ကျောက်ပန်းအိုးတံတား
ဒီနေ့ မနက် Camp ရှေ့မှာMap ကိုကြည့်နေသော ဆရာဦးမေတ္တာဆီမှ ဘာစကားထွက်လာမလဲ လို့ ကျွန်တော်တို့ အားလုံးစိတ်ဝင်စားစွာ နားစွင့်နေကြပါသည်။
ဒီနေ့ ရထားလမ်းကြောင်းအတိုင်း အပေါ်တက်မယ် ဟေး……….ဟေး………..
ကျွန်တော်တို့ အားလုံးဝမ်းသာအားရစွာဖြင့် အော်ဟစ်လိုက်ကြပါသည်။ရထားလမ်းကြောင်းအတို်င်းဆင်းလျှင် တောင်ထိပ်မတက်ရပါ။လူ သက်သာပါသည်။ကံကောင်းလျှင် ကျောင်းပိတ် အိမ်ပြန်ကြမယ့် တက္ကသိုလ်ကျောင်းသူတွေနဲ့ မိတ်ဆက်ခွင့် ကြုံနေဦးမည်။
နောက်ပြီး ရထားလမ်းတစ်လျှောက် အဆင်သင့် သောနေရာ မှာ လက်ဖက်ရည်ဆိုင် ထိုင်မယ်လို့ စိတ်ကူးထားသည်။ဒီနေ့အချိန် ရ သ လောက်ရထား လမ်းအတိုင်းအပေါ်တက်ကြမည်။
အပြန်သာစည် ဆင်းမဲ့ရထား လမ်းကြုံလိုက်မည် Camp နားမှာ ရထားရပ်ခိုင်း မည်။ ဘယ်လောက်သက်သာသလဲ…….
ကျွန်တော်တို့ Geology ကျောင်းသားများ Field ဆင်းတာနဲ့ ကြုံတို်င်း ရထား ဂတ်ဗိုလ်များက လမ်းကြုံတင်လေ့ရှိပါသည်။ဆင်းချင်တဲ့နေရာ က်ို ပြောထားလိုက်ပါက အိပ်ပြီးလိုက်သွားရုံပင် ။
ရောက်ပြီဆိုရင် ရထားရပ်ပေးလိမ့်မည်။ ကျေးဇူးတင်လိုက်တာ ဂတ်ဗိုလ်တို့ရယ်…
ဘုန်းကြီးပါစေ အသက်ရှည်ပါစေ……..
ဆရာသွား ရင်းနဲ့ ရှင်းပြနေပါသည်။ ပေါ်ထွက်ပိုင်း များကို လည်း လေ့လာနေကြပါသည်။ အားလုံးစိတ်ဝင်းစားနေကြပါသည်။တစ်ဖြည်း ဖြည်း လျှောက်ရင်း ကြည့်ရင်း နားထောင်ရင်းနဲ့ တက်လာလိုက်ကြတာ ကျောက်ပန်းအိုးတံတားနားရောက်လာပါသည်။
ကျောင်းသားတစ်ခုျို့့ကလည်း ဆရာဦးခင်မောင်လတ် နှင့် အတူ ကျောက်ပန်းအိုး တံတားကို ဖြတ်လျှောက်နေကြတယ်။ တစ်ခုျို့လည်း တစ်ဖက်ကမ်း ရောက်နေပြီ မဖြတ်လျှောက်ရဲတဲ့ကျောင်းသားတစ်ချို့တံတားထိပ်မှာ စောင့်ကြောင့်ထိုင်ပြီး ကြောက်လန့်နေကြတယ်။
ဒီအချိန်မှာ အောက်ဖက်က တက်လာတဲ့ရထား ဥသြသံ သဲ့သဲ့ကြားရပါသည်။ ကျွန်တော် တုုိ့ကတော့ မဖြတ်ရသေးပါ။ ဆရာဦးမေတ္တာစိတ် ပူပြီး မြန်မြန်ကူးကြဘို့ ဆရာဦးခင်မောင်လတ် ကို လှမ်းအော်ပြောလိုက်ပါတယ်။ ရထားက နီးလာတော့မည်။ကျောက်ပန်းအိုးတံတားသည် ရထားသာဖြတ်၍ရသောတံတား ၊ လူများ အတွက်လျှောက်ရန် နေရာမရှိပါ။ ယင်းမာပင် ဘူတာ မရောက်ခင် မှာရှိပါသည်။
