ဘဝခါးခါးရွှေမိ(၁)

(ကျော်ကြီးနှင့်ဘူမိဗေဒ...နောက်ဆက်တွဲ)

မတ်လတပေါင်းနွေနဲ့တပေါင်းနေပူပြင်းလှတယ်၊

ဒီကြားထဲသွပ်မိုးပျဉ်ကာတဲကုပ်ကုပ်၊နေအပူကိုစုပ်ယူထားသလိုဘဲ

“သံချောင်း...မောင်လေး...ထင်းကုန်တော့မယ်...ဦးကြီးတွေကိုထင်းလာပို့ခိုင်း...”

မီးဖိုကိုယပ်တောင်တဖြတ်ဖြတ်ခတ်နေသောရွှေမိ၊အပူဒဏ်ကြောင့်နဖူးမှချွေးတစ်စက်စက်ကျနေတယ်၊

လေတိုက်လိုက်သဖြင့်ကဇော်နံ့ချဉ်စုတ်စုတ်လေထဲပြန့်လွင့်နေတယ်၊

ကဇော်နံ့ကိုရှုမိပြီး...ရွှေမိ...ခေါင်းတငြိမ့်ငြိမ့်...နံပါတ်ငါးအတန်း...ချက်လို့ရပြီ...

ကဇော်ဖေါက်ထားသောစိမ်ရည်အိုးတွေဆယ်လုံးတစ်တန်းစီထားတယ်၊

စိမ်ရည်တွေကိုစဉ့်အိုးကြီးတွေနဲ့ထည့်ထားတယ်၊

အားလုံးအလုံးရာကျော်ရှိတယ်၊သူ့စီနီယာအတိုင်းစီထားတယ်

သူ့စီနီယာအတိုင်းအရက်ချက်ရမယ်

ယောက်ျားရှပ်လက်ရှည်နွမ်းနွမ်း..ကြီးကြီးကိုဝတ်ဆင်ထားသောမိန်းခလေး၊

နေဒဏ်မိုးဒဏ်ကြောင့်အသားညိုညစ်ညစ်ဖြစ်နေပေမဲ့၊

နေမထိတဲ့နေရာတွေမှာဖြူဝင်းနေတယ်၊

ကရင်တိုင်းရင်းသူအလှ၊သူဝတ်ထားတဲ့အဝတ်အစား၊အခြေအနေကြောင့်မပေါ်လွင်သလိုဖြစ်နေတယ်၊

မီးဖို ၆ ဖိုထိုးထားတဲ့ထင်းမီးအပူ၊တပေါင်းနွေအပူ၊ပူပြင်းလှတယ်

ဖိုထဲမှာမိန်းခလေး ၄ ယောက်ရှိနေတယ်၊အားလုံးချွေးတလုံးလုံးနဲ့

ရွှေမိစိတ်ထဲမှာနွေအပူကိုပူတယ်လို့မထင်ပါ၊

မကြာမီအရက်ရာသီရောက်တော့မယ်၊သင်္ကြန်အချိန်ဆိုအရမ်းရောင်းကောင်းတယ်၊

လှိုင်မြစ်ထဲမှာအရက်ဆီဆယ်ပီပါလောက်သဲအောက်မှာမြှပ်ထားတယ်၊

ရဲတွေရောက်လာပြီး၊များများတွေ့ရင်အမှုပိုကြီးလို့အစဖျောက်ထားတယ်၊

နဲနဲဘဲတွေ့ပြီးငိုပြလိုက်ရင်၊လိုင်းကြေးပေးလိုက်ရင်အိုကေပြီ

ဝါတွင်းအချိန်လူတွေဘုရားတရားလုပ်ကြတော့အရက်ရောင်းရတာနဲတယ်

သီတင်းကျွတ်ကစပြီးရောင်းကောင်းလာပြီ၊

သင်္ကြန်တွင်းရောင်းအကောင်းဆုံးဘဲ

ဇလုံထဲကိုတစ်စက်စက်ကျနေသောပေါင်းခံရည်ကိုကြည့်ရင်းရွှေမိ၊ခေါင်းတငြိမ့်ငြိမ့်

မျက်စိထဲမှာပေါင်းခံရည်လို့မမြင်၊

မဂိုလမ်းဦးချန်ထွန်းရွှေဆိုင်ကကိုဘသန်းရွှေအပိုင်းတွေလို့မြင်နေမိတယ်။

ဒီရွာလေးမှာမွေးခဲ့တယ်၊ဒီရွာလေးမှာကြီးခဲ့တယ်၊

ပြောရရင်ဒီအရက်ဖိုဘေးမှာမွေးပြီးကြီးခဲ့တယ်၊

ဒီရွာလေးနာမည်ကကရင်ချောင်ရွာတိုက်ကြီးမြို့နယ်အပိုင်

ကျမတို့အရက်ဖိုဘေးမှာလှိုင်မြစ်ရှိနေတယ်၊

တိုက်ကြီးနဲ့ဆယ်မိုင်လောက်ဝေးတယ်၊

ကျမမိဘတွေကအဖေဦးကရင်၊အမေဒေါ်မိုး...ကျမမောင်လေးကသံချောင်း

ကျမနဲ့ငါးနှစ်လောက်ကွာတယ်

မှတ်မိသမျှပြောရရင်၊ဆယ်နှစ်သမီးလောက်ထဲကကျမအရက်ချက်တတ်နေပြီ၊

အဖေလုပ်နေတာကြည့်ပြီးတတ်လာတာ၊

ကျမအတန်းပညာကရှစ်တန်းမှာကျောင်းဆက်မတက်တော့ဘူး

မောင်လေးသံချောင်းကျမထက်နဲနဲစာပိုတတ်မယ်၊

ကျမအတန်းပညာနဲခဲ့ပေမဲ့၊ကျမစိတ်တွက်နဲ့သင်္ချာတွက်တာအရမ်းမြန်တယ်၊

ချောင်းထဲမှာမြှပ်ထားတဲ့အရက်ဆယ်ပီပါရောင်းရင်ရွှေဘယ်လောက်ရမယ်ဆိုတာ

ကျမစိတ်ထဲမှာတွက်ပြီးနေပြီ၊

ကျမရွှေဝယ်ရင်အမေ့ကိုခေါ်ပြီးမဂိုလမ်းသွားဝယ်တယ်၊

တိုက်ကြီးမှာမဝယ်ဘူး၊သိသွားရင်ကျမအိမ်ဓါးပြလာတိုက်မယ်

ဦးချန်ထွန်းရွှေဆိုင်မှာဘဲဝယ်တယ်၊တခြားဆိုင်တွေမှာမဝယ်ဘူး

ကိုယ့်ကိုကိုယ်လဲအတတ်နိုင်ဆုံးမမှတ်မိချင်ဘူး

ကျမနေ၊နေတဲ့နေရာကဓါးပြတွေပေါတယ်၊

ရွှေဝယ်ပြီးရင်ကျမအိပ်တဲ့ကုတင်အောက်၊ဝါးကျည်ထောက်နဲ့ထည့်ပြီးမြေမြှပ်ထားတယ်၊

ကျမအဖေနဲ့အမေ..ကျမဆီမှာရွှေဘယ်လောက်စုမိလဲ..မေးလဲမမေးဘူး

သိလဲမသိဘူး..အထင်မကြီးအောင်လူတကာရှေ့မှာအမြဲငြီးပြရတယ်

လူတွေအထင်သေးတာကောင်းတယ်၊အန္တာရာယ်ကင်းတယ်

ကျမအဖေ...အရင်သူဌေးလက်ထက်ထဲကအရက်ချက်တယ်..

အဖေ့ဆီက..အရက်ချက်တဲ့ပညာ..ကျမရခဲ့တာ

တကယ်တော့ဒီနေရာ၊ဒီအရက်ဖိုတွေကိုအဖေ့သူဌေးအဖေ့ကိုပေးခဲ့တာ

သူ့သူဌေး...ရဲတွေ၊ကောင်စီလူကြီးတွေ၊မီးသတ်တွေ..လူမိုက်တွေလာပြီးမိုက်ကြေးခွဲတဲ့

ဒဏ်မခံနိုင်လို့၊စိတ်ညစ်ပြီးဒီလောက၊ကထွက်သွားတာ...

ကျမတို့ရွာနဲ့ငါးမိုင်လောက်ဝေးတဲ့နေရာမှာရွာလေးတစ်ရွာရှိတယ်၊

အဲ့..ရွာကိုကျမတို့လက်ကောက်ရွာလို့ခေါ်တယ်၊

တရွာလုံးကိုယ်ရေပြားရောဂါသည်ချည်းဘဲ

အားလုံးအနူတွေချည်းဘဲ...လက်ကောက်သူကြီးလဲအနူဘဲ..

လက်တွေတောင်မရှိတော့ဘူး

တရွာလုံးအရက်ချက်တယ်...အားလုံးကိုလက်ကောက်သူကြီးချုပ်ထားတယ်..

တရွာလုံးအတွက်..တင်လဲရည်..ရှာပေးတယ်..

(တင်လဲရည်ဆိုတာ..သကြားစက်ရုံတွေမှာသကြားခါထုတ်ပြီးရင်ထွက်လာတဲ့အချိုရည်)

ထွက်သမျှအရက်အားလုံး..လက်ကောက်သူကြီးကိုအပ်ရတယ်..

အပြင်မှာထွက်ရောင်းလို့မရ၊ဘယ်သူမှလဲလာမဝယ်ရဲ...

အဲ့...ရွာကျတော့ရဲတွေ၊လူမိုက်တွေ..မသွားရဲကြဘူး...

တခါကရွာနားကလူမိုက်တစ်ယောက်လက်ကောက်ရွာမှာ

မိုက်ကြေးသွားခွဲတာ..လူပါပျောက်သွားတယ်လို့ပြောကြတယ်

လက်ကောက်သူကြီးကလဲ..ခတ်မိုက်မိုက်...

ငါတို့က..သေမထူး...နေမထူးတွေ...

ငါပေးတဲ့လိုင်းကြေးမနဲစေရဘူး..ငါ့ကိုစိတ်အနှောင့်အယှက်လာမပေးကြနဲ့

လက်ကောက်သူကြီးပြောထားတဲ့စကားတွေ

အဖေ့..အရက်ဖိုကလက်ကောက်သူကြီးညီမနဲ့ယောက်ဖကိုပေးလုပ်ခဲ့တဲ့နေရာ,

သူတို့တွေကရောဂါမဖြစ်သေးတော့...

ဒီနေရာမှာမနေချင်ဘူး..ဒီလိုအလုပ်တွေလဲမလုပ်ချင်လို့ထားခဲ့ပြီးထွက်သွားတာ

အဖေနဲ့အမေကဆက်လုပ်တယ်...ဒါပေမဲ့..ရိုးရိုး..အအ..သိပ်မလုပ်တတ်ခဲ့ပါ,

ကျမတက်လာပြီးလုပ်မှငွေတွေအများကြီးဝင်လာတာ...

ကျမအရွယ်လဲရောက်လာတယ်...လုပ်တတ်ကိုင်တတ်တာလက်ကောက်သူကြီး

သိလာတော့..သူ့စာရင်းကိုင်လုပ်နေတဲ့တိုက်ကြီးကမောင်လှနဲ့ပေးစားဖို့လာပြောတယ်၊

သူ့ကြည့်ပြီး..ကျမနေရခက်လိုက်တာ...သူ့စကားသံတောင်မပြီတော့ဘူး..

ကျမနဲ့သူ့တူနဲ့ပေးစားလိုက်ရင်..ရန်သူတစ်ယောက်လျှော့သွားမယ်လို့တွက်ထားတဲ့ပုံဘဲ

ငွေတစ်သိန်းတင်တောင်းမယ်လို့လဲပြောသွားတယ်...

