွေ……မျောက်ခေါင်းလျှော်နေပြီ….ကျနော်တစ်ယောက်ဘဲဖမ်းရန်ကျန် တော့သည်။ ဟေ့ကောင်….ဗျိုင်း…ဒီတစ်ခါတော့မင်းကိုအမှန်အကန်လို့သဘောထားပြီးငါထပ်ဆွဲတော့မယ်…….. မျောက်ခေါင်းဖဲတစ်ချပ်ဆွဲပြီးလှန်ချလိုက်တော့ကုလားတက်လာပါသည်။27 ပွင့်နဲ့မျောက်ခေါင်းသေပြီ…. မျောက်ခေါင်းကျနော့်ဖဲကိုအသာလေးလှန်ချလိုက်ပါသည်။ကျနော့်ဖဲ 17 ပွင့်ကိုလည်းမြင်ရောမျောက် ခေါင်းပါးစပ်မှ အယုတ္တအနတ္တဆဲနည်းပေါင်းစုံထွက်လာပါတော့သည်။
ဒီနေ့ Field ဆင်းရန် Camp ရှေ့မှာအားလုံးစုဝေးနေကြပါသည်။ကိုယ့်အုပ်စုနဲ့ကိုယ် Individual field ဆင်းနေကြပြီ….Field မဆင်းမီဆရာဖေအမှာစကားကိုအားလုံးအမြဲနားထောင်ရသည်။ နားထောင်ပြီးတော့မှ ကိုယ့်အုပ်စုနဲ့ကိုယ်
ကိုယ့်ဧရိယာဆီသို့ခရီးဆက်လေ့ရှိပါသည်။ ဒီနေ့ဆရာဖေဘာတွေပြောမလဲမသိပါ။အားလုံးစကားပြောကြရင်းစောင့်နေကြပါသည်။ ဒီနေ့ဆရာမင်းတို့အပြန်ရထားငှားဘို့ကိစ္စနဲ့ကလောရုံပိုင်ကိုသွားတွေ့မယ်….မင်းတို့အားလုံးကိုယ့်အစီအစဉ်နဲ့ ကိုယ်ပုံမှန်လုပ်ကြပါ…ဆရာညနေလောက်မှပြန်ရောက်မယ်……… ဆရာဖေစကားကိုကြားတော့ကျနော်နဲ့ကျီးကန်းတစ်ယောက်ကိုတစ်ယောက်
ကြည့်မိကြပါသည်။ကျနော် မျက်လုံးတစ်ဖက်မှိတ်ပြလိုက်တော့ကျီးကန်းဓါတ်ပေါက်သွားပါပြီ……..
ကျီးကန်းကျောပိုးအိပ်ထဲမှမှတ်စုစာအုပ် ကိုထုတ်လိုက်ပါသည်။
စာရွက်သုံးလေးရွက်လောက်ဖြဲစုတ်ပြီးစာတိုလေးရေးပြီးသူငယ်ချင်းများကိုလက်ဆင့်ကမ်းလိုက်ပါသည်။
ကျနော်တို့ခေတ်မှာက GSM ဖုန်းတို့ ဆယ်လူလာတို့မရှိသေး၍စာနဲ့ဘဲအကြောင်းကြားနေရပါသည်။
နေ့လည် 12 နာရီ Camp မှာဖဲရိုက်မည်…….. ဆရာဖေကိုလျော့တွက်၍မရပါ။ကျောင်းသားများ၏အထာကိုနောကျေအောင်သိသည်။ကျနော်တို့လည်သလောက် ဆရာဖေအိပ်နေသလောက်သာရှိသေးသည်။ကလောတက်မတက်ကိုတစ်ကယ်စုံစမ်းဘို့လိုပါသည်။ ဒီနေ့တော့သေချာသွားပြီ……ကျောင်းသားနှစ်ကောင်ကိုပါခေါ်သွားသည်။
O K ဒီနေ့…..နေ့လည်ပွဲကြီးပွဲကောင်းတွေ့ရတော့မယ်….. ကျနော်တို့ကွင်းဆင်းနေသောဧရိယာထဲမှာနေရာလေးတစ်ခုကိုကျနော်တို့တစ်အုပ်လုံးသဘောကျပါသည်။
တောင်များဝိုင်းရံထားသောလျိုကလေးတစ်ခု…….တောင်အရိပ်များကနေရောင်ကိုကွယ်ပေးထားသည်။မြက်ခင်း စိမ်းစိမ်းကပျံ့ပျံ့ပြူးပြူး….. မြက်ခင်းအစပ်မှာစတော်ဘယ်ရီအရိုင်းပင်တွေအများကြီး၊စတော်ဘယ်ရီရိုင်းများကအချဉ်ဆူးသည်။
မော မောပမ်းပမ်းရေငတ်နေချိန်များမှာစတော်ဘယ်ရီသီးလေးစားလိုက်ရတာအရမ်းအရသာရှိပါသည်။
ဒီလျိုလေးကိုကျ နော်တို့အားလုံးငြိမ်းချမ်းရေးလွင်ပြင်လို့နာမည်ပေးထားကြပါသည်။ Field ဆင်းရင်းအေးအေးဆေးဆေးနားချင်ရင် ဒီငြိမ်းချမ်းရေးလွင်ပြင်မှာလာနားလေ့ရှိပါသည်။လျိုဖြစ်နေသောကြောင့်ဤနေရာကိုတော်တန်ရုံလူရှာမတွေ့နိုင်ပါ။
တနေ့တုန်းကလည်းငြိမ်းချမ်းရေးလွင်ပြင်မှာကျီးကန်း၊မျောက်ခေါင်း၊ဘိုးတော်နှင့်ကျနော်..ပိုကာဆွဲနေကြသည်။ ကျန်သူငယ်ချင်းများကအိပ်သူကအိပ်နေကြသည်။အချို့ကစတော်ဘယ်ရီရိုင်းသွားခူးနေကြသည်။ မနက်ကရွာသူကြီးအိမ်မှာအလှူရှိသောကြောင့်ဆရာဖေနေ့လည်စာသွားစားမည်။ဒါကြောင့်မို့ဆရာဖေ Fieldထဲမရောက်နိုင်တော့ပါ။ထို့ပြင်ဤငြိမ်းချမ်းရေးလွင်ပြင်မှာရှိသောကျနော်တို့ကိုဆရာဖေဘယ်လိုမှရှာ မတွေ့နိုင်ပါ။ စပိတ် နှစ် ကိုဘာလို့ကိုင်ထားတာလဲပစ်လိုက်လေ….. ကျနော်တို့လေးယောက်စိတ်ဝင်စားစွာပိုကာဆွဲနေတုန်း…..ဘေးမှပြောလိုက်သောစကားသံကိုကြားဖူး ပါတယ်ဆိုပြီးမော့ကြည့်လိုက်တော့ဘိုးတော်အနောက်မှာဆရာဖေရပ်ရင်းဘိုးတော်ဖဲချပ်ကိုကြည့်ပြီးပြောနေတာ.. ဟာ….ဆရာ…..ကျနော်တို့ထမင်းစားနေရင်းခဏဆော့တာပါ…အခုဘဲ Field ထဲသွားတော့မလို့…….. သိတယ်လေ….မနက်ရောက်ကတည်းကဒီနေရာကတစ်ဖဝါးမှမရွေ့သေးတာကို…..သိနေတယ်လေ……. သွားပါပြီ…..ဆရာဖေဘယ်ကတည်းကစောင့်ကြည့်နေလဲမသိပါ။ဆရာဖေဗေဒင်ဟောစားဘို့ကောင်းသည်။ အဘယ်ကြောင့်ဆိုသော်ကျနော်တို့အခြေအနေကိုအမှန်အကန်ကွက်တိပြောနိုင်သောကြောင့်ဖြစ်သည်။ စိတ်ထဲမှာလည်းဘယ်ကျောင်းသားတစ်ယောက်ကလက်ထောက်ချလိုက်ပြီလဲလို့မကျေမနပ်တွေးမိပါသည် ဤငြိမ်းချမ်းရေးလွင်ပြင်လျိုကလေးကိုဆရာဖေဘယ်လိုမှမသိနိုင်ပါ။ ဘယ်လို…..ဘယ်လို…..ငြိမ်းချမ်းရေးလွင်ပြင်…..မင်းတို့နာမည်ပေးထားတာတော်တာဘဲ….. သုခဘုံ၊သိကြားဧရိယာ၊ငြိမ်းချမ်းနယ်မြေ…..မင်းတို့စီနီယာတွေနာမည်ပေးထားတာကွ….. ငါသိထားတာကဒီလျိုလေးဟာကျောင်းသားတွေလာနှပ်နေကျနေရာ…..ဒီဧရိယာမှာမင်းတို့ကိုရှာမတွေ့တာနဲ့ မင်းတို့အားလုံးဒီလျိုထဲရောက်နေပြီဆိုတာဗေဒင်မေးစရာမလိုဘူး…….. ကျနော်တို့အားလုံးဆရာဖေကိုလျှော့တွက်ထားကြသည်။တစ်ကယ်တော့ဒီဧရိယာတစ်ခုလုံးမှာဆရာဖေ ခြေရာတွေထပ်နေတာကိုကျနော်တို့မေ့နေခဲ့ကြသည်။
ကဲ…ကဲ…ဒုတိယအကြိမ်ဝမ်နင်ခေါ်မယ်……. ပုဂံပြားထဲမှာပိုက်ဆံကိုလက်နဲ့ပုတ်ပြီးမျောက်ခေါင်းဒုတိယအကြိမ်ဝမ်နင်ခေါ်နေပြီ……မျောက်ခေါင်းဖဲ ထုတ်ကိုကုလားဖန်ထိုးရင်းပုဂံထဲမှငွေကိုကြည့်ပြီးမျောက်ပြုံး..ပြုံးနေသည်။ လိမ္မာမှအိမ်ပါမယ်….ရပ်ကြည့်လို့အကျိုးမရှိဘူး……ဘေးလွယ်အိတ်ထဲမှပိုက်ဆံကိုထုတ်ပြီးဝိုင်းထဲတင် လိုက်ပါသည်။……..ပထမထိုးတာတွေထက်များပါသည်။ကျန်သူငယ်ချင်းတွေလည်းထိုးကြေးကိုထပ်တင်လိုက်ပါ သည်။ ထိုးသားငွေနဲ့အလယ်မှာရှိသောငွေ…..အတူတူလောက်ရှိနေပါသည်။ ဟေ့ကောင်…ကျီးကန်း……ဘယ်သူစောင့်နေလဲ……. ငါ့အလှဲ့ပြီးသွားပြီ….တစ်ခြားသူအလှည့်….. မင်းတစ်အိမ်ဝင်လို့မရဘူးနောက်ဒိုင်ပြောင်းမှတစ်အိမ်ဝင်……. မဝင်ပါဘူး….ငါဘေးထိုးမှာပါ…….. ကျီးကန်းပိုက်ဆံတစ်ထုတ်ကျနော့်ရှေ့ကိုဖုတ်ကနဲကျလာပါသည်။ကျနော်အိမ်မှာသူလဲပါမည်။ အော်..အော်..အမျိုးအချင်းချင်းတယ်တည့်နေပါလား…မင်းတို့ငှက်တွေကိုတိရစ္ဆာန်ရုံပို့ပြစ်မယ်… အေးမင်းကိုလဲ…မင်းအမျိုးတွေနေတဲ့မျောက်ရွာပို့ပေးမယ်….. စကားမများကြနဲ့ကွာ….လုပ်စမ်းပါ…မြန်မြန်…… ဖဲနှစ်ချပ်ကိုအသာလေးပွတ်ကြည့်လိုက်တော့ကုလားအောက်မှာဘေးစိပ်ကောင်းသွားပြီ…..ကျနော့်ဖဲအ နည်းဆုံး 19 ပွင့်ရှိမည်။ကံကောင်းလျှင် 20 ပွင့်ရှိမည်။ကျီးကန်းနဲ့ကျနော်အောင်ပွဲခံတဲ့အနေနဲ့လက်ဝါးချင်းရိုက် လိုက်ကြသည်။ဘိုးတော်ကိုကြည့်လိုက်တော့ကုလားနှစ်ကောင်……အခြေအနေကောင်းနေပြီ……… အပွင့်မပြည့်သေးသောသူငယ်ချင်းများကထပ်ဆွဲနေကြပါသည်။ကျနော်နဲ့ဘိုးတော်ကထပ်မဆွဲတော့ပါ….. အားလုံးပြီးပြီလား…… ……ပြီးပြီ…… အားလုံးပြီးပြီလား…… ဟာ….မျောက်စကားနဲ့ပြောရမှာလား…..ပြီးပြီလို့ပြောနေတာမကြားဘူးလား…….. မင်းတို့ပြီးကြပြီဆိုရင် ငါ့အလှည့်…… မျောက်ခေါင်းသူ့ဖဲနှစ်ချပ်ကိုလှန်ပြပါသည်။ ခုနှစ်နှစ်ချပ်….ပေါင်းတစ်ဆယ့်လေး ပွင့်…….သူထပ်ဆွဲအုံးမည်။ မင်းတို့တွေ့တယ်နော်…..ငါနောက်တစ်ချပ်ထပ်ဆွဲမယ်……ခုနှစ် တက်လို့ကတော့မင်းတို့အိတ်ထဲကပိုက်ဆံ တွေကိုထပ်ထုတ်ဘို့ပြင်ထား………. မျောက်ခေါင်းပါးစပ်မှဒီစကားထွက်လာမှကျနော်တို့အားလုံးမျက်လုံးပြူးနေကြပြီ……. ခုနကပျော်နေသောအပျော်တွေလွင့်စင်ကုန်ပါပြီ…… ဘုရား….ဘုရား…..ကယ်တော်မူပါ…….မျောက်ကို ခုနှစ် မပေးပါနဲ့ဘုရား……. ကျီးကန်းလက်အုပ်ချီပြီးဆုတောင်းနေပြီ…… ဖဲသမားဆုတောင်းမပြည့်ကောင်းတဲ့….ဖဲသမားဆုတောင်းပြည့်ရင်တကမ္ဘာလုံးအကုသိုလ်ကောင်တွေဖုံးသွားမယ် ဟေ့ကောင်….ဘုန်းကြီးမင်းပါးစပ်ပေါက်ပိတ်ထားရင်ကောင်းမယ်…. ဘုရားဟောတာမဟုတ်ဘူး….ဒါမင်းပါးစပ်ကပြောတာဖြစ်မယ်….. ဒီဘုန်းကြီးတော့မုသါဝါဒါကံထိုက်တော့မှာဘဲ….. မျောက်ခေါင်းပြောပြောဆိုဆိုဖဲထုတ်ထဲမှဖဲတစ်ချပ်ကိုယူပြီးရိုက်ချလိုက်သည်။ဖိုင်းကနဲရိုက်ချလိုက်သောဖဲ ချပ်ကိုခေါင်းဆယ်လုံးကဆတ်ကနဲငုံ့ပြီးလိုက်ကြည့်ကြပါသည်။
ဘုန်းကြီးပြောတဲ့စကားသွေးထွက်အောင်မှန်သည်။ကျနော်တို့ဆုတောင်းမပြည့်ခဲ့ပါ။ ခုနှစ် ဖဲတစ်ချပ် ထပ်တက်သည်။ ခုနှစ်ဖဲ သုံးချပ်နဲ့ နှစ်ဆယ့်တစ် ပွင့်…..သွားပါပြီ…..နောက်ထပ်သုံးဆပေးရတော့မည်။ ဒီနေ့အဖို့ကျနော်တို့အားလုံးမျောက်ကုတ်ခံထိသွားပါပြီ။ကျနော်တို့အားလုံး၏ပိုက်ဆံကိုမျောက်ခေါင်းသိမ်း ကျုံးယူသွားပါပြီ……နောက်ဆုံးဝမ်နင်ခေါ်ဘို့မလိုတော့ပါ။အားလုံးအိတ်ထဲမှာပိုက်ဆံတစ်ပြားမှမကျန်တော့ပါ။ ပါပကာရီ အတ္တနော ကိလိဋ္ဌကမ္မံ ပဿိတွာ နာနပ္ပ ကာရကံ ဝိလပန္တော ဝိဟညတိ။

ကရဓ သောစတိ၊ပေစ္စသောစတိ၊ အကုသိုလ်အလုပ်လုပ်သောသူသည်ဒီဘဝသာမကနောက်ဘဝအထိတိုင်စိတ်ပျက်စိတ်ဆင်းရဲခြင်းနှင့်အမြဲကြုံတွေ့ နေရမည်…..တဲ့….ဒါငါပြောတာမဟုတ်ဘူး….ဘုရားဟောတဲ့တရား……. ဘုန်းကြီးစားပွဲပေါ်မှာတင်ပလ္လင်ခွေထိုင်ပြီးကျနော်တို့အုပ်စုစိတ်ပျက်လက်ပျက်လဒ လိုမှိုင်နေတာကိုကြည့်ပြီး တရားဟောသည့်ပုံစံမျိုးနဲ့ပြောလိုက်ပါသည်။ ချီးဘဲ….ဖဲရှုံးလို့စိတ်ညစ်နေရတဲ့ကြားထဲမှာဒီဘုန်းကြီးကလည်းတမှောင့်… 

ဖဲရိုက်တုန်းမတားဘဲနဲ့…ဖဲရှုံးမှတရားလာပြနေတယ်…….
ရှမ်းပြည်တောင်ပိုင်းကျနော်တို့Fieldဆင်းခဲ့ရသောရိယာအတွင်းရှိရွာများတွင်ရှမ်း၊ပအို့ဝ်၊ဓနုစသောတိုင်းရင်းသား များနေထိုင်ကြပါသည်။ ၄င်းတိုင်းရင်းသားများသည်ဗုဒ္ဓဘာသာကိုးကွယ်ကြသည်။ရွာသားအများစုသည်ရောင့်ရင်းတင်းတိမ်နိုင် သောကြောင့်
သူတို့ဘဝများသည်အလွန်မှအေးချမ်းလှပါသည်။ ရွာတိုင်းရွာတိုင်းမှာဘုန်းကြီးကျောင်းတစ်ကျောင်းတော့အနည်းဆုံးရှိပါသည်။ရွာတစ်ရွာမှာသြဇာအရှိဆုံးလူကိုပြပါလျှင်
ကျောင်းထိုင်ဘုန်းကြီးကိုပြရပါလိမ့်မည်။

ကျောင်းထိုင်ဘုန်းကြီးများသည်သမာသမတ်ကျစွာဆုံးဖြတ် ပေးသောကြောင့်ဖြစ်ပါသည်။ အုပ်ချုပ်မှုမှာဆိုရင်ရွာသူကြီးမှာသြဇာအာဏာရှိပါသည်။ပြီးတော့လူငယ်ကာလသားအသိုင်းအဝိုင်းမှာသြ ဇာအာဏာအရှိဆုံးဘယ်သူလဲလို့မေးရင်တော့သိကြတဲ့အတိုင်းသကြားသီးလို့ခေါ်သောသူကြီးသားများဖြစ်ကြပါ သည်။အသက်အရွယ်ချင်းသိပ်မကွာကြသောကြောင့်ကျနော်တို့ကျောင်းသားများနဲ့သူကြီးသားအဖွဲ့အရမ်းလေ ပေးဖြောင့်လေ့ရှိပါသည်။ field ဆင်းရသောနေရာတစ်ခုကိုရောက်လျှင်အနီးဆုံးဘုန်းကြီးကျောင်းမှကျောင်းထိုင်ဘုန်းကြီးဆီသွားပြီး ကျနော်တို့ကိုယ့်ကိုယ်ကိုမိတ်ဆက်လေ့ရှိပါသည်။နှစ်တိုင်း Field ဆင်းသောကြောင့်ဖြစ်သောကြောင့်ဘုန်းကြီးများ လည်းလှိုက်လှဲပျူငှာစွာကြိုဆိုလေ့ရှိပါသည်။ကျနော်တို့၏လိုအပ်ချက်များကိုဖြည့်ပေးရန်သက်ဆိုင်ရာမှညွန် ကြားထားသောကြောင့်ရွာလူကြီးများကလည်းအစစအရာရာကူညီပေးလေ့ရှိပါသည်။ ထိုအတူသူကြီးသားများကလည်းလူငယ်ပီပီရွာနီးနားကာလသမီးအများကြောင်းကိုသတင်းပေးလေ့ရှိပါသည်။ အနောက်ရွာဦးမဲသမီးကဒီနှစ် MASU တက်နေတယ်၊အရှေ့ရွာကမီးမီးတို့ညီအမ တောင်ကြီးကောလိပ်မှာ ရောက်နေပြီ……
စသည်ဖြင့်ကျနော်တို့ကျောင်းသားများစိတ်ဝင်စားသည့်သတင်းများကိုပြောပြလေ့ရှိပါသည်။တစ်ခါတရံ Camp မှညဘက်ခိုးထွက်ပြီးသူကြီးသားများချက်ထားသောကြက်သားကာလသားချက်နဲ့ထမင်းသွားစားလေ့ရှိကြ ပါသည်။ထမင်းသွားစားကြပြီဆိုလျှင်ရှကီးနဲ့ဂန်ဂါးကတော့ပါစမြဲ………ဒါမျိုးနဲ့ပတ်သက်ရင်ကျနော်တို့အုပ်စုနဲ့ဘုန်း ကြီးမလိုက်တော့ပါ။ ကျနော်တို့ Field ဆင်းရာတွင်ရိက္ခာများကိုရန်ကုန်မှယူခဲ့လေ့ရှိကြပါသည်။အများအားဖြင့်ရိက္ခာခြောက်များ ဖြစ်ကြပါသည်။ အောက်ပြည်အောက်ရွာမှာနေနေကျဖြစ်သောကျနော်တို့အနေနဲ့ငါးခြောက်ကိုသိပ်မကြိုက်ကြပါ။ လူငယ်ပီပီအသားငါးများကိုသာတမ်းတကြပါသည်။ ကိုကြီးကစ္စနား……..ဒီနေ့ဘာဟင်းလဲ….. ငါးခြောက်နဲ့ 

ဘဲ ဥ ဟင်း……. ဦးလေးဦးငွေထွန်း…..ဒီနေ့ဘာဟင်းလဲ…. ငါးခြောက်နဲ့ အာလူးဟင်း……. နေ့တိုင်းလောက်နီးနီးကျနော်တို့ငါးခြောက်နဲ့ညားလေ့ရှိကြပါသည်။အသားငါးများကစျေးနေ့လိုမျိုးမှာသာရ လေ့ရှိပါသည်။စျေးနေ့လိုမျိုးမှာအသားဟင်းချက်လေ့ရှိပါသည်။ အစ်ကိုတို့နေ့တိုင်းဟင်းမကောင်းဘူးညီးနေကြတယ်…..ကျနော်တို့ဘာကူညီရမလဲ…..တစ်ရက်သူကြီး သားကျနော်တို့ကိုမေးပါသည်။တောပစ်တဲ့သူဆီကတောကောင်သားရရင်ပို့ပေးစပ်းပါကွာ…ငါတို့ဝယ်ပါ့မယ်…… မှာထားပေမယ့်လည်းတောင်ကောင်သားတွေလည်းမရောက်လာနိုင်ခဲ့ပါ။သူကြီးသားလည်းအားနာနာနဲ့ ဒိရက်ပိုင်းတောပစ်တဲ့သူတွေလည်းဘာမှမရကြဘူး……..
ကျနော်တို့တစ်ခုကူညီလို့ရတယ်….အစ်ကိုတို့စားလား…မစားလားမသိဘူး……. မနက်ဖြန်ကျနော်တို့ခွေးတစ်ကောင်ဖျက်ဖို့ရှိတယ်…..အစ်ကိုတို့စားရဲရင်တစ်ခြမ်းပေးမယ်….. ကျနော်တို့အုပ်စုတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကြပါသည်။ 

မျောက်ခေါင်း…ညီလေးကဘာဘဲလာလာစားတာဘဲ........... ဘိုးတော်….ဟာ..ဒီရာသီလိုအေးတဲ့အချိန်မှာခွေးသားကအကောင်းဆုံးပေါ့….. ရှကီး……..အရက်နဲ့တွဲလို့ရတဲ့အသားမှန်သမျှအကုန်စားတယ်…….. 

ဂန်ဂါး…….ရှကီးစားတာ…ငါလည်းစားတယ်….. 

ကျနော်…..ကျီးကန်းဘယ်လိုလဲ…… 

ကျီးကန်း….အားလုံးစားရင်ငါလည်းစားတာဘဲ…… 

ဟေ့….ဘုန်းကြီး….မင်းကော…. 

ဘုန်းကြီး……ငါမစားဘူး……. 

ရှကီး…..ငါတို့အုပ်စုမှာ ကန့်ကွက်မဲတစ်မဲပဲရှိတဲ့အတွက်…….ငါတို့အဖွဲ့မဲအပြတ်အသတ်နဲ့နိုင်သွားပါပြီ……. ဟေ့….ဘုန်းကြီးမင်းမစားချင်ရင်နေ….ဒါပေမယ့်…မင်းပါးစပ်လုံရမယ်….. 

ဘုန်းကြီး…..ဘာဆိုင်လို့လဲ…… 

ရှကီး……….ဟ…ဒီခွေးသားကို Camp ယူသွားပြီးအားလုံးအတွက်ချက်ခိုင်းမယ်…… ဘုန်းကြီး…..ဘယ်သူမှစားမှာမဟုတ်ဘူး…….
ရှကီး……….အားလုံးအသားဟင်းစားချင်လို့ငါကပါရမီဖြည့်ပေးမှာ….၊သူကြီးသားဂျီသားတစ်ခြမ်းလက်ဆောင်ပေး တယ်ဆိုပြီး……..
အားလုံးအတွက်ချက်ခိုင်းမှာ……. 

ဘုန်းကြီး…..ထွီ….. 

ဂန်ဂါး……..မင်းရွံ့ရင်မစားနဲ့၊ဒါပေမယ့်ဒီအကြောင်းကိုပါးစပ်မဟနဲ့…….
 နောက်နေ့ခွေးသားတစ်ခြမ်းကိုဆွဲပြီးဦးငွေသန်းကိုပေးလိုက်ပါသည်။

ဦးလေးသူကြီးသားဂျီသားတစ်ခြမ်းပေး လိုက်တယ်…….
 ကောင်လေးတွေမင်းတို့ဟာဂျီသားဟုတ်ရဲ့လား…..

ခေါင်းမပါခြေထောက်မပါနဲ့…မဟုတ်မှလွဲရော….. စာဖိုမှူးဦးငွေသန်းအသားကိုကိုင်ကြည့်ပြီး
မသင်္ကာစကားပြောနေပါသည်။

ဦးငွေသန်းနောက်မှာရပ်နေသောကိုကြီး ကစ္စနားကကျနော်တို့အုပ်စုကိုကြည့်ပြီးရီနေပါသည်။
ဟာ….ဦးကြီးကလည်း..ကျနော်တို့လည်းမသိဘူး…..သူကဂျီသားဆိုတော့ကျနော်တို့လည်းဂျီသားပေါ့…… ချက်လိုက်ပါ…
အားလုံးအသားဟင်း ငတ်နေကြတယ်….. ဒီလိုနဲ့ဘဲ….ဂျီသားတစ်ဖြစ်လဲခွေးသားကို ဘုန်းကြီးမှလွဲ၍အားလုံးတီးကြပါသည်။
စိတ်ထားတတ်ဘို့အရေး ကြီးသည်။ဂျီသားဆိုတော့လည်းဂျီသားဟင်းပေါ့၊ဆရာဖေကိုယ်တိုင်ဟင်းကောင်းလှချည်လားလို့ချီးမွမ်းသွားသေး သည်။
တစ်ရက်သူကြီးအိမ်မှကျနော်တို့ကျောင်းသားအားလုံးကိုထမင်းဖိတ်ကျွေးပါသည်။
နေ့တိုင်းနေ့တိုင်းငါး ခြောက်ဟင်းနှင့်ညားနေသောကျနော်တို့ဒီနေ့ဟင်းကောင်းကောင်းနဲ့စားရပြီ….၊လို့စိတ်ထဲမှာမှတ်ပြီးသူကြီးအိမ်သို့ချီတက်ကြပါသည်။
ထမင်းစားပွဲပေါ်မှာငါးခြောက်နဲ့ဒန့်သလွန်သီးဟင်းကိုတွေ့ပြီးကျနော်တို့အရမ်းစိတ်ပျက်သွားကြပါသည်။ ငါးခြောက်နှင့်ဒန့်သလွန်သီးဟင်းမဆိုးပါ။
ကျနော်ကြို်က်ပါသည်။သို့သော်နေ့တိုင်းငါးခြောက်စားနေရသောကြောင့် အသားဟင်းကိုတောင့်တမိပါသည်။
ကျနော်မှမဟုတ်ကျောင်းသားအားလုံးအသားဟင်းကိုတောင့်တနေကြသည်။
သူကြီးဘေးမှာရှိသောသူကြီးသားကိုဟင်းမကောင်းဘူးလို့ကျနော်တို့အချက်ပြလိုက်ပါသည်။
သူကြီးသားကလည်းသူကြီးဖက်ကိုမျက်စပစ်ပြီးခဏလေးသဘောမျိုးလက်ပြပါသည်။
သူကြီးကလည်းကျောင်းသားအားလုံးကိုအကဲခတ်မိပြီးသူကြီးတူတစ်ယောက်ကိုခေါင်းငြိမ့်ပြလိုက်ပါသည်။
သူကြီးအိမ်ကပျင်မှာရှိနေသောသူကြီးတူ..လောက်လေး ခွကိုဆွဲပြီးခြံထဲခုန်ဆင်းသွားပါသည်။
ကျောင်းသားအားလုံးခဏလေးစောင့်ပေးပါ…….. ဟင်းတစ်မျိုးကျန်နေသေးတယ်…… ကျနော်တို့အားလုံးစကားတပြောပြောရေနွေးကြမ်းနှင့်လ္ဘက်သုတ်စားနေကြရင်းဟင်းတစ်မျိုးကိုစောင့်နေကြပါသည်
ခဏလေးကြာတော့ကာလသားချက်ကြက်သားဟင်းရောက်လာပါတော့သည်။
ဒီနေ့ထမင်းစားပွဲမှာငါး ခြောက်နဲပဒန့်သလွန်သီးဟင်းအရမ်းမျက်နှာငယ်ခဲ့ရပါသည်။ဒီဟင်းကိုတစ်ယောက်မှမကိုင်ကြပါ။
တစ်ကယ်တော့ ရှမ်းပြည်နယ်ရှိရွာလေး၏ဓလေ့တစ်ခုကိုကျနော်တို့မေ့နေခဲ့ကြပါသည်။
 ရှမ်းရွာလေးများသည်ငါးခြောက်ကိုတန်ဘိုးထားပါသည်။အရေးပါသောဧည့်သည်များကိုသာငါးခြောက် ဟင်းနှင့်ချက်ပြီးဧည့်ခံကျွေးမွေးလေ့ရှိပါသည်။ကျနော်တို့ကိုအထူးဧည့်သည်အဖြစ်ထားခဲ့သောသူကြီးကိုအထူး ကျေးဇူးတင်ပါသည်။
 ဒီလိုနဲ့မြင်းတိုက် Camp နောက်ဆုံးရက်သို့ရောက်ရှိလာပါသည်။
ကျနော်တို့ဆီမှာကျန်နေသေးသောငါး ခြောက်များကို၊ဘုန်းကြီးကျောင်းနဲ့သူကြီးအိမ်ကိုတစ်ဝက်စီခွဲပေးခဲ့ပါသည်,

သူတို့တွေတန်ဘိုးထားသောငါးခြောက်ကိုလက်ဆောင်အဖြစ်ပေးခဲ့သောကြောင့်ကျနော်တို့အားလုံးကို ကျေးဇူးအရမ်းတင်ခဲ့ကြပါသည်။မြင်းတိုက်ဘူတာမှာကျနော်တို့ကိုလိုက်ပါနှုတ်ဆက်ကြသူများစည်ကားနေပါသည်။ ကျောင်းထိုင်ဘုန်းကြီး၊ရွာသူကြီးမိသားစု၊သူကြီးသားနဲ့အဖွဲ့၊တစ်လလောက်နေခဲ့သောကြောင့်တရွာလုံးလိုလို ကျောင်းသားများနဲ့ခင်နေကြပါသည်။ထို့ကြောင့်ရွာသားတော်တော်များများလည်းလာရောက်နှုတ်ဆက်ကြပါသည်။


ဒကာလေး…ဘာသာသာသနာအကျိုးကိုဆောင်ရွက်တဲ့သာသနာ့အာဇာနည်အဖြစ်နဲ့ဒကာလေးကိုမြင်ချင်တယ်…
တပည့်တော်ကြိုးစားပါ့မယ်အရှင်ဘုရား…….. 

ကျောင်းထိုင်ဘုန်းကြီးနဲ့ကျနော်တို့ဘုန်းကြီးနှုတ်ဆက်ခန်း….. 


တစ်နေရာမှာအရူးငခွေးကိုနောက်ခဲ့သောအပြစ်ကိုတောင်းပန်နေကြသောရှကီးနဲ့ဂန်ဂါး…….
 ရှကီးနှင့်ဂန်ဂါးဘာတွေကလီကမာပြောနေလဲမသိပါ။အရူးငခွေးမျက်ရည်ကျနေပြီ… 


လ္ဘက်ခြောက်ထုတ်၊စတော်ဘယ်ရီရိုင်းတွေကိုလက်ထဲမှာတစ်ပွေ့တစ်ပိုက်ကိုင်ထားရင်းရွာသူတွေကြားထဲ မှာ
မြူးနေသောမျောက်ခေါင်း၊ဒီကောင် B.Ed ကမအေးကိုမေ့နေလောက်ပြီထင်ရဲ့…..


 အစ်ကိုဘိုးတော်နောင်နှစ်လည်းဒီမှာဘဲကွင်းဆင်းပါလို့ကျနော်ဆုတောင်းနေမယ်….
 သူကြီးသားဒီလိုပြောလိုက်တော့ဘိုးတော် ကဗျာကယာ…. ညီလေးဒီလိုတော့ဆုမတောင်းပါနဲ့…..
မင်းဆုတောင်းပြည့်သွားရင်ငါစာမေးပွဲထပ်ကျလိမ့်မယ်….. 

သူကြီးသားကျနော်တို့ပြောသလို ……… Sorry…..Sorry……

အစ်ကို… လမ်းသင့်ရင်အစ်ကိုဝင်ခဲ့ပါ့မယ်…. ကျနော်တို့အားလုံးမြင်းတိုက်ဘူတာမှသာစည်ဘူတာအထိဆင်းကြမည်။သာစည်မှာဘူမိဗေဒကျောင်းသားများအတွက်ရထားတွဲနှစ်တွဲစီစဉ်ပေးထားသည်။၊

ကျန်အဖွဲ့တွေလည်းကိုယ်လမ်းကြောင်းနဲ့ကိုယ်…… သာစည်မှာဆုံကြမည်။ တစ်လနီးနီးနေခဲ့သော
မြင်းတိုက် Camp ကိုမော့ကြည့်မိပါသည်။ရထားစထွက်နေပြီ…… မြင်းတိုက်ဂတ်စာရေးကိုစံမြ၊ကျောင်းထိုင်ဘုန်းကြီး၊သူကြီးမိသားစု၊ရွာသူရွာသားများကိုလက်ပြနှုတ်ဆက် ရင်းမြင်းတိုက်ဘူတာတဖြေးဖြေးဝေး၍ဝေး၍ကျန်ရစ်ခဲ့ပါပြီ………….။


Comments

Popular posts from this blog

 မြင်းတိုက် Camp အမှတ်တရများ

အဖိုးအလှူ