အဖြူရောင်နှလုံးသား..အမှတ်နှစ်

 


Photo credit to original uploader

အဖြူရောင်နှလုံးသား..အပိုင်း( ၂ )
တောင်ငူရထားတွဲပေါ်မှာအိမ်အပြန်တက္ကသိုလ်ကျောင်းသူကျောင်းသားတွေ
တော်တော်များများလိုက်ပါလာကြတယ်…..
စာမေးပွဲပြီးပြီမို့အိမ်အပြန်ခရီးလေ…..စာမေးပွဲဖြေမရတဲ့ကောင်တွေကညစ်နေကြတယ်……
ကျနော်ကမညစ်ပါ…နောက်ဆုံးနှစ်ဘူမိဗေဒစာမေးပွဲဖြေခဲ့ပြီးပြီ…အောင်မယ်လို့ထင်တာဘဲ……
ကျနော့်ဘေးမှာငယ်ငယ်ထိုင်နေတယ်…ရှေ့တစ်တန်းကျော်မှာကျနော့်ညီမနဲ့သူတို့အဖွဲ့တွေထိုင်နေကြတယ်….
ကျောင်းပြီးသွားရင်နင်ဘာလုပ်မလဲ…ငယ်ငယ်...
အဖေ့ပွဲရုံမှာထိုင်မှာပေါ့…….
ငါပွဲရုံမှာမထိုင်ချင်ဘူး…ကြာကြာထိုင်ရတာပျင်းတယ်….နောက်ပြီးငါတောင်ငူမှာမနေချင်ဘူး…..
ရန်ကုန်မှာဘဲနေချင်တယ်…
ဘာလဲမပြီးသေးတဲ့ဇာတ်လမ်းတွေထပ်ဆက်အုန်းမလို့လား…နင့်အိမ်မှာနင်အကြီးဆုံး….
နင့်အဖေကိုနင်ကူရမှာ။ဘာမှလျှောက်ကြောင်မနေနဲ့…..
ငါ့ညီမလေးလဲကျောင်းပြီးပြီလေ…သူထိုင်လည်းရပါတယ်….
ယောကျာ်းလေးနဲ့ဘယ်တူပါ့မလဲ…..နောက်…နင်ဘာလုပ်မလို့်စဉ်းစားထားလဲ….
လောလောဆယ်တော့ဘာမှမရှိဘူး….
ကိုယ့်စိတ်ထဲမှာဘာမှရည်ရွယ်ချက်မရှိဘူး….ဒါပေမဲ့အဖေ့ပွဲရုံမှာထိုင်ရတာမပျော်ဘူး….
ကိုယ့်မှာတာဝန်ရှိနေတယ်ဆိုတာသိနေတယ်…..ဒါပေမဲ့အဖေလုပ်နိုင်သေးလို့ထင်တယ်…
ကျနော်ဘာမှတာဝန်မယူဖြစ်ဘူး….။
ရန်ကုန်ရောက်တဲ့ခိုက်သူငယ်ချင်းတစ်ယောက်နဲ့ဆုံပြီးကျနော်သင်္ဘော လိုက်သွားပါတယ်….
အဖေကလုပ်ကြည့်လိုက်၊မလုပ်နိုင်ရင်အိမ်ပြန်ခဲ့ဖို့မှာလိုက်တယ်….
သူငယ်ချင်းကရည်ရွယ်ချက်နဲ့သင်္ဘောပေါ်တက်တာ….
ဂျပန်ရောက်ခိုက်၊သူခုန်ဆင်းနေခဲ့မယ်တဲ့…….ဂျပန်မှာရမယ့်ငွေတွေကိုတွက်ပြပါတယ်…..
ကျနော်တို့နှစ်ယောက်ကတစ်တွဲ၊အေးဂျင့်လဲတူနေတယ်။သူခုန်ဆင်းတော့ကျနော်ကျန်နေလို့မဖြစ်ပါ။
ကျနော်လည်းလိုက်ခုန်ဆင်းပြီးနေခဲ့လိုက်ပါတယ်…ကျနော်တို့ခေတ်တုန်းကသိပ်ပြီးအလျှော်အစားမများဘူး…..
သူငယ်ချင်းပေသီးရိုက်ပြသလိုဘဲဂျပန်မှာအဆင်ပြေပါတယ်….ဒါပေမဲ့ပင်ပန်းလိုက်တာ..
ပထမအချိန်တစ်ပိုင်းဘဲအလုပ်၊လုပ်တယ်….သုံးတာနဲ့သိပ်မကျန်လို့နှစ်ပိုင်းလုပ်တယ်…
တစ်ရက်16နာရီအလုပ်လုပ်တယ်….သူငယ်ချင်းအားလုံးနစ်ပိုင်းလုပ်ကြတယ်၊
အမှန်ပြောရရင်ကျနော်သိပ်မလုပ်ချင်ပါ….အားလုံးလုပ်နိင်တာဘဲ…
ငါလည်းလုပ်နိင်ရမယ်လို့စိတ်တင်းပြီးလုပ်ခဲ့တာပါ……
အသားစိမ်းတွေစားတဲ့ခွေးတွေကြားထဲမှာကျနော်လည်းတဖြေးဖြေးနဲ့နေ သားကျလာပါတယ်…..
ရာသီစက်ဝန်းကတရွှေ့ရွှေ့နဲ့သွားရင်းအချိန်တွေလည်းကုန်လွန်လာခဲ့ပါတယ်…။
ကျနော်ခွေးတွေကြားထဲမှာနေလာတာ6နှစ်ကျော်သွားပြီ…ဒီမှာတသက်လုံးအလုပ်သမားလုပ်ဖို့မဖြစ်နိုင်။
အသက် ကြီးလာရင်ခက်မယ်….
နောက်ပြီးကိုယ့်တိုင်းပြည်မှာအခြေတကျအလုပ်တစ်ခုလုပ်ဖို့အချိန်ပေးရအုန်းမယ်..
ပိုအရေးကြီးတာကအဖေ့ဆန္ဒ၊ကျနော်တို့တရုတ်လူမျိုးတွေမှာအရှေ့စာလုံးဟာအရမ်းအရေးကြီးတယ်..
အမျိုးစာလုံးတွေကိုယောကျာ်းလေးတွေဘဲဆက်ခံခွင့်ရှိတယ်….
ကျနော်ခုထိမိန်းမမယူရသေးလို့အဖေသူ့မျိုးဆက်ပြတ် သွားမှာကိုစိုးရိမ်နေတယ်…..
ဒီလိုနဲ့ဘဲကျနော်ပြန်ရောက်လာပါတယ်….
ဂျပန်မှာအလုပ်လုပ်ခဲ့လို့ကျနော့်စိတ်တွေငယ်ငယ်ကလိုမဟုတ်တော့ပါ…
တည်တည်ငြိမ်ငြိမ်ဖြစ်လာပြီးပွဲရုံမှာပြန်ထိုင်ဖြစ်ပါတယ်……..ငယ်ငယ်နင့်ကိုခဏခဏမေးတယ်….
သူ့စိတ်ထဲမှာနင်ပြန်မလာတော့ဘူးလို့ထင်ပြီး၊ပြီးခဲ့တဲ့နှစ်ကဘဲအိမ်ကပေးစားတဲ့သူကိုလက္ခံ လိုက်တယ်..
အမေကသူ့ချွေးမလောင်းငယ်ငယ်အကြောင်းနှမျောတသသနဲ့ပြောနေတယ်…..
ငယ်ငယ်တစ်ယောက်၊ယောင်နောက်ဆံထုံးပါဆိုသလိုသူ့အမျိုးသားရှိရာရန်ကုန်ကိုရောက်သွားပါပြီ………….
နောက်နှစ်တွေမှာအဖေ့ဆန္ဒကိုဖြည့်ပေးဖို့အဖေ့သဘောအတိုင်းကျနော်အိမ်ရာထူထောင်ခဲ့ပါတယ်…
ကျော်လွန်ခဲ့တဲ့နှစ်ဆယ့်ငါးနှစ်ကိုပြန်ပြောင်းကြည့်ရင်ဘဝမှာအခက်အခဲမျိုးစုံနဲ့တွေ့ကြုံခဲ့ရပါတယ်…
ကျနော်တို့ဆီမှာစီးပွါးရေးလုပ်ရတာအရမ်းခက်တယ်။ငွေကိုခက်ခက်ခဲခဲရှာခဲ့ရတယ်။
ရိုးရိုးသားသားစီးပွားရေး၊လုပ်နေတဲ့ကျနော်တို့အထိနာဆုံးကတစ်ရာတန်၊ငါးဆယ်တန်တရားမဝင်ကြေငြာခံခဲ့ရပါတယ်၊….နောက်ပြီးခုနှစ်ဆယ့်ငါးကျပ်တန်၊သုံးဆယ့်ငါးကျပ်တန်ထပ်ကြေငြာခဲ့ပြန်တယ်….၊

နောက်ပြီး 88 အရေးအခင်းနဲ့ကြုံခဲ့ရပါတယ်။
အကြွေးတွေရှုံးလိုက်တာသောက်သောက်လဲ….
ဖြစ်လာတဲ့ပြဿနာကိုအကြောင်းပြပြီးအကြွေးယူသွားတဲ့ဖေါက်သည်တွေပြန်မဆပ်တော့ဘူး…
ဘယ်သူ့ကိုသွားတိုင်ရမှာလဲ………
ကျနော်တို့ဆီမှာနာမည်ပျက်ဆိုပြီးဝိုင်းပယ်ထားတာတွေမရှိဘူး….
အချီကြီးလိမ်ထားတဲ့ကောင်ကအလှူ ကြီးကြီးပေးလိုက်ရင်၊လူကြီးတွေကသူကောင်းဘွဲ့တွေတပ်ပေးလိုက်ကြတယ်….
မဆလလက်ထက်မှာမတ်ပဲအ လုပ်ကောင်းလို့အင်းစိန်ထောင်ကိုအလည်ရောက်ခဲ့ဘူးတယ်…
ဒီဖက်ခေတ်ရောက်တော့တရားဝင်အိတ်စပို့လုပ်ခွင့်ရနေပြီ……တရားဝင်လုပ်ခွင့်ရတာကိုကျေးဇူးတင်ပါတယ်…..
ဟိုအရင်19လမ်းပွဲရုံသေးသေးမှဘုရင့်နောင်ပွဲရုံတန်း မှာလုပ်ခွင့်ရခဲ့တယ်……
ဒီစနစ်ကြောင့်ကျနော်တို့ဘဝတွေတိုးတက်လာခဲ့ရတာပါ…….
ကျနော့်ဘဝဟာငယ်ငယ်နဲ့ရေစက်မကုန်သေးဘူးလို့ပြောရပါမယ်…..,

ကျနော်တို့နှစ်ယောက်ပြန်ဆုံခဲ့ကြပါတယ်…..
ဘုရင့်နောင်မှာကျနော်တို့နှစ်ယောက်ရဲ့ပွဲရုံတွေဟာမျက်စောင်းထိုးလောက်မှာရှိနေကြပါတယ်……
တမြို့တည်းသား၊လူကြီးချင်းလဲခင်၊ငယ်သူငယ်ချင်းတွေဖြစ်ကြလို့
ကျနော်တို့နှစ်မိသားစုဟာမောင်နှမအရင်းအချာပမာဖြစ်နေကြပါတယ်……
ငယ်ငယ့်မှာသားနဲ့သမီးနှစ်ယောက်၊ကျနော့်မှာသားတစ်ယောက်ဘဲရှိပါတယ်….
ငယ်ငယ့်သမီးဟာကျနော့်သားနဲ့ရွယ်တူဘဲ……သူတို့တွေတက်နေတဲ့ကျောင်းလည်းအတူတူမို့လို့….
ကျောင်းသွားကျောင်းပြန်အတူတူဘဲ….
ကျနော်အားရင်ကျနော်လိုက်ပို့သလို၊ငယ်ငယ်အားရင်ငယ်ငယ်လိုက်ပို့ပေးတယ်…..
ခလေးတွေကိုကြည့် ရင်းကျနော့်ငယ်စဉ်ဘဝကိုပြန်သတိရမိပါတယ်……
တောင်ငူမှာကျနော်ရယ်၊ညီမလေးရယ်၊ငယ်ငယ်ရယ်အတူတူကျောင်းသွားလေ့ရှိတယ်…….
အချိန်တွေတရွှေ့ရွှေ့နဲ့ကုန်လွန်လာပါတယ်….
ခုဆိုရင်သူတို့လေးတွေတက္ကသိုလ်နောက်ဆုံးနှစ်တွေဖြစ်နေကြပြီ…..
သိပ်မကြာခင်မှာကျောင်းပြီးတော့မယ်…
ဟိုးအချိန်ခလေးတွေကိုကျောင်းပို့ပေးရင်း၊ငယ်ငယ်ကျနော့်ကိုစကားတစ်ခွန်းပြောဖူးတယ်…..
ခလေးတွေရှေ့ရေးကိုသူကိုယ်တိုင်စီမံမယ်တဲ့…ကျနော့်သားကြီးနဲ့သူ့သမီး ဖြူဖြူကိုဖြစ်စေချင်နေတယ်……
သူ့တုန်းကအမျိုးမတော်ခဲ့ရလို့သားသမီးအလှဲ့မှာအမျိုးတော်စပ်ဖို့ကြိုးစားနေ တယ်…..
ခလေးတွေရှေ့ရေးနဲ့ပတ်သက်ပြီးကျနော်ဘာမှဝင်မပြောပါ……ခလေးတွေသဘောဘဲ….။
ကျနော်အမြင်ခလေးတွေလည်းတော်တော်ခင်ကြပါတယ်….အတူတူသွားလာလေ့ရှိတယ်….
ဒီလောက်ကြီးနီးစပ်နေရင်ငယ် ငယ့်အစီအစဉ်ဖြစ်နိုင်ခြေများပါတယ်…..
ဒီလိုနဲ့နောက်ဆုံးနှစ်စာမေးတွေဖြေလို့ပြီးသွားပါပြီ…
နေ့လည်ဖက်ငယ်ငယ်တစ်ယောက်ပျာယီးပျာယာနဲ့ကျနော်တို့ပွဲရုံဆီကိုရောက်လာပါတယ်…..
ငါတစ်သက်လုံးဆွဲထားတဲ့အစီအစဉ်ကိုကောင်မခြေထောက်နဲ့ဖျက်သွားပြီ…နင့်ကိုသမီးအဖြစ်ကစွန့်လွတ်မယ်…..
နင့်သားကလဲလက်နှေးလိုက်တာ…,

ပထမဒေါသတကြီးနဲ့ပြောနေတာကိုကျနော်နားမလည်ပါ….
နောက်တော့ရေးရေးနားလည်လာပါတယ်…
စာမေးပွဲနောက်ဆုံးနေ့မှာငယ်ငယ့်သမီးဖြူဖြူတစ်ယောက်ဖိုးသားနဲ့လိုက်ပြေးသွားတယ်…
ကျနော့်သားကြီး၊ဖြူဖြူ၊ဖိုးသား၊သူတို့တွေငယ်ငယ်ကတည်းကကျောင်းအတူတူသွားနေကျသူငယ်ချင်းတွေ….
ဖြူဖြူတစ်ယောက်သူ့အမေကိုဖုန်းဆက်ပြီးသူ့ရှေ့ရေးကိုပြောလိုက်တယ်….
တော်တော်သတ္တိကောင်းတဲ့ကောင်မလေးပါလား….သားကြီးပြန်လာမှအကြောင်းစုံမေးကြည့်ရမယ်…။
ဖြူဖြူ့ကိုကျနော်ချစ်တယ်…ဒါပေမဲ့ညီမလေးတစ် ယောက်လိုဘဲချစ်တယ်……
အန်တီငယ်ကျနော်တို့ကိုဘယ်လိုဖြစ်စေချင်တယ်ဆိုတာကျနော်တို့နှစ်ယောက်စလုံးသိတယ်….
ကျနော်တို့နှစ်ယောက်လုံးရဲ့စိတ်ထဲမှာမောင်နှမအချစ်ထက်ပိုလို့မရခဲ့ဘူး………
တက္ကသိုလ်စတက်တဲ့နှစ်မှာကတည်းကဖြူဖြူနဲ့ဖိုးသားချစ်နေကြတာ….သားကိုယ်တိုင်လည်းဖိုးသားနဲ့
သဘောတူတယ်….ဖိုးသားမိဘတွေ၊ကျနော်တို့၊ငယ်ငယ်တို့ဟာကုန်စည်ဒိုင်မှာခင်နေကြတဲ့စီးပွားဖက်တွေပါ…။
စာမေးပွဲဖြေပြီးရင်အန်တီငယ်တခုခုစီစဉ်တော့မယ်ဆိုတာဖြူဖြူရိပ်မိနေတယ်…။
ဖိုးသားတို့အိမ်ကလာတောင်းရင်လည်းအန်တီငယ်သဘောမတူဘူးဆိုတာကျနော်တို့အားလုံးသိထားတယ်…..
အန်တီငယ်စီစဉ်တော့မဲ့ကျ နော်တို့နှစ်ယောက်ကိုလည်းဖိုးသားစိတ်ပူနေတယ်….
ဒါတွေဒါတွေကြောင့်သူတို့နှစ်ယောက်အစီအစဉ်မြန်မြန်လုပ်ဖြစ်သွားတာပါ…..,

သူတို့နှစ်ယောက်ထဲဆုံးဖြတ်တာမဟုတ်ပါဘူး….,

သားနဲ့တိုင်ပင်ပြီးမှထွက်သွားကြတာပါ……သားကြီးပြောတာတွေနားထောင်ရင်းငယ်ငယ်တို့ပွဲရုံဖက်ကိုငေးကြည့်မိပါတယ်…..,

ငယ်ငယ်တစ်ယောက်ဆင်ထားတဲ့ဖဲထုပ်ကိုနှပ်ကြောင်းအတိုင်းမချိုးဘဲနဲ့,

တလွဲချိုးသွားတဲ့သမီးကိုအကြီးအကျယ်ဒေါသထွက်နေတယ်……
တောက်တခေါက်ခေါက်နဲ့ပွဲရုံရှေ့မှာခေါက်တုံ့ခေါက်ပြန်လွန်းပျံလျှောက်နေတဲ့ငယ်ငယ်ကိုငေးကြည့်နေရင်း……..
ဒီနေ့ညငယ်ငယ်တို့မိသားစုကိုခေါ်ပြီးရွှေဂုံတိုင်ကအဝစားဆိုင်မှာညစာသွားစားမယ်….
ငယ်ငယ် ကြိုက်တတ်တဲ့ဟော့ပေါ့နဲ့ဂဏန်းမဆလာဟင်းကျွေးပြီးတရားပြရအုန်းမယ်……..
ဒီတရားကိုလွန်ခဲ့တဲ့နှစ်သုံးဆယ်ကလည်းပြောခဲ့ဘူးတယ်…..,

အခုလည်းထပ်ပြောရအုန်းမယ်…….
အဖြူရောင်နှလုံးသားလေးများအကြောင်း……..

#ကိုဂျစ်

#အဖြူရောင်နှလုံးသား..အပိုင်း( ၂ )

Photo credit to original uploader


Comments

Popular posts from this blog

 မြင်းတိုက် Camp အမှတ်တရများ

အဖိုးအလှူ