ကျမ...မိဘလုပ်ကျွေးပါရစေအုန်း...လိမ်လိမ်မာမာဘဲပြောလိုက်တယ်..

လက်ကောက်သူကြီးက...ငါ့နဲ့အမျိုးမတော်ချင်လဲရတယ်..

ငါ့..ရန်ဘက်မဖြစ်စေနဲ့တဲ့...ခြိမ်းခြောက်သွားတယ်..

အဖေကသူ့သူဌေးအမျိုးတွေဆိုတော့ရိုရိုကျိုးကျိုးဘဲဆက်ဆံတယ်..

နောက်မှ..အဖေပြောပြလို့လက်ကောက်သူကြီးအကြောင်းသိရတယ်...

လက်ကောက်သူကြီးအမျိုးသမီးကဆုံးသွားပြီ..

လက်ကောက်သူကြီးမှာ..သားသမီးသုံးယောက်ရှိတယ်..

ဒီကလေးတွေကိုဝင်ဒါမီယာထဲကခြံထဲမှာထားတယ်..ကားအကောင်းစားတွေနဲ့

ကျောင်းကောင်းကောင်းမှာထားပြီး၊စာသင်စေခဲ့တယ်

ကလေးတွေရောဂါကင်းတယ်..အမျိုးတွေကိုစောင့်ရှောက်ခိုင်းထားတယ်...

အဆက်အသွယ်မလုပ်တော့ဘူး..ဇာတ်မြှပ်ထားခိုင်းတယ်

ရသမျှငွေတွေကိုပို့ပေးနေတယ်....

လက်ကောက်သူကြီးလာပြီးတော့ကျမတို့နဲ့ဈေးကွက်ခွဲယူဖို့သဘောတူညီချက်ရခဲ့တယ်..

ရန်ကုန်တမြို့လုံးကိုလာမရှုပ်နဲ့....တိုက်ကြီးအပေါ်ဖက်ဈေးကွက်သူဝင်မပါဘူး..

အပြိုင်အဆိုင်လျှော့ရောင်းနေစရာမလိုတော့ပါ...

ဒါပေမဲ့...လက်ကောက်သူကြီးဟာ...ရဲတွေကိုနဲနဲကြပ်လိုက်ပုံရတယ်...

ဒီတလော..ရဲတွေအလာစိပ်နေတယ်...

ရဲအုပ်မောင်ကြည်...မကြာမကြာ..ရောက်လာတယ်..

သူလာနေတာ...ကျမရိပ်မိပါတယ်...အရွယ်ရောက်လာတဲ့ကျမ၊

စေ့စေ့ကြည့်ရင်ကျမအလှတွေထင်ရှားလာတော့နှာဘူးကျပြီးလာနေတာလဲဖြစ်မယ်

သူတို့နဲ့လဲမကင်းတော့..အလိုက်အထိုက်..နေနေရတယ်..

ပြောရရင်ဒီမှာလာလုပ်တဲ့အလုပ်သမားတွေလဲမကောင်းတဲ့ကောင်တွေခပ်များများ၊

ဘယ်ကလာမှန်းမသိ...ဝရမ်းပြေးတွေလား...သူခိုးတွေလား...

ဆိုတော့..ရဲတွေနဲ့လဲပေါင်းထားရတယ်...

ရဲအုပ်မောင်ကြည်..ကျမသိတာပေါ့...သူကျမကိုကြိုက်နေတယ်...

ကျမ..သူ့ကိုမကြိုက်ဘူး..

ကျမ..မိန်းမသားတစ်ယောက်အနေနဲ့ချစ်သူတော့လိုချင်ပါတယ်...

ကျမကြိုက်တဲ့သူက..ဟိုဟိုဒီဒီအမြဲပြောင်းနေရတဲ့..ဝန်ထမ်းတွေကိုမကြိုက်ဘူး..

ရဲအုပ်မောင်ကြည်..ဆို..ပိုဆိုးတာပေါ့...ဟိုမှာလိုင်းကြေး..ဒီမှာလိုင်းကြေး

တောင်းတဲ့နေရာမှာ..နာမည်ကြီး...

ဆော်ရှုတ်တဲ့နေရာမှာလဲ...နာမည်ကြီး...

တိုက်ကြီးခလေးမလေးတစ်ယောက်ကိုရှုပ်ပြီးမယူဘဲပြစ်ထားတဲ့ကောင်

ကျမ..အပျိုစင်ကို..အချောင်နှိုက်ဖို့ကြံနေတဲ့အကောင်...

“ရွှေမိ...နင့်ကိုငါလက်ထပ်ချင်တယ်”

“ငါနဲ့ယူရင်..ဒီလိုပင်ပင်ပမ်းပမ်း...လုပ်စရာမလိုဘူး”

“နောက်...ငါးနှစ်ဆို..ငါစခန်းမှူးဖြစ်ပြီ”

“အိမ်..ရမယ်..ကား..ရမယ်..လိုင်းကြေးတွေနဲ့ဆိုအေးအေးဆေးဆေးဖြစ်ပြီ”

“နင်..စိတ်ကူးမလွဲပါနဲ့”

စကားပြောရဲရဲနဲ့ရီးစားစကားပြောတဲ့ကောင်ကိုကျမ၊မကြိုက်ဘူး

ကျမကြိုက်တာက..ဆင်းရဲတာ..ချမ်းသာတာတွေမလို..

ကိုယ့်ကိုယ်ပိုင်အလုပ်ကိုစိတ်ဝင်စားပြီးလုပ်တဲ့လူမျိုးနဲ့တော့ဆုံချင်တယ်..

ဒီရဲအုပ်ကိုလဲသတိတော့ထားနေရတယ်..

စခန်းမှာ...ကျမတို့အတွင်းလူရှိတယ်..

“ဒီကောင်..နင့်ကိုကားတင်ပြေးမယ်လို့ပြောသံကြားတယ်...”

“နင်အသွားအလာသတိထားပါ..နေရာတကာသွားရင်နင့်အမေကိုခေါ်သွား”

ကျမသာ...ကားတင်ပြေးခံထိရင်...ကျမဘဝတော့သွားပြီ...

ရဲက..ကားတင်ပြေးရင်..ကျမ..ဘယ်သူ့ကိုသွားတိုင်ရမလဲ...

သတိထားရွှေမိ...သတိထား....

ကျမတို့ကိုတင်လဲရည်လာသွင်းနေတဲ့ပွဲစားတစ်ယောက်ရှိတယ်

သူ့နာမည်ကအနဲတင်ဝင်း...နဖူးပြာသုတ်တဲ့ကုလားမျိုး..

အနဲတင်ဝင်းသူဌေးကတိုက်ကြီးမှာရှိတယ်..

အနဲကို...လိုသလောက်ငွေတွေထုတ်ပေးတယ်...

ဦးတင်ဝင်း..လက်ကောက်ရွာကိုလဲရောင်းတယ်..

ကျမတို့ကိုလဲရောင်းတယ်...ကျမတို့ဝယ်တာအကြွေးစနစ်...

လက်ငင်းငွေချေဆိုတာ...Sorry….အရက်လောကမှာမရှိ

ဆိုတော့...တင်လဲရည်ပိုင်ရှင်တွေ...တင်ဝင်းကိုဘဲရောင်းကြတယ်..

ပိုင်ရှင်တွေကိုဦးတင်ဝင်းငွေဘယ်လောက်ချလဲ...

ကျမ၊မသိသလို...ကိုယ့်အလုပ်လဲမဟုတ်...

ဒီနေ့...စိမ်ရည်အိုးတွေလိုက်ကြည့်တာ...အလွတ်တွေများနေပြီ..

အနဲတင်ဝင်းဆီလိုက်ရအုန်းမယ်...

အရက်စုရမဲ့အချိန်နီးနေပြီ...

တိုက်ကြီးမှာသွားရှာရမယ်...မတွေ့ရင်သူ့သူဌေးကိုမှာထားရမယ်...

တိုက်ကြီးလိုက်သွားတာအနဲကိုမတွေ့ပါဘူး၊သူ့သူဌေးကိုဘဲမှာထားခဲ့တယ်၊

တိုက်ကြီးရောက်တုန်း...ဈေးထဲလျှောက်ကြည့်တာပေါ့

မိန်းခလေးဘဲ...ဝတ်ချင်..စားချင်..လှချင်တာသဘာဝဘဲလေ...

အထည်တွေလျှောက်ကြည့်၊မိတ်ကပ်တွေ၊နှုတ်ခမ်းနီတွေနဲနဲဝယ်တယ်၊

ဒါပေမဲ့...ကျမမှာဝတ်ဖို့အလှပြင်ဖို့...အချိန်လဲမရှိ၊

ဝတ်ဖို့...အလှပြင်ဖို့က...အချိန်တွေ...နေရာတွေလဲရှိသေးတယ်..

မိန်းခလေးဖြစ်တဲ့ကျမ...ကျမအလှတွေကိုပြချင်တယ်...

ကျမ..ဘဝ...ဘာမှမပြည့်စုံသေး...

ဒီဘဝ...ဒီနေရာမှာတသက်လုံးနေဖို့တော့စိတ်မကူးပါ

တချိန်ချိန်...နေရာသစ်မှာ...လူလူသူသူ...ဆက်ဆံလို့ရတဲ့ဝန်းကျင်မှာနေချင်တယ်

ဈေးထဲမှာအထည်တွေလိုက်ကြည့်ရင်းသူတို့တွေတောင်ဥက္ကလာဆယ်ရပ်ကွက်ဈေးမှာ

လက်ကားဒိုင်တွေဆီကဝယ်တာသိခဲ့တယ်၊

အလှကုန်ဆိုမင်္ဂလာဈေးမှာလက်ကားဒိုင်ရှိတာသိခဲ့တယ်...

ဒီနေ့တိုက်ကြီးဘုံကျောင်းဘုရားရှိခိုးတဲ့နေ့...လူတွေအရမ်းများတယ်..

ကျမလဲတခါမှဘုံကျောင်းအပေါ်မသွားကြည့်ဘူးပါ

ဈေးသည်တွေကပြောတယ်...ဘုံကျောင်းကိုအလှူထည့်ပြီးဆုတောင်း...

ဆုတောင်းပြည့်တယ်လို့ပြောလို့ကျမသွားကြည့်ချင်တယ်....

အား..ပါး..ပါး...အမွှေးတိုင်အနံ့...စက္ကူမီးရှို့တဲအနံ့...အသက်ရှုကြပ်..

မျက်လုံးတွေလဲစပ်လာတယ်....

ဒါတွေအရေးမကြီးဘူး...ဆုတောင်းပြည့်ရင်ကျမဆုတောင်းချင်တယ်...

အလှူငွေထည့်ပြီး...ကျမကိုအမကြီးတစ်ယောက်ကဘယ်လိုရှိခိုးရမလဲ

ဘယ်လိုဆုတောင်းရမလဲဆိုတာတွေသင်ပေးတယ်...

“အုန်းကုန်း..ဘိုးဘိုးကြီး...သမီးကို...လူကိုလူလို့သတ်မှတ်တဲ့နေရာလေးမှာ

နေချင်ပါတယ်...နေခွင့်ပေးပါ...ဘိုးဘိုးကြီး...”

ကျမဒါဘဲဆုတောင်းတယ်

ပိုက်ဆံတော့ရတယ်..ဒါပေမဲ့..လူတကာအနိုင်ကျင့်လို့ရတဲ့အရက်ဖိုမှာတော့မနေချင်တော့ဘူး

ကျမဆုတောင်းပြီးတော့ကျမကိုစာချကြည့်လိုက်

ဘာလဲတရုတ်စာချတယ်ဆိုတာ

အမကြီးလုပ်ပြတယ်...ဝါးကျည်ထောက်လိုမျိုးထဲမှာစာရေးထားတဲ့တုတ်ချောင်းတွေအများကြီး

တစ်ခုထွက်ကျလာအောင်လှုပ်ရတာ

ကျမလှုပ်ပြီးထွက်လာတဲ့တုတ်ချောင်းကိုအမကြီးဘာသာပြန်ပေးတယ်..

“သမီးက...ရေနဲ့ပတ်သက်တဲ့အလုပ်..လုပ်ပါ...စီးပွါးဖြစ်မယ်”

“နောက်အလုပ်ကရွှေနဲ့ပတ်သက်တာလုပ်..သူဌေးဖြစ်မယ်”

မှန်လိုက်တဲ့..အုန်းကုန်းတရုတ်စာတွေ...တဝက်တော့မှန်နေပြီ

ကျမအရမ်းဝမ်းသာတယ်...ဒါပေမဲ့...ကျမရွှေအကြောင်းမသိ..

ပိုက်ဆံတွေလူမမြင်အောင်လို့ရွှေအသွင်ပြောင်းထားတယ်..

ဒါပေမဲ့....အုန်းကုန်းဘိုးဘိုးကြီးကိုကျမယုံလိုက်ပြီ....

အရက်ချက်ရင်းရွှေတွေစုထားတာအတော်ရနေပြီ၊

တချိန်...ကျမရွှေဆိုင်လုပ်ဖို့အရင်ထဲကစဉ်းစားထားတယ်..

မဂိုလမ်းရောက်တိုင်းရွှေဆိုင်တွေကြည့်ပြီးအားကျနေခဲ့တယ်...

တနေ့ကျရင်ကျမရွှေဆိုင်ပိုင်ရှင်ဖြစ်ရမယ်......

“အုန်းကုန်းဘိုးဘိုးကြီး..သမီးကို..ကြီးပွါးအောင်.လုပ်ပေးပါ”

“နှစ်တိုင်းအလှူထည့်ပါ့မယ်...ကန်တော့ပါ့မယ်..”

အဖေတို့ကရင်ထဲကဘီးလင်းအရက်စက်ရုံမှာအရက်ချက်တဲ့ဆရာတစ်ယောက်၊

အစိုးရအလုပ်ကထွက်ပြီးအပြင်မှာလုပ်နေတယ်၊

သူ့အရက်စက်ရုံကသင်္ကန်းကျွန်းမှာရှိတယ်၊

ဒီနေ့အနဲတင်ဝင်းနဲ့သင်္ကန်းကျွန်းသကြားစက်ရုံမှာတင်လဲရည်ကြည့်ဖို့၊

အမေနဲ့ကျမလိုက်ခဲ့ကြတယ်၊

သင်္ကန်းကျွန်းဆရာအတတ်သင်သိပ္ပံရှေ့၊ပြည်ထောင်စုလမ်းထဲမှာ

ရွှေလင်းယုန်သကြားစက်ရှိတယ်၊ပိုင်ရှင်ကဦးစိုးမြင့်၊

သူ့သကြားစက်၊တင်လဲရည်လှောင်ကန်တွေပြည့်နေပြီ

တင်လဲရည်ထားဖို့နေရာခက်နေပြီ၊

တင်လဲရည်အတွက်နေရာရှိမှသကြားစက်ဆက်ပြီးလည်နိုင်မယ်

ပြောရရင်သူဌေးဗိုက်နာနေပြီ....

အနဲတင်ဝင်း..အတွက်ဂွင်မိနေပြီ..သူဘယ်လောက်ဈေးနင်းမလဲမသိဘူး..

ဒါတွေက..အနဲအလုပ်၊ကျမအတွက်တင်လဲရည်လိုနေပြီ...

ဖြစ်အောင်ဝယ်ခိုင်းရမယ်...

အနဲတင်ဝင်းနဲ့ဦးစိုးမြင့်တို့ဈေးညှိုနေကြပြီ...

ဘယ်လိုဘဲဖြစ်ဖြစ်...အနဲတင်ဝင်း...အပေါ်စည်းကနေပြီးဈေးတွေနင်းဆစ်မယ်..

သကြားစက်ရုံလဲ...တင်လဲရည်ထွက်သွားမှစက်ပြန်ပြီးလည်နိုင်မယ်..

ဆိုတော့...ပွဲကတော့ဖြစ်မှာဘဲ...

စက်ရုံပိုင်ရှင်တွေလဲအရောင်းအဝယ်အပျက်မခံနိုင်ဘူး....

ကျမစိတ်ထဲမှာဒီတင်လဲရည်အကုန်၊ကျမ..ရခဲ့ရင်..

စိတ်တွက်နဲ့ရွှေဘယ်လောက်ရမယ်ဆိုတာတွက်ပြီးနေပြီ....

အရောင်းအဝယ်တည့်သွားကြပြီ...ကျမတို့ပြန်ခဲ့တယ်..

“အနဲ...ဒီတင်လဲရည်...ကျမတို့ကိုအကုန်ပေးပါ...”

“ကျမတို့မှာလက်ကျန်နဲနေပြီ...”

အနဲ...”မဖြစ်ဘူး...လက်ကောက်အဖွဲ့ကိုပေးရအုန်းမယ်”

“တင်လဲရည်မချပေးရင်..အရင်အကြွေးတောင်းရခက်မယ်”

“မရဘူး...ကျမတို့ကိုဘဲပေးပါ”

အနဲ...”နင့်ကပစ္စည်းဘဲတောင်းနေတယ်..ငွေဘယ်လိုချမလဲ”

“အရင်ပုံစံအတိုင်းယူပေါ့”

အနဲ...”မဖြစ်ဘူး..သူဌေးငွေလိုနေတယ်..ငွေမြန်မှဖြစ်မယ်”

“တဝက်ချပေးမယ်..”

အနဲ...”သုံးပုံနှစ်ပုံချပေးရင်ရမယ်”

“မလုပ်နိုင်ဘူး၊အနဲဆီကမရ၊ရင်..ဖြူးကသကြားစက်ကိုဖုံးဆက်လိုက်တော့မယ်”

“ဖြူးသကြားစက်ကငွေလဲစောင့်ပေးတယ်”

“အနဲ..သဘော..လက်ကောက်ကိုပေးချင်ပေးလိုက်လေ...”

အနဲတင်ဝင်းစဉ်းစားနေပြီ...

“အနဲ...လက်ကောက်တွေကိုနောက်တစ်ခေါက်မှပေးလိုက်လေ”

“ဒီသကြားစက်လည်ရင်..တင်လဲရည်လဲထွက်နေတာဘဲဟာ...”

အနဲတင်ဝင်း..”အေးပါ...အေးပါ..ဒီတခေါက်နင့်ကိုဘဲပေးလိုက်မယ်”

“နောက်တစ်ခေါက်ကျရင်...လာမလုနဲ့နော်..”

“ကျမ..ငွေကျေရင်တော့..ထပ်ဝယ်မယ်လေ...”

အနဲနဲ့အလုပ်ဖြစ်သွားပြီမို့လို့လမ်းခွဲလိုက်ကြတယ်၊

အဖေ့မိတ်ဆွေဆီသွားမယ်..သူတို့အရက်စက်ရုံလဲ..သကြားစက်နားမှာရှိတယ်..

ရထားလမ်းလွန်ရင်လမ်းကြားလေးထဲမှာရှိတယ်...

အဖေမိတ်ဆွေအရက်ဆရာ...ပေါ့သေးသေးမဟုတ်..

ချက်ကိုစလိုဗက်ကီးယားမှာနိုင်ငံတော်ကလွတ်ပြီးအရက်ပညာသင်ခိုင်းခဲ့တယ်..

ဝီစကီ၊ဘရန်ဒီ၊ရမ်..ပြီးတော့..ဝိုင်လဲချက်တတ်တယ်...

နိုင်ငံတော်အတွက်အနှစ်သုံးဆယ်လုပ်ပေးခဲ့ပြီး..ပင်စင်ယူလိုက်တယ်...

သူ့ကိုချက်ချင်းအရက်စက်ရုံကခေါ်ပြီးအလုပ်ပေးခဲ့တယ်...

ရွှေမိ...“အဘ..နေကောင်းလား...”

အဘ..”နေကောင်းပါတယ်..ဒါပေမဲ့...စိတ်မကောင်းဘူး.”

ရွှေမိ...”ဘာဖြစ်လို့လဲ”

အဘ...”ငါဒီအလုပ်ကထွက်တော့မယ်...တစ်နှစ်လုပ်ပေးခဲ့မယ်”

“နောက်နှစ်...အိမ်မှာဘဲနားတော့မယ်”

ရွှေမိ...”ဘာအဆင်မပြေလို့လဲ..”

အဘ...”ငါသင်ခဲ့တဲ့ပညာကလူတွေသောက်လို့ရတဲ့အရက်ချက်ပညာ...”

“အခုဒီမှာက...ကျွဲတွေ၊နွားတွေ၊တိရိစ္ဆာန်တွေသောက်ဖို့အရက်ကိုချက်ခိုင်းနေတယ်”

“ငါတို့ကိုသင်ပေးတာကသောက်လိုက်ရင်...နောက်နေ့အရက်နာမကျစေရဘူး”

“ခေါင်းမကိုက်စေရဘူး...အရက်ဒီဂရီ..၉၂/၉၃ လောက်ဘဲချက်ခိုင်းခဲ့တာ..”

“ပိုင်ရှင်ကငါချက်တဲ့အရက်ဟာသူ့အတွက်မကျန်ဘူး..”

“ဘုံဆိုင်သမားတွေမကြိုက်ဘူးလို့ပြောပြီး...အရက်ဒီဂရီ ၉၈/၉၉ လောက်ချက်ခိုင်းတယ်”

“၉၈/၉၉ ဒီဂရီလောက်အဘချက်တတ်ပါတယ်”

“ဒီလိုမျိုးချက်ရင်သောက်တဲ့လူတွေသေကုန်မယ်၊အသက်တိုကုန်တော့မယ်”

“လူတွေဘေးဖြစ်မဲ့အလုပ်မျိုး..ငါမလုပ်တော့ဘူး”

“ဒါကြောင့်ဒီနှစ်ပြီးရင်အိမ်မှာဘဲနေတော့မယ်”

“အဖေကိုလဲပြောပြလိုက်ပါ”

အဘကိုနှုတ်ဆက်ပြီးအရက်စက်ရုံကပြန်ထွက်လာခဲ့တယ်...

လမ်းထိပ်လောက်မှာအရက်စက်ရုံကအလုပ်သမားနှစ်ယောက်လိုက်လာတယ်..

“ညီမ...လေးထောင့်ကန်လမ်းပေါ်ကပန်းစပယ်လ္ဘက်ရည်ဆိုင်မှာစောင့်နေပါ”

“ကျနော်တို့တိုင်ပင်စရာရှိလို့ပါ”

ဘာကိစ္စအတွက်လဲမသိဘူး၊အမေနဲ့ကျမလ္ဘက်ရည်ဆိုင်မှာစောင့်နေတယ်...

ခဏကြာ..ကောင်လေးတွေရောက်လာတယ်...

“ညီမ..အကိုတို့ကိုအရက်ဆီရောင်းပေးပါလား”

“အကိုတို့စက်ရုံလဲရောင်းမလောက်ဘူး”

“ကျမ...ရန်ကုန်ဂွင်ထဲရောင်းလို့မရဘူး”

“ရန်ကုန်ဂွင်ကိုလက်ကောက်သူကြီးချုပ်ထားတယ်”

“ကျမရောင်းပေးလိုက်ရင်..ကျမပြဿနာတက်ကုန်မယ်”

“လက်ကောက်သူကြီးမှာဝယ်ပါလား”

“အကိုတို့သူတို့နဲ့မဆက်ဆံချင်ဘူး...လက်ကောက်နေတယ်”

“ကျမရောင်းပေးလို့ရတယ်၊ဒါပေမဲ့..တိုက်ကြီးအပေါ်နားကရွာမှာသွားယူရမယ်”

ကျမနဲ့အရက်စက်ရုံအလုပ်သမားတွေနဲ့အရောင်းအဝယ်ဖြစ်သွားပြီ..

သူတို့စက်ရုံလဲထွက်သမျှအရက်ရောင်းမလောက်ဘူး

သူတို့လိုချင်တဲ့၉၈/၉၉ဒီဂရီလောက်ကျမရွှေမိချက်တတ်တယ်၊

ဓါတ်မြေဩဇာတွေဘယ်တစ်ဆုပ်၊ညာတစ်ဆုပ်..ကဇော်အိုးထဲထည့်လိုက်၊

ရာဘာဖိနပ်တစ်ဖက်ပါးပါးလှီးပြီးစိမ်ရည်အိုးထဲထည့်၊

တစ်ပတ်လောက်နပ်ထားပြီးချက်ရင် ၉၈/၉၉ မရရင်ရွှေမိလက်ကိုလာဖြတ်လိုက်

ဒါပေမဲ့ရွှေမိခုနှစ်ရက်သားသမီးသောက်တဲ့လူတွေကိုမေတ္တာထားပြီး

တစ်ဒီဂရီလျှော့ပြီး ၉၇ဒီဂရီဘဲချက်တယ်၊

တစ်ဒီဂရီလျှော့တာကဘုံဆိုင်ကလူသားတွေအသေမစောအောင်လို့၊

များများသောက်ပြီးမြန်မြန်သေသွားရင်ရွှေမိ...စီးပွါးပျက်သွားနိုင်တယ်...လေ

ဒီကောင်လေးတွေက..သူတို့စက်ရုံအရက်နဲ့ကျမအရက်နဲ့ရောပြီးရောင်းကြမှာ

ပိုင်ရှင်သူဌေးသိမှာတော့မဟုတ်ဘူး...

ရန်ကုန်မှာကျမရောင်းတာမဟုတ်လို့သူကြီးပြောခဲ့ရင်ငြင်းလို့ရတယ်...

ဒီကောင်လေးတွေနဲ့တော်တော်အလုပ်ဖြစ်တယ်...

ကျမလဲဈေးကွက်အသစ်ရလိုက်တယ်...

သူတို့နဲ့တွဲလုပ်တာသုံးလလောက်မှာလက်ကောက်သူကြီးဘယ်လိုသိသွားလဲမသိဘူး..

ကျမတို့ဆီလိုက်လာပြီးလာကြိမ်းတယ်...

“နင်တို့ပေးထားတဲ့ဂတိဖျက်တယ်”

“ငါ့အကြောင်း..သိစေရမယ်”ပြောပြီးပြန်သွားတယ်..

နောက်သုံးရက်လောက်မှာရဲအုပ်မောင်ကြည်ရောက်လာပြီး

အဖေ့ကိုခေါ်သွားတယ်..

ကျမတို့လိုက်သွားတော့အဖေ့ကိုအချုပ်ထဲထည့်ထားလိုက်ပြီ...

“နင်တို့တွေလိုင်းကြေးပေးတာနဲလွန်းတယ်”

“ဒါကြောင့်စခန်းမှူးခေါ်ခိုင်းတာ..လိုင်းကြေးနဲနဲတိုးပေးပါ..”

ကျမတို့အိမ်ကိုရဲအုပ်မောင်ကြည်လိုက်လာပြီးပြောနေတယ်..

“ဒီမှာစာရင်းစာအုပ်ကြည့်...အကြွေးစာရင်းဘဲရှိတယ်”

“တချို့ကောင်တွေရဲဖမ်းလို့ဆိုပြီးအကြွေးမဆပ်တဲ့ကောင်တွေလဲရှိတယ်”

“ပေးစရာငွေလဲမရှိတော့ဘူး..ငါ့မှာလူဘဲကျန်တယ်”

ပြောလိုက်မှ၊မှားမှန်းသိလိုက်တယ်

“အေး..ငါလဲလူဘဲလိုချင်တယ်...ငွေပေးစရာမလိုဘူး”

“ကျမအေးအေးဆေးဆေးဖြစ်တဲ့အချိန်မှရှင့်ကိစ္စစဉ်းစားမယ်”

“အခုခေါင်းနောက်နေတယ်”

ပြေရာပြေကြောင်းပြောလိုက်ရတယ်..

နေ့တိုင်းရဲစခန်းရောက်တယ်..အဖေ့ကိုထမင်းသွားပို့ရတယ်...

တစ်ရက်ရွာလယ်လမ်းမဘေးအိမ်မှာနတ်ပွဲပေးနေတယ်...

ကျမလဲစိတ်ပျက်လက်ပျက်နဲ့နတ်ကတာထိုင်ကြည့်နေမိတယ်..

ကျမစခန်းလာရင်အပြန်ရဲအုပ်မောင်ကြည်ပြန်လိုက်ပို့တတ်တယ်

အမေပါလိုက်လာတယ်၊ရဲအုပ်ကိုကြောက်လို့..

နတ်ပွဲမှာ...ပွဲပြင်နေတာတွေ...နတ်ကတဲ့လူတွေကိုထိမ်းပေးနေတဲ့ကောင်လေးတစ်ယောက်တွေ့တယ်

သားသားနားနား..ရုပ်ဖြောင့်တဲ့ကောင်လေး...ကောင်လေးကနဲနဲဝတုတ်တုတ်လေး..ချစ်စရာ

ကျမ..ရင်ထဲမှာတမျိုးဖြစ်နေတယ်...ဝတုတ်ကိုအပျိုဖြန်းကျမစိတ်ဝင်စားမိပြီ

ကျမ..ဝတုတ်မျက်နှာလေးကိုဘဲလိုက်ကြည့်နေမိတယ်...

နတ်ကနေတဲ့အလုပ်ကိုကျမစိတ်မဝင်စားဘူး..

ကျမစိတ်ဝင်စားတာနတ်ကန္နားစည်းရဲ့သား...ဝတုတ်

ကျမသူ့ကိုကြည့်နေတော့..သူလဲကျမကိုပြန်ရှိုးနေတယ်..

နောက်မှာရဲအုပ်မောင်ကြည်..ရှိနေတယ်...

“နတ်က...ဘူးလား”ဝတုတ်ကျမကိုကပ်ပြီးလာမေးတယ်

“စိတ်ညစ်စရာတွေရှိနေရင်နတ်ဝင်ကလိုက်...စိတ်ညစ်စရာတွေလျှော့သွားမယ်”

အလဲ့...နတ်ဆရာသားလဲ...အလာကြီး...

နောက်တစ်ရက်ရဲစခန်းကအပြန်..နတ်ပွဲသွားကြည့်တယ်..

ဝတုတ်ကိုကြည့်ရတာ၊မြင်နေတာ...စိတ်ချမ်းသာတယ်...

ရင်ထဲမှာတမျိုးကြီးဖြစ်နေတယ်...ဝတုတ်ကိုစိတ်ဝင်စားနေပြီ..

ကျမ..မြင်မြင်ချင်းချစ်မိတဲ့အချစ်လား...

ကျမ..ဝတုတ်အနားကပ်ချင်တယ်...ဝတုတ်ရဲ့ထွေးပွေ့တာခံကြည့်ချင်တယ်...

ကျမနောက်မှာထုံးစံအတိုင်းရဲအုပ်မောင်ကြည်ကြည့်နေတယ်...

ကျမ...ဝတုတ်နားကပ်ချင်တယ်...ဒီတော့နတ်ဝင်မှဘဲကပ်လို့ရမယ်...

နတ်ကနေတဲ့စည်းဝိုင်းထဲလှမ်းဝင်လိုက်တယ်..

“နေရာဖယ်ပေးကြပါ”ဝတုတ်..ကျမကိုလက်ကမ်းပြီးကြိုနေတယ်...

ဝတုတ်ဘေးကိုရောက်သွားတဲ့ကျမ...နတ်ဝင်သလိုမျိုးလက်လှုပ်...ခေါင်းလှုပ်..ဖင်လှုပ်နဲ့

နတ်ဝင်လိုက်ပြီ...ကျမကိုယ်ထဲဘာနတ်ဝင်သွားလဲကျမ..မသိ..

ကျမသိတာက...အချစ်နတ်ဝင်နေပြီ...

ကျမခေါင်းကိုနတ်ဘောင်းတော်..ဝတုတ်ချည်ပေးတယ်...

ကျမ..ရင်ကို..နတ်ဝတ်တံဆာအနီချည်ပေးတယ်..

ဝတုတ်လက်ကကျမ..ရင်ကိုမတော်တဆလား...တမင်လားမသိ၊လာထိတယ်..

နဂိုကမှအထိခံချင်နေတဲ့ကျမ..တမင်ပေးထိတယ်....

ကျမနှာခေါင်းနား..အီလယ်လယ်..ရေမွှေးနံ့တခုလာဖြန်းတယ်..

ကျမ..မူးမောသလိုဖြစ်ပြီး...ဝတုတ်ရင်ခွင်ထဲလဲချလိုက်တယ်...

ဝတုတ်...ကျမရင်သားရော...ဖင်ကိုပါကိုင်သလိုဖြစ်သွားတယ်..

ကျမ..ကျေနပ်သွားတယ်...ကျမ..က..ဝတုတ်အကိုင်ခံချင်နေတာလေ...

ဒီအခိုက်...ကျမ..အမေ...”နတ်ဆရာ...ကျမ..သမီးဖင်....ကိုနှိုက်နေတယ်”

အော်ပါလေရော...“နတ်ပွဲဖျက်တဲ့လူ..ငါတို့ရန်သူ..”

ဆိုပြီး နတ်ပွဲဘေးမှာရှိနေတဲ့လူမိုက်တွေကအမေ့ကိုဆွဲထုတ်ဖို့အနားရောက်လာချိန်

လူတွေလဲရုတ်ရုတ်သဲသဲဖြစ်နေကြပြီ

ရဲအုပ်မောင်ကြည်တပည့်ဆားပုလင်းနှစ်ယောက်ကလူမိုက်တွေကိုပြေးပြီးပိတ်ကန်တာ..

ရဲအုပ်မောင်ကြည်က “ဒိုင်း...ဒိုင်း..”သေနတ်နှစ်ချက်ဖေါက်ပြီးနတ်ပွဲထဲခုန်ဝင်လာတယ်

ဆိုင်းဆရာတွေခုန်ပေါက်ပြီးထွက်ပြေးကြပြီ..

လူတွေလဲသေနတ်သံကြားတော့ကြောက်လန့်တကြားပြေးကြလွားကြ..

“ဘယ်မလဲနတ်ဆရာ..မင်းလား..ငါ -ိုးမသားတွေ”

“နတ်တော့ကချင်တယ်..လိုင်းကြေးကျမပေးချင်ဘူး”

ဝတုတ်နဖူးကိုခြောက်လုံးပြူးဒင်နဲ့ဆောက်ချလိုက်တာနဖူးကွဲရော...

ဝတုတ်မျက်နှာတခုလုံးသွေးတွေဖြာပြီးစီးကျလာတယ်..

ကျမ..ရဲအုပ်မောင်ကြည်ကိုမုန်းသွားပြီ..

ကျမ..ချစ်နေတဲ့ဝတုတ်ကိုလုပ်လိုက်လို့

ကျားကျားခြင်းခြေမြင်တဲ့ရဲအုပ်မောင်ကြည်...သူတမင်ပါဝါပြလိုက်တာ

လိုင်းကြေးမနေ့ကလဲမရောက်လာဘူး...ဒီနေ့လဲမရောက်လာဘူး

မင်းတို့အားလုံးကိုအချုပ်ထဲထည့်မယ်...

အရက်ပုလင်းအကုန်သိမ်းခဲ့...ဆိုက်ကားနဲ့စခန်းပို့..

“နတ်ရုပ်တွေကော..သိမ်းခဲ့ရမလားဆရာ”

“နင့်မေကလွား....နတ်ရုပ်..ဘာလုပ်လို့ရလို့လဲ..ထားခဲ့”

နတ်လူမိုက်တွေ...နတ်ကနေတဲ့အခြောက်မတွေ..နတ်ထိမ်းတွေ..ဆိုင်းဆရာ..ဝတုတ်..အပါ

အားလုံးကိုလက်တွေကိုနိုင်လွန်ကြိုးနဲ့တုတ်ပြီးရဲစခန်းကိုသွားကြပြီ...

ရွာလယ်လမ်းမမှာနိုင်လွန်ကြိုးတန်းလန်းနဲ့နတ်ကတဲ့အဖွဲ့တွေ

တန်းစီပြီးရဲစခန်းဆီကို..ပါးစပ်ကလဲအော်ရသေး...

“နတ်တို့အဘ...ရဲအုပ်မောင်ကြည်”

“နတ်တို့အဘ..ရဲအုပ်မောင်ကြည်”

ကျယ်ကျယ်အော်..ကျယ်ကျယ်အော်စမ်း...

“နတ်တို့အဘ...ရဲအုပ်မောင်ကြည်”

“နတ်တို့အဘ..ရဲအုပ်မောင်ကြည်”

ခဏကြာတော့နတ်ကန္နာစည်းနဲ့ကျေးရွာကောင်စီတွေရဲစခန်းလိုက်သွားကြပြီ

နောက်နှစ်နာရီလောက်မှာတော့နတ်ပွဲပြန်ကနေကြပြီ

“ကိုကြီးကျော်..ရေ...ကိုကြီးကျော်..ရေ...”

“မူးလဲမူးတယ်..ထူးလဲထူးတယ်...ဒို့ကိုကြီးကျော်”

နောက်နေ့..နတ်ပွဲနောက်ဆုံးနေ့...ကျမရောက်ခဲ့တယ်

ဝတုတ်...နဖူးမှာပတ်တီးနဲ့...သူ့အလုပ်သူလုပ်နေတယ်..

ရဲအုပ်မောင်ကြည်လိုင်းကြေးရသွားပြီ..အနားမကပ်တော့ပါ

ဝတုတ်...ကျမကိုမသိမသာရှိုးနေတယ်...ကျမလဲသူ့ကိုကြည့်နေတယ်...

ငါတို့အဖွဲ့ကအင်းစိန်မှာရှိတယ်..ဒီမှာလိပ်စာ...ဝတုတ်ကပ်ပြီးပြောသွားတယ်..

သူလဲကျမကိုစိတ်ဝင်စားပြီထင်တယ်.....

“ရဲအုပ်ကြီး...ကျမကိုအနိုင်ကျင့်ပြီးကျမမေတ္တာကိုမမျော်လင့်နဲ့”

“ကျမအဖေကိုပြန်လွတ်ရင်..ရှင့်အတွက်ကျမစဉ်းစားမယ်”

“လူတစ်ယောက်ကိုအနိုင်ကျင့်တာမျိုးကျမမကြိုက်ဘူး”

“ကျမအဖေကိုရှင်တို့တပ်ချင်တဲ့ပုဒ်မတပ်ပြီးထောင်ချလိုက်”

“ရှင်လဲဒီတစ်သက်ကျမမေတ္တာကိုမမျော်လင့်နဲ့တော့”

ကျမ..ရဲအုပ်မောင်ကြည်ကိုအပြတ်ပြောလွတ်လိုက်တယ်။

နောက်နေ့..အဖေ့ကိုလာပြန်ပို့သွားတယ်....

ဒီပြဿနာမဖြစ်ခင်နှစ်လလောက်ထဲကဆယ်ရပ်ကွက်ဈေးနားက

သုမင်္ဂလာလမ်းပေါ်မှာခြံနဲ့အိမ်ဝယ်ထားပြီးပြီ...

အရက်ချက်တာကိုအဖေတို့လူယုံတစ်ယောက်နဲ့လွဲပြီး

ကျမတို့မိသားစုဒီရဲအုပ်နဲ့ဝေးရာပြေးရတော့မယ်...

ဓါတ်ပုံကိုအင်တာနက်မှယူထားပါသည်။

#ကိုဂျစ်

#ဘဝခါးခါးရွှေမိ..အပိုင်း(၁)

‘’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’

‘’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’

ဘဝခါးခါးရွှေမိ( ၂ )

(ကျော်ကြီနှင့်ဘူမိဗေဒ...နောက်ဆက်တွဲ )

ကျမဘဝ...အလုပ်သစ်နဲ့စတော့မယ်...

ဆယ်ရပ်ကွက်ဈေးမှာဆိုင်ခန်းငှားတယ်...ဒိုင်ကြီးတွေဆီကအထည်နဲနဲစီဝယ်ပြီးတင်ထားတယ်..

ကျမ..မောင်လေးသံချောင်း..အကူတစ်ယောက်ခေါ်ထားတယ်...

အလုပ်သစ်ကအရင်အလုပ်လောက်မကောင်းဘူး..

အရက်ချက်တဲ့အလုပ်က...လူတွေမလေးစားတာ..

ဝင်ငွေကသောက်သောက်လဲရတယ်...

ဒါပေမဲ့...ကျမစုမိသလောက်စုမိနေပြီ...

လူမလေးစားတဲ့အလုပ်ကို..မလွမ်းတော့ဘူး...

ဈေးထဲမှာဆိုင်ရောင်းရတာ...ကျမကြိုက်တယ်..

အိန္ဒြေရတယ်...လူကိုလူလိုမြင်ကြတယ်...လေးလေးစားစားဆက်ဆံကြတယ်..

ကျမဘဝ..ဒီလိုလေးလေးစားစားဆက်ဆံတာမျိုးမခံရဘူးတော့အရမ်းကျေနပ်တယ်

နောက်ပြီး..ရှိသေးတယ်...ကျမရဲ့အလှကိုပြခွင့်ရပြီ...

လှလှပပလေးဝတ်စားပြီးဆိုင်သွားရတာအရမ်းကျေနပ်တယ်

ကျမအလှကိုကြည့်ချင်ကြတဲ့လူတွေဆိုင်ရှေ့မှာစည်လို့

ခြောက်လလောက်နေမထိတဲ့အသားဝင်းလက်လာတယ်

ပြင်လိုက်ဆင်လိုက်တော့...ဘာမှပြောစရာမလို..

အဲ့ခေတ်ကဗီဒီယိုမင်းသမီးထက်သာတယ်..လို့ပြောကြတယ်

မိန်းမသားဘဲရှင်...ကိုယ့်ကိုလှတယ်ပြောရင်..ဘယ်သူကများစိတ်ဆိုးမှာလဲ

လှတယ်ပြောရင်..သဘောကျတဲ့သူတွေချည်းဘဲ

မောင်လေးသံချောင်းကိုလဲဆင်ထားပေးတယ်...

ဒါမှလူတွေလေးစားမှာ...

ကျမတို့ဆိုင်ကိုတောသူဌေးမောင်နှမဆိုင်လို့ခေါ်ကြတယ်..

ဒီလိုမျိုးအသိအမှတ်ပြုခံရတာ...ကျမဖြင့်ဝမ်းသာလိုက်တာ

ဆယ်ရပ်ကွက်ဈေးထဲမှာလက်ကားဒိုင်ကြီးတွေအများကြီးရှိတယ်....

ဦးသိန်းအောင်၊ဦးအင်ဟုတ်၊ဦးတိ၊ဦးအောင်မြင့်၊ဦးဘန်ချိန်း...အများကြီး..

ဝယ်ရတာ..အကြွေးစနစ်...ဆိုတော့ကျမတို့ပြန်ရောင်းတော့လဲအကြွေး...

ပြောရရင်..အကြွေးသံသရာကြီးထဲမှာလည်နေကြတာ...

သူတို့အကြွေးတွေက...အရက်အကြွေးထက်တောင်ပိုကြာသေးတယ်...

ကျမ..အသိတွေရှိတဲ့..တိုက်ကြီး၊ဥက္ကံ၊သာယာဝတီ၊သုံးဆယ်ဖက်ကိုရောင်းတယ်...

အလုပ်ကိုလောဘမကြီးဘူး...ဖြေးဖြေးမှန်မှန်..လုပ်နေရရင်တော်ပြီ..

ကျမစုထားတဲ့ရွှေတွေအများကြီး...

ကျမတို့မိသားစုလေးယောက်...တလစားတာ..ဘာမှမကုန်...

အမှန်က..ကျမရွှေဆိုင်အလုပ်လုပ်ချင်တယ်...

မဂိုလမ်းကဦးချန်ထွန်းတို့ဆိုင်ကိုလဲ..ကျမပေါ်ပေါ်ထင်ထင်သွားရဲပြီ..

အရင်က..ကျမကိုမသိစေချင်ဘူး..သိခဲ့ရင်ကျမဒုက္ခရောက်နိုင်လို့ပါ...

သူတို့တွေကျမ...ဆယ်ရပ်ကွက်ဈေးမှာဆိုင်ထွက်နေတာကြားပြီး

အံ့ဩနေကြတယ်...သူတို့စိတ်ထဲမှာ..အဝတ်အထည်ရောင်းတဲ့ကောင်မလေး

ရွှေတွေတော်တော်ဝယ်ပါ့လားဆိုပြီးအံ့ဩနေတာ

ဒီလိုဘဲအလုပ်လုပ်နေကြတာ..ကျမလဲနေသားကျလာပြီ...

တစ်ရက်သုမင်္ဂလာလမ်းပေါ်ကအိမ်တစ်အိမ်နတ်ကန္နားပေးနေတယ်..

ကျမ..ချက်ချင်း..ဝတုတ်ကိုသတိရသွားတယ်...

ကျမ..ရွာကထွက်လာတာ..နှစ်..နှစ်ရှိတော့မယ်...

နေ့လည်ဖက်မောင်လေးကိုဆိုင်စောင့်ခိုင်းပြီးနတ်ပွဲဆီကိုထွက်ခဲ့တယ်..

ဟာ...အံ့ဩစရာ...ဝတုတ်ကိုတွေ့လိုက်တယ်....

ဒါပေမဲ့...ကျမ..တစ်ခုတော့စိတ်ပူမိတယ်...

ဝတုတ်...မိန်းမရနေပြီလား...ကျမသိချင်လိုက်တာ...

ဝတုတ်..ကိုယ်ရေစစ်သွားတာကလွဲပြီးသိပ်မပြောင်းလဲ...

နတ်ပွဲဘေးနားကပ်သွားရင်း...ဝတုတ်ကိုလှန်းခေါ်လိုက်တယ်

“ဟဲ့...ဝတုတ်...နင်ငါ့ကိုမှတ်မိလား...”

သူ..ကျမကိုကြောင်ကြည့်နေတယ်၊နောက်...သေသေချာချာကြည့်ပြီး..

၃၇ မင်းနတ်စင်နောက်ထဲပြေးဝင်သွားပါလေရော...

ကျမလဲနတ်ပွဲထဲဝင်ပြီး...ဝတုတ်ကိုသွားဆွဲထုတ်ခဲ့တယ်..

သူ့ခမျာ...ဟိုကြည့်ဒီကြည့်..ထိပ်ထိပ်လန့်လန့်...ဖြစ်နေတယ်...

“ဟို...ရဲ...ပါလာသေးလား..”နဖူးကအမာရွတ်စမ်းရင်းမေးတယ်

မျက်လုံးကလဲတောင်ကြည့်မြောက်ကြည့်နဲ့

“နင်...ရဲနဲ့ယူလိုက်ကြပြီလား”

“နင်..ရော..မိန်းမရနေပြီလား..”

“ရဲနဲ့ယူလိုက်ပြီလား”ဒါဘဲထပ်မေးနေတယ်..

“ငါ..အိမ်ထောင်မကျသေးတဲ့အပျိုတစ်ယောက်ပါ..နင်ရော...”

အဲဒီလိုကြားတော့မှ”ဟင်း...”ကနဲသက်ပြင်းချလိုက်တယ်...

“ငါ..လဲမိန်းမ..မရသေးပါဘူး”

“ငါ..နင့်ကိုတွေ့ချင်လွန်းလို့...နင့်ရွာကိုလိုက်သွားသေးတယ်”

“မရှိတော့ဘူးလို့ဘဲပြောကြတယ်”

“ငါ့မှာ...စိတ်ပျက်လက်ပျက်နဲ့ပြန်လာ...နတ်ပွဲအလုပ်လဲစိတ်မပါတော့ဘူး”

“ဆယ်တန်းအောင်တော့...စာပေးစာယူဥပဒေဆက်တက်နေတယ်”

“ကျောင်းတက်ရင်းဦးလေးဆီမှာပန်းထိမ်ပညာသင်နေတယ်”

“ဒီနေ့...အဖေနေမကောင်းလို့လာကူနေတာ”

“ငါတို့ဘဝတွေကံကောင်းလို့ပြန်ဆုံကြတာနော်”

“ငါ..ဈေးမှာဆိုင်ထွက်နေတယ်”

“နင်လာလည်လို့ရတယ်”

အလှအပတွေပြည့်စုံနေတဲ့ကျမကိုကြည့်တဲ့ဝတုတ်မျက်လုံးထဲမှာချစ်ရည်တွေရွမ်းလက်နေသလို

ကျမ..ဝတုတ်ကိုကြည့်တဲ့မျက်လုံးထဲမှာလဲအချစ်ရည်တွေပြည့်နေမှာပါ

ဒီနောက်မှာတော့..ဝတုတ်တစ်ယောက်ကျမတို့ဆိုင်ကိုချောင်းပေါက်မတတ်လာပါတော့တယ်..

ရွှေစွန်ညိုဘာလိုလို့ဝဲသလဲဆိုတာ...ကျမသိပါတယ်...

မထွေးဖြစ်တဲ့ကျမက...လာပါ...လာပါ..ခေါ်နေတာကိုး...

ဒါပေမဲ့...ဝတုတ်..အကြောင်း...မေးရအုန်းမယ်....နောက်ကြောင်းရှင်းမှဖြစ်မှာ...

နတ်ကန္နားစည်းကဝတုတ်အဖေ...ဝတုတ်ဦးလေးတစ်ယောက်လဲပါတယ်..

ဝတုတ်..ဥပဒေကျောင်းတက်နေရင်း..လူလူချင်းလှည့်ဖျားပြီးလုပ်ရတဲ့အလုပ်တွေကို

စိတ်ကုန်လာတယ်၊နတ်ပွဲဆိုတာလဲဒီလိုပါဘဲ..

အသိဥဏ်နဲတဲ့လူတွေ...ယုံလွယ်သူတွေကို..ပြစ်မှတ်ထားပြီးလုပ်ကြတာ..

တောင်ပြုံးမှာရူးရူးမူးမူးနဲ့အခြောက်မတွေတွေ့ပြီးစိတ်ကုန်သွားတယ်..

ဒီနောက်ပိုင်းလူတွေစဉ်းစားဆင်ခြင်လာကြတော့နတ်ပွဲတွေအလုပ်သိပ်မဖြစ်တော့ဘူး

ဝတုတ်တစ်ယောက်...သူ့အဖေနဲ့ပြဒါးတစ်လမ်းသံတစ်လမ်း..ဖြစ်လာပြီ

အင်းစိန်ကဦးလေးတစ်ယောက်မှာပန်းထိမ်ပညာသင်တယ်.....

ရှိသလောက်ငွေနဲ့လက်ဝတ်လက်စားလုပ်...အင်းစိန်ဈေးမှာရွှေဆိုင်ဖွင့်ထားတယ်..

ရွှေကြည့်တတ်တော့...ရွှေအပေါင်ခံတဲ့အလုပ်၊လုပ်တတ်လာပြီ...

ဝတုတ်..ကသူအိမ်ထောင်ပြုရင်သူ့အိမ်နဲ့ကင်းကင်းရှင်းရှင်းနေမယ်လို့ပြောတယ်

ရွှေမိ..လဲ..ဝတုတ်ကိုကြည့်နေတုန်းဘဲ..သုံးသပ်နေဆဲဘဲ....

ချစ်တာနဲ့...အိမ်ထောင်ပြုတာနဲ့..ကွာတယ်လေ..

အားလုံးစိတ်ချရပြီဆိုတော့မှယူကြမယ်...

ရှိတဲ့အထုတ်အကုန်ချပြလို့မဖြစ်သေးဘူး...

လူချန်ပြီးအထုတ်...မ...ပြေးသွားရင်..ဘယ်နဲ့လုပ်မလဲ...

ကျမကတောသူ...ရန်ကုန်ရောက်တာမကြာသေးဘူး..

ဝတုတ်ကရန်ကုန်သား...နတ်ပွဲကအခြောက်မတွေနဲ့အလုပ်လုပ်နေတဲ့ကောင်ဆိုတော့

ရာနှုန်းပြည့်...မယုံရဘူး...

ကျမရွှေမိ...လိုချင်တဲ့အချက်တွေ..ဝတုတ်မှာတွေ့နေပြီ...

ရွှေအကြောင်းနားလည်တယ်...

ကိုယ့်ကိုယ်ပိုင်အလုပ်ကိုစိတ်ဝင်စားတယ်...

မကြာခင်ဘွဲ့ရတော့မယ်..ရွှေမိ..ပညာရေးကနိမ့်တယ်

အင်းစိန်ဈေးကသူ့ရွှေဆိုင်ကိုလဲသွားလေ့လာကြည့်တယ်...

ကောင်မကိစ္စတွေအရှုပ်အရှင်းရှိမရှိ...သွားကြည့်တာ...

တစ်ပတ်ဆယ်ရက်လောက်မကြာမကြာသွားတယ်...

ကောင်မတွေရှိခဲ့ရင်...ထွက်လာတော့မယ်....

အားလုံး..အေးအေးဆေးဆေး...တည်တည်ငြိမ်ငြိမ်....၅၀% လောက်တော့စိတ်ချရပြီ...

“ကျမ..မှာ..ငွေအရင်းအနှီးနဲတယ်...”ဟန်ကိုယ့်ဖို့လေ...

ကျမအထုပ်ကြီးတယ်လို့ပြောလိုက်ရင်..ဝတုတ်စိတ်ပြောင်းသွားနိုင်တယ်

မရှိချင်ယောင်ဆောင်နေလိုက်တယ်..

ကျမကြားထားဘူးတယ်..

အချို့ယောက်ျားတွေကအ(-ုတ်)ကြိုက်တာမဟုတ်ဘူး..အထုတ်ကြိုက်တာ..

“ကျမတို့ယူကြရင်ဘာလုပ်စားကြမလဲ”

“အထည်အလုပ်ကအကြွေးကြာတယ်”

“ငါ...ဘွဲ့ရအောင်ကျောင်းတက်လိုက်မယ်..”

ငါကျောင်းပြီး..ရွှေဆိုင်အလုပ်လုပ်မယ်..အထိုင်ကျရင်ယူကြတာပေါ့....

ဝတုတ်ကျောင်းပြီး...နောက်တစ်နှစ်မှာဘဲရွှေမိတို့ယူလိုက်ကြတယ်....

အထည်အလုပ်...အကြွေးအရမ်းကြာလို့အထည်အလုပ်ဖြုတ်လိုက်တယ်..

ဆယ်ရပ်ကွက်ဈေးရှေ့မြေညီတိုက်ခန်းတစ်ခန်းဝယ်ပြီး၊ရွှေမိရွှေဆိုင်ထိုင်နေပြီ...

ရွှေဆိုင်အလုပ်...တည်တည်ငြိမ်ငြိမ်...ဣန္ဒြေရတယ်.....

ရွှေမိဖြစ်ချင်တာတွေ...ရွှေမိဆန္ဒတွေပြည့်လာပြီ...

“ကျေးဇူးတင်လိုက်တာ..အုန်းကုန်းဘိုးဘိုးကြီး..”

ဒီနှစ်..အုန်းကုန်းဘိုးဘိုးကြီး...ကန်တော့ရက်ကျရင်တိုက်ကြီးဘုံကျောင်းသွားမယ်...

ရွှေမိ...မှာ...ဆုတောင်းစရာတွေကျန်သေးတယ်...

“အုန်းကုန်းဘိုးဘိုးကြီး...သားဖြစ်ဖြစ်...သမီးဖြစ်ဖြစ်...လိုချင်ပါတယ်”

“သမီး..ဆန္ဒပြည့်အောင်ကူညီပေးတော်မူပါ”

ဒီလိုနဲ့ဘဲ...သမီးချစ်ချစ်ကိုမွေးလာပါတယ်.....

ကျမတို့ဘဝတွေအေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်နဲ့လူ့ဘဝခရီးဆက်နေပြီ...

နောက်နှစ်...နောက်နှစ်...တွေမှာ..သမီးချစ်ချစ်အတွက်..မောင်လေးဖြစ်ဖြစ်

ညီမလေးဖြစ်ဖြစ်...အုန်းကုန်းဘိုးဘိုးကြီးမှာဆုတောင်းတယ်...

ဒါပေမဲ့...ရွှေမိဆန္ဒတွေမပြည့်ခဲ့ပါဘူး....

ချစ်ချစ်...လဲ..မောင်လေး...ညီမလေး...အရမ်းလိုချင်နေတယ်...

ချစ်ချစ်...သုံးနှစ်သမီးလောက်မှာ..ဘေးခြံကိုအင်ဂျင်နီယာဇနီးမောင်နှံ

နော်နော်တို့..ဝယ်လိုက်တယ်....

ပညာတတ်...သူတို့လင်မယားကိုကျမတို့အရမ်းအားကျတယ်..

ကျမ..သမီးချစ်ချစ်ကို..ပညာတတ်စေချင်တယ်...

သမီးချစ်ချစ်နဲ့နော်နော်တို့လင်မယားနဲ့လဲအဆင်ပြေတယ်...

အမေ...မောင်လေး..မမွေးနိုင်လို့...နော်နော်ကိုသွားပူဆာနေတယ်...

နောက်မကြာမှီမှာဘဲ...ချစ်ချစ်..မောင်လေးဖြစ်လာမဲ့...ကျော်လေးကိုမွေးတယ်..

ချစ်ချစ်..တစ်ယောက်...နော်နော်တို့အိမ်ကမခွါနိုင်တော့ဘူး...

ကျောင်းစတက်ထဲက..မနက်ကျောင်းမသွားခင်တစ်ခေါက်..ကျောင်းပြန်တစ်ခေါက်

ကျော်လေး...ကိုဝင်ကြည့်တာ..ချစ်ချစ်..ထုံးစံ...

ကျောင်းပိတ်ရက်ဆို...ကျော်လေး..တို့အိမ်မှာဘဲချစ်ချစ်..ရှိနေတယ်..

ကျော်လေး...ကျောင်းစတက်တော့..ချစ်ချစ်နဲ့ဘဲ..ကျောင်းလိုက်သွားတယ်

ချစ်ချစ်..ကျောင်းသွား..ကျောင်းပြန်..တာဝန်ယူထားတယ်...

ကျမသမီး..ချစ်ချစ်..၉တန်းနှစ်လောက်မှာ...ကျမ..ညတိုင်းအိပ်မက်တယ်..

ချစ်ချစ်ကိုသူနဲ့လက်ဆက်ပေးဖို့...သူကစီးပွါးတက်အောင်လုပ်ပေးမယ်ဆိုဘဲ..

အိမ်မက်က...တနေ့လဲမဟုတ်..တညလဲမဟုတ်...

ညတိုင်းနီးပါးဖြစ်လာတော့...နဲနဲပါးပါး..နားလည်တဲ့သူတွေမေးမြန်းရပြီပေါ့

ကိုကြီးကျော်နတ်ကလက်ဆက်ခိုင်းတာလို့ပြောကြတယ်..

ကျမ...နတ်အကြောင်းနားလည်တဲ့ကျမ..ကျားကျား..ဝတုတ်ကိုမေးတော့..

သူကလုံးဝလက်မခံ...မယုံစမ်းပါနဲ့လို့ပြောနေတယ်..

ဒါပေမဲ့..သိတယ်ဟုတ်..မိန်းမလေ..မိန်းမအစွမ်းနဲ့ဖိပြောတော့...

ကျားကျား..ဝတုတ်...မင်းစိတ်ချမ်းသာသလိုလုပ်တော့...

ဘာဖြစ်လဲ..တကယ်ဖြစ်တာမှမဟုတ်တာ..

နတ်တွေက..အငွေ့ဘဲ..စားတာလေ..စားပေ့စေပေါ့

အဲဒီနေ့..မနက်စောစော..ကျမသတိရမိတယ်..

ကန်တော့ပွဲတွေပြင်...ချစ်ချစ်ကိုသတို့သမီးဝတ်စုံဆင်တယ်...

အဲ့..အချိန်..အိပ်မှုံစုံဖွားနဲ့ထလာတဲ့..သံချောင်းလဲမြင်ရော

“ဟာ..အမ...ဘာတွေဖြစ်နေတာလဲ”

“ချစ်ချစ်ကိုစေ့စပ်မလို့လား..ကျနော်လဲဘာမှမသိရပါလား”

ရွှေမိ..”ချစ်ချစ်ကိုယောက်ျားပေးစားတော့မလို့”

သံချောင်း..”ဗျာ..ကျနော့်တူမ..အသက်မပြည့်သေးဘူးနော်”

“အားလုံးပြဿနာတက်ကုန်မယ်၊..ယောက်ဖ...ဘာတွေလဲကျနော်ကိုပြောပါအုန်း”

“မင်းအမ..သူလုပ်ချင်တာလုပ်နေတာ..ကိုကြီးကျော်ကိုဆက်မလို့လုပ်နေတာ”

သံချောင်း...”တော်သေးတာပေါ့..နတ်ဖြစ်နေလို့..”

ရွှေမိ...”သံချောင်း..မျက်နှာသစ်..အဝတ်အစားလဲပြီးလာခဲ့”

သံချောင်း..”အမ...ကျနော့်ရပ်ကွက်ထဲကနတ်ကတော်ငမူး..”

ကိုကြီးကျော်ဝင်ပူးပြီး..ကျနော့်တူမကိုလာဆွဲရင်ဘယ်လိုလုပ်မလဲ”

“ရမလား..ဟဲ့..ငါကိုယ်တိုင်..ဓါးနဲ့ထွက်ခုတ်မှာ...”

“ဒီမှာ..ငါ့အိမ်သားကလွဲပြီးဘယ်သူမှမသိဘူး”

အဲဒီလိုနတ်ကိုဆက်ခဲ့တာ..စီးပွါးတွေလဲတက်တယ်..

လူတွေကဘဲစီးပွါးရေးလာဘ်မြင်လို့လား..နတ်..မ..တာလားမသိ

ရွှေမိစီးပွါးရေးတက်လာတာက..အမှန်ဘဲ...

ချစ်ချစ်ဆယ်တန်းအောင်တော့...ကျော်လေး...၆တန်းတက်ပြီ...

ချစ်ချစ်...ရန်ကုန်တက္ကသိုလ်လှိုင်နယ်မြေမှာ..ဓါတုဗေဒ..ဘာသာနဲ့တက်နေပြီ၊

ရွှေမိ..ရင်...နဲနဲအေးသွားပြီ...သမီး..ဘွဲ့ရတစ်ယောက်ဖြစ်တော့မယ်...

ဒါပေမဲ့...သမီးရီးစားထားတတ်နေပြီလားမသိ..

စိတ်နဲနဲပူမိတယ်...မဟုတ်မဟတ်ကောင်မျိုးနဲ့တွေ့ရင်ဒုက္ခ...

ဟိုရက်က..နော်နော်တို့အိမ်မှာအလှူလုပ်တုန်းက..နော်နော့်တူ..တောင်ငူက

ဘူမိဗေဒမှာကျောင်းတက်နေတဲ့ကျော်ကြီးကိုတွေ့ခဲ့တယ်...

သူတို့တွေ..ကျောင်းမှာထဲကသိနေကြတယ်ဆိုဘဲ...

ဒီကောင်လေးလဲ...မဆိုးပါဘူး...နော်နော့်တူ...တောသူဌေးတွေလို့ကြားထားတယ်..

ရပ်ကွက်ထဲမှာရီးစားရှိလားလို့..သံချောင်းကမေးတာ..မကြားဘူးလို့ပြောတယ်..

ကရင်နှစ်သစ်ကူးပိတ်ရက်တုန်းကခဝဲခြံမှာကျော်ကြီးနဲ့ချစ်ချစ်

လမ်းချိတ်ပြီးလမ်းလျှောက်နေကြတာ..ဘေးလူတွေကိုတောင်မမြင်တော့ဘူး..

ကောင်မ..ငါ့ကိုပြောတော့..သူငယ်ချင်းအလှူတဲ့...

ခုတော့လူတကာစားတဲ့စတုဒီသာကိုသွားနေတယ်...

ကျော်ကြီးနဲ့တွဲနေတာမြင်တော့ကျမ..ကျေနပ်သွားတယ်..

ဒါပေမဲ့...သံချောင်းအရှေ့မှာငယ်သေးတယ်ဆိုပြီး

မျက်ရည်ကျ..ပြရသေးတယ်..ရင်ထဲမှာဝမ်းသာလုံးဆို့နေတယ်...

သမီးနဲ့ကျော်ကြီး..ဘယ်အဆင့်တွေရောက်နေကြပြီလဲမသိ..

ခေတ်ခလေးတွေက..အရမ်းမြန်တယ်...သမီးကိုသတိပေးထားရအုန်းမယ်..

အခုအရေးကြီးတာ...ကိုကြီးကျော်ကိုကန်တော့ပွဲပေးပြီးတောင်းပန်ရမယ်..

“ကိုကြီးကျော်...သမီးလေးချစ်ချစ်ကိုဗွေမယူပါနဲ့..”

“မလိမ်မိုး...မလိမ္မာ..ငယ်သူမို့ပါ..ခွင့်လွတ်တော်မူပါ..”

“ကိုကြီးကျော်လဲလိုသလိုအသုံးချပါ..ရွှေမိကိုလဲစီးပွါးရေးဆက်ပြီးမပေးပါ”

သံချောင်း..”အမ..ကျနော်ပြောမထွက်ဘူး..”

ရွှေမိ..”ဘာဖြစ်နေတာလဲ..”

သံချောင်း..”ချစ်ချစ်...ရှောင်လင်ဘုန်းကြီးနဲ့...”

ရွှေမိ...”ဟိုနေ့က..ကျော်ကြီးနဲ့တွေ့ပြီး...ဘယ်ကတရုတ်ဘုန်းကြီးနဲ့ဖြစ်ပြန်ပြီလဲ”

“ကောင်မ..ရီးစားဘယ်နှစ်ယောက်တောင်ထားနေလဲမသိဘူး”

“တော်တော်..ထနေ..””ပြော...ဘယ်ကဘုန်းကြီးလဲ...”

“ဟို...ဟို...ကျော်ကြီးနဲ့ဘုန်းကြီးနဲ့...ဟို..ဟို..”

ရွှေမိ...”ဘာလဲကွာ..ရှင်းရှင်းပြောပါ...နောက်ဘယ်သူကျန်သေးလဲ”

“ငါ..ရိုက်ရင်တော့သေတော့မယ်..ဒီကောင်မတော့..”

“သောက်သုံးကိုမကျဘူး..၊ကျော်ကြီးနဲ့ဆိုဟုတ်တုတ်တုတ်..”

“ဘယ်...တရုတ်ဘုန်းကြီးတွေကရောက်လာလဲ..”

သံချောင်း...”အမ..စိတ်လျှော့ပါ..ကျနော်ပြောပါရစေ..”

“ညဖက်နော်နော်တို့အိမ်ဖက်ကကျော်ကြီး..ရှောင်လင်သိုင်းနဲ့ချစ်ချစ်

အခန်းထဲဝင်တာ...ကျနော်မြင်တယ်..”

ရွှေမိ..”ဟင်...ဘုရား..ဘုရား...ဘယ်အဆင့်တွေရောက်ကုန်ပြီလဲမသိ..”

“သံချောင်းနင့်ပါးစပ်လုံပါစေ..ကျားကျား..ဝတုတ်ရှေ့မှာမဟနဲ့နော်”

“ဒီကောင်လေး..ချစ်ချစ်ကိုအမြန်ခိုးပြေးရအောင်..နင်စဉ်းစားထား...”

“လွန်လဲလွန်နေပြီဆိုတော့..ကိုယ့်ဖက်ကအနာချည်းဘဲ..”

“ဒီကောင်လေး..အချစ်ဒီဂရီ..အတက်ဆုံးဖြစ်နေပြီ..”

“ဆိုတော့...အမြန်ဆုံး..ခိုးပြေးရအောင်..နင့်အကြံနဲ့လုပ်ပေးလိုက်”

“အားလုံး..ပိပိရိရိ..ဖြစ်ပေ့စေ..”

“စိတ်ချပါ..မမ..”

‘’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’

“ချစ်ချစ်...ငါ့ကိုမှန်မှန်ပြော..ကျော်ကြီးနဲ့နင်..သမီးရီးစားဖြစ်နေကြပြီလား..”

“မေမေ့..ကိုဘယ်သူပြောလိုက်တာလဲ..”

“မေးနေတာ..ဖြေစမ်းပါအေ..”

“ဟုတ်တယ်...သမီးတို့ချစ်နေကြပြီ..အရမ်းချစ်နေကြပြီ”

“အေး...ဘယ်အခြေအနေတွေရောက်နေပြီလဲ...”

“မေမေ..ဘာလုပ်ဖို့လဲ..ရှက်စရာကြီး..”

“သောက်ကောင်မ..မအေနဲ့သမီး..ဘာမှရှက်စရာမလိုဘူး..ပြောပါအေ..”

“ဟိုး..စကြာဝဋာအဆုံးထိရောက်သွားပြီ..”

“ငါ..ထရိုက်ရင်..နင်တော့သေတော့မယ်...”

“ဘာလို့ဒီလို...လွယ်လွယ်ပေးလိုက်ရတာလဲ..”

“မိုက်လိုက်တဲ့..သမီး..ရယ်..”

“မအေ..ပေးထားတဲ့လယ်တစ်ခင်းကို..ဘာလို့ကျော်ကြီးကိုပေးထွန်ရတာလဲ”

“ငါ့သမီး..ညံ့ချက်က စံဘဲ”

“နင်..သမီးရီစားအဆင့်မှာ...ဒီအဆင့်မရောက်ရဘူးလေ..မိုက်လိုက်တာ”

“ကျော်ကြီး...နင့်ကိုပြစ်သွားရင်..နင်ဘယ်လိုလုပ်မလဲ..”

“ကျော်ကြီး..သမီးကိုမပြစ်ပါဘူး...”

“နင်ကဘယ်လိုသိ..”

“ကျော်ကြီးရော...ကျမရော..အရူးအမဲသားစားမိသလိုဖြစ်နေလို့ပေါ့..”

“သွားသေလိုက်ပါလား..”

ဒီသမီးနဲ့ဒီအမေ...အလိုလိုက်တယ်..သူငယ်ချင်းလိုပေါင်းခဲ့တယ်

အမြဲတမ်းပွင့်ပွင့်လင်းလင်း..ပြောလေ့ရှိတယ်..

ဒီတခါတော့..ဒီသမီးကိုထရိုက်ချင်နေပြီ..ညံ့လွန်းလို့..

အဆုံးစွန်ထိလိုက်လျောလိုက်တာကထားပါတော့လေ...

ဒါလဲချည်တိုင်..ချည်နည်းတစ်မျိုးဘဲ...

ဒါပေမဲ့...မပိုင်သေးဘူး...ကောင်လေးထလစ်သွားရင်

ကိုယ်ဖင်ကွဲပြီးကျန်ခဲ့မှာ....

“ဟဲ့..သမီး..နင်တို့နှစ်ယောက်အမြန်ဆုံးယူလိုက်ကြတော့..”

“ဟာ...မေမေ..ကလဲ..ကျောင်းလဲမပြီးသေးဘူး..”

“လွန်လဲလွန်နေပြီ...ကျောင်းပြီးအောင်မစောင့်နဲ့တော့..”

“သူ့အိမ်အကြောင်းတွေကို..ငါတို့လဲမသိဘူး”

“သူ့အိမ်ကမိန်းမအတင်းပေးစားလိုက်ရင်..နင်ဘယ်လိုလုပ်မလဲ”

“ဘယ်သူမှအခြေအနေတွေကိုကြိုသိကြတာ..မဟုတ်ဘူး..”

“အခုကျော်ကြီးတတိယနှစ်ကွင်းဆင်းနေတယ်..ဟုတ်..”

“ဟုတ်ကဲ့..မေမေ..”

“သူပြန်လာရင်..ရန်ကုန်လာမှာလား..ရွာပြန်မှာလား..”

“ရန်ကုန်လာမယ်ထင်တယ်..”

“နင်ကဘယ်လိုသိလဲ...”

“သူအရမ်း..ရောဂါတက်နေပြီ..”

“ကောင်းတယ်...”

“ကျော်ကြီး..ရန်ကုန်ရောက်ရင်..အမြန်ဆုံးခိုးပြေးခိုင်း...”

“ဟာ...မေမေ..ကလဲ...ဘယ်လိုပြော..ရမလဲ..သူမခိုးဘူးဆိုရှက်စရာ..”

“ဘာမှမပြောနဲ့..ဦးသံချောင်းမှာဇာတ်ညွန်းရှိတယ်...”

“ဦးသံချောင်း..ပြောသလိုလုပ်...”

“အေး...နင်..အိုက်တင်..ကောင်းဖို့လိုတယ်နော်....”

“ကျော်ကြီး..ခိုးပြေးမယ်ဆိုရင်..ဘောက်ထော်ကအပျိုကြီးအိမ်ကိုခေါ်သွားခိုင်း..”

“ငါ...ကန်တော့ပွဲနဲ့တောင်းပန်စရာတွေလုပ်လို့ရမှာ...”

ကျမရွှေမိ..အရမ်းချစ်ရတဲ့သမီးလေး...

ခုတော့..ကျမထက်ပိုချစ်ရမဲ့သူတွေ့နေပြီ..

ဝမ်းနည်းလိုက်တာ...မတတ်နိုင်ဘူးလေ..ကြုံတွေ့ရမဲ့ဓမ္မတာတွေဘဲ...

ဒါပေမဲ့...ယူဖြစ်ကြရင်..တောင်ငူမှာလိုက်နေခိုင်းလို့မဖြစ်ဘူး..

ကျမ..ရင်ကွဲမှာ...သူ့တစ်ဘဝအတွက်ကျမရှာထားပြီးပြီ....

ချစ်ချစ်...အေးအေးဆေးဆေး..ရွှေဆိုင်ထိုင်ယုံဘဲ....

နောက်ပြီး...သမီးလဲ..ချစ်တီးအလုပ်..လုပ်တတ်နေပြီလေ..

ဘာလိုသေးလဲ.....

ကျမငယ်ငယ်တုန်းကလို...ပင်ပမ်းတဲ့အလုပ်..လုပ်နေရတဲ့ဘဝမျိုးနဲ့မကြုံတွေ့စေရ၊

သူတို့ယူဖြစ်ကြရင်...မွေးစမ်း...ကျမမြေးတွေ...ကျမထိန်းနိုင်သေးတယ်...

ကျမတုန်းကလိုချင်ရက်နဲ့မရောက်လာခဲ့ကြ....

ရပ်ကွက်ထဲကဆိုက်ကားသမားအိမ်..မွေးလိုက်တဲ့ခလေး...တပြွတ်ပြွတ်နဲ့...

ချစ်ချစ်ကိုအနဲဆုံး ၃ ယောက်မွေးခိုင်းရမယ်...

ဟာ...ငါဘာတွေလျှောက်တွေးနေလဲမသိ...

သူတို့တွေယူတဲ့အဆင့်မရောက်သေး....

“မမ...ကျနော်တို့ဆင်ထားတဲ့အကွက်ထဲဝင်နေပြီ..”

“သူတို့ခိုးပြေးကြတော့မယ်”

“အို..ကေ..”

‘’’’’’’’’’’’’’’’’’’’’’’’’’’’’

“မမ...အပျိုကြီးအိမ်ကိုရောက်သွားပြီ”

“ဒါဆိုဒီည...အတွက်ကန်တော့ပွဲပြင်ထားလိုက်တော့”

‘’’’’’’’’’’’’’’’’’’’’’’’’’’’’’’’

“မမ...သူတို့တောင်ငူသွားဖို့ကားငှားလို့မရဖြစ်နေတယ်”

“အို..ဘာခက်လဲ...သံချောင်းနင်ဘဲလိုက်ပို့လိုက်...”

“နေအုန်း...နေအုန်း...သူတို့အိမ်ရှေ့ရောက်အောင်သွားမပို့နဲ့..”

“ကျော်ကြီး..အမေ..သူ့သားကို..ဂျင်းထည့်လိုက်တယ်လို့ထင်နေအုန်းမယ်”

“ကျနော်..သဘောပေါက်တယ်..”

‘’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’

ချစ်ချစ်တို့မင်္ဂလာဆောင်နှစ်ပွဲလုပ်ပေးလိုက်တယ်...

တောင်ငူမှာတစ်ပွဲ...ရန်ကုန်မေခလာခမ်းမမှာတစ်ပွဲ....

ကျမ၊မရွှေမိ...ရင်နဲနဲအေးသွားပြီ...

သမီးကို...ကျားကျားတွေကိုကိုင်တွယ်တဲ့နည်းလမ်းတွေသင်ပေးရအုန်းမယ်...

သူ့လက်ထဲမှာ..ကိုင်တွယ်မတတ်လို့...ချော်ထွက်သွားရင်..ချစ်ချစ်..ညံ့လို့ဘဲ...

ဒါတွေဖြစ်ဖို့စောသေးတယ်....ခလေးတွေမွေး...မိန်းမ...ပုံတွေပျက်လာ..

ဒါဆို..ယောက်ျားတွေကိုသတိထားတော့...

ကျားတွေက..အလှအပကိုမက်မောတွယ်တာတတ်တယ်...

မိန်းမတွေကလဲ..အသက်ဘယ်လောက်ကြီးကြီး...ပြင်တတ်ဆင်တတ်ဖို့လဲလိုတယ်...

‘’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’’

“ဟဲ့...ချစ်ချစ်...တဝေါ့ဝေါ့နဲ့...ဖြစ်နေပြီလား....”

ချစ်ချစ်...“မသိဘူး..မေမေ..ရယ်...ခေါင်းလဲမူးနေတယ်..စားလို့လဲမဝင်ဘူး...”

“ဒါဆို..သေချာပြီ..”

ချစ်ချစ်...“ဘာလဲဟင်

နင်ဗိုက်ကြီးနေပြီ”

ချစ်ချစ်....“ရှဲန်...ကျော်ကြီး...နင့်ကိုငါပြောတယ်...ကြည့်လုပ်...ကြည့်လုပ်..လို့အမြဲပြောခဲ့တယ်”

“ဗိုက်တကားကားနဲ့ကျောင်းတက်ရအုန်းမယ်..ရှက်လိုက်တာ...”

“သူငယ်ချင်းတွေ..နောက်ကြအုန်းမယ်”

ရွှေမိ....“ဗိုက်ကြီးတာဘာဆန်းလို့လဲ”

“ငါ့တုန်းကနင့်အတွက်အဖေါ်ရပါစေ..ဆိုပြီး...တိုက်ကြီးဘုံကျောင်းသွား..”

“တရုတ်နတ်...ဗမာနတ်တွေ...ကရင်နတ်တွေ...စုံလို့..ကလီမာမယ်တော်ပါမကျန်ဘူး..”

“ဆုတောင်းတာ...ဒါပေမဲ့..ငါဆုတောင်းမပြည့်ခဲ့ဘူး....”

“ဘာဖြစ်လဲ...ရတုန်းယူထား...”

“အမေ..တစ်ယောက်လုံးရှိတယ်...”

“နောက်ပြီး..ငါတို့တွေအားလုံး..အဆင်ပြေနေပြီ...လေ...”

“ချစ်ချစ်...နင်ဘယ်နှစ်ယောက်ယူမယ်..စဉ်းစားထားလဲ..

ချစ်ချစ်...”တစ်ယောက်..”

ရွှေမိ...”သောက်ကျိုးနဲ...ခွဲတမ်းတောင်..မပြည့်ဘူး..”

“ကျော်ကြီး...အမေက..တစ်ယောက်တောင်းရင်...ငါတော့မပေးနိုင်ဘူးနော်..”

“မွေးနိုင်တုန်း...မွေးစမ်းပါအေ...”

“ငါ့တုန်းက...မွေးချင်လွန်းလို့...ခေါ်လိုက်ရတာ...မလာကြဘူး...”

“အမေ..ထိမ်းပေးမယ်...မွေးလိုက်စမ်းပါသမီးရယ်..”

“တစ်ယောက်..နှစ်ယောက်..သုံးလေးယောက်..”

ဓါတ်ပုံကိုအင်တာနက်မှယူထားပါသည်။

ကျေးဇူးတင်ပါသည်။

#ကိုဂျစ်

#ဘဝခါးခါးရွှေမိ အပိုင်း( ၂ )

 

 

 

 

 

 

 

 

 

Comments

Popular posts from this blog

 မြင်းတိုက် Camp အမှတ်တရများ

အဖိုးအလှူ