ရထားလမ်း ဇာလီ ဖားတုံး ကို နင်း၍ သွားရသည် ။ အောက်ငုံ့ကြည့်တော့ ချောက်က တော်တော်နက်သည်။မူးချင်သလိုလိုဖြစ်လာသည်။ ငကျော် တစ်ယောက် မလျှောက်ရဲ၍ လေးဖက်ထောက်၍ သွားနေသည်။ တော်သေးတယ် ရထားမရောက်ခင် ဟိုဖက်ကမ်း ရောက်သွား လို့။။
ရထားနီးလာပြီ ဂတ်ဗိုလ်ကလိုက်မလား လို့ နှုတ်ဆက်ပြီးမေးနေတယ် ၊။ ဆရာက လက်ခါပြလိုက်တော့ဂတ်ဗိုလ်သဘောပေါက်ပြီးလက်ပြ နှုတ်ဆက်ထွက်ခွာသွားတယ်။
ကျွန်တောတို့ အဖွဲ့တစ်ခုျို့က တံတားဒီဖက်ထိပ်မှာ ရပ်စောင့်နေကြတယ်။ရထား ကျွန်တော်တို့ဘေးက ဖြတ်သွား ပါပြီ။ နားထဲမှာကိုယ့် နာမည်လှမ်းခေါ်သံလိုလို ရထား သံနဲ့ လုံးထွေးပြီးကြားသလိုလို နောက်ထပ်ကြားပြန်ပြီ ကျွန်တော်အိမ်နာမည် လှမ်းခေါ်နေသည်။
သေချာပြီ ကျွန်တော်အစ်မ ရထားပေါ်က ကျွန်တော့်ကို လှမ်းမြင်ပြီး ကျွန်တော့်ကို ခေါ်နေသံရထားပြူတင်း မှ ကိုယ်တစ်ပိုင်း ထွက်ပြီး ကျွန် တော့်ကို လက်ပြ နှုတ်ဆက် အော်ခေါ်နေသည်။
ထိုခဏ မှ ကျွန်တော့်လည်းအစ်မကို မြင်လိုက်ရပြီး ဝမး်သာအားရ ဦးထုပ်ကို မြောက်ပြီး ခြေစုံ ခုန်ကာ လက်ပြနှုတ်ဆက်မိပါတယ်။ ကျွန်တော်အနားမှာ ရှိနေတဲ့ သူငယ်ချင်းအားလုံးလည်း ဘာမှန်းတော့မသိ ကျွန်တော်လုပ်သလို ခုန်ပေါက်ပြီး လက်ပြနှုတ်ဆက်နေပါ တော့သည်၊။
ထိုစဉ် ရထားတစ်တွဲလုံးကလည်း ပြူတင်းပေါက် မှ လက်တွေ ပြန်ပြပြီး နှုတ်ဆက်နေပါတော့တယ်။ထိုခဏ မှ ရထားတွဲက လူတွေနဲ့ ကျွန်တော်တို့ကျောင်းသားတွေ နှုတ်ဆက်ပြီး အော်ဟစ်သံတွေဆူညံလို့နေပါတော့သည်။
ရထားက ကျောက်ပန်းအိုံးတံတား ပေါ်ဖြတ်ပြီး တောင်ခါးပန်းကို ကွေ့လိုက်တော့မှ………
မော်လမြိုင် ကောလိပ်ကျောင်းသားကျောင်းသူများ။ ကယားပြည်နယ် ဒီမောဆိုမြို့့ အသုံးလုံးလုပ်အားပေး အစ်မတို့ ရထားတွဲမှာ စာရေး ထားတာ ထင်ထင်ရှားရှား မြင်လိုက်ရတယ်။
