ဦးကရင်၏မှတ်စုများ

 


Photo credit to original uploader

 

ကျောင်းသားဘဝကိုပြန်စဉ်းစားကြည့်ရင် ခုနှစ်တန်းရှစ်တန်းလောက်မှာကဗျာတွေ၊ဟာသစာတွေစပြီးရေးဖြစ်ခဲ့တယ်၊

အချင်းချင်းဖတ်ကြ၊ဝေဖန်ကြနဲ့လုပ်လာတာ၊အထက်တန်းကျောင်းတွေမှာနံရံကပ်စာစောင်ဆိုပြီးပညာရေးဌာနကလုပ်တဲ့

စာပေပညာရှင်အစပျိုးတဲ့နေရာတစ်ခုဖန်တီးပေးခဲ့ဘူးပါတယ်၊ကျေးဇူးအများကြီးတင်တယ်။

ကျနော်တို့လိုဝါသနာရှင်ပေါက်စတွေအတွက်အခွင့်အရေးတစ်ခုပါ၊

တစ်နှစ်မှာနှစ်ကြိမ်လောက်လုပ်လေ့ရှိတယ်၊အလယ်တန်းလောက်ကကိုယ်ရေးတဲ့စာတွေ၊ကဗျာတွေထည့်တာပေါ့၊

ပါတဲ့အခါလဲပါ၊မပါတဲ့အခါတွေလဲရှိခဲ့ပါတယ်။အထက်တန်းလောက်မှာတော့ကိုယ်ကအယ်ဒီတာလိုနေရာမျိုးရောက်ခဲ့ပြီ။

အားလုံးစုဖတ်ပြီးရွှေးသင့်တဲ့ဆောင်းပါး၊ကဗျာ၊ဝတ္ထုတိုတွေနံရံကပ်စာစောင်မှာကပ်ဖို့လုပ်ရပါတယ်၊

အချို့ကျောင်းသားတွေကစာနယ်ဇင်းတွေကခိုးချထားတဲ့ကဗျာတွေ၊ဆောင်းပါးတွေလာတင်တာတွေလဲရှိပါတယ်။

စာစောင်တွေ၊ဝတ္ထုတွေအဖတ်များတဲ့ကျနော့်စိတ်ထဲမှာရန်ကုန်တက္ကသိုလ်ကိုအရမ်းရောက်ချင်ခဲ့တယ်။

တက္ကသိုလ်နဲ့ပတ်သက်တဲ့ဝတ္ထုတွေဆိုမလွတ်တမ်းဖတ်လေ့ရှိတယ်။

ဆယ်တန်းအောင်ပြီးအမှတ်တွေထွက်လာချိန်မှာ၊ကျနော့်အတွက်ရွှေးချယ်စရာလမ်းနှစ်ခုကိုတွေ့ရပါတယ်။

ကျနော့်အမှတ်ကသာမန်အဆင့်၊ရိုးရိုးဘွဲ့ထက်မပို၊

ကျနော်ကရင်ပြည်နယ်မှာနေလို့မော်လမြိုင်ကောလိပ်ကိုဘဲရောက်မယ်။

ဒါပေမဲ့ကျနော့်စိတ်ကရန်ကုန်တက္ကသိုလ်ကိုဘဲစွဲလမ်းနေခဲ့တာ။ရန်ကုန်ဘဲသွားချင်တယ်၊

ဆိုတော့ကျနော်မော်လမြိုင်ကောလိပ်မှာမရှိတဲ့”စိတ်ပညာဘာသာရပ်”ကိုရွှေးလိုက်တယ်။

ကျနော်တက်ခွင့်ရခဲ့တယ်၊ရန်ကုန်တက္ကသိုလ်ကိုရောက်ခဲ့တယ်၊

စာသင်ဆောင်ကအမရဆောင်မှာစာသင်ရတယ်။နေတော့ပဲခူးဆောင်မှာနေရတယ်။

စာပေအသိုင်းအဝိုင်းတွေကိုလေ့လာခွင့်ရခဲ့တယ်။စာစောင်၊မဂ္ဂဇင်းစာအုပ်တိုက်တွေလဲရောက်ခဲ့တယ်၊

ကျနော့်ဆီမှာရေးထားတဲ့စာမူတွေအများကြီးရှိတယ်။စာအုပ်တိုက်တွေကိုလိုက်ပြကြည့်၊

သူတို့ကြိုက်ရင်ထည့်ပေးတယ်၊စာမူခတွေလဲရပါတယ်။

ကျနော့်စိတ်ထဲမှာစာမူခဘယ်လောက်ရ၊ရမယ်ဆိုတာတွေခေါင်းထဲမှာမရှိ။

ကျနော်ရေးထားတဲ့ဝတ္ထုတိုလေးတွေစာစောင်တွေမှာပါနေရင်ကျေနပ်နေတဲ့လူမျိုးပါ၊

ရန်ကုန်မှာကျောင်းတက်တာကြာလာတော့ကျနော်လက်ရည်တက်လာတယ်လို့ဘဲဆိုပါတော့၊

စာစောင်၊မဂ္ဂဇင်းတိုက်တွေကျနော့်ကိုဆက်သွယ်ပြီးစာမူလေးတွေတောင်းလေ့ရှိပါတယ်။

ကျနော့်အတွက်အားဆေးတွေပေါ့ဗျာ၊

ကျနော်အားအသန်ဆုံးကတက္ကသိုလ်နဲ့ပတ်သက်သောအချစ်ဝတ္ထုရေးရတာပါ။

သူငယ်ချင်းတွေပြောပြတဲ့ကုန်ကြမ်းတွေကိုဇာတ်လမ်းဆင်ပြီးရေးရတာကျနော်အရမ်းကျေနပ်တယ်။

သူငယ်ချင်းတွေကိုပေးဖတ်ပြီးဝေဖန်ချက်တွေကိုလဲနားထောင်ခဲ့ပါတယ်။

ဆရာကြီးတွေလဲအားပေးကြပါတယ်။

ဒီလိုနဲ့ကျနော့်ဆီမှာတက္ကသိုလ်ဝန်းကျင်ကအချစ်ဝတ္ထုတွေတော်တော်လေးများလာပါတယ်။

ကျနော်ကိုယ်တိုင်ကျင်လည်နေတဲ့ရန်ကုန်တက္ကသိုလ်အကြောင်းရေးရတယ်ဆိုတော့ရေးရတာအရမ်းပိုင်တာပေါ့ဗျာ၊

အဲဒီတက္ကသိုလ်ဝန်းကျင်အကြောင်းရေးထားတဲ့စာမူလေးတွေစာအုပ်တိုက်ကိုပို့တော့ပိုင်ရှင်တွေလဲကြိုက်ကြတယ်။

ဒါပေမဲ့စာစောင်ထဲမှာပါမလာဘူး၊နောက်လပါလာမလားဆိုပြီးစောင့်ကြည့်တယ်၊မပါလာဘူး။

စာအုပ်တိုက်ကိုမေးတော့စီစစ်ရေးကခွင့်မပြုလို့တဲ့၊

ထားလိုက်တော့၊ကျန်နေတဲ့စာမူတွေအခြားစာအုပ်တိုက်တွေဆီပို့လိုက်တယ်။ပိုင်ရှင်တွေကြိုက်ကြတယ်။

ကြိုက်မှာပေါ့ကျနော်ရှယ်ရေးထားတာလေ၊ဒါပေမဲ့မပါလာပြန်ဘူး။

နောက်စာမူနောက်စာအုပ်တိုက်ကိုဆက်ပို့တယ်၊မပါလာပြန်ဘူး။

တစ်ခုထဲအဖြေတွေကစာပေစီစစ်ရေးကခွင့်မပြုပါဆိုတာပါဘဲ။

ကျနော်စဉ်းစားမရတာကျနော်ရေးတာအချစ်ဝတ္ထု၊နိုင်ငံရေးလုံးဝမပါ။

ဘာလို့စီစစ်ရေးကပယ်တာလဲစဉ်းစားလို့ကိုမရပါ။

ဘေးနားကမိတ်ဆွေတွေကိုမေးမြန်းကြည့်တော့လဲဘယ်သူမှမသိကြပါ။

ဒီလိုနဲ့တစ်နေ့စာရေးဆရာပေါက်စတွေနဲ့ပြောကြရင်းသူတို့အဆက်အသွယ်နဲ့စီစစ်ရေးအဘ၊လက်ထောက်နဲ့ဆုံကြဖို့၊

မြေနီကုန်း၊ရွှေမင်းသမီးစားသောက်ဆိုင်မှာ ချိန်းလိုက်ကြပါတယ်။

ဒီကောင်ကငါတို့ရန်ကုန်တက္ကသိုလ်မှာကျောင်းပြီးခဲ့တယ်။

မင်းမေးလိုက်ပေါ့၊ဘာကြောင့်စီစစ်ရေးကပယ်လဲဆိုတာကို၊

ရောက်တာနဲ့တော့မမေးနဲ့အုန်း

သူအရက်သောက်ပြီးနဲနဲမှန်လာတဲ့အချိန်မှမေး

အရက်မူးတော့ကျွဲခိုးပေါ်ဆိုတဲ့စကားရှိတယ်

ဒီလိုနဲ့စားရင်း၊သောက်ရင်း၊စကားတွေလဲပြောရင်းတဖြေးဖြေးနဲ့ဒီကောင်မှန်လာပြီ၊

သူငယ်ချင်းတွေကမျက်စပြစ်ပြတယ်၊မေးလို့ရပြီ

ဆရာကျနော့်ကလောင်နာမည်ဦးကရင်ပါ၊

ဟာ....ခင်ဗျားလား...ဦးကရင်....ဒီလူကျနော့်ကိုကြည့်ပြီးအံ့အားသင့်နေတယ်

ခင်ဗျားရေးထားတာတွေကျနော်ဖတ်ဖြစ်တယ်၊

ဘယ်လိုနေလဲဆရာ

ဟာ...သောက်ရမ်းကောင်းတယ်ဗျာ၊ကြိုက်တယ်ဗျာ

ဒီတလော၊လာတင်နေတဲ့စာစောင်တွေတိုင်းမှာဦးကရင်စာတွေပါနေတယ်နော်

ခင်ဗျားအရေးအသားတွေအရမ်းကောင်းတယ်၊ကျနော်အရမ်းကြိုက်တယ်

ဒါပေမဲ့...အဘ...မကြိုက်၊

အဘ...ဖတ်ပြီးတော့မှမကြိုက်တာလား

မဟုတ်ဘူး၊အဘကစာမှမတတ်တာ၊ဖတ်ကိုမဖတ်ဘူး....ကျနော်တို့ကစာမူတွေကိုတင်ပြရတာ

ကျနော်တို့ကစာမူအကြောင်းအကျဉ်းနဲနဲပြောပြရတယ်၊အဲ့မှာသူဆုံးဖြတ်တာ

အဘ..တက္ကသိုလ်တွေကိုမကြိုက်ဘူး

ဝတ္ထုတွေထဲမှာတက္ကသိုလ်အကြောင်းပါလာရင်ဖြုတ်ခိုင်းတယ်၊

ဘာဖြစ်လို့ဖြုတ်တာလဲ၊ကျနော့်စာထဲမှာနိုင်ငံရေးတစ်လုံးမှမပါဘူး

အေးဗျာ..အဘ..အထက်က...အဘ...တစ်ယောက်လဲတက္ကသိုလ်ကိုလုံးဝမကြားချင်ဘူး

အဲဒါကြောင့်ကျနော်တို့လဲဖြုတ်လိုက်ရတာစိတ်မကောင်းဘူးဗျာ

ကျနော်ကူညီနိုင်တာတစ်ခုရှိတယ်၊ခင်ဗျားရေးတဲ့စာတွေထဲကတက္ကသိုလ်ကိုဖြုတ်လိုက်၊

အထက်တန်းကျောင်းနဲ့အစားထိုးလိုက်၊ဒါဆိုဦးကရင်စာတွေစီစစ်ရေးလွတ်သွားမယ်

ဘယ်လိုလဲ ?

သူပြောတာကိုကျနော်စဉ်းစားပြီးစိတ်ထဲမြင်ယောင်ကြည့်မိတယ်

အသက်ရလာပြီဖြစ်သောမင်းသားနေအောင်နဲ့ဖင်ကြီးကြီးမင်းသမီးခင်သီတာထွန်း၊

ကျောင်းစိမ်းပုဆိုးနဲ့အင်္ကျီအဖြူ၊ရှစ်တန်းကျောင်းသားလိုမျိုးသရုပ်ဆောင်ရင်

သောက်တလွဲဘဲ၊ဘယ်လိုမှလိုက်ဖက်မှုမရှိ၊

အသက်အရွယ်ဆိုတာသူနဲ့လိုက်ဖက်တဲ့ပတ်ဝန်းကျင်နဲ့မှအမြင်တင့်တယ်မယ်။

ကျနော်ရေးထားတာတက္ကသိုလ်ကျောင်းတက်နေတဲ့ချစ်သူဇာတ်လမ်း၊

တက္ကသိုလ်ပရဝုဏ်နဲ့လိုက်ဖက်နေတဲ့ဇာတ်လမ်းကိုအထက်တန်းကျောင်းကိုပြောင်းပေးရမယ်၊

အထက်တန်းကျောင်းတွေမှာဦးချစ်လ္ဘက်ရည်ဆိုင်မရှိ၊၊တောင်ငူကင်တင်းအရှည်ကြီးဆိုင်မရှိ၊

ဒီကောင်တော့အရက်မူးမူးနဲ့သောက်တလွဲတွေပြောနေပြီ၊

ဒီကောင်ဆက်ပြောပြန်ပါတယ်၊

ကျနော်ထပ်ပြောမယ်ဗျာ၊ခင်ဗျားတို့ရေးချင်တာရေးလို့ရတယ်၊တက္ကသိုလ်မပါစေနဲ့

စကားကုန်ပြောရရင်အပြာစာအုပ်ရေးမလား၊ကျနော်စီစစ်ရေးလွတ်အောင်ကူညီလို့ရတယ်

ဒီကောင်စာပေသမားတွေကိုစော်ကားနေပြီ

ခွေးမသား၊....မေရိုး....ပါးစပ်ကအယုတ်တ၊အနတ္တတွေမထွက်ရုံတမယ်..

ဒီကောင့်မျက်နှာစေ့စေ့ကြည့်ပြီး

ကရင်ပြည်နယ်နေ့မြန်မာ့လက်ဝှေ့ပွဲတွေမှာလိုမျိုး

ခေါင်းကိုလက်နှစ်ဖက်နဲ့ချုပ်၊ဒူးပျံနဲ့တိုက်

ဘယ်ဝှိုက်၊ညာဝှိုက်လက်သီးတွေ၊ထောက်လက်သီးတွေနဲ့

ဆက်တိုက်ထိုးချလိုက်ပါတော့တယ်....

အဲဒါတကယ်မဟုတ်ပါ၊စိတ်ထဲမှာပါ

ဒီလိုကောင်တွေရှိနေသမျှကျနော့်ရင်ထဲကတက္ကသိုလ်အချစ်ဝတ္ထုတွေထွက်လာနိုင်မှာမဟုတ်တော့ပါ

၈၈ မတိုင်ခင်ကအကြောင်းလေးတွေပါ။

 

 

သန့်စင်ခန်းပြဿနာ

 

အရင်အချိန်တုန်းကပေါ့

ကျနော်တို့အိမ်၊တောကအမျိုးတွေရောက်ရင်ဖြစ်ဖြစ်၊အိမ်ကအဖွဲ့တွေအပြင်သွားရင်ဖြစ်ဖြစ်

အိမ်မှာတစ်ခန်းတည်းရှိသောအိမ်သာမှာသူ့ထက်ငါတိုးပြီးအိမ်သာဝင်ကြပြီ၊

ဘာဖြစ်နေကြတာလဲ

ရှုးပေါက်တာလေ၊သွားမဲ့နေရာမှာအိမ်သာရှိမရှိမှမသိတာ

ဟုတ်ပါတယ်၊ကျနော်တို့ဆီမှာသန့်စင်ခန်းကိုအာရုံမထားကြပါ

ရပ်ကွက်တွေမှာတရားပွဲတွေ၊စာပေဟောပြောပွဲတွေလုပ်ကြတယ်။

သန့်စင်ခန်းမရှိ၊ဘယ်လိုအဆင်ပြေအောင်လုပ်ပေးရမယ်ဆိုတာလဲမစဉ်းစားကြ

လာတဲ့လူတွေကလူငယ်တွေမဟုတ်ကြ၊လူကြီးတွေ

လူကြီးဆိုတာကဆီးကြာကြာမအောင့်နိုင်ကြပါ၊ပြဿနာတက်ပြီ

အနီးအိမ်တွေမှာခွင့်တောင်းပြီးအပေါ့သွားရအောင်လဲရင်းနှီးသူများလဲမဟုတ်။

ဒီပြဿနာတွေနဲ့ဘဲလူကြီးတွေလဲအဲ့လိုပွဲတွေကိုမသွားချင်တော့ပါ။

ဒါပေမဲ့ကျုပ်တို့ဆီကလူတွေသန့်စင်ခန်းကိစ္စလုပ်ပေးရကောင်းမှန်းမသိ

ကျနော်တို့ဘာသာရေးကျောင်းတွေဆီမကြာမကြာနိုင်ငံခြားဧည့်သည်တွေလာလေ့ရှိတယ်။

သူတို့တွေကရောက်တုန်းရောက်ခိုက်ခရီးသွားချင်ကြတယ်။

ဖါသားကလဲကျနော့်ကိုလိုက်ပေးဖို့အကူအညီတောင်းလေ့ရှိတယ်။

ဟိုအချိန်ကအမြန်လမ်းကမပေါ်သေး၊စားသောက်ဆိုင်တွေလဲတောမြို့စားသောက်ဆိုင်တွေ

ထုံးစံအတိုင်းအိမ်သာပြဿနာစပြီ

ကျနော်အရမ်းမျက်နှာပျက်ရတယ်၊ဒါကပထမဆုံးလိုက်ပို့ပေးတဲ့အချိန်တုန်းက

နောက်ကျတော့ကျနော်မှတ်စုစာအုပ်လုပ်ရပြီ

ဘယ်မြို့၊ဘယ်စားသောက်ဆိုင်၊အိမ်သာအဆင့်တစ်

ဘယ်ဆိုင်ကအဆင့်နှစ်

ရောက်တဲ့မြို့တိုင်းကိုမေးမြန်းပြီးမှတ်သားထားရတယ်။

ပထမဆုံးလိုက်ပို့တဲ့အချိန်ကိုပြန်သတိရတယ်

အီတလီသူ၊တောင်ငူမှာထမင်းစားကြမယ်၊

မစားခင်အပေါ့အပါးသွားကြမယ်၊ဒီကောင်မလေးအိမ်သာကပြန်ထွက်ပြီး

အန်လိုက်တာ၊ထမင်းမစားတော့ဘူး၊

စော...ယူတို့နိုင်ငံဒီလိုဘဲနေကြလားတဲ့ကျနော့်ကိုမေးတာ

ညစ်ပတ်စုတ်ပြတ်နေတဲ့အိမ်သာနဲ့တိုးသွားတာ

တနိုင်ငံလုံးဒီလိုမျိုးဆိုရင်ငါ့ကိုရန်ကုန်ပြန်ပို့ပေးပါတဲ့

သေစမ်းသောက်ရှက်ကွဲခဲ့တာ

ဆိုတော့စားသောက်ဆိုင်ဝင်တော့မယ်ဆိုရင်ကျနော်ကိုယ်တိုင်အိမ်သာကိုသွားချောင်းကြည့်တယ်

အဆင်ပြေမှစားကြမယ်၊အခြေအနေမကောင်းသေးရင်တစ်နေရာထပ်ပြောင်း၊

ဒါပေမဲ့ဝေဒနာဆိုတာကကြာကြာမအောင့်နိုင်၊အတတ်နိုင်ဆုံးအဆင်ပြေမဲ့နေရာရှာရပါတယ်၊

အဆင်ပြေတဲ့နေရာတွေဆိုရင်မသွားခင်သူတို့တွေကိုဝိတ်ထပ်လျှော့ခိုင်းတယ်။

ဘာလို့ခဏခဏသေးပေါက်ခိုင်းနေတာလဲ၊အခုဘဲပေါက်ပြီးပြီလေ

ရှေ့မှာအိမ်သာမကောင်းလို့ပါမျက်နှာပူပူနဲ့ပြောရပါတယ်။

အမျိုးသားကပြဿနာမဟုတ်ပါ၊အမျိုးသမီးကပြဿနာ

ပင်းတယရွှေဥမင်ဂူကိုပို့တုန်းကလဲပြဿနာ၊အများသုံးအိမ်သာကိုသော့ခတ်ထားတယ်၊

သော့ရတော့လဲအထဲမှာရေမရှိ။

အင်းလေးထဲလိုက်ပို့ပေးတယ်။ပဲ့ချိတ်စီးပြီးဖေါင်တော်ဦးဘုရားတွေလိုက်ပို့ပေးတယ်။

ကျနော့်စိတ်ထဲမှာအင်းလေးမှာအိမ်သာပြဿနာမရှိနိုင်တော့၊ရေထဲစွန့်လိုက်တော့မညစ်ပတ်တော့ဘူးလေ

စားသောက်ဆိုင်ရောက်မှပြဿနာအကြီးအကျယ်တက်ပြီ၊

ထုံးစံအတိုင်းမစားခင်စွန့်ကြတာပေါ့။

ပြဿနာရှာတာကအဖြူကောင်၊အိမ်သာသွားပြီးဒီကောင်ထမင်း၊ဟင်းချက်တဲ့အနောက်ဖက်ကိုတန်းသွားတာ

ကျနော့်စိတ်ထင်အထူးအဆန်းအနေနဲ့လိုက်ကြည့်နေတယ်လို့ဘဲထင်တယ်

တစ်ဖွဲ့လုံးကိုလိုက်ပြောလိုက်တာတစ်ယောက်မှထမင်းမစားကြတော့ဘူး

ချက်ချင်းထပြန်တော့မယ်၊ပြန်ပို့တော့၊လိုက်မကြည့်တော့ဘူးတဲ့

ဘာတွေဖြစ်လို့လဲ၊ငါ့ကိုလဲပြောပြပါအုန်းလို့မေးမှ

အင်းထဲကအိမ်တွေအင်းထဲကိုမစင်စွန့်တယ်၊သေးပေါက်တယ်။

ဒီရေနဲ့ဘဲထမင်းချက်တယ်၊ဟင်းချက်တယ်။ဒီရေကိုဘဲသောက်တယ်လို့အနောက်ကပြောလိုက်လို့တဲ့

ကျနော်လဲမတတ်နိုင်တော့ပါ။ကျနော်လဲဒီဇာတ်လမ်းတွေကိုတိတိကျကျမပြောနိုင်။

နောက်ကျတော့အင်းထဲလာရင်စားစရာ၊သောက်ရေတွေပါအကုန်သယ်ခဲ့ရတယ်။

အင်းထဲကစားသောက်ဆိုင်တွေစားချင်တယ်လို့ပြောတဲ့ဧည်သည်တွေလဲရှိပါတယ်။

ကျနော်သိပ်မရှင်းပြတော့ပါ။အစားသောက်တွေပါးစပ်နဲ့တည့်မှာမဟုတ်ဘူးလို့ဘဲပြောလိုက်ရတယ်။

ဒါတောင်ဧည့်သည်တစ်ယောက်ဆလပ်ရွက်တွေဘယ်ကရလာလဲမသိ၊

စက်လှေဘေးကရေနဲ့ဆေးပြီးအစိမ်းလိုက်ဝါးစားနေတယ်၊ကျနော်လဲဘာမှမပြောချင်တော့ပါ

ပိုးသတ်ဆေးဖျန်းထားတယ်၊ရေဆေးလို့မစင်ဘူးလို့ဘဲခြောက်ပြော၊ပြောရတော့တယ်။

အခုတော့လဲပြောင်းလဲသွားပြီလို့ပြောတယ်။ကျနော်ပြောတာတွေအရင်ခေတ်ကအကြောင်းတွေပါ

အင်းသားသေရင်ငါးဖိန်းစား၊ငါးဖိန်းမိရင်အင်းသားစားဆိုတဲ့စကားပုံကိုများကြားမိရင်

ကျနော့်ဧည့်သည်တွေဘယ်လိုခံစားကြမလဲ

နာဂစ်ဖြစ်တုန်းကဧည့်သည်တွေရေဘေးအကူအညီပေးဖို့ရောက်လာကြပါတယ်။

ဘိုကလေးနားကဘုရားကျောင်းရှိတဲ့ရွာကိုသွားကူကြမှာ

ကျနော်ကစာရွက်စာတမ်းလုပ်ပြီး၊ခွင့်ပြုချက်တောင်းရပါတယ်။

ခွင့်ပြုချက်ရတော့ကျနော်တို့ခရီးဆက်ကြပါတယ်။

ဧည့်သည်တွေကများပါတယ်။အားလုံးဘုရားကျောင်းမှာတည်းခိုဖို့စီစဉ်ထားတယ်။

အဲဒီထဲကအဖြူမနှစ်ယောက်ကမြစ်ဘေးကအိမ်မှာနေချင်လို့ပါ၊ခွင့်တောင်းလို့ကျနော်စီစဉ်ပေးရပါတယ်။

သူတို့အိပ်တော့ရွာခံအမျိုးသမီးတွေကလိုက်စောင့်ရှောက်ရတာပေါ့

ကျနော်လဲသွား၊သွားကြည့်ရပါတယ်။

ပထမတစ်ရက်နှစ်ရက်ကျနော်သတိမထားမိတာလဲပါမည်။

နောက်ရက်တွေကျတော့အဖြူကောင်မလေးတွေအိမ်သာသွားရင်နောက်ဖက်မြစ်ထဲမှာပဲ့ချိတ်သံတွေဆူညံလို့၊

ကျနော်အနောက်ဖက်သွားကြည့်တော့၊ချက်ချင်းသဘောပေါက်သွားပါပြီ၊

ရွာတွေမှာကအိမ်သာတွေကိုအိမ်နောက်ဖက်မြစ်ပေါ်မှေးတင်ပြီးဆောက်ထားကြတယ်

ကျနော်တို့ဧရာဝတီတိုင်းဖက်ခရီးထွက်ရင်အိမ်သာတွေကမြစ်ဘေးမှာစီလို့

အဖြူကောင်မလေးတွေအိမ်သာသွားရင်စာအုပ်တွေပါယူသွားတယ်။

ကျနော့်ကိုပြောတယ်၊ဒီမှာအိမ်သာတက်ရတာအရမ်းဇိမ်ကျတယ်

လေတဖြူးဖြူးနဲ့ဖင်လေးကိုအေးလို့တဲ့ကျနော့်ကိုပြောတာ

မြစ်ရေတက်ချိန်ဆိုရင်အကြောင်းမဟုတ်၊မြစ်ရေကျပြီဆိုရင်အိမ်သာကမိုးပေါ်မှာ

ဒီတော့မြစ်ရေကျချိန်ကောင်မလေးတွေအိမ်သာတက်ပြီဆိုရင်ရွာထဲကပဲ့ချိတ်တွေအိမ်သာနားကပတ်ပြီးမောင်းနေကြတာ

ကျနော်သဘောပေါက်ပြီ၊

ရေဘေးအကူလှူဖို့ပါလာသောမိုးကာကိုအိမ်သာပတ်လည်၊လေးတိုင်ကိုမိုးကာနဲ့ပတ်ပေးလိုက်တယ်။

ရေကျချိန်လဲဂရုစိုက်စရာမလိုတော့ပါ။

ဒါပေမဲ့...ကောင်မလေးတွေကကျနော်ကိုပြောပါတယ်

စော....ဘာလို့အိမ်သာမှာမိုးကာတွေပတ်လိုက်တာလဲ

လေမတိုက်တော့ဖင်မအေးတော့ဘူးပေါ့

ကျနော်ဘာမှမရှင်းပြတော့ပါ။ကျနော်တို့ဆီကကောင်လေးတွေအဲ့လိုနှာဘူးထကြတာ

သိခဲ့ရင်ရှက်စရာကောင်းလွန်းလို့မရှင်းတော့တာပါ။ရွာထဲကကာလသားတွေကျနော့်ကိုပြောတယ်၊

ဦးကရင်...လုပ်လိုက်တာကျနော်တို့ရုပ်ရှင်မကြည့်ရတော့ဘူး

မအေဘေး....နှာဘူးတွေ

 

 

Comments

Popular posts from this blog

 မြင်းတိုက် Camp အမှတ်တရများ

အဖိုးအလှူ