# နိစ္စတရား

ငယ်ငယ်တုန်းကနေခဲ့တဲ့ဒေသကောလိပ်ကျောင်းအနားမှာဖြစ်ပျက်ခဲ့တဲ့အကြောင်းလေးရေးပြချင်ပါ

တယ်ကျနော်တို့ကျောင်းကမြို့စွန်မှာရှိသလို၊အရှေ့မှာကားဂိတ်တွေရှိလို့ထမင်းဆိုင်တွေ၊

လ္ဘက်ရည်ဆိုင်တွေလဲရှိတယ်

ကျောင်းအရှေ့ဖက်မှာထန်းတောတွေရှိတယ်..နွားတွေကျောင်းတဲ့မြက်ခင်း၊အရိပ်ကောင်းတဲ့

ကုက္ကိုလ်ပင်ကြီးတွေရှိတယ်...

ကျနော်တို့အတန်းမတက်ချင်တဲ့နေ့တွေဆိုရင်နွားကျောင်းနေတဲ့လူတွေနားခိုတဲ့ကုက္ကိုလ်

ပင်ကြီးတွေရှိတဲ့နေရာကိုသွားလေ့ရှိတယ်..

ဒူးယားစီးကရက်တွေယူသွားလေ့ရှိတယ်..ဆေးလိပ်သောက်ကြမယ်..

အရိပ်ကောင်းကောင်းအပင်ရိပ်အောက်မှာကျောခင်းပြီးအိပ်မယ်..

ကျနော်တို့ထိုင်နေကျကုက္ကိုလ်ပင်ကြီးတစ်ပင်ရှိတယ်...

အဲဒီအပင်အောက်မှာပုံမှန်..လူလတ်ပိုင်းလို့ပြောရမလား..အသက်လဲမခန့်မှန်းတတ်ပါ

ရာသီဥတု၊နေပူမရှောင်၊မိုးရွာမရှောင်နေတဲ့ဒဏ်ကြောင့်လား..ရုပ်ရင့်နေတယ်

အဲဒီနေရာမှာဦးလေးကြီးတစ်ယောက်နွားကျောင်းရင်းနားခိုလေ့ရှိတဲ့နေရာ၊.သူအမြဲရှိနေတတ်တယ်...

ကျနော်တို့လူစုလာထိုင်ရင်သူ..ဟိုဖက်နားကအပင်အောက်မှာနေရာပြောင်းပေးတယ်..

ဦးလေးကြီး...အတူတူထိုင်လေ..”

“ထိုင်လို့ရပါတယ်....”

....”ရတယ်..နင်တို့တွေလွတ်လွတ်လပ်လပ်နေကြပါ”

ကျနော်တို့လာရင်သူနေရာရွှေ့ပေးနေကျ..

ဦးလေးကြီး...ဘာဖြစ်လို့လဲ..လာထိုင်လေ...”

...”ငါ့မှာတီဘီရောဂါဖြစ်နေတယ်..အခုဆေးသောက်နေတယ်..”

..”နင်တို့ကူးကုန်မယ်..”

ကျနော်တို့ကျောင်းနားမှာတီဘီဆေးရုံရှိတယ်..တီဘီလူနာတွေလဲတွေ့နေရတယ်..

“ဘာမှမဖြစ်ဘူး..တီဘီကုရင်ပျောက်တယ်...”

...”ငါကျတော့ကုရင်မပျောက်ဘူး...ဆေးထပ်သောက်နေရတယ်...”

“ကျနော်သိပြီ..ဦးလေးကြီးတီဘီ..ယဉ်ပါးတီဘီ...ဆေးမတိုးတဲ့တီဘီဖြစ်နေလို့..”

“ဒါလဲကုရင်ပျောက်ပါတယ်...”

...”ဟုတ်တယ်..ပထမတုန်းကဆေးသောက်မမှန်ခဲ့လို့..အခုဆေးပြန်သောက်နေရတယ်”

..”ဟိုတုန်းကမသိတာလဲပါမယ်...ပေါ့တာလဲပါမယ်...”

“ဒါတွေကကုရင်ပျောက်ပါတယ်..ဘာမှစိတ်ပျက်စရာမလိုပါဘူး”

...”ဆေးရုံကလဲပြောတာဘဲ..အိမ်ကလူတွေမယုံကြဘူး..”

..”ထမင်းအတူတူမစားရဘူး..အိမ်က..ခလေးတွေကူးမှာကြောက်လို့အိမ်ခွဲနေ၊နေရတယ်..”

..”ငါ့မြေးလေး...အနားလဲမပေးကပ်ဘူး..”

ကျနော်တို့မေးတာလဲမဟုတ်ပါ..ဦးလေးကြီးသူ့အကြောင်းသူပြောနေတာပါ...

ကျနော်တို့ကအတန်းမတက်ရင်ဦးလေးကြီးခိုနေတဲ့အပင်ကြီးအောက်ရောက်လာတယ်..

ကျနော်တို့ရောက်ရင်..သူနေရာရွှေ့ပြီ...

ဒါတွေကပုံမှန်လိုဘဲ...”နင်တို့မိဘတွေကျောင်းထားတယ်..ဘာလို့ကျောင်းမတက်ကြတာလဲ”

“ကျောင်းတက်ဖို့ပျင်းလို့ပေါ့..ဦးလေး..”

...”စာမေးပွဲတွေကျရင်မကောင်းဘူး..”

“စာမေးပွဲနဲ့‌ဝေးပါသေးတယ်..နီးရင်တော့စာဖတ်မှာပေါ့..”

ကျနော်တို့လာထိုင်ရင်..သူကအခြားအပင်အောက်ကိုနေရာပြောင်းထိုင်ပေးတယ်...

တစ်ရက်...ကျနော်တို့နှစ်ယောက်ဘဲ..အရိပ်အောက်ရောက်လာတယ်...

အဲဒီအချိန်..ဦးလေးကြီးကြိုးကျစ်နေတယ်...ဒီနေ့ထက်သပ်သပ်ရပ်ရပ်လေးဝတ်ထားတယ်..

သပ်သပ်ရပ်ရပ်ဆိုတာက..ပုံမှန်အင်္ကျီ၊ပုဆိုးဝတ်ထားတာပြောတာပါ

ခါတိုင်းစွပ်ကြယ်လက်ပြတ်နဲ့ဘဲနေလေ့ရှိတယ်

ဦးလေးကြီး...ဘယ်ကပြန်လာတာလဲ..”

...”ဘုန်းကြီးကျောင်းကပြန်လာတာပါ”

ဦးလေးကြီး...ဘာအတွက်လဲ..”

...”နွားကြိုးကျစ်နေတာ..”

သူကြိုးအထုံးကိုကိုင်ပြီးနေရာရွှေ့သွားပါတယ်...

“ဟိုကောင်..ကဘာလို့မထွက်လာတာလဲ..”

...”ဒီကောင်ကအထဲမှာထိုင်နေတယ်..ဆရာဝင်လာတဲ့အချိန်အထွက်ခက်သွားတာပေါ့”

..”ထားလိုက်ပါ...”

ကျနော်တို့နှစ်ယောက်အပြင်ထွက်ချိန်၊အတန်းထဲသူငယ်ချင်းတစ်ယောက်ကျန်ခဲ့တယ်

ဦးလေးကြီးကြိုးကျစ်ရင်း..ကျနော်တို့ဆီမကြာမကြာကြည့်နေတယ်...

ဆေးလိပ်သောက်ရင်း၊ကျောခင်းနေရင်း..အတန်းတစ်ချိန်ကုန်လောက်ပြီ

“လာကွာ..အခုအတန်းပြန်တက်ရအောင်..”

ကျနော်တို့မတ်တပ်ရပ်ပြီး...ခြေလှမ်း..လှမ်းလိုက်တော့..ဦးလေးကြီးလဲမတ်တပ်ထပါတယ်..

ဒီအချိန်မှ..သူငယ်ချင်းတစ်ယောက်ထဲလိုက်လာတယ်..

“မသွားနဲ့အုန်း..ငါထိုင်ချင်သေးတယ်..”ပြောပြီးသူလာထိုင်တယ်..

သူထိုင်တော့ကျနော်တို့လဲပြန်ထိုင်ကြတာပေါ့..

ထို့အတူ..ဦးလေးလဲပြန်ထိုင်နေပါတယ်..

သူမကြာမကြာကျနော်တို့ဖက်လှည့်ကြည့်နေတယ်..

ဦးလေးကြီး..ဘာပြောမလို့လဲ...”

...”ဘာမှမဟုတ်ပါဘူး..နင်တို့မိဘတွေ..ကျောင်းမသွားတာသိရင်ဘယ်လိုနေမလဲလို့စိတ်ကူးကြည့်တာ”

“စာမေပွဲကျတာမှမဟုတ်တာ..”

“ဘာမှမပြောပါဘူး..”

ကျနော်တို့အတန်းနောက်တစ်ချိန်မတက်ဖြစ်တော့ဘဲဆက်ထိုင်ပြီးလေကန်နေကြတယ်..

အတန်းချိန်ကုန်လောက်မှာကျနော်တို့ထလိုက်ကြတယ်..

“လာကွာ..ဦးကြီးစိန်လ္ဘက်ရည်ဆိုင်သွားရအောင်..”ကျနော်တို့လ္ဘက်ရည်ဆိုင်ထိုင်ဖို့၊ထွက်ခဲ့ကြတယ်..

ဦးလေးကြီးအနီးအနားမှာအခြားနွားကျောင်းနေတဲ့ကောင်လေးတွေလဲရှိကြတယ်..

သူတို့လဲမလှမ်းမကမ်းမှာထိုင်နေလေ့ရှိတယ်..အမြဲလိုလိုမြင်နေတွေ့နေတာဘဲ...

ကျနော်တို့လ္ဘက်ရည်ဆိုင်ထိုင်ပြီးစကားတွေပြောနေကြတုန်း...

အနီးအနားကနွားကျောင်းနေတဲ့ကောင်လေးတစ်ယောက်ရောက်လာတယ်..

“အကိုတို့အနားမှာထိုင်တဲ့ဦးလေးကြီး...အကိုတို့ထိုင်တဲ့ကုက္ကိုလ်ပင်မှာကြိုးဆွဲချ‌ ေta သွားပြီ”

ကျနော်တို့အားလုံးအံ့ဩမိတယ်...

အခုလေးဘဲကျနော်တို့နဲ့စကားပြောခဲ့သေးတယ်..အခု‌ ေta ပြီ...

ကျနော်တို့သူငယ်ချင်းအားလုံးကုက္ကိုလ်ပင်ဆီကိုသွားကြတယ်..

ကြိုးဆွဲချဘော်ဒီကိုကျနော်တို့တစ်ခါဘူးမျှ..မမြင်ဘူးပါ...

ဟုတ်ပါသည်...ဦးလေးကြီးကုက္ကိုလ်ပင်အမြင့်မှာကြိုးတွဲလောင်းနဲ့ဆုံးနေတဲ့ဘော်ဒီကိုတွေ့ရတယ်..

အရင်ကကြားတာတွေကလျှာတန်းလန်း၊ပုဆိုးကျွတ်ပြီးတန်းလန်းနဲ့

လုံးဝမဟုတ်ပါ၊ပုံမှန်မြင်နေကျခေါင်းစောင်းပြီးကြိုးတွဲလောင်းဖြစ်နေတယ်

ကားဂိတ်၊လ္ဘက်ရည်ဆိုင်ကလူတချို့၊ကျနော်တို့သူငယ်ချင်းတွေဘဲရောက်လာသေးတယ်

အခြားတာဝန်ရှိတဲ့လူတွေ၊ရဲတွေမရောက်လာသေးပါ...

ကုက္ကိုလ်ပင်အောက်မှာဦးလေးကြီးစီးတဲ့ဖိနပ်ကိုတွေ့တယ်..

နေသားတကျလေးထား..ထားတယ်...

ဦးလေးကြီးသူ့ပုဆိုးကိုမနက်ကကျစ်နေတဲ့ကြိုးနဲ့ချည်ထားတယ်...

နေ့မြင်ညပျောက်တဲ့အနိစ္စတရား..ဘယ်အရာမှမမြဲပါတကား...

ဒီအချိန်မှာရပ်ကွက်လူကြီးတွေ၊ရဲတွေရောက်လာတယ်...

ဦးလေးကြီးနဲ့နောက်ဆုံးတွေ့ခဲ့ကြတဲ့သူတွေကိုမေးတယ်...

နွားကျောင်းသားကောင်လေးတွေကကျနော်တို့ကိုလက်ညှိုးထိုးပြပြီး

“ဒီအကိုတွေနဲ့နောက်ဆုံးတွေ့ခဲ့တယ်..”

..”ဟုတ်ပါတယ်..ကျနော်တို့နဲ့နောက်ဆုံးတွေ့ချိန်ဦးလေးကြီးထိုင်ပြီးကြိုးကျစ်နေတယ်..”

..”ဟိုမှာ..သူကျစ်တဲ့ကြိုး..သူ့ခါးမှာချည်ထားတယ်..”

သစ်ပင်ရင်းမှာထားထားတဲ့ဦးလေးကြီးဖိနပ်ကိုရဲတွေသေသေချာချာကြည့်ကြတယ်..

ဦးလေးကြီးရှိနေတဲ့အပင်ပေါ်တက်သွားပြီး..သွားစစ်နေတယ်...

ကျနော်တို့ကသူတို့လုပ်ကိုင်နေတာရပ်ကြည့်နေကြတယ်..

“ညီလေးတို့..ဘယ်နှစ်ယောက်လဲ..”

..”သုံးယောက်ပါ..”

“အကိုတို့ကိုကူညီပါလား..နယ်မြေစခန်းမှာရှိတဲ့စခန်းမှူးကိုနောက်ဆုံးတွေ့တာလေးပြောပြယုံဘဲ”

“ရပါတယ်..”

ကျနော်တို့သူငယ်ချင်းတွေနဲ့လူကြီးတွေ၊ရဲနောက်လိုက်သွားကြပါတယ်...

စခန်းရောက်တော့ကျနော်တို့နောက်ဆုံးတွေ့ခဲ့တာတွေပြန်ပြောပြလိုက်တယ်..

ကျနော်တို့ရဲတွေနဲ့လိုက်သွားနေတဲ့အချိန်နောက်မှာ..

စကားတွေကဘယ်လိုဖြစ်သွားလဲ….ကျနော်တို့မသိပါ..

“ကျောင်းသားတွေကိုရဲဖမ်းသွားပြီ”ဆိုတဲ့စကားပြန့်သွားပါတယ်..

ကားဂိတ်၊လ္ဘက်ရည်ဆိုင်တွေဆိုတာကလူစုံတယ်..

ဘယ်သူတွေကဘယ်လိုချဲ့ကားပြီးပြောကြလဲကျနော်တို့မသိ...

ဒီစကားကျောင်းထဲအထိရောက်သွားလို့ထင်တယ်...

စခန်းကို..မော်ကွန်းထိန်းနဲ့ဆရာအချို့ပါလိုက်လာခဲ့တယ်...

“စခန်းမှူး...ကျနော့်ကျောင်းသားတွေမှာဘာအပြစ်ရှိလို့လဲ..”

...”ဟာ..ဆရာတို့..အထင်လွဲကုန်ပြီ..”

..”သေဆုံးသွားတဲ့ဦးလေး.နဲ့နောက်ဆုံးတွေ့ခဲ့တာလေးမှတ်တမ်းတင်ယုံပါ..”

“ကျောင်းသားတွေမှာအပြစ်မရှိပါဘူး...”

“ဘော်ဒီကိုမြင်ယုံနဲ့ကျနော်တို့အတွေ့အကြုံနဲ့သိပါတယ်..”

အဆောင်ရောက်တော့ကျနော်တို့အားလုံးဦးလေးကြီးအတွက်စိတ်မကောင်းကြပါ

ဦးလေးကြီးဟာကြိုတင်ပြင်ဆင်လာတယ်..

ဘုန်းကြီးကျောင်းသွားပြီး..ဘာတွေဆုတောင်းလဲကျနော်တို့မသိ..

သူ့စိတ်ကိုဒီဟာလုပ်ဖို့ဆုံးဖြတ်ထားပြီးဖြစ်ရမယ်..

ဒါကြောင့်လဲဟိုအရင်ကဖြစ်ခဲ့တာမျိုးမဖြစ်အောင်ပုဆိုးကိုကြိုးနဲ့ချည်ထားတယ်

တကယ်တော့ကျနော်တို့နှစ်ယောက်အရင်ပြန်ခဲ့ရင်သူကိုယ်သူလုပ်တာစောမယ်

ကျနော်တို့သူငယ်ချင်းရောက်ပြီးနောက်တစ်နာရီကြာသွားသောကြောင့်

ဦးလေးကြီး..သူ့ကိုယ်သူစီရင်တာတစ်နာရီနောက်ကျသွားတယ်...

ဒီလိုကိုယ့်ကိုကိုယ်စီရင်တယ်ဆိုတာက..လောကကြီးထဲမနေချင်တော့လို့..

ဦးလေးကြီး..နောက်ထပ်တစ်နာရီ.ကြာနေလိုက်ရတဲ့အတွက်..

လူ့လောကထဲမှာလောကငရဲပိုခံရအောင်ကျနော်တို့လုပ်လိုက်မိပြီလား....

အဆောင်ပြန်ရောက်ချိန်..အုပ်စု နှစ်စုကွဲသွားပါတယ်...

ကျနော်ပါတဲ့အဖွဲ့က နောက်ထပ်တစ်နာရီကြာသွားတဲ့အတွက်မနေချင်တဲ့

လောကထဲမှာ တစ်နာရီထပ်ပိုပြီးစိတ်ဆင်းရဲသွားမယ်..

နောက်တစ်ဖွဲ့ကတစ်နာရီထပ်ပိုနေရတဲ့အတွက်..သူ့အတွေးထဲမှာ

ကုသိုလ်လုပ်ခဲ့တာတွေတွေးပြီးပျော်စရာဖြစ်ခဲ့ရင်ကောင်းရာမွန်ရာရောက်ဖို့

အထောက်အပံ့ဖြစ်သွားမယ်...

သူငယ်ချင်း..အချင်းချင်း..အငြင်းအခုံတွေဖြစ်ခဲ့တယ်

အခုထိလဲသူငယ်ချင်းတွေ..တွေ့တိုင်းအငြင်းအခုံဖြစ်နေတုန်းဘဲ...

မူလပန်းချီပိုင်ရှင်ကို CRDပေးပါသည်

#ကိုဂျစ်

#အနိစ္စတရား

 

 

Comments

Popular posts from this blog

 မြင်းတိုက် Camp အမှတ်တရများ

အဖိုးအလှူ