အစ်မ ကျွန်တော့်တို့ လက်ပြရင်း နဲ့ တောင်နဲ့ ကွယ်သွားပါတယ်။ကျန်တဲ့ ကျောင်းသား အားလုံး တစ်ခဏ လက်ပြနှတ်ဆက်ခဲ့တဲ့ မော်လ မြိုင် ကောလိပ် ကျောင်းသူတွေ အကြောင်းပြောနေကြပါတော့သည်။ အစ်မကို မြင်ပြီးတဲ့ တစ်ခဏ မှာ ကျွန်တော် စိတ်တွေ အစ်မကို လွမ်းမိတဲ့ စိတ်တွေ ချက်ချင်းဝင်လာပါသည်။
ပြီးတော့ အမေ့ကို လည်း သတိရလာပါတယ်။ ဒီတစ်နွေ မှာ တိုက်ဆိုင် တာက ကျွန်တော့် အစ်ကိုကြီး RIT ကျောင်းသားက ပုဂံမှာ လေ့လာ ရေးသွားနေတယ်။ အစ်မက ကုသိုလ်ရအောင် ဒီမောဆိုမှာ အသုံးလုံးလုပ်အားပေးသွားတယ်။
ကျွန်တော်က ရှမ်းပြည်တောင်ပိုင်း မှာ Field ဆင်းနေတယ်။ ကျွန်တော်တို့ မြို့့ကလေးက ကျဉ်းပါတယ်။ အိမ်ဘေးက သူငယ်ချင်း တွေ အားလုံးနွေကျောင်းပိတ်ရက်ပြန်ရောက်နေချိန်မှာ အမေ တစ်ယောက် ဘယ်လောက်များ သားသမီးတွေကို သတိရရှာနေမလဲ ကျောင်းပိတ် ရက် ကျွန်တော်တို့ မောင်နှမ တွေပြန်ဆုံကြတိုင်း အမေ့မျက်နှာ သည် ပျော်ရွှင်ကြည်လင်နေပါသည် ။
တစ်နေ့ နဲ့ တစ်နေ့ မရိုးအောင်ဟင်းမျိုးစုံ ချက်ကျွေးလေ့ရှိပါတယ်။နေ့ခင်းဖက်တွေမှာမုန့်မျိုးစုံ လုပ်ကျွေး လေ့ရှိပါတယ်။ ဒီနေ့ ကျွန်တော် Field ဆင်းရတာ မပျော်တော့ပါ။
အမေ့ကို လွမ်းတဲ့စိတ် အမကို သတိရတဲ့စိတ်တွေပေါင်းပြီး ရင်ထဲက ငိုချင်စိတ်တွေ တစ်လိမ့်လိမ့်တက်လာလို့နေပါတယ်။ ကောင်လေး --အမကို တွေ့ပြီး အိမ်ကို သတိရနေပြီ ထင်တယ် ။ ဆရာဦးမေတ္တာ လူအကဲခတ်တော်ပါသည်။
ကျွန်တော်တို့ တိတ်ဆိတ် စွာ ဒီတစ်နွေ ကျွန်တော်တို့ မောင်နှမ တွေ အကြောင်း ရှင်းပြလိုက်ပါတယ်။ ပညာရှာနေတဲ့ သားသမီး တွေအ တွက် မင်းအမေ ဂုဏ်ယူနေမှာပါ။ကျွန်တော်ပခုံးပေါ်လက်တင်ပြီး တိုးညှင်းစွာ ဆရာကျွန်တော့်ကို အားပေးစကား ပြောခဲ့ပါတယ်။
ကျေးဇူးတင်ပါတယ် ဆရာ
ညအိပ်ရင် လည်း အိပ်မပျော်ဘဲနေ --
အမေ ဘယ်လို နေရှာမလဲလေ --
အကြိမ်ကြိမ်ထပ်လောင်း -- သားမိုက်ပြစ်တွေ ပြန်တောင်းပန်ပါရစေ။
Camp ပြန်ရောက်တော့ ဂစ်တာယူပြီးလားရှိုးသိန်းအောင် ရဲ့ အမေတစ်ခု သားတစ်ခု
သီးချင်းကို လှိုုက်လှိုုက်လှဲလှဲ ဆိုပစ်လိုက်ပါတော့တယ်။ ။ ။
Comments
Post a